-
Jan- 2026 -14 Januaryသတင်း
ခေါင်လန်ဖူးဘက်ကို စစ်ကောင်စီတပ်ကကုန်ကြောင်း ၊လေကြောင်းသုံးပြီးအင်အားဆက်ဖြည့်နေ
ကချင်ပြည်နယ် ၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က…
Read More » -
13 Januaryလူ့အခွင့်အရေးချိုးဖောက်မှု
ကသာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့မီးလောင်နေ
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့သိမ်းတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ရဲ့ ခမရ ၃၀၉ တပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့စွန်ရပ်ကွက်၊ကျေးရွာတစ်ချို့မှာ နေအိမ်မီးလောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကသာမြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ဆို ရက်ပေါင်း ၁၉ ရက်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့ ဒီမနက်ပိုင်းမှာတော့ ခမရ ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကသာမြို့ရဲ့မြောက်ဖက်ရှိ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာရှိနေအိမ်တစ်ချို့ မီးလောင်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။…
Read More » -
12 Januaryတိုက်ပွဲ
NSCN-K ယုန်းအောင်အဖွဲ့တိုက်ခိုက်ခံရပြီး စခန်းတစ်ခုလက်လွှတ်လိုက်ရဟုဆို
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K…
Read More » -
12 Januaryသတင်း
ကသာမြို့နယ် ကူးတို့ဆိပ် ဖြတ်သန်းခဈေးနှစ်ဆတက်
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကသာမြို့နယ်…
Read More » -
12 Januaryစစ်ပြေးဒုက္ခသည်များ
ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ တစ်နှစ်ကျော်အတွင်း သေဆုံးသူ ၄၀ နီးပါးရှိ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး တစ်နှစ်ကျော်အတွင်း သေဆုံးသူ ၃၈…
Read More » -
9 Januaryမြေယာနှင့် သဘာဝပတ်ဝန်းကျင်
မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG ပြော
စစ်ကော်မရှင်က အကော်အထည်ဖော်ဖို့လုပ်နေတဲ့ မြစ်ဆုံစီမံကိန်းရပ်တန့်ရေးအတွက် တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ ပြည်သူလူထုနဲ့သတင်းစကားပြောကြားခြင်း အစီအစဥ်မှာ ဦးနေဘုန်းလတ်က အခုလိုပြောကြား ခဲ့တာဖြစ်ပါတယ်။ “အခုလိုအချိန်မှာ မြစ်ဆုံစီမံကိန်းကိုပြန်စဖို့ကြိုးစားတာဟာ ၎င်းတို့ရဲ့အာဏာတည်မြဲရေးအတွက် နိုင်ငံရဲ့နှလုံးသားကို ထိုးကျွေး လိုက်တာပဲဖြစ်ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးအနေနဲ့ ပြည်သူ့အသံကိုနာခံပြီး ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်များနဲ့ပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအသိပေးပြောကြားလိုပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်ချုပ်ဆိုတဲ့ ဘယ်လိုစီးပွားရေးစာချုပ်မဆို အတည်ဖြစ်မှာမဟုတ်ဘဲ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုနဲ့နစ်နာမှုတွေက လည်း စစ်အုပ်စုနဲ့ ရင်းနှီးမြုပ်နှံသူတွေရဲ့တာဝန်သာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။…
Read More » -
9 Januaryတိုက်ပွဲ
နယ်မြေကျူးကျော်ဝင်ရောက်မှုကြောင့် နာဂလက်နက်ကိုင်အချင်းချင်းကြားတိုက်ပွဲဖြစ်
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-Kယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့ ပန်ဆောင်မြို့နယ်ထဲကို NSCN-K အန်းမိုင်းအဖွဲ့ ပန်ဆောင်မြို့ပေါ်အထိဝင်ရောက်လာတာကြောင့်ဒီနေ့မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ NSCN-K အန်းမိုင်းအဖွဲ့ဟာ နာဂဒေသမှာ မူလရှိနေတဲ့ NSCN-K(ခပ္ပလန်)အဖွဲ့ကနေခွဲထွက်ထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့အဖွဲ့ဖြစ်တာကြောင့် NSCN-K ယုန်းအောင်အဖွဲ့နယ်မြေထဲမဝင်လာကြဖို့အကြိမ်ကြိမ်သတိပေးတားမြစ်ထားတဲ့ကြားကနေ ပန်ဆောင်မြို့ပေါ်အထိဝင်ရောက်လာတာကြောင့်ဒီကနေ့မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ NSCN-K ယုန်းအောင်အဖွဲ့နဲ့နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ယုန်းအောင်အဖွဲ့ကသတိပေးတယ် အန်းမိုင်းအဖွဲ့မင်းတို့ ဒုံဟီးအထိပဲလှုပ်ရှား ဒုံဟီးကိုမကျော်လာတဲ့ဆိုပြီးသတိပေးထားတယ်။ အဲ့ကြားကနေ နန်းယွန်းမြို့အထိရောက်လာတယ် အဲ့မှာတစ်ခါထပ်သတိပေးတယ် နန်းယွန်းက ယုန်းအောင်အဖွဲ့စိုးမိုးနယ်မြေဖြစ်တယ်။ ပြန်ခေါက်ပါဆိုပြီး သတိပေးတာကိုဂရုမစိုက်ဘူး ပန်ဆောင်မြို့ပေါ်အထိဝင်လာတယ်လေး သူတို့ပန်ဆောင်ရောက်တာနဲ့ချက်ချင်းတော့မတိုက်ဘူးပြန်ခေါက်ဖို့ အချိန်ပေးသေးတယ် သတိပေးတယ် မပြန်တဲ့အပြင်ရွာတွေဘက်ထိဝင်လာတော့ ယုန်းအောင်အဖွဲ့က ဝင်တိုက်တာ”လို့ပြောပါတယ်။…
Read More » -
9 Januaryလူ့အခွင့်အရေးချိုးဖောက်မှု
ဝန်းသိုမြို့ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်
စစ်ကိုင်းနဲ့ကချင်အစပ်က ဝန်းသိုမြို့ နမ်းခမ်းကျေးရွာကြီးကို စစ်ကော်မရှင်တပ်က ဇန်နဝါရီလ ၈ ရက်နေ့ မနေ့က ညပိုင်း၈ နာရီဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်အိမ်မီးလောင်ပျက်ဆီးခဲ့ရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နမ်းခမ်းကျေးရွာအုပ်စုက အရှေ့စက်ရပ်ကွက်နဲ့ဘူတာစုရပ်ကွက်တွေတစ်ဝှိုက်ကို တိုက်ပွဲတစ်စုံတစ်ရာဖြစ်တာမရှိဘဲ ရုတ်တရက်ဆိုသလို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “ဂျက်ဖိုက်တာ ၂ စီးနဲ့လာပစ်သွားတာ။ ပထမတစ်စီးနဲ့ ဒုတိယတစ်စီးက ၁၀ မိနစ်လောက်ပဲခြားတာ။ လေကြောင်းတိုက်ခိုက်မှု ကြောင့်တော့ ထိခိုက်ဒဏ်ရာရတာပဲရှိခဲ့တယ်။ လူသေဆုံးမှုကတော့မကြားသေးဘူး”လို့ ဝန်းသိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကထွက်ပေါ်လာတဲ့သတင်းတွေအရ တော်လှန်ရေးအင်အားစုတွေက ဝန်းသိုမြို့ကိုဝင်တိုက်တော့မှာ ဖြစ်တာကြောင့် ဇန်နဝါရီလ ၉ ရက်နေ့နောက်ဆုံးထားပြီး ဒေသခံတွေလည်းဘေးလွှတ်ရာတွေမှာကြိုတင်တိမ်းရှောင်ကြဖို့ သတင်းတွေထွက်ခဲ့ပါတယ်။…
Read More » -
8 Januaryသတင်း
နမ့်အွမ်ထိန်းသိမ်းနယ်မြေမှာ နေရာယူထားတဲ့ကိုးကန့်တပ်နဲ့ဒေသခံတို့ကြား မြေနေရာကိစ္စသဘောတူညီမှုမရရှိသေး
ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့…
Read More » -
7 Januaryသတင်း
တနိုင်းပယင်းမှော်ဘက်ကျန်နေတဲ့ပြည်သူတွေထွက်လာကြဖို့ စစ်တပ်က ဒုတိယအကြိမ်သတိပေး
ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက ရွှေမှော်၊ပယင်းမှော်တွေဘက် စစ်ကောင်စီတပ်က…
Read More »