-
Feb- 2026 -2 Februaryသတင်း
ဖားကန့်မှာ နှစ်ဖက်တိုက်ပွဲကြောင့် စာသင်ကျောင်းထဲ လက်နက်ကြီးကျမှန်ပြီး ကလေးငယ်တစ်ချို့ ထိခိုက်မှုရှိ
ကချင်ပြည်နယ် ဖားကန့်မြိုမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လက်နက်ကြီးကျမှန်ပေါက်ကွဲမှုတွေကြောင့် အရပ်သားထိခိုက်တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၉ နာရီဝန်းကျင်ကနေစတင်လာတဲ့ ဖားကန့်တိုက်ပွဲဟာ ဒီကနေ့အထိ နှစ်ဖက်တပ်အပြန်အလှန် ပစ်ခတ်နေဆဲဖြစ်သလို တိုက်ပွဲအတွင်းပစ်ခတ်တဲ့လက်နက်ကြီးတစ်လုံး ဖားကန့် အထက်တန်းကျောင်းဝင်းထဲကျမှန်ပေါက်ကွဲလို့ ကျောင်းသား နှစ်ဦးထိခိုက်မှုရှိခဲ့ပါတယ်။…
Read More » -
2 Februaryလူ့အခွင့်အရေးချိုးဖောက်မှု
မော်လူးမြို့မှာ တစ်လအတွင်း ၃ ကြိမ်လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၉ ဦးအပါအဝင် ၁၄ ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတစ်လအတွင်း ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၉ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ရတယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ လေဘိုရွာလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၈ ဦးသေဆုံး၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ မာန်ဟဲရွာ ပကဖရုံးလေကြောင်းတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ KIAတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ရပြီး ဇန်နဝါရီလ ၂ ရက်နေ့ ပဲခူးရွာက ပလဖရုံးလေကြောင်းတိုက်ခိုက်ခံရချိန်မှာတော့ ၁၂တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။ “တစ်လအတွင်းမှာကို ၃ ကြိမ် ပထမအကြိမ်က ပလဖစခန်းကိုပစ်တာ။ ဒါပေမဲ့ ပလဖစခန်းကို မထိဘဲ အရပ်သားကိုထိတာ။ ဒုတိယအကြိမ်ကလည်း မာန်ဟဲက ပကဖရုံးကိုကြဲတာ။ တတိယတစ်ကြိမ်ကတော့ လေဘိုရွာကိုကြဲတာ။ သူတို့က သတင်းတွေ အတိအကျထောက်လှမ်းလာတာ။ လေဘိုရွာဆိုရင်လည်း အရပ်သားရွာထဲကိုကြဲပေမဲ့ အဲ့နားတစ်ဝှိုက်ကတောတွေမှာက ကေအိုင်အေတွေလည်းရှိတယ်။ အဲ့လိုမျိုးပေါ့။”လို့ တော်လှန်ရေးအင်အားစုနဲ့နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၂၉ ရက်နေ့ လေဘိုရွာတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ရတဲ့အရပ်သား ၈ ဦးထဲ ၇ ဦးကမိသားစုဝင်တွေဖြစ်ပြီးလေကြောင်းတိုက်ခိုက်ခံရမှု ၃ကြိမ်မှာတော့ အရပ်သား ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့သလို အရပ်သားနေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့ရတာဖြစ်ပါတယ်။…
Read More » -
Jan- 2026 -31 Januaryတိုက်ပွဲ
ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတစ်ချို့ပိတ်မိနေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှုကျေးရွာဘက်မှာ မနေ့ညကစပြီး…
Read More » -
30 Januaryသတင်း
ဗလမင်းထင်တံတားအောက်မှာ ရေကြီးရေလျှံမှုကာကွယ်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေတူးဖော်နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့အထင်ကရဖြစ်တဲ့ ဗလမင်းထင်တံတားကြီးအောက်မှာ ရေကြီးရေလျှံမှုကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ရွှေအများအပြားတူးဖော်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ ဗလမင်းထင်တံတားအောက် ဘတ်ဟိုးတွေနဲ့တူးနေပြီး ရလာတဲ့မြေသား၊သဲကျောက်တွေကို တုံဖုံးကားအပြင် မြေစာသယ်တဲ့ကားကြီးတွေနဲ့ သယ်ယူနေကြတယ်လို့ ဆိုပါတယ်။ အဲဒီသယ်လာတဲ့ သဲကျောက်တွေကို လွှတ်တော်ဘေးနားရှိ ခြံအလွတ်တစ်နေရာ၊ စီတာပူဂျပန်တံတားနားက မြေအလွတ်တွေမှာ စုပုံထားပြီး သွပ်တွေနဲ့ မမြင်ရအောင် ခြံဝင်းခတ်ကာ ရွှေကျင်နေကြတယ်လို့ ဌာနဆိုင်ရာနဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “မြစ်ဆုံမှာတောင်မှ ကို့ယို့ကားယားဖြစ်နေပါတယ်ဆို အခုဒီတံတားနားမှာ ရွှေတွေတူးနေကြတယ်ဆိုတော့ သူခိုးကြီးနဲ့ သူခိုးလေးဘဲ ကွာတာ။ မကောင်းဘူးပေါ့ဗျာ ကျွန်တော့်အနေနဲ့လည်း မကြိုက်ပါဘူး။ ကျွန်တော်တို့ပြောလို့လည်း ဘာအရာရောက်မှာ မဟုတ်ဘူး။ အထက်က လူကြီးတွေကိုယ်တိုင်လုပ်နေမှတော့”လို့ ဆိုပါတယ်။…
Read More » -
29 Januaryဆောင်းပါး
နာဂလက်နက်ကိုင်နှစ်ဖွဲ့ကြားက စစ်ရေးပဋိပက္ခနှင့် နာဂဒေသရဲ့ လားရာ
ကချင်ပြည်နယ်အနောက်ဖက် အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ်ခွဲမှာ နှစ်ဆန်းပိုင်းက စတင်ပြီး…
Read More » -
29 Januaryတိုက်ပွဲ
ထီးချိုင့်မြို့သိမ်းတိုက်ပွဲပြန်လည်စတင်
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က…
Read More » -
29 Januaryဖမ်းဆီးခံရမှု
ဖားကန့်မှာ အရပ်သား ၃ ဦးဖမ်းခံရ ၊ စိတ်ရောဂါဝေဒနာရှင်တစ်ဦးပါတယ်လို့ဆို
ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာမှာ အရပ်သား ၃ ဦးကို စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၉ ရက် ဒီမနက် ၁၀ နာရီဝန်းကျင် ဆီပေပါတင်လာတဲ့ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့က နောက်ကနေလိုက်လာပြီး ကားရပ်ခိုင်းကာ ကားမောင်းတဲ့အမျိုးသားနဲ့ဇနီးသည်ကိုဖမ်းဆီးသွားတာတဲ့အပြင် ဘေးနားမှာရပ်ကြည့်နေတဲ့ စိတ်မနှံ့သူတစ်ဦး စုစုပေါင်း ၃ ဦးကိုဖမ်းသွားတယ်လို့ သိရပါတယ်။ “ခွန်ဆာကုန်း(ငြိမ်းချမ်းသာယာ)မှာ ဆီကားတစ်စီးကို စစ်ကားတစ်စီးလိုက်လာပြီး ရပ်ခိုင်းတယ်။ပြီးရင် ဆီကားမောင်းတဲ့သူနဲ့သူ့အမျိုးသမီးကိုလည်း ဖမ်းသွားတယ်။ အဲမှာရပ်ကြည့်နေတဲ့ စိတ်မနံ့တဲ့သူကိုပါ ဖမ်းသွားတယ်”လို ပြောပါတယ်။ စစ်တပ်က ဖမ်းဆီးသွားတဲ့ ယာဉ်မောင်းနဲ့အမျိုးသမီးဟာ မည်သူမည်ဝါဖြစ်ကြောင်းအသေးစိတ်မသိရပေမယ့် စိတ်မနှံ့သူကတော့ အသက် ၃၅ ဝန်းကျင်ရှိသူဖြစ်ပြီး ဖားကန့်မြို့ရပ်ကွက်နေပြည်သူတွေက ထမင်းကျွေးထားတဲ့သူဖြစ်တယ်လို့ သိရပါတယ်။…
Read More » -
29 Januaryစစ်ရေး
မိုးမိတ် မြစ်ဆုံရွာ ရွှေလီမြစ်တံတားအထိ စစ်တပ်ကို နေရာပေးဖို့ TNLA ပြင်ဆင်နေတာကြောင့် KIA နဲ့ တင်းမာနေ
ရှမ်းမြောက် မိုးမိတ်မြို့နယ် မဘိမ်းသွားလမ်း ရွှေလီမြစ်တံတားအထိ စစ်ကောင်စီတပ်ကိုနေရာပေးနိုင်ဖို့ TNLA က ပြင်ဆင်နေတာကြောင့် KIA နဲ့ စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ KIA ဘက်က ပြောပါတယ်။ “မိုးမိတ်ကနေ မဘိမ်းဘက်သွားလမ်း မြစ်ဆုံရွာအထက် ရွှေလီမြစ်တံတားအထိ TNLA တွေ စစ်တပ်ကိုပေးမယ်လို့ သဘောတူလက်မှတ်ရေးထိုးထားတာတဲ့။ အဲဒီကြားမှာ အခု ကျနော်တို့KIA တွေနေရာယူလိုက်တော့ အဲဒီနေရာအထိ စစ်တပ်က အခုချိန်ထိ မရောက်နိုင်သေးတာကြောင့် TNLA အဖွဲ့တွေ အခုထိ မပြန်နိုင်သေးဘူးလို့ ပြောတယ်။အဲဒီနေရာအထိ စစ်တပ်တွေ ရောက်ပြီဆိုမှ TNLA က သူတို့ရဲ့ဗဟို မန်တုံ၊ နမ့်ဆန်ကို ပြန်ရမှာ ဟုတ်တယ်တဲ့။ အခု စစ်တပ်ကို သူတို့ အဲဒီနေရာအထိ မပို့နိုင်သေးတာကြောင့် TNLAတပ်မဟာအရာရှိတွေက မိုးမိတ်မြို့ပြင်နားတွေမှာ ကျနော်တို့နေတဲ့ နေရာနားတွေမှာ ဟိုနား၊ဒီနား လိုက်လံနေရာယူနေတယ်။ ကြားရသလောက်တော့ မိုးမိတ်ထဲမှာတောင်အတူတူရှိနေသေးပုံပဲ။ ကျနော်တို့ လုပ်ဆောင်မယ့်လုပ်ငန်းတွေကို အမျိုးမျိုးလိုက်လံနှောင့်ယှက်နေတယ်”လို့ မိုးမိတ်ဒေသ KIA အရာရှိတစ်ဦးက ပြောပါတယ်။ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ဟာ မိုးကုတ်နဲ့မိုးမိတ်ကို စစ်ကောင်စီတပ်ဆီပြန်လည်လွှဲပြောင်းလိုက်ပြီးနောက်မှဆုတ်ခွာဖို့…
Read More » -
29 Januaryသတင်း
တနိုင်း ရွှေမှော်ပိတ်သွားတဲ့အတွက် ကုန်စိမ်းသည်တွေအရှုံးပေါ်
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့် ရွှေမှော်တွေပိတ်သွားတဲ့တွက် မှော်ဒေသက ကုန်စိမ်းသည်တွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။ တနိုင်းမြို့နယ် နမ်ဗျူ၊ လမုန်ချောင်းတစ်လျှောက် မှော်တွေနဲ့ ဝိုင်လောမှော်စတဲ့ ပယင်းမှော်၊ရွှေမှော်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA တို့ကြား စစ်ရေးတင်းမာနေတာ တစ်လကျော်ကြာလာပြီဖြစ်ပါတယ်။ ဒါကြောင့် မှော်ဒေသမှာရှိတဲ့ ကုန်စိမ်းသည်တွေအနေနဲ့ အရောင်းအဝယ်မဖြစ်တော့ပဲ ဟင်းသီး၊ဟင်းရွက်အားလုံး ပုပ်သိုးကုန်ပြီလို့ တနိုင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ရှုံးတယ်၊ မုန်ညှင်းတွေဆိုလည်း ၅,၀၀၀ ဖိုးဆိုရင် အများကြီးရတယ်။ မနှစ်တုန်းကတော့ မုန်ညှင်းတစ်စီးကို ၁,၀၀၀ ကနေ ၁,၅၀၀ ဟုတ်တယ်။ အခုတော့ ၅၀၀ နှုန်းဖြစ်လာတာပေါ့။မှော်တွေပိတ်တော့ အခင်းလုပ်တဲ့သူတွေလည်း အရှုံးပေါ်တယ်လို့ ပြောတယ်။ မုန်လာပန်းတွေလည်း ၅,၀၀၀ ဆို ၄ ပွင့်အထိရတယ်။ အများကြီးရတယ်လို့ ပြောလို့ရတယ်။ မနှစ်တုန်းကဆို ကုန်စိမ်းသည်တွေ စျေးရတယ်လေ”လို့ တနိုင်းမြို့နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။…
Read More » -
28 Januaryသတင်း
ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ကူညီနိုင်ဖို့ ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်လို့ KIO ပြော
ကချင်ပြည်နယ် ဗန်းမော်၊ ကောင်ဂျာရွာမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ပြည်သူတွေကို ကူညီပေးနိုင်ဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တာဝန်ယူဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပြီလို့ KIO ပြောပါတယ်။ လေကြောင်းအန္တရာယ်ကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို ကူညီနိုင်ဖို့ တာဝန်ပေးညှိနှိုင်းဆောင်ရွက်ထားပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဆေးရုံတက် ကုသပေးနေတဲ့ တစ်ချို့က ဒဏ်ရာတွေသက်သာလာလို့ ဆေးရုံဆင်းခိုင်းတာတွေတော့ရှိနေပါပြီ။ ကလေးငယ် နှစ်ယောက်နဲ့ လူကြီးပိုင်း ၆ ယောက်ခန့်က ဒဏ်ရာပြင်းထန်တော့ အချိန်ယူပြီး ကုသရအုံးမှာပါ။ နောက်နေအိမ်ပျက်စီးသွားတာတွေ၊ ထိခိုက်သွားတဲ့ သူတွေကို ကူညီစောင့်ရှောက်နိုင်ဖို့ ကော်မတီဖွဲ့ပြီး လုပ်ဆောင်ပေးဖို့ ပြင်ဆင်ထားပါပြီ”လို့ပြောပါတယ်။…
Read More »