သတင်း

ဖားကန့်မှာ နှစ်ဖက်တိုက်ပွဲကြောင့် စာသင်ကျောင်းထဲ လက်နက်ကြီးကျမှန်ပြီး ကလေးငယ်တစ်ချို့ ထိခိုက်မှုရှိ

ကချင်ပြည်နယ် ဖားကန့်မြိုမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လက်နက်ကြီးကျမှန်ပေါက်ကွဲမှုတွေကြောင့် အရပ်သားထိခိုက်တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့   နာရီဝန်းကျင်ကနေစတင်လာတဲ့ ဖားကန့်တိုက်ပွဲဟာ ဒီကနေ့အထိ နှစ်ဖက်တပ်အပြန်အလှန် ပစ်ခတ်နေဆဲဖြစ်သလို တိုက်ပွဲအတွင်းပစ်ခတ်တဲ့လက်နက်ကြီးတစ်လုံး ဖားကန့် အထက်တန်းကျောင်းဝင်းထဲကျမှန်ပေါက်ကွဲလို့ ကျောင်းသား နှစ်ဦးထိခိုက်မှုရှိခဲ့ပါတယ်။

ဖားကန့် ကျောင်းကြီး စာသင်ကျောင်းမှာ လက်နက်ကြီးကျတာဟုတ်တယ်။ ကလေးငယ် နှစ်ယောက်တော့ထိတယ်။ တခြားထိခိုက်မှုတွေလည်းရှိတယ်လို့ ကြားတယ်။ အသေစိတ်တော့ မသိရသေးဘူး။ တိုက်ပွဲက ဒီကနေ့ အထိ ဖြစ်နေတော့ မနေ့ညအထိ ပစ်လိုက်နားနဲ့ ဖြစ်နေတယ်။ မရှီကထောင်နောက်ကျောဘက်မှာပဲဖြစ်နေတာ။ လောလောဆယ်က  နေရာလောက်မှာဖြစ်နေကြတာလို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

မြို့ခံတွေပြောချက်အရ ခုလိုတိုက်ပွဲစတင်လာာတဟာ ဇန်နဝါရီလ ၃၀ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့တွေက KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ မရှီကထောင်၊ ဆုတောင်းကုန်းဘက် စစ်ကြောင်းထိုးတိုက်ခိုက်လာရာကနေ စတင်လာတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ မရှီကထောင်နောက်ကျော၊ ထုံးဘိုဘက်မှာ အပြန်အလှန် ပစ်ခတ်မှုရှိနေသလို ဒီကနေ့ ဖေဖော်ဝါရီလ  ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲဖြစ်နေဆဲလို့ ဆိုပါတယ်။

နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုကြောင့် ဖားကန့် အထက်တန်းကျောင်းဝင်းထဲက KG တန်းကျောင်းဆောင်ထိမှန်သွားတဲ့အပြင် ဆယ်ကျော်သက် ကျောင်းသူ၊ ကျောင်းသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့ ပစ်ခတ်မှုထဲမှာ မနက်ပိုင်း  နာရီဝန်းကျင် မရှီကထောင်ရပ်ကွက်ထဲ လက်နက်ကြီးကျမှန်ခဲ့တဲ့အတွက် အမျိုးသား တစ်ဦး ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အတွက် ဖားကန့် – ဆိပ်မူ သွားမိန်းလမ်းမကြီးကိုသွားလာခွင့်ပိတ်ထားသလို ဆိပ်မူကနေ ဖားကန့်ကိုသွားတဲ့ ဖားပြင်၊ မန၊ ရှရော်ခလမ်းကိုလည်း သွားလာခွင့်ကန့်သတ်ထားတယ်လို့ ဆက်သိရပါတယ်။

ဖားကန့် စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး နောက်ထပ် ကချင်အမျိုးသားတစ်ဦးက ၃၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ မရှီကထောင် ဆုတောင်းကုန်းဘက် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့တွက် တိုက်ပွဲပြန်ဖြစ်လာတယ်။ ပြင်းပြင်းထန်ထန်က မနေ့ကစဖြစ်လာတယ်လို့ပြောလို့ရမယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ နောက်ထပ် KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဆိုင်းတောင်ပြန်ပြီး ထိန်းချုပ်ဖို့ လုပ်လာတဲ့အတွက် စစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်တယ်လို့ ပြောပါတယ်။

KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထုံးဘို၊ ဂျမ်ဂတ်ဘက်မှာ နေရာယူထားတာလည်းဖြစ်ပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းအထိ တိုက်ပွဲတွေ ငြိမ်သက်သွားတာဖြစ်ပြီး တစ်လကျော်ခန့်အကြာမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားလာတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button