• Aug- 2024 -
    23 August
    သတင်း

    ချီဖွေနဲ့ ပန်ဝါဒေသမှာ  ပြည်သူ့စစ်အတင်းအဓမ္မစုဆောင်းနေတဲ့အတွက် နေထိုင်ဖို့အခက်အခဲဖြစ်နေ

    ကချင်ပြည်နယ် ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားသစ်အတင်းအဓမ္မစုဆောင်းနေတာကြောင့် ဒေသခံပြည်သူတွေ နေထိုင်မှုအခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကနေ ချီဖွေနဲ့ ပန်ဝါဒေသမှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ ကျေးရွာ၊ ရပ်ကွက်နဲ့ လုပ်ငန်းခွင်တွေမှာ တပ်သားလိုက်စုဆောင်းနေတယ်လို့ ချီဖွေဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “အခုချိန်မှာ ဒေသခံပြည်သူတွေက အပြင်လည်းထွက်လို့မရ ထွက်ပြီဆိုကတည်းက တပ်သားစုဆောင်းခံရမှာကြောက်ရ။ ဒေသမှာ နေထိုင်ဖို့တော်တော်လည်း ခက်ခဲနေကြတယ်။ နိုင်ငံရေးမတည်ငြိမ်တဲ့ကြားမှာ ကုန်စျေးနှုန်းတွေက မဆမတန်တက် ငွေရှာရမယ့် နေရာကမရှိ။ သွားဖို့ လာဖို့ဆိုရင်လည်း တပ်သားစုဆောင်းခံရမှာကကြောက်ရနဲ့ သတ္ထုဆိုက်တွေလည်း ဖမ်းနေတယ်လို့ ဆိုတော့ တော်တော်ခက်ခဲနေကြတယ်”လို့ပြောပါတယ်။ ချီဖွေဒေသမှာ အရင်က ပြည်သူ့စစ်လုပ်ဖို့ တပ်သားစုဆောင်တာတွေပုံမှန်ရှိပေမယ့်  ဒီတစ်ကြိမ် တပ်သားစုဆောင်းတဲ့ ပုံစံဟာကျေးရွာဒေသအတွင်း သွားလာလှုပ်ရှားတဲ့ သူတွေ၊ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေတဲ့ သူတွေ၊ နေအိမ်မှာ ရှိနေတဲ့ သူတွေကို အတင်းအဓမ္မလိုက်လံဖမ်းဆီးနေတယ်လို့ ပြောပါတယ်။ တပ်သားလိုက်လံစုဆောင်းတဲ့အခါမှာ အုပ်ချုပ်ရေးမှူးတွေနဲ့ အတူ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေပူးပေါင်း ဖမ်းဆီးနေတယ်လို့ပြောပါတယ်။ အခုလို ပြည်သူ့စစ်လုပ်ဖို့ အတင်းအဓမ္မလိုက်လံဖမ်းဆီးနေတာဟာ ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီဖြစ်ပြီး အသက် ၃၅ အထိရှိတဲ့ လူကြီး၊ လူငယ်မရွေးအကုန်လုံးကို ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ပန်ဝါဒေသမှာဆိုရင် ကချင်ပြည်နယ်အနှံ့က သတ္ထုလုပ်ငန်းလာရောက် လုပ်ကိုင်နေကြတဲ့ သူတွေအများဆုံးဖမ်းဆီးခံနေရပြီးတော့ ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ ဖမ်းဆီးခံရသူ ရာဂဏန်းရှိပြီလို့ ပန်ဝါဒေသမှာရောက်ရှိနေတဲ့ လူငယ်တစ်ဦးထံကနေ သိရတာလည်းဖြစ်ပါတယ်။ ပန်ဝါဒေသရဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းခွင်တစ်ချို့မှာက ချီဖွေမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ သူတွေကိုသာ ဖမ်းဆီးနေတယ်လို့လည်း ဆက်သိရပါတယ်။ ဒါ့အပြင် ချီဖွေမြို့ပေါ်မှာလည်း ပြည်သူ့စစ်အဖွဲ့တွေ တပ်သားစုဆောင်းသွားတဲ့ သူတွေ အယောက် ၁၀၀ ဝန်းကျင်လောက်ရှိပြီလို့လည်း ချီဖွေဒေသခံတွေပြောပါတယ်။ ချီဖွေနဲ့ ပန်ဝါဒေသမှာ အခုတစ်ကြိမ် ပြည်သူ့စစ်လုပ်ဖို့ တပ်သားစုဆောင်းနေဟာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေကို ကျင့်သုံးနေပြီဖြစ်လို့ ချီဖွေဒေသခံ တစ်ဦးကဆက်ပြောပါတယ်။ “ဒီဘက်မှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေက အာဏာသိမ်းစစ်တပ်နဲ့ တစ်ဖွဲ့တည်းပါပဲ။  နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ အထူးဒေသ(၁) ဆိုတော့ သူတို့ဖမ်းချင်သလိုဖမ်းနေကြတယ်။ ဒါဟာ စစ်တပ်ရဲ့ လက်ကိုင်တုတ်လုပ်ပေးဖို့ လုပ်ဆောင်နေကြတယ်လို့ပဲ မြင်ပါတယ်”လို့ဆက်ပြောပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်တပ်က စစ်မှုမထမ်းမနေရ မြန်မာတစ်နိုင်ငံလုံး ထုတ်ပြန်ကြေညာလိုက်တဲ့နောက်ပိုင်း မန္တလေး၊ ရန်ကုန် အောက်ပိုင်းဒေသဘက်မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာနဲ့ ခေါ်ယူလုပ်ဆောင်းခိုင်းနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်မှာတော့ စစ်မှုထမ်းဖို့ တရားဝင်ဆင့်ခေါ်စာနဲ့  ပွင့်လင်းမြင်သာစွာ လုပ်ဆောင်လာတာဟာ ဒီကနေ့ အထိ မတွေ့ရသေးပေမယ့် ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေလက်အောက်မှာ စတင်ကျင့်သုံးနေပြီလို့ ချီဖွေဒေသခံတွေက ပြောပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 22 August
    သတင်း

    ထီးချိုင့်မှာ ကာကင်းစခန်းတစ်ချို့သိမ်းပိုက်ရရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

    “မနေ့က ထီးချိုင်မြို့နယ် မြတောင်ဘက်မှာ ကာကင်းစခန်းတွေသိမ်းနိုင်တယ်လို့ကြားရတယ်။ အဲ့ဒါ နောက်ဆုံးပါ။ တစ်ခြားသတင်းတွေတော့ဘာမှမရဘူး။ မြတောင်ကတော့ မနေ့ကမနက်အစောကြီးကို ဝင်တိုက်တာ”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

    Read More »
  • 21 August
    သတင်း

    လူထုအတွက်လား၊ စစ်ကောင်စီ အာဏာတည်မြဲဖို့လား

    ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ စစ်ကောင်စီအောက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားချက်ကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ကချင်ပြည်သူ လူထုအများပိုင်း အားပေးထောက်ခံခဲ့တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ (Kachin State People Party) KSPP ဟာ ပါတီ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီထံ…

    Read More »
  • 21 August
    အင်တာဗျူး

    မြန်မာပြည်မှာ အရပ်သားသေဆုံးမှု မြင့်တက်ခြင်း၊ စီးပွားရေးထိုးကျခြင်းတွေက ဘယ်သူမှာ တာဝန်ရှိပါသလဲ။

    ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်း အဆင့် ၂ မှာ မြန်မာနိုင်ငံရှိနေပြီး ပြည်တွင်းစစ်ဖြစ်ပွားတဲ့ နယ်မြေဧရိယာက လည်း ကမ္ဘာ့အဆင့် ၉ နေရာမှာ ရပ်တည်နေလို့ သိရပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားတဲ့ နယ်မြေဒေသ ကျယ်ဝန်းလာတာနဲ့အတူ စစ်ပွဲကြောင့် အရပ်သားသေဆုံးမှုအများဆုံး ကမ္ဘာ့အဆင့် ၃ နေရာမှာ ရှိနေတယ်လို့  ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေနဲ့ တည်နေရာလေ့လာရေးအဖွဲ့ (ACLED) ဩဂုတ်လ ၆ ရက်နေ့…

    Read More »
  • 21 August
    သတင်း

    အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး ရဲစခန်းအပါအဝင် စခန်းတစ်ချို့ သိမ်းပိုက်ရရှိ

    “နဘားကာကင်းတော့ရပြီ၊ မြို့တော့မသိမ်းနိုင်သေးဘူး။ ရဲစခန်း၊ထွေအုပ်ရော။ ကျန်တာတော့မရသေး ဘူး။ မြို့တွင်းဝင်ပြီပေါ့ တပ်မကုန်း အကြီးစားပဲ ကျန်တယ်။ အတော်ကြမ်းရမယ် အချိန်ကြာမယ်။ တပ်မ ထိုင်တာ”လို့ပြောပါတယ်။

    Read More »
  • 20 August
    သတင်း

    တနိုင်းလီဒိုကားလမ်း အများပိုင်းပျက်စီးနေတဲ့အတွက် ကုန်ကားတွေ တနိုင်းရောက်ဖို့ ၃ ရက်ခန့် ကြန့်ကြာ 

    ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ  တနိုင်းလီဒိုကားလမ်းမတစ်ကြော ကားလမ်းပိုင်း ၆ နေရာလောက်မှာ လမ်းဆိုးဆိုးရွားရွားပျက်စီးနေတဲ့အတွက်  ကုန်ကားတွေ သွားလာရေးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ မြစ်ကြီးနား– တနိုင်းလမ်းပိုင်း ဒွမ်ဘန်ကျေးရွာအကျော် မန်ပန်(Manpang) ကျေးရွာကနေ တနိုင်းမြို့အဝင်အထိ လမ်းပျက်စီးနေတာ လရှည်ကြာမြင့်လာတာကြောင့် ကုန်ကားတွေ မြစ်ကြီးနားကနေ တနိုင်းမြို့ထဲကို ရောက်နိုင်ဖို့ အနည်းဆုံး ၃ ရက်လောက်အထိ ခရီးကျန့်ကြာမှုဖြစ်နေတယ်လို့ ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။ “လမ်းပျက်တဲ့နေရာတိုင်းမှာ ကားမဆွဲဘဲနဲ့ ကျော်တက်သွားနိုင်တဲ့ ကားမရှိဘူး။ အကုန်လုံးက တွဲကားတွေနဲ့ ထွန်စက်တွေနဲ့ ဆွဲရတယ်။ နောင်းမီကျေးရွာမှာတောင် အဝင်မှာကော ရွာအထွက်မှာကော ၂ နေရာစီဆွဲရတယ်။ နောင်းမီနဲ့ ဝါရာဇွပ်ကြားမှာလည်း သုံးလေးခေါက်လောက်ဆွဲရတယ် ”လို့မြစ်ကြီးနားကနေ တနိုင်းမြို့ဘက်ကို ပုံမှန်ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။ လက်ရှိ ကားလမ်းပိုင်းပျက်စီးနေတဲ့ နေရာတွေဟာ လီဒိုကားလမ်းမပေါ်က ကျေးရွာတစ်ကြောလုံးဖြစ်ပြီး မန်ပန်(Manpang) ၊ နောင်းမီ(Nawng Mi) ၊ ဝါရာဇွပ်(Wara Zup) ၊ ရှဒူးဇွပ်(Shaduzup) ၊ နမ်းဖျက်(Namhpyet) ၊ ကောင်ရာ (Kawng Ra)စတဲ့ နေရာတွေမှာ လမ်းပျက်စီးနေတာလို့ပြောပါတယ်။ အဲဒီကျေးရွာတွေထဲက နောင်းမီ၊ ဝါရာဇွပ် ၊ အောင်ရာတွေမှာက အဆိုးဆုံးဖြစ်ပြီးတော့ လမ်းပျက်စီနေတဲ့ နေရာတစ်ခုမှာ ပေ ၅၀၀ လောက်ရှည်လျာပျက်စီးနေပြီး တစ်ချို့နေရာတွေမှာက လူတစ်ရပ်စာလောက်အထိ နွံအိုင်ဖြစ်ကာ လမ်းပိုင်းပျက်စီးနေတယ်လို့ သိရပြီး ပျက်စီနေတဲ့နေရာတိုင်းလိုလို ကုန်ကားတွေဖြတ်ကျော်နိုင်ဖို့ရန်အတွက် တွဲကားနဲ့ ထွန်စက်ကြီးတွေနဲ့ ဆွဲပြီးတော့ တစ်စီးချင်းစီ ဖြည်းဖြည်းချင်းသွားနေရတယ်လို့ ကားသမားဆက်ပြောပြပါတယ်။ “လမ်းပျက်နေတဲ့ နေရာတိုင်းမှာက ဆွဲရတာပဲ။ တစ်ချို့နေရာတွေက ထွက်စက်နဲ့ ဆွဲရသလို တစ်ချို့နေရာမှာက ရှိတဲ့ ကားအကြီးတွေနဲ့ဆွဲရတယ်။ ကားကြီးတွေဆိုရင် ဝင့်ကြိုး ၂ ခု၊ ၃ ခုလောက်ဆက်ပြီးဆွဲယူရတယ်။ လမ်းပျက်တဲ့ နေရာတိုင်းမှာက ကားအစီးရေ ၅၀ နဲ့ ၁၀၀ ကြားမှာကနေ့တိုင်းလိုလိုပိတ်နေတာ”လို့ပြောပါတယ်။ ပိတ်မိနေတဲ့ ကုန်တင်ကားတွေကို ထွန်စက်၊ ကားကြီးတွေနဲ့ ဆွဲထုတ်ရာမှာ ကားကြီး၊ ကားသေးပေါ်မူတည်ပြီး အခကြေးငွေပေးဆောင်ရာမှာ ကားသေးတွေက တစ်စီးမှာ သုံးသောင်းနဲ့ ၅ သောင်းပေးဆောင်ရပြီး ကုန်တင်ကားကြီးတွေက တစ်စီးကို ၃ သိန်းကနေ ၅ သိန်းအထိပေးရတယ်လို့ ကားသမားတွေကပြောပါတယ်။ ဒီနှစ် တနိုင်းသွား လီဒိုလမ်းမပေါ် မှာ လမ်းပိုင်းပျက်စီးနေတဲ့ အခြေအနေဟာ အရင်နှစ်တွေထက်အဆိုးရွားဆုံးဖြစ်ပြီးတော့ လမ်းပိုင်းပျက်စီးနေတဲ့ ကျေးရွာက ဒေသခံပြည်သူတွေလည်း သွားလာရေးအခက်အခဲကြုံတွေ့နေကြတယ်လို့ သိရပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ တနိုင်းလီဒိုကားလမ်း အခုလို ဆိုးရွာစွာ ပျက်စီးလာတာဟာ ဆယ်စုနှစ်တစ်ခုအကြာ ယုဇနကုမ္ပဏီအသုံးပြုခဲ့တဲ့ ကားလမ်းပိုင်းကို ပြန်လည်ပြုပြင်ခြင်းမရှိဘဲ မိုးရွာသွန်းမှုကြောင့် ကားလမ်းတွေ ချိုင့်ခွက်တွေ ဖြစ်သွားကာ ကုန်ကားတွေ သွားလာလို့မရဘဲ လမ်းပိုင်းပျက်စီးသွားတာဖြစ်တယ်လို့ ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအတွင်းမှာ ယခင်နှစ်တွေလို သဲဖို့ပြုပြင်တာတွေ၊ တာဝန်ရှိတဲ့ အစိုးရတွေ တာဝန်ယူဆောင်ရွက်တာတွေမရှိတာကြောင့် အခုလို လမ်းပိုင်းပျက်စီးနေတာလို့ ဝေဖန်ပြောဆိုနေကြတာလည်းရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း နောင်းမီနဲ့ ဝါရာဇွပ်ကျေးရွာ ၂ ခုကြားမှာ လမ်းပိုင်းပျက်စီးတာတွေကြောင့် ကုန်ကားတွေ တစ်လဝန်းကျင်လောက်အထိ သွားလာလို့မရတဲ့ အခြေအနေမှာ ကြုံတွေ့ခဲ့ရတာလည်းရှိပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 20 August
    သတင်း

    ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အော်ရီဒူးဖုန်းလိုင်းပြန်ရ

    ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ ဒီနေ့ကစပြီး  အော်ရီဒူး ( Oredoo) ဖုန်းလိုင်းတွေ ပြန်ရနေပြီဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့စ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းပြတ်တောက်နေတဲ့ ကချင်ပြည်နယ်မှာ ဇူလိုင်လ ၂၉ ရက်နေ့စပြီး မြစ်ကြီးနားမြို့တွင်း MPT ဖုန်းလိုင်း အကန့်အသတ်နဲ့ရနေပြီး ဩဂုတ်လ ၂၀ ရက်နေ့ အော်ရီဒူးဖုန်းလိုင်းပြန်ရပြီဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အော်ရီဒူးဖုန်းလိုင်းက ခုနေ့လည်လောက်ကတည်းက ရနေတယ် ဖုန်းလိုင်းလည်းတော်တော်ကောင်းတယ်။ အင်တာနက်လိုင်းတော့မရသေးဘူးဗျ”လို့ ပြောပါတယ်။ အလားတူ မိုးညှင်းမြို့နယ်နဲ့ မိုးကောင်းမြို့နယ်တွေမှာလည်း  ဩဂုတ်လ ၇ ရက်နေ့ကစ MPTဖုန်းလိုင်းရခဲ့ပြီး ဩဂုတ်လ ၂၀ ရက် ဒီနေ့ကစ အော်ရီဒူး ( Oredoo) ဖုန်းလိုင်းရနေပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ကချင်ပြည်နယ်အတွင်း မြို့နယ် ၁၈ မြို့နယ်အနက်  မြစ်ကြီးနားမြို့မှာ MPTနဲ့ Ooredoo ဖုန်းလိုင်းရနေပြီး၊ မိုးကောင်းမြိို့နယ်မှာ MPT လိုင်းအကန့်အသတ်နဲ့ Oredoo ဖုန်းလိုင်းနေရာတစ်ချို့ ၊ မိုးညှင်းမြို့နယ်မှာ Oredoo ဖုန်းလိုင်း၊ချီဖွေမြို့နယ်မှာ တယ်လိီနော ( Telenor) ၊  ဆင်ဘိုမြို့မှာ တယ်လီနော၊ MPT ၊ နောင်မွန်းမြို့နယ်မှာ MPT၊ MEC ဖုန်းလိုင်းတွေရနေပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ ဖုန်းလိုင်းတွေ မရရှိသေးပါဘူး။ ဖုန်းလိုင်းမရသေးတဲ့ ဖားကန့်မြို့ထဲမှာ တစ်နာရီ ကျပ် ၃၀၀၀ ဝန်းကျင်အထိ ပေးပြီး အင်တာနက်လိုင်းသုံးနေရသလို တိုက်ပွဲဇုန်အနီးမှာရှိတဲ့ ဗန်းမော်မြို့နယ်မှာ စစ်တပ်လက်အောက် ဆက်သွယ်ရေးရုံးကနေ ပြည်သူတစ်ဦး ၃ မိနစ်နဲ့ဖုန်းပြောခွင့်ရနေတာလို့ သိရပါတယ်။ “ဖားကန့်မှာ မရသေးဘူး ကျနော့်ဖုန်းထဲမှာ အော်ရီဒူးကဒ်ထည့်ထားတယ် ဖုန်းလိုင်းမရသေးပါဘူး။ ဒီမှာက အင်တာနက်ကို ဆိုင်မှာသုံးနေရတုန်းပါ”လို့ ပြောပါတယ်။ အထက်ဖော်ပြပါ အချက်လက်တွေဟာ KNG ကစုစည်းထားတဲ့ အချက်လက်သာဖြစ်ပြီး မြို့နယ်တစ်ချို့ရဲ့ ဖုန်း၊အင်တာနက်လိုင်းအခြေနေအသေးစိတ်တော့ မသိရသေးပါဘူး။ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ ဇူလိုင်လ ၂၁ ရက်နေ့စလို့ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းအားလုံးပြတ်တောက်သွားတာဖြစ်ပြီး တစ်လအကြာမှာ အော်ရီဒူးလိုင်းပြန်ရရှိလာတာလည်းဖြစ်ပါတယ်။ ခေတ်မီတိုးတက်လာတာနဲ့အမျှ လူတွေဟာ ပညာရေး၊ကျန်းမာရေ၊ စစ်ရေးသတင်းအချက်လက်သိရှိဖို့ ဆိုရှယ်မီဒီယာကို သုံးစွဲလာကြသလို သတင်းအချက်အလက် ရယူပိုင်ခွင့်ကလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ သို့သော် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖုန်းနဲ့အင်တာနက်သုံးစွဲမှုတွေကို ကန့်သတ်တာ၊ ဖြတ်တောက်တာပိုမိုလုပ်ဆောာင်လာနေတာဘဲဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်မှု အဆိုးဆုံးခံနေရတဲ့ တရုတ်ပြီးရင် ဒုတိယ အဆိုးဆုံးနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ By – zami

    Read More »
  • 20 August
    သတင်း

    ဗန်းမော်- မန္တလေးကားလမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်

    ဗန်းမော်– မန္တလေးလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်တယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး ကသာခရိုင် အင်းတော်မြို့နယ်ထဲမှာ စစ်ရေးစတင်တင်းမာလာတဲ့အတွက် စစ်ကိုင်း– ကချင်အစပ် လမ်းပိုင်းအားလုံးကို တော်လှန်ရေးတပ်တွေဘက်က ပိတ်လိုက်တာဖြစ်တယ်လို့  ဗန်းမော်ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “အင်းတော်မှာ စစ်ရေးတင်းမာလာတဲ့နေ့ကစလို့ ပိတ်လိုက်တာလို့ သိရပါတယ်။ ဒီနေ့ထိလည်း ပိတ်ထားတယ် ဘယ်နေ့ဖွင့်မလဲ အတိအကျမသိရသေးဘူး အင်းတော်မှာက တိုက်ပွဲပြင်းထန်နေဆဲဆိုတော့ လောလောဆယ်တော့ ဘယ်ကားမှမထွက်ဘူး။ လမ်းကတော့ တိုက်ပွဲပေါ်မူတည်နေပါတယ်”လို့ပြောပါတယ်။ ဗန်းမော်– မန္တလေးလမ်းပိုင်းကို ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာခဲ့တဲ့နေ့ကစပြီး ကားလမ်းသွားလာခွင့်ကို လက်နက်ကိုင်နှစ်ဖက်တပ်တွေ အကန့်အသတ်နဲ့သာသွားလာခွင့်ပြုတော့တာဖြစ်ပါတယ်။ ဒါကြောင့် ဗန်းမော်မြို့အတွင်းက ပြည်သူတွေဟာ ခုနောက်ပိုင်း ဗန်းမော်ကနေ စင်းခန်းအထိ စက်လှေသွားပြီး စင်းခန်းကနေတစ်ဆင့် ကသာ၊ အင်းတော်လမ်း– မဲဇာတောင်ကိုဖြတ် ဝန်းသို၊ကောလင်း၊ ကန့်ဘလူ၊ ခင်ဦ၊ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်ကိုဖြတ်ပြီး မန္တလေးသွားရတာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၁၂ ရက်နေ့ကစလို့ ကသာခရိုင်ထဲမှာ အင်းတော်မြို့နယ် မဲဇာတောင်ခြေနဲ့ အင်းတော်မြို့တွင်းထဲမှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်စစ်ရေးပြင်းထန်နေတာကြောင့် ကားလမ်းပိုင်းပိတ်လိုက်တာဖြစ်တယ်လို့ ဗန်းမော်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “ခုအဲဘက်မှာ တိုက်ပွဲက တော်တော်လေးပြင်းထန်နေတော့ ဘယ်ချိန်ပြန်ဖွင့်မလဲဆိုတာတော့ မသိရသေးပါဘူး။လောလောဆယ် ရေကြောင်းလမ်းတစ်ခုဘဲရတယ်ဗျ။ ကုန်စျေးနှုန်းတွေက ပြောမနေနဲ့တော့ မတက်တာဘာမရှိဘူး လောလောဆယ်က လိုင်ဇာဘက်ကနေ နည်းနည်းပါးပါးဝင်တာလောက်ဘဲရှိနေတယ်”လို့ ပြောပါတယ်။ လက်ရှိ ဗန်းမော်မြို့နယ်ထဲကို မန္တလေးဘက်က ကုန်ကားအဝင်တွေမရှိတော့ဘဲ လိုင်ဇာဘက်ကနေ စင့်ကင်ဘက်ကနေ ဝင်ရောက်တဲ့ကုန်အနည်းအကျဉ်းသာရှိတော့တဲ့အတွက် အခြေခံစားသောက်ကုန်တွေစျေးအဆမတန်မြင့်တက်နေတယ်လို့ ဗန်းမော်ဒေသခံတွေကပြောပါတယ်။ လတ်တလော ဗန်းမော်မှာ ကြက်ဥတစ်လုံး ၇၀၀ ဝန်းကျင်ထိရှိလာပြီး ဆန်၊ဆီ၊ဆားတွေကလည်း စျေးနှုန်း ၂ ဆခန့်မြင့်တက်လာတဲ့အပြင် တစ်ချို့အခြေခံစားသောက်ကုန်တွေပြတ်လပ်တဲ့အထိရှိလာနေတယ်လို့  သိရပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ကုန်းကြောင်း၊လေကြောင်း၊ရေကြောင်းနဲ့အချက်ချာ ကျလှတဲ့မြို့ဖြစ်ပြီး တရုတ်နယ်စပ်နဲ့ မိုင် ၄၀ ခန့်အကွာ ၊ KIO အခြေစိုက်ရာ လိုင်ဇာမြို့ကလည်း  ဗန်းမော်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၄၀ ဝန်းကျင်မှာရှိပြီး ဗန်းမော်ခရိုင်ကို မြို့နယ် ၄ မြို့နယ်နဲ့ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ အဲဒီထဲက ဗန်းမော်မြို့နဲ့အနီးဆုံးမှာရှိတဲ့ မိုးမောက် ခမရ ၄၃၇ တပ်စခန်းကို KIA ပူးပေါင်းတပ် စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့စဉ် တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်ရဲ့ လက်နက်ကြီးတွေ မြို့တွင်း၊မြို့ပြင် လက်နက်ကြီးကျပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးတာလည်း ပုံမှန်ရှိနေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်တာ၊ အခြေခံစားသောက်ကုန် အဓိကဝင်ရောက်တဲ့လမ်းတွေလည်း ပိတ်ထားတဲ့အတွက် ပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • 19 August
    သတင်း

    ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ ဖုန်းလိုင်းအကန့်သတ်နဲ့ပြန်ရ

    တစ်လဝန်းကျင် ဖုန်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ  ဖုန်းလိုင်းအကန့်အသတ်နဲ့ ပြန်ရနေပြီလို့ ဒေသခံတွေနဲ့ကချင်ပြည်နယ် ပြင်ပရောက်ပြည်သူတွေဆီက သိရပါတယ်။ ခရိုင် ၄ ခု၊ မြို့နယ် ၁၈ မြို့နယ်၊ မြို့ ၃၃ မြို့၊ လူဦးရေ တစ်သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်မှာ ဇူလိုင်လ ၂၁ ရက်နေ့စ မြို့အားလုံးနီးပါး ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်း ပြတ်တောက်သွားခဲ့ပေမယ့် ချီဖွေမြို့နဲ့ ဆင်ဘိုမြို့မှာ ဖုန်းလိုင်းတွေရရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။   ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ဆင်ဘိုမြို့မှာ ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်သွားခြင်းမရှိဘဲ တယ်လီနော၊ MPT ဖုန်းရောအင်တာနက်လိုင်း နှစ်ခုလုံးရနေပြီး စက်သုံးဆီလိုအပ်ချက်ကြောင့်သာ တစ်ခါတစ်ရံ လိုင်းပြတ်တောက်တာတွေရှိတယ်လို့ ဆင်ဘိုဒေသခံတစ်ယောက်ကပြောပါတယ်။ “ဆင်ဘိုမှာကတော့ KIA သိမ်းထားတဲ့နေရာဆိုတော့ သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာပဲပြည်သူတွေနေနေကြ ပါတယ်။ ဖုန်းလိုင်းက တယ်လီနောရတယ် MPT ရတယ် တစ်ခါတစ်လေ ဆီကုန်သွားရင်တော့ လိုင်းမရဘူး ပေါ့။ အင်တာနက်ရောရတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ချီဖွေမြို့နယ်မှာလည်း တယ်လီနောဖုန်းလိုင်း၊အင်တာနက်ပါ အသုံးပြုလို့ရနေတယ်လို့သိရပြီး တစ်ခြားသော ဖုန်းအော်ပရေတာတွေကတော့ အားလုံးပြတ်တောက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ကချင်သတင်းဌာန KNG ပြုစုထားတဲ့စာရင်းတွေအရ ဇူလိုင်လ ၂၉ ရက်နေ့စပြီး မြို့တော် မြစ်ကြီးနားမြို့မှာဆိုရင် ဌာနဆိုင်ရာရုံးတွေရှိတဲ့ရပ်ကွက်တွေ၊ MPT ရုံးအနီး တစ်ဝှိုက် နဲ့ လယ်ကုန်းရပ်ကွက်၊ ပလနရပ်ကွက် ရဲ့နေရာတစ်ချို့တွေမှာဖုန်းလိုင်းရရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ သို့သော် ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့နယ်အတွင်းမှာတော့ စစ်တပ်လက်အောက် ဆက်သွယ်ရေးရုံးမှာသာ ပြည်သူ တစ်ဦးကို ၃ မိနစ်ဖုန်းပြောခွင့်ပြုနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာပြည်ရဲ့ကျောက်စိမ်းမြေ ဖားကန့်မြို့နယ်မှာတော့ ဖုန်းရောအင်တာနက်လိုင်းပါလုံးဝမရရှိပဲ တစ်မိနစ် ၂၀၀၀ ပေးပြီးဖုန်းဆက်လို့ရတဲ့ ဆိုင် ၂ ဆိုင်၊ တစ်နာရီကို ကျပ်  ၃ သောင်းပေးပြီး IP Star နှင့် Star link အင်တာနက်ကိုအသုံးပြုလို့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “လိုင်းကတော့ကောင်းပါတယ်။ Starlink က VPN လည်းမလိုဘူး ဆိုင်တွေက မနက် ၇ နာရီလောက်က နေ ည ၉ နာရီအထိရတယ်။ IP Star ကတော့ ဖုန်း လေးငါးလုံးပဲ သုံးလို့ရတာ။ Facebook အတွက်ဆို VPN လိုတယ်”လို့ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။ မိုးကောင်းမြို့နယ်အတွင်းမှာ ဩဂုတ်လ ၇ ရက်နေ့ကစပြီး ကျွန်းတောတံတား၊ ဆားမှော်တံတားအနီးတစ်ဝှိုက်တို့မှာ ဖုန်းလိုင်းရရှိနေပြီး မိုးညှင်းမြို့မှာ ဩဂုတ်လ ၁၃ ရက်နေ့ MPT ရုံးနီးပတ်ဝန်းကျင်ဖုန်းလိုင်းရနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲတွေကြောင့် လမ်းပိုင်းပိတ်ဆို့မှုခံခဲ့ရတဲ့ ပူတာအိုမြို့မှာလည်း MPT ဖုန်းလိုင်းတစ်ချို့ရရှိသလို မြစ်ကြီးနား–ပူတာအို လမ်းပိုင်းပေါ်က နောင်မွန်မြို့အနီးတစ်ဝှိုက်မှာလည်း MEC ဖုန်းလိုင်းတစ်ချို့ရရှိနေတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဖုန်းနဲ့အင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ဇူလိုင်လ ၂၁ ရက်နေ့ကတည်းက ရုတ်တရက်ဖြတ်တောက်ခဲ့တာဖြစ်ပြီး အခုဆိုရင် လိုင်းတွေပြတ် တောက်နေတာ တစ်လနီးပါးရှိလာပြီဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေမှာ သတင်းစီးဆင်းမှုပိတ်ဆို့တဲ့အနေနဲ့ ဖုန်းအင်တာနက်လိုင်းတွေကိုဖြတ်တောက်လေ့ရှိပါတယ်။ ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်းပြတ်တောက်နေတာကတော့ စစ်ကိုင်းတိုင်းထဲက တိုက်ပွဲတွေကြောင့် ကေဘယ်လ်ကြိုးပြတ်တောက်တာတွေရှိတဲ့အတွက် လိုင်းမရတာလို့ ကချင်ပြည်နယ်ဝန်ကြီး ဦးခက်ထိန်နန်က ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က KNG ကိုဖြေကြားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံဟာ အိမ်နီးချင်း တရုတ်နိုင်ငံနည်းတူ ဒစ်ဂျစ်တယ်အခွင့် အရေး ချိုးဖောက်မှုမှာ ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာတယ်လို့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထုတ်တဲ့ Free Expression…

    Read More »
  • 19 August
    သတင်း

    မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တိုက်ပွဲကြောင့်ပိတ်နေတာ ၄ ရက်ကြာရှိလာ

    စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် မန္တလေး–မြစ်ကြီးနား လမ်းပိုင်းပိတ်နေတာ ၄ ရက်ကြာရှိလာပြီး လမ်းတစ်လျှောက်ယာဥ်ရာနဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ခရီးသည်တင်ယာဥ်တွေအပါအဝင် ကားကြီး၊ကားလေးအမျိုးအစားအစုံပိတ်မိနေတာလို့ ကားသမားတစ်ဦးက ပြောပါတယ်။ “ပိတ်မယ်လို့ ကြေညာထားတာကကြာပြီဗျ တကယ်ပိတ်တာကတော့ ၄ ရက်လောက်ပဲရှိသေးတာ။ အခုက တော့ တကယ်ပိတ်တာ ပိတ်တာကလည်း၆နေရာလောက်ရှိတယ်။ စစ်ဆေးရေးဂိတ်ရှိတဲ့နေရာတွေပေါ့။ နှစ်ဖွဲ့လုံးဘက်ကပိတ်တာ။ ကားကြီးကားလေးပေါင်းစုံပဲပိတ်မိနေတာ တော်တော်များများပဲ ကချင်ပြည် နယ်မှာစွဲတဲ့လိုင်းပေါင်းစုံပဲ” လို့ပြောပါတယ်။ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းသွားလာခွင့်ပိတ်ဆို့မယ်လို့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ကားသမားတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကတည်းကအသိပေးခဲ့တာဖြစ်ပြီး တိုက်ပွဲမဖြစ်ခင်ကားတစ်ချို့သွားလာ ကြရာကနေ အခုလိုကားတွေရာနဲ့ချီပိတ်မိကုန်တာလို့ ကားသမားတွေကပြောပါတယ်။ ဒါ့အပြင် ဗန်းမော်–ရွှေကူ ပြေးဆွဲတဲ့ကားတွေဟာလည်းပိတ်မိနေပြီး တိုက်ပွဲက ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့အထိပြင်းထန်နေသေးတဲ့အတွက် လမ်းပိုင်းဘယ်တော့ပြန်ဖွင့်မလဲဆိုတာမသိရသေးဘူးလို့ ကားသမားတွေကပြောပါတယ်။ အင်းတော်မြို့နယ်သတင်းတွေကို တင်ပြပေးနေတဲ့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Indaw Revolution ဘက်ကတော့ အင်းတော်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးတိုက်ခိုက်မှု တွေလုပ်နေပြီး ထိခိုက်ပျက်ဆီးမှုတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ “ အင်းတော်ကလည်းမြို့သိမ်းတိုက်ပွဲလုပ်နေတယ်။ ဗျူဟာလမ်းကလည်း အင်းတော်မြို့ထဲကိုဖြတ်တာ ဆိုတော့ အဲ့တာကြောင့်ခဏပိတ်ထားတာနေမှာပါ။ အခုရဲစခန်းနဲ့ ဂျပန်ဆေးရုံပဲကျန်တယ်လို့သတင်းရပါ တယ်။” လို့စစ်ကိုင်းနဲ့ကချင်အစပ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအင်းတော်စစ်ရေးအခြေနေကိုပြောပြ ပါတယ်။ ကချင်နဲ့စစ်ကိုင်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ မြို့သိမ်းတိုက်ပွဲတွေအဖြစ်စစ်ဆင်ရေးတွေလုပ်နေပြီး လက်ရှိ ကောလင်း ခရိုင်ထဲက ပင်လည်ဘူး၊ ကသာခရိုင်ထဲက အင်းတော်မြို့နယ်တို့မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။ အင်းတော်မြို့နယ်နဲ့ ပင်လည်ဘူးမြိုနယ်တို့မှာ စစ်ကောင်စီလက်အောက်ခံစစ်သားတွေအပါအဝင် ရှမ်းနီ အမျိုးသားတပ်မတော် SNA နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်ပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး တပ်စွဲအထိုင်ချထား တယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။ မန္တလေး– မြစ်ကြီးနားလမ်းမှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် လမ်းပိုင်းမကြာခဏပိတ်လေ့ရှိပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလနဲ့ ဧပြီလတို့မှာလည်း ကန့်ဘလူ၊ ကောလင်း ဒေသတစ်ဝှိုက်တိုက်ပွဲတွေကြောင့် လမ်းပိုက်သွားလာခွင့်ပိတ်ဆို့တာတွေရှိခဲ့ပါသေးတယ်။ By – အမိုး

    Read More »
Back to top button