• Aug- 2024 -
    26 August
    သတင်း

    အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့အပြင်းထန်တိုက်ခိုက်နေ

    “လေယာဥ်ကတော့မနက်တိုင်း၊နေ့တိုင်းကြဲ ညကိုလဲလာကြဲတယ်။ပြီးရင်လေထီးနဲ့အထုပ်တွေချ နေ့တိုင်းပဲ။  လက်နက်ကြီးတွေဟောင်ဝစ်ဇာတွေနဲ့ကတော့ အထိုင်တပ်ဂျပန်လှိုဏ်ဂူကနေပစ်တာပေါ့။ လေယာဥ်က တော့ နေ့တိုင်းပေါ့ ဒီမနက်လည်းကြဲပြီးသွားပြီ” လို့ပြောပါတယ်။

    Read More »
  • 26 August
    သတင်း

    ဖားကန့်မှာ စစ်တပ်က လေကြောင်းနဲ့စစ်အင်အားဖြည့်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်က လေကြောင်းအသုံးပြုပြီး စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ရဟတ်ယာဉ် နှစ်စီး ဖားကန့်ဗျူဟာကုန်းမှာ လူလာချတယ် တစ်စီးပဲဆင်းလူချတယ်။ တစ်စီးက အပေါ်က ကင်းစောင့်ပါတ်ဝဲနေတာ။အဲဒါကို KPDF တွေက လက်နက်ငယ်တွေနဲ့လှမ်းပစ်တယ်။ဒါပေမယ့် သူတို့က ပြန်ပစ်တာမရှိဘူး လေယာဉ်ထွက်သွားမှ ဗျူဟာကုန်းကနေ မြို့ထဲ ရွာထဲဘက်ကို လက်နက်ကြီးနဲ့လှမ်းထုတော့တာပဲ”လို့ ပြောပါတယ်။ ဖားကန့်ဗျူဟာကုန်းမှာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး တစ်ရက်မှာတစ်ကြိမ် စစ်ရဟတ်ယာဉ်နဲ့ အင်အား ၃၀ ဝန်းကျင် နေ့တိုင်းလာရောက်ပို့ဆောင်နေတယ်လို့ သိရပါတယ်။ စစ်အင်အားချတဲ့ ရဟတ်ယာဉ်ပြန်ထွက်သွားပြီးနောက် စစ်ကောင်စီတပ် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ သုံးချက်ထက်မနည်းဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့်  ရေမဆေးကျောက်ရှာတဲ့အရပ်သားတစ်ဦးနဲ့ ဆိုင်းတောင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “တစ်ချို့ထိမိတယ်၊ ရေမဆေးရှာနေတဲ့ အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး ဖားကန့်ဆေးရုံရောက်တယ်လို့ သိရတယ်ဗျ။ တခြားထိတာရှိနိုင်သေးတယ် ခုက ဖုန်း၊အင်တာနက်လိုင်းတွေ မရကြတော့ သတင်းသိရတာနောက်ကျတယ်“လို့  ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ထပ်ပြောပါတယ်။ ဖားကန့်မြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား မြို့တွင်း ၊ မြို့ပြင် မကြာခန ပစ်ခတ်တာ လက်နက်ကိုင်နှစ်ဖွဲ့တပ်အကြား အပြန်အလှန်ပစ်ခတ်ဖမ်းဆီးတာတွေ အများဆုံးဖြစ်တဲ့နေရာတဲ့အပြင် စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်တာတွေကြောင့် မြို့တွင်းသွားလာလှုပ်ရှားတာတွေမရှိဘဲ တပ်တွင်းမှာသာနေထိုင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၂၃ ရက်နေ့ နောက်ပိုင်း အင်အား ၅ ဦး၊ ၁၀ ဦး အစုအဖွဲ့လိုက် စျေးဝယ်ထွက်တာတွေ ရှိလာတယ်လို့လည်း ဖားကန့်ပြည်သူတွေက ပြောပါတယ်။ ဖားကန့်မှာ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစပြီး မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတာကြောင့် ဖားကန့်ပြည်သူတွေဟာ တစ်နာရီကို ကျပ် တစ်သောင်း၊နှစ်သောင်း၊သုံးသောင်းပေးပြီး အင်တာနက်သုံးနေကြတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • 26 August
    သတင်း

    ပူတာအိုကနေ မြစ်ကြီးနား – မန္တလေး လေယာဉ်လက်မှတ်စျေးနှုန်း အဆမတန်မြင့်တက်

    ကချင်ပြည်နယ် ပူတာအိုမြို့ကနေ မြစ်ကြီးနားနဲ့ မန္တလေးသွားတဲ့ လေယာဉ်လက်မှတ်နှုန်း ဒီလအတွင်းထဲမှာပဲ ဈေးအဆမတန်မြင့်တက်သွားတယ်လို့ လေယာဉ်လက်မှတ်အရောင်းဌာနက သိရပါတယ်။ မတ်လနောက်ပိုင်းကစပြီး စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းတွေပိတ်သွားတဲ့နောက် မြစ်ကြီးနား နဲ့ မန္တလေး လေယာဉ်လက်မှတ်ဈေး‌ဟာ တစ်ရက်ထက်တစ်ရက်မြင့်တက်နေပြီး ဩဂုတ်မှာတော့ ၅ သိန်းနဲ့ ၇ သိန်းအထိ စျေးနှုန်းမြင့်တက်သွားတယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “စျေးက ပြီးခဲ့တဲ့ မတ်လကတည်းက နည်းနည်းတက်လာတယ်။ ဒါပေမယ့် ဒီလ ၁၅ ရက်နေ့နောက်ပိုင်း ဈေးပိုတက်သွားတာ အရင်ဆို ပူတာအို မြစ်ကြီးနားဆိုဈေးက ၃ သိန်းကျော်ဘဲ  မန္တလေးအထိဆိုရင်တော့ ၄ သိန်းကျော်ဘဲ အခုကမရတော့ဘူး တချို့လေကြောင်းလိုင်းတွေ မန္တလေးအထိ ၇…

    Read More »
  • 26 August
    သတင်း

    မိုးမောက်၊ မံစီဘက်ကို စစ်တပ်က စစ်ကြောင်း ၃ ခုခွဲပြီး ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေ

    မိုးမောက်မြို့နယ်တစ်ခုလုံးအတွက် အရေးပါတဲ့ ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ လေကြောင်းအပြင် မြေပြင်စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၄ ရက်နေ့စတင်ပြီး စစ်ကောင်စီတပ်တွေ ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ ခုနဲ့ မိုးမောက်နဲ့ မံစီ စစ်မျက်နှာ ၂ ခုမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒီနေ့ ဩဂုတ်လ ၂၆ ရက်နေ့ထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းတစ်ဦးက KNG ကိုပြောပါတယ်။ “ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ခုလောက်နဲ့ ထိုးစစ်တက်လာတယ်။ ၅ မိုင်နဲ့ ၆ မိုင် နေရာတွေမှာ တိုက်ပွဲပြန်ဖြစ်နေတာ ၂၄ ရက်နေ့ကတည်းကဟုတ်တယ်။ ဒီကနေ့အထိဆိုရင် ၂ ရက်လောက်ရှိပြီ။ ဗန်းမော်ကနေ မံစီဘက်ကို ထိုးနေလို့ ကောင့်ဂျာယန် မှာလည်း တိုက်ပွဲပြန်ဖြစ်နေတာ”လို့ပြောပါတယ်။ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ၅ မိုင်နဲ့ ၆ မိုင် အထိထိုးစစ်ဆင်နေပြီး KIA ပူးပေါင်းတပ်တွေကလည်း ကျော်တက်လို့မရအောင် တန်ပြန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အလားတူ မံစီဘက်မှာလည်း ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ကောင့်ဂျာယန်မရောက်မှီ အနီးတဝိုက်ရှိတဲ့ ကျေးရွာတွေမှာ စစ်ကြောင်းထိုးထားပြီး အပြန်အလှန်တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက်  ဩဂုတ်လ ၂၀ ရက်နေ့မှာ ကောင့်ဂျာယန် တဝိုက်လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းကာကင်း တပ်စခန်း ၂ နေရာကို KIA က လိုက်လံရှင်းလင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီရှေ့တန်းတပ်စခန်းက ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီတပ်တွေက ကောင့်ဂျာယန်မရောက်မှီ ဖန်းခါးကုန်းအနီးရှိ ခလရ ၄၇ တပ်ရင်းမှာ လာရောက်စုပေါင်းသွားပြီး လက်ရှိ မံစီမြို့နယ်ထဲ ကျန်ရှိနေတဲ့ ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကို လက်မလွတ်ရေးအတွက် စစ်ကောင်စီကနေ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဗန်းမော်မြို့နယ်ထဲက တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။ “ပြီးခဲ့တဲ့ရက်ပိုင်း ကောင့်ဂျာယန်ကနေ တပ်စွန့်ခွာတဲ့ စစ်တပ်တွေက မြို့နဲ့ဝန်းကျင် ဖန်းခါးကုန်းအနီးမှာ ခလရ ၄၇ တပ်ရင်းရှိတယ်။ အဲဒီနေရာမှာ သွားစုသွားကြတာ။ အဲဒါကြောင့် ကောင့်ဂျာယန်ဘက်ကို ထိုးစစ်ပြန်ဆင်လာတဲ့ သဘောပါ။ လောလောဆယ် စစ်တပ်က ကောင့်ဂျာယန်ကိုတော့ မကျော်နိုင်သေးဘူး။ အဓိကတော့ မံစီမြို့ထဲက ၆၀၁ နဲ့ ၃၁၉ က အရေးပါတဲ့တပ်တွေဖြစ်တဲ့အတွက် ထိုးစစ်ပြန်ဆင်တာလို့မြင်တယ်”လို့ပြောပါတယ်။ ဒါကြောင့် လက်ရှိမှာ စစ်ကောင်စီတပ်က တပ်စခန်းလက်လွတ်လိုက်ရတဲ့ မိုးမောက်နဲ့ မံစီ ဘက်ကို စစ်မျက်နှာ ၂ ခုဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်တာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေကပြောပါတယ်။ တစ်ဆက်ထဲမှာပဲ စစ်ကောင်စီတပ်တွေဟာ ကုန်းလမ်းနဲ့ ထိုးစစ်ဆင်နေသလို ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး လက်ရှိတိုက်ပွဲဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီ ၂ နေရာဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆက်သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ မံစီ ဘက်ဆိုရင် ဗန်းမော်မြို့ဘက်ကနေ လက်နက်ကြီးတွေပါ ပစ်ခတ်ပေးနေတာကြောင့် ဗန်းမော်ဒေသခံတွေက ထိတ်လန့်စိုးရိမ်တာတွေဖြစ်နေကြတယ်လို့ သိရပါတယ်။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA သိမ်းပိုက်လိုက်တဲ့နောက် မိုးမောက်မြို့နယ်တစ်ခုလုံးဟာ စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီဖြစ်ပါတယ်။ အလားတူ မံစီမြို့နယ်တစ်ခုလုံးမှာလည်း  ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုသာ ကျန်ရှိနေတော့တာကြောင့် စစ်ကောင်စီတပ်တွေဟာ တပ်စခန်းလက်မလွတ်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 26 August
    သတင်း

    စစ်ကိုင်း- ကချင်အစပ်ကားလမ်းမကြီးပိတ်ထားတဲ့ ကချင်ပြည်နယ် ကုန်စျေးနှုန်းအဆမတန် မြင့်တက်နေဆဲ

    ကချင်– စစ်ကိုင်းအစပ်ဒေသတစ်လျှောက် တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကားလမ်းပိုင်းသွားလာခွင့်ပိတ်ထားတာကြောင့် ကုန်ကားအဝင်မရှိတော့တဲ့ ကချင်ပြည်နယ်မှာ ကုန်စျေးနှုန်းတွေ တစ်ရက်ထက် တစ်ရက်ပိုမြင့်တက်လာနေတယ်လို့ ပြည်သူတွေကပြောပါတယ်။ ဩဂုတ်လ ၂၂ ရက်နေ့ကစပြီး ကချင်– စစ်ကိုင်းအစပ်ဖြစ်တဲ့ ကသာခရိုင် အင်းတော်– ထီးချိုင့်– ပင်လည်ဘူးမြို့တွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် အင်းတော်လမ်းပိုင်း သွားလာခွင့် နှစ်ဖက်လက်နက်ကိုင်တပ်က ပိတ်ထားတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်အတွင်းသို့ အခြေခံစားသောက်ကုန်တွေတင်သွင်းတဲ့ အဓိကလမ်းမကြီးပိတ်ထားတာကြောင့် ကုန်ကားတွေအဝင်မရှိတော့တဲ့အတွက် ကုန်စျေးနှုန်းတွေ တစ်ရက်ကို ပျှမ်းမျှ ၅၀၀ နှုန်းနဲ့စျေးတက်နေတယ်လို့ ကချင်ပြည်တွင်းနေထိုင်တဲ့ ပြည်သူတွေကပြောပါတယ်။ ခရိုင် ၄ ခု၊မြို့နယ် ၁၈ မြို့နယ် လူဦးရေ ၁ သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်အတွင်း  မြို့ ၃  မြို့ရဲ့ အခြေံစားသောက်ကုန်စျေးနှုန်းတွေကို စုစည်းထားပါတယ်။  မြစ်ကြီးနားမြို့ အခြေခံကုန်ဈေးနှုန်း ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လက်ရှိကုန်ဈေးနှုန်းတွေဟာ နေ့တိုင်း ကျပ်ငါးရာ နဲ့ တစ်ထောင်ဝန်းကျင်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေကပြောပါတယ်။ “တစ်ရက်ကို ၅၀၀လောက်ဈေးတက်နေတော့ ကျွန်မတို့လို ဈေးဝယ်ရောင်းတဲ့သူတွေအတွက်ကတော့  အရင်းရှုံးသွားတာပေါ့။ ဥပမာ ခါတိုင်း နှစ်သိန်းလောက်ဘဲ ရောင်းတာကနေ  နှစ်ဆလောက် လေးသိန်းလောက်လောက်ထိရောင်းနိုင်မှ အဆင်ပြေတယ်“လို့ ဈေးဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ဗန်းမော်ထဲကို အခြေခံစားသောက်ကုန်ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း ၃ ကြောင်းရှိပါတယ်။ ဗန်းမော်– မန္တလေးကုန်ကြောင်းလမ်း၊ ဗန်းမော်– လွယ်ဂျယ်လမ်း၊ ဗန်းမော်– မန္တလေး ရေကြောင်းလမ်းရှိပါတယ်။ သို့သော် လက်ရှိ ဗန်းမော်– မန္တလေးကုန်ကြောင်းလမ်းဟာ တိုက်ပွဲကြောင့် ပိတ်ထားသလို ဗန်းမော်– လွယ်ဂျယ်လမ်းကလည်း စစ်ရေးအခြေနေကြောင့် သွားလာရခက်ခဲနေပြီး ဗန်းမော်– မန္တလေးရေကြောင်းလမ်းဟာ အာဏာသိမ်းပြီးနောက် ကုန်သင်္ဘောဝင်ရောက်ခြင်းမရှိတော့ပေ။ ဩဂုတ်လ ၂၂ ရက်နေ့ ကချင်– စစ်ကိုင်းအစပ်မှာ တိုက်ပွဲမဖြစ်ခင် ဗန်းမော်မြို့ထဲ ကုန်ကားတွေအဝင်ရှိပေမယ့် လတ်တလော ပြင်းထန်နေတဲ့တိုက်ပွဲကြောင့် ကုန်ကားအဝင်မရှိတော့တဲ့အတွက် ကုန်စျေးနှန်းတွေမြင့်တက်နေတယ်လို့ ဗန်းမော်မြို့ ပြည်သူတွေက ပြောပါတယ်။ ဖားကန့်မြို့ ကုန်စျေးနှုန်း ဖားကန့်ဒေသမှာ ဩဂုတ်လ တတိယအပတ်ကပြီး  အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်‌ဒေသသို့ သယ်ယူ၊ပို့ဆောင် ရောင်းချပေးတဲ့ ကုန်စိမ်းကားများ ရက်သတ္တပါတ်အတွင်း ဝင်ရောက်မှုမရှိတဲ့အတွက် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့ လုံးခင်းဈေးထဲမှာ ဈေးရောင်းချသူတစ်ဦး အခုလို ပြောပြပါတယ်။ “အခုက မိုးညှင်း၊ဟိုပင်က ကုန်ကားတွေတော့ ဝင်တယ်၊ အောက်ပိုင်း(မန္တလေး)က ကုန်ကားတွေ မဝင်တော့ အဲ့ဒီဒေသက ကုန်ပစ္စည်းတွေပြတ်လပ်ပြီး ဈေးတက်ကုန်တာပေါ့” ဟု ‌ဈေးရောင်းချသူတစ်ဦးက ပြောပါတယ်။ အလားတူပဲ ကွမ်းရွက်တစ်ပိသာဈေးမှာ ငွေကျပ် တစ်သိန်းနှုန်း‌ ပေါက်ဈေး‌ရှိနေပြီး၊ကွမ်းရွက်အဝင် မရှိလို့ ဈေးဆိုင်ပိတ်သိမ်းထားရတယ်လို့ ကွမ်းယာရောင်းချသူတစ်ဦးထံမှ သိရပါတယ်။ ခုလို အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ တက်နေပေမဲ့၊ဆန်နှင့်စားဆီကတော့ ဈေးနှုန်းမြင့်တက်လာမှု မရှိသေးကြောင်း လုံးခင်းဒေသမှာရှိတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဆန်၊ဆီနဲ့ သားငါးဈေးက အဲ့လောက်ထိ မတက်သေးဘူး၊အဓိကက အောက်ပိုင်း(မန္တလေး)က ကုန်ကားတွေ မဝင်လာတဲ့အတွက် ခရမ်းချဉ်သီး၊ဂေါ်ဖီထုပ်၊ကြက်ဥတို့က ဈေးတက်ကုန်တာ“လို့ လုံးခင်းဒေသခံ မရီရီ(အမည်လွှဲ)က ပြောပြပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေးစနစ်တွေ ဖြတ်တောက်ခံထားရတဲ့အတွက် အင်တာနက်အသုံးပြုခမှာ တစ်နာရီ တစ်သောင်း၊နှစ်သောင်း၊ သုံးသောင်းပေးပြီး အသုံးပြုနေကြရပါတယ်။ ဖားကန့်ဒေသဟာ ကချင်ပြည်နယ်အတွင်းရှိ ကုန်းတွင်းပိတ်ဒေသအဖြစ်တည်ရှိနေပြီး သယံဇာတ တူးဖော်မှု လုပ်ငန်းများအား အဓိကထားလုပ်ကိုင်နေရာ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများ အားနည်းသည့်အလျှောက် ကုန်ပစ္စည်း၊စားသောက်ကုန်များအား အောက်ပြည်၊အောက်ရွာ(မန္တလေး)နဲ့ ဒေသတွင်းမြို့များမှ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။…

    Read More »
  • 23 August
    သတင်း

    ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ စစ်တပ်ကလေကြောင်းအသုံးပြုပြီးအင်အားဖြည့်နေ

    စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ပင်လည်ဘူးမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တပ်ဟာ လေကြောင်း အသုံးပြုအင်အားဖြည့်တင်းမှုတွေဆက်တိုက်လုပ်နေတယ်လို့ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဆီက သိရပါတယ်။ ဩဂုတ်လ ၂၂ ရက်နေ့ မနေ့ကတော့ စစ်ကောင်စီတပ်ဘက်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် နဲ့ ဝန်းသိုဘက်က စစ်အင်အားတွေကို ပင်လည်ဘူးကိုလေကြောင်းနဲ့ဖြည့်တင်းထားတယ်လို့ ပင်လည်ဘူး…

    Read More »
  • 23 August
    သတင်း

    မြစ်ကြီးနားမြို့ ရပ်ကွက်တစ်ချို့မှာ ရပ်ကွက်ကနေ အမြန်ဆုံးစွန့်ခွာကြဖို့ သတိပေးစာလိုက်ကပ်တာတွေရှိနေ

    မြစ်ကြီးနားမြို့  ရပ်ကွက်တစ်ချို့မှာ ပြည်သူတွေအမြန်ဆုံးနေရပ်စွန့်ခွာကြဖို့ သတိပေးပေးစာ လိုက်ကပ်တာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။ ဩဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်း မြစ်ကြီးနားမြို့တွင်း၊မြို့ပြင် ရပ်ကွက်တွေဖြစ်တဲ့ ခေမာသီရိ၊ ရမ်ဘူ၊ အေးမြသာယာ၊ ကြက်ပေါင်ခြံ၊ ကြာရာပတီးစတဲ့ ရပ်ကွက်တွေမှာ သတိပေးစားလိုက်ကပ်ထားတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက  KNG ကို ခုလိုပြောပါတယ်။ “ရပ်ကွက်ထဲလာသတိပေးတာတဲ့  ရပ်ကွက်ကနေ အမြန်ဆုံးစွန့်ခွာဖို့ဆိုတဲ့သတိပေးစာတွေ လာကပ်သွားတယ်ပြောတယ်။ နေအိမ်ခြံစည်းရိုး၊ ဓါတ်တိုင်တွေမှာ လာကပ်သွားတာလို့ သိရတယ်”လို့ ပြောပါတယ်။ သတိပေးစာထဲမှာ မြစ်ကြီးနားမြို့တွင်း တိုက်ပွဲဖြစ်တော့မှာဖြစ်တဲ့အတွက် ပြည်သူများအမြန်ဆုံး ရပ်ကွက်ကနေ စွန့်ခွာ၊ထွက်ခွာကြဆိုတဲ့အချက်သာ ပါရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ခုလို သတိပေးစာလိုက်ကပ်တာဟာ မည်သူမည်ဝါ၊မည်သည့်အဖွဲ့စည်း ကပ်သွားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့တွင်း တော်လှန်ရေးအင်အားစုတွေကို မေးမြန်းကြည့်ရာမှာ ဒီလုပ်ရပ်ဟာ သူတို့မသက်ဆိုင်ကြောင်း ခုလိုပြောပါတယ်။ “ကျနော်တို့အဖွဲ့တွေမဟုတ်ပါဘူး ဒါကို တမင်သက်သက်ပြည်သူတွေကို စိတ်အနှောင့်ယှက်ဖြစ်အောင် လိုက်လုပ်တဲ့လုပ်ရပ်ဘဲ ကျနော်တို့အနေနဲ့ ဒီလိုတွေမလုပ်ပါဘူး”လို့ မြစ်ကြီးနားမြို့ တော်လှန်ရေးအင်အားစုတာဝန်ခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနား မြို့တွင်း မြို့ပြင် နေ့ညမပြတ် ဒရုန်းနဲ့စောင့်ကြည့်တာ၊လမ်းခုလတ်၊လမ်းကြားနေရာတွေမှာ အရပ်ဝတ်နဲ့ကင်းပုန်းဝပ်တာတွေလည်း ပုံမှန်ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။  ဇူလိုင်လ ၂၁ ရက်နေ့စပြီး ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းအားလုံး ပြတ်တောက်နေတဲ့ ကချင်ပြည်နယ်မှာ ဩဂုတ်လ ၁၉ ရက်နေ့နောက်ပိုင်း မြစ်ကြီးနားမြို့ ကြာရာပတီးနဲ့နမ့်ကျင်လမ်းဆုံမှာ စစ်တပ်က တပ်စွဲနေထိုင်ဖို့ပြင်ဆင်နေပြီး ပြည်သူတွေကို ပြောင်းရွှေ့ကြဖို့ ဖိအားပေးနေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။  ဒီသတင်းနဲ့ပတ်သက်လို့  KNG အနေနဲ့ ထပ်ပြီးစုံစမ်းနေဆဲဖြစ်သလို မြစ်ကြီးနားမြို့တွင်း တော်လှန်ရေးတပ်ဖွဲ့တွေပြောဆိုချက်အရ နန့်ကျင်နဲ့ကြာရာပတီးလမ်းဆုံနေရာမှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ်ကတည်းက အင်အား ၂၀ ဝန်းကျင်နဲ့ ယာယီတပ်စွဲထားပြီးနေရာဖြစ်ပြီး ခုလိုပြည်သူတွေ ပြောင်းရွှေ့ခိုင်းတာမှန်ကန်ခဲ့မယ်ဆိုပါက စစ်တပ်အနေနဲ့ ဒီလမ်းဆုံမှာ တပ်အခိုင်မာတပ်စွဲဖို့ပြင်ဆင်တာဖြစ်နိုင်သလို  KIA တပ်ရင်း ၁၁ ဘက်သွားတဲ့လမ်းကို တားဆီးပိတ်ပင်ထိန်းချုပ်ချင်တာကြောင့် ဖြစ်နိုင်တယ်လို့လည်း တော်လှန်ရေးတပ်တွေက သုံးသပ်နေကြပါတယ်။ ခရိုင် ၄ ခု၊ လူဦးရေ ၁ သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်မှာ ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်နေတာ တစ်လကျော်ရှိလာပြီဖြစ်ပါတယ်။ By – Zami

    Read More »
  • 23 August
    သတင်း

    ပူတာအိုမှာ ဆားတစ်ထုပ် ကျပ် ၅၀၀၀ ပေးဝယ်နေရတဲ့အထိ ကုန်စျေးနှုန်းဆက်မြင့်တက်

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ အခြေခံစားသောက်ကုန်တွေ လေကြောင်းလိုင်းတစ်ခုတည်းနဲ့တင်သွင်းနေရတဲ့အတွက် ကုန်ဈေးနှန်းဆက်ပြီးမြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လလကုန်ပိုင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို- မြစ်ကြီးနားကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးသွားပြီး ဒီကနေ့ထိ ကားလမ်းပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် အခြေခံစားသောက်ကုန်တွေကို လေကြောင်းလိုင်းကနေ သယ်ယူနေရတာကြောင့် ကုန်ဈေးတွေဆက်ပြီးမြင့်တက်နေတာလို့ ‌ပူတာအိုမြို့ခံ အမျိုးသမီးတစ်ဦး KNGကိုပြောပါတယ်။ “ကားလမ်းက ခုနှစ်လပိုင်း ရှစ်ရက်နေ့လောက်ကတည်းက ပြင်နေပြီလို့ပြောတာအခုထိတော့ကားတွေကိုရောက်မလာသေးဘူး ကားမလာတော့လေယာဉ်နဲ့ပဲတင်ကြတယ်။ ဒါတောင်စိတ်ကြိုက်တင်လို့မရဘူးနည်းနည်းဘဲတင်လို့ရတယ်။ ကုန်ဈေးကတော့လေယာဉ်နဲ့ဆိုတော့သိတဲ့အတိုင် ခေါက်ဆွဲခြောက်တစ်ထုပ် ၂ဝဝဝ တဲ့ လက်ဖက်ထုပ်ယုဇနလည်း ၂ဝဝဝ ထုပ်သေးတစ်ထုပ်ကို ‌အဲ့လောက်ထိတက်တယ်။” လို့ အသက် ၃ဝ ကျော်အရွယ် ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လက်ရှိပူတာအိုမြို့ပေါ််မှာ အသင့်စားခေါက်ဆွဲခြောက်တစ်ထုပ်ကျပ် ၂ဝဝဝ၊ ဆားဆီတစ်ပိသာ ကျပ် ၄ဝဝဝဝ၊ ဆားတစ်ထုပ် ကျပ် ၅ဝဝဝ၊ ရွှေဝါဆပ်ပြာခဲ တစ်ခဲကျပ် ၃ဝဝဝ အထိဈေးတက်နေပြီးအခြားကုန်တွေလည်း အလားတူဈေးမြင့်တက်နေတယ်လို့သိရပါတယ်။ လူသုံးကုန်၊စားသောက်ကုန်တွေကို မြစ်ကြီးနားလေဆိပ်ကနေ ပူတာအိုလေဆိပ်အထိ တစ်ကီလိုကျပ် ၁၈ဝဝဝ ပေးပြီး စိတ်ကြိုက်တင်လို့ရပေမယ့် ဆန်တင်ရတာအခက်အခဲရှိနေတဲ့အတွက် ပူတာအိုမြို့ပေါ််မှာ ဆန်ဈေးကြီး ဝယ်ယူဖို့ခက်ခဲတဲ့အထိဖြစ်နေတယ်လို့ ပူတာအိုဒေသခံအမျိုးသမီးတစ်ဦးက ထပ်ပြောပါတယ်။ “ဆန်ကတော့လေယာဉ်နဲ့ဘယ်သူမှမတင်ကြဘူး တစ်ကီလို ၁၈ဝဝဝ ဆိုတော့မလွယ်ဘူးလေ အဲ့ကြောင့်အခုလောလောဆယ်အောက်ပိုင်းဆန်ကမရှိဘူး ဒေသဆန်ပဲရှိတယ် ဒေသဆန်က တစ်သောင်းဖိုးဆို ခြောက်ခွက်အထိပဲရတယ် အိတ်လိုက်တော့ဝယ်ဖို့ခက်တယ်”လို့ သူကဆက်ပြောပါတယ်။…

    Read More »
  • 23 August
    ဆောင်းပါး

    ကချင်ပြည်နယ်က ဖျက်ဆီးခံရတဲ့ သဘာဝရဲ့တုံ့ပြန်မှု 

    ကချင်ပြည်နယ်မှာ နှစ်ပေါင်း ၂၀ အကြာ စံချိန်တင်မြင့်တက်ခဲ့တဲ့ ဧရာဝတီမြစ်ရေကြောင့် လမ်းတံတားပျက်စီးမှု၊ မြေပြိုမှုနဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ပြည်သူတွေ အများအပြားရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်း မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ အနောက်တောင်မုတ်သုံလေကြောင့် ကချင်ပြည်နယ် အထက်ပိုင်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မေခ၊ မလိခမြစ်ရေကြီးလာရာကနေ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ရဲ့…

    Read More »
  • 23 August
    သတင်း

    စစ်ကောင်စီ ကင်းစင် မိုးမောက်နယ်

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ မတ်လ ၇ ရက်နေ့ စတင်ခဲ့တဲ့ စစ်ဆင်ရေးတစ်လျှောက် တိုက်ပွဲကာလအကြာဆုံးလို့ပြောရင်  မိုးမောက် ခမရ ၄၃၇ စခန်းသိမ်းတိုက်ပွဲ ထိပ်ဆုံးမှာပါဝင်မှာ သေချာပါတယ်။ ဆယ်စုနှစ်ကြာ အခိုင်အမာတည်ဆောက်ထားတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့စောင့်တပ် ခမရ ၄၃၇…

    Read More »
Back to top button