-
Jan- 2026 -15 Januaryတိုက်ပွဲ
ဘန်းဘားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စု ဘန်းဘားကျေးရွာမှာ ဒီမနက်ပိုင်းတိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၄ ရက် ည ၁၀ နာရီဝန်းကျင်ကစပြီး ဒီမနက် ၉ နာရီဝန်းကျင်အထိ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဘန်းဘားကျေးရွာနေ KIA ရှေ့တန်းရင်းမြစ်တစ်ဦး KNG ကို ပြောပါတယ်။ “ဒီမနက်အစောပိုင်းပဲ စစ်စီတပ်ဘက်က စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာလို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာဟုတ်တယ်။ မနေ့ည ၁၀ နာရီလောက်ကနေ ပစ်ကြတာ ဒီမနက် ၉ နာရီလောက်မှ ရပ်သွားပြီ ဒါပေမယ့် နှစ်ဖက်စလုံးကစောင့်ကြည့်နေကြတဲ့အခြေနေတော့ဟုတ်တယ်”လို့ ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဟာ ဘန်းဘားကျေးရွာရဲ့တစ်ဖက်ကမ်း အာကျဲ၊ဖရောကျေးရွာဘက်က လက်နက်ကြီးပစ်ကူခဲ့သလို စန်းကားကျေးရွာရဲ့ တစ်ဖက်ကမ်းရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နန့်ပေါင်လေတပ်စခန်းကနေ လက်နက်ကြီးပစ်ကူတာတွေလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။…
Read More » -
15 Januaryသတင်း
မြစ်ကြီးနားမှာ နှစ်ပတ်အတွင်း အက်စီးဒင့် ၂၂ ကြိမ်ဖြစ်ပြီး သေဆုံးသူတစ်ဦးရှိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီဇန်နဝါရီလ ၂…
Read More » -
15 Januaryသတင်း
ကသာမြို့မှာ နေအိမ်ဖောက်ထွင်းခိုးယူ သောင်းကျန်းနေတဲ့ အုပ်စုဖွဲ့သူခိုးများထဲ အမျိုးသမီးတွေပါဝင်
မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့က ဒေသခံတွေဘေးလွှတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေရချိန် အုပ်စုဖွဲ့ကာနေအိမ် ဖောက်ထွင်း…
Read More » -
15 Januaryတိုက်ပွဲ
ဗန်းမော် စကခ (၂၁)၊ ခလရ ၄၇ တပ်ရင်း နဲ့ ထောက်ပို့ ၉၃၃ တပ်ရင်းနေရာတွေမှာ တိုက်ပွဲပြင်းထန်နေဆဲ
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကစစ်ရှိုန်မြင့်တင်ပြီး…
Read More » -
15 Januaryသတင်း
မြစ်ကြီးနားမြို့မှာ သားအမိ ၂ဦး လုယက်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သားအမိ၂ဦး လုယက်ခံရပြီး…
Read More » -
14 Januaryသတင်း
ကသာမြို့က စစ်ဘေးရှောင်အမျိုးသားတစ်ဦးပျောက်ဆုံးနေ
မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့ခံအများစုဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာမြို့တွေမှာတိမ်းရှောင်နေကြရပြီး ကသာမြို့ကနေ မန္တလေးမြို့ကိုတိမ်းရှောင်နေတဲ့ အသက်…
Read More » -
14 Januaryဖမ်းဆီးခံရမှု
ဥရုရတနာတံတားပေါ်က စစ်တပ်သားနဲ့ ရဲ့ ပစ်ခတ်ခံရပြီးနောက် အမျိုးသားတစ်ဦးဖမ်းဆီးခံရ
ဖားကန့်မြို့ ဥရုရတနာကျောက်စိမ်းတံတားပေါ် မှာ လုံခြုံရေးတင်ကြပ်ထားပြီး…
Read More » -
14 Januaryလူ့အခွင့်အရေးချိုးဖောက်မှု
တနိုင်း ပယင်းမှော်ဒေသမှာ စစ်တပ်က ပြည်သူတွေကို ဖမ်းဆီးရိုက်နက်ပြီး တန်ဖိုးရှိပစ္စည်းတွေသိမ်းယူနေ
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့…
Read More » -
14 Januaryလူ့အခွင့်အရေးချိုးဖောက်မှု
မြစ်ကြီးနားမှာ အမျိုးသမီးတစ်ဦးအုပ်စုဖွဲ့မုဒိန်းမှုကျူးလွန်ထဲ ၆ ဦးအနက် ၃ ဦးဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦးကိုအုပ်စုဖွဲ့မုဒိန်းမှုကျူးလွန်သူ ၆ ဦးထဲက ၃ ဦးကိုဖမ်းဆီးရမိထားကြောင်း မြို့ခံတွေဆီကနေ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ည ၈ နာရီမှာဖြစ်ခဲ့တာဖြစ်ပြီး အသက် ၄၀ အရွယ်အမျိုးသမီးနှစ်ဦးနဲ့ အသက်၂၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ စီတာပူရပ်ကွက်ကအပြန် နေအိမ်အပြန် ဂျပန်လမ်းတစ်နေရာမှာ နှာခေါင်းစီးထားတဲ့ အမျိုးသား ၆ ဦးက တားဆီးရိုက်နှက်ပြီး အမျိုးသမီးငယ်တစ်ဦးကို မုဒိန်းကျင့်သွားတာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ပြီး ၃ ရက်မြောက်နေ့မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတွေလိုက်လံစုံစမ်းရာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် KTV တစ်ခုမှာ လုယူသွားတဲ့ကားကိုလာပေါင်ရာကနေ ပြစ်မှုကျူးလွန်သူတစ်ဦးကိုအရင်ဆုံးဖမ်းမိပြီး နောက်ထပ်နှစ်ဥိီးကို စက်မှုရပ်ကွက်မှာ ထပ်ဖမ်းမိတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “သူတို့လုသွားတဲ့ကားကို KTV မှာ ကားလာပေါင်တဲ့ကိစ္စကနေမိတာ ကားအရင်မိတယ် ပြီးမှ ကွင်းဆက်ပြန်လိုက်တော့ ပထမဆုံးတစ်ယောက်ကိုမိတယ်။ အဲမိတဲ့သူကို စစ်မေးတဲ့နောက် နှစ်ယောက်ကိုတော့ စက်မှုရက်ကွက်အိမ်တစ်အိမ်မှာထပ်မိတာလို့ သိရတယ်”လို့ ပြောပါတယ်။…
Read More » -
14 Januaryသတင်း
ပိတ်မိနေတဲ့စက်လှေတွေရောက်လာပေမယ့် စားသောက်ကုန်တင်တဲ့စက်လှေမပါတာကြောင့် ဟုမ္မလင်းဒေသခံတွေအခက်တွေ့
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွက် သုံးလမှတစ်ကြိမ်ဝင်ရောက်လာတဲ့ ကုန်စက်လှေတွေထဲမှာ စားသောက်ကုန်နဲ့အခြေခံလူသုံးကုန်တင်တဲ့စက်လှေတွေပါမလာတာကြောင့် ဒေသခံတွေ ကုန်စျေးနှုန်းကြီးတာ၊ကုန်စည်ရှားပါးတာတွေကြုံတွေ့နေရဆဲလို့ ဟုမ္မလင်းဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ မုံရွာကနေ ဟုမ္မလင်းကို ဆန်တက်လာတဲ့ ကုန်စက်လှေအစီး ၂၀၀ ဝန်းကျင်ဟာ ချင်းတွင်းမြစ်မှာသုံးလကြာပိတ်မိခဲ့ပြီးနောက် ဇန်နဝါရီလဆန်ပိုင်းမှာမှ ဟုမ္မလင်းမြို့ပေါ်ကိုရောက်လာခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ ဒါပေမယ့် အဲဒီစက်လှေထဲမှာ စားသောက်ကုန်နဲ့ နေ့စဥ်လူသုံးကုန်ပစ္စည်းတင်စက်လှေတွေတွေမပါလာတဲ့အတွက် ဒေသခံတွေအခက်အခဲ ဖြစ်နေတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးကKNG ကိုပြောပါတယ်။ “ရောက်ခဲ့တယ် ဒါပေမယ့် ဓာတ်ဆီ၊ဒီဇယ်နဲ့ဘိလပ်မြေတွေပါ့ တခြားဆောက်လုပ်ရေးပစ္စည်းတွေပဲပါတယ် စားသောက်ကုန်တို့ ပြီးတော့ ဆပ်ပြာတွေဘာတွေပေါ့အလှန်ကုန်တွေတင်တဲ့စက်လှေတွေကမရောက်ခဲ့သေးဘူး အခြေခံလူတန်းစားတွေတွက်က မထူးဘူး လုပ်ငန်းရှင်ကြီးတွေနဲ့တပ်က ပစ္စည်းတွေပဲပါတယ်”လို့ သူကပြောပါတယ်။…
Read More »