-
Aug- 2024 -14 Augustတိုက်ပွဲ
တိုက်ပွဲပြင်းထန်နေတဲ့ လမောင်စစ်တပ်ဗျူဟာကုန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာ စစ်တပ် လေယာဉ်နဲ့ဗုံးကြဲ
ဖားကန့်မြို့နယ်အတွင်း KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ဗျူဟာတပ်စခန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာကို စစ်တပ်က လေကြောင်းနဲ့ ၂ ကြိမ်တိတိလာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဖားကန့်မြို့ကနေ ၅ မိုင်ဝန်းကျင်မှာရှိတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းနဲ့ ဖားကန့်မြို့ကနေ ၁၀ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ တောမှော်တပ်စခန်းကို KIA ပူးပေါင်းတပ် ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထိုးစစ်တိုက်ခိုက်နေပြီး မနက် ၁၀ နာရီ ၃၆ မိနစ်ဝန်းကျင်မှာတော့ စစ်တပ်ရဲ့ Y-12 လေယာဉ်နဲ့ ၂ ကြိမ်တိတိ လာရောက်ဗုံးကြဲသွားတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ “တောမှော်မှာတစ်လုံး လမောင်ကုန်းမှာတစ်လုံးကြဲသွားတယ် ၁၀ နာရီ ၃၆ မိန်စ်ဝန်းကျင်မှာ ထိခိုက်တာတွေတော့ မကြားရသေးဘူး။ ခုထိလည်း လေယာဉ်ကဝဲနေတုန်းဘဲ ” လို့ ပြောပါတယ်။ လက်ရှိချိန်ထိ အဲဒီတပ်စခန်း ၂ နေရာစလုံးမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်မှုရှိမရှိ အသေးစိတ်သိရဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဒီနေ့မနက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းဟာ စစ်ရေးအရ မဟာဗျူဟာကျတဲ့ စခန်းဖြစ်ပြီး တောမှော်တပ်စခန်းက နှစ်ဖက်စလုံးရဲ့ ကာကင်းစခန်းချထားတဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။ “ဖားကန့်မှာက မြို့ထဲက ဗျူဟာကုန်း၊ လုံးခင်းက ယမ်းချက်နဲ့ ခုတိုက်နေတဲ့ လမောင်ကုန်းတွေက ဖိုခနှောင့်လို လုပ်ထားတာဟုတ်တယ် ယမ်းချက်နဲ့မြို့ထဲ ဗျူဟာကုန်းကို အဓိကလက်နက်ထောက်ကူပစ်ပေးနေတဲ့နေရာ လမောင်ကုန်းဘဲ ဖားကန့်မြို့ အမြင့်ဆုံးတောင်မှာ လက်နက်ကြီးအထိုင်ချထားတာ။ ဒီတိုက်ပွဲနေရာ လေကြောင်းပစ်ကူတဲ့အထိ ဖြစ်နေပြီဆိုတော့ အခြေနေတော့ တော်တော်လေးကောင်းနေပြီလို့ ယူဆရတယ်”လို့ ပြောပါတယ်။ လက်ရှိ တိုက်ပွဲဇုန်အနီးမှာရှိတဲ့ ပြည်သူတွေဟာ ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထွက်ပြေးတိမ်းရှောင်နေကြရပြီလို့လည်း သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ဟာ မြစ်ကြီးနားကနေ မိုင်အားဖြင့် ၉၀ ဝန်းကျင်ဝေးတဲ့နေရာမှာရှိပြီး ရွှေ့ပြောင်းလာရောက်နေထိုင်သူတွေများလွန်းတာကြောင့် ခေတ်အဆက်ဆက် အစိုးရသက်တမ်းတစ်လျှောက် လူဦးရေစာရင်း တိတိပပ ကောက်ယူနိုင်ခြင်းမရှိတဲ့ နေရာဖြစ်ပါတယ်။ ဒါ့အပြင် အာဏသိမ်းပြီးနောက်ပိုင်း နှစ်ဖက်လက်နက်ကိုင်တပ်တွေ မကြာခနထိတွေ့တိုက်ပွဲဖြစ်ပွားနေရာကနေ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းက စတင်ပြီး ဖားကန့်မြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ မြစ်ကြီးနား–ဖားကန့်လမ်းပေါ်က နန့်ယား၊ နန့်တိန်း၊ အင်းတော်ကြီး–ဖားကန့် လမ်းပေါ်က ဝှေခါ၊ တာမခန်၊ ကသိုဏ်းတောင်၊ ဆယ်ဇင်းစတဲ့ တပ်စခန်းတွေကို သိမ်းယူထားနိုင်ပြီဖြစ်ပါတယ်။ By – Zami
Read More » -
14 Augustသတင်း
ဖားကန့် လမောင်တပ်စခန်းကုန်းကို KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ
ကချင်ပြည်နယ် ဖားကန့်မြို့ အမြင့်ဆုံးတောင်မှာတပ်စွဲထားတဲ့ လမောင်ကုန်း ဗျူဟာမြောက်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက် ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “မနက် ၃ နာရီလောက်ကနေစပြီး လမောင်ကုန်း အထိုင်စခန်းကို KIA ပူးပေါင်းအဖွဲ့ စတိုက်နေပြီ လမောင်ကုန်းစခန်းက ဖားကန့်မှာ အမြင့်ဆုံးတောင်ပေါ်တပ်စွဲထားတာလည်း ဟုတ်တယ် အင်အားနှစ်ရာဝန်းကျင်လောက်ရှိတယ်”လို့ ပြောပါတယ်။ KIA နဲ့ KPDF ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းဟာ လုံးခင်းအုပ်စုထဲပါရှိပြီး မြေပုံအုပ်စုခွဲတမ်းအရ လုံးခင်းအုပ်စု၊ ဖားကန့်အုပ်စု၊ ဆိပ်မူအုပ်စု ဆက်စပ်နေတဲ့နေရာမှာရှိသလို ဖားကန့်နဲ့ လုံးခင်းကို လှမ်းမြင်နေရတဲ့ အမြင့်ဆုံးတောင်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် စစ်အင်အား ၂၀၀ ထက်မနည်းတပ်စွဲထားတဲ့ ဆယ်စုနှစ်တစ်စုကြာ ဗျူဟာမြောက်စခန်းဖြစ်ပြီး ဖားကန့်မြို့ထဲက ဗျူဟာကုန်းနဲ့ လုံးခင်းယမ်းချက်ကို လက်နက်ပစ်ကူလှမ်းထောက်ထားတဲ့ အဓိကစခန်းကြီးတစ်ခုဖြစ်သလို စစ်ရေးအရအရေးပါဆုံးတပ်စခန်းကြီးဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေကပြောပါတယ်။ “အဲ့လမောင်ကုန်းက ဖားကန့်တဝိုက်အမြင့်ဆုံးတောင်ပဲ၊ စခန်းထဲအဝင်လမ်းလည်း တစ်ခုပဲရှိတာဟုတ်တယ် ဖားကန့်မြို့ထဲကဗျူဟာကုန်းနဲ့ လုံးခင်းယမ်းချက်ကို လက်နက်ပစ်ကူလှမ်းထောက်ထားတဲ့ အဓိကစခန်းကြီးတစ်ခုပဲ။လမောင်ကုန်းသာရရင် ဖားကန့်ဗျူဟာနဲ့ လုံးခင်းယမ်းချက်က အကူမဲ့သွားပြီ”လို့ ပြောပါတယ်။ ဖားကန့်မြို့နဲ့ ၅ မိုင်ဝန်းကျင်သာဝေးတဲ့ လမောင်ကုန်းတပ်စခန်းကြီးဟာ ဖားကန့်မြို့တစ်မြို့နယ်လုံးကို အပေါ်စီးကနေ ထိန်းချုပ်ထားတဲ့တပ်စခန်းဖြစ်ပြီး KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိိုက်နိုင်ပါက ဖားကန့်မြို့တစ်ခုလုံးကျသွားနိုင်ပြီလို့်လည်း ဖားကန့်ပြည်သူတွေက သုံးသပ်နေကြပါတယ်။ လက်ရှိချိန်ထိ နှစ်ဖက်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအခြေနေ အသေးစိတ်သိရဖို့ ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။ လတ်တလောက် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတာဖြစ်ပြီး ဖားကန့်ပြည်သူတွေဟာ IP STAR တပ်ဆင်ထားတဲ့ ဆိုင်တွေမှာ တစ်နာရီ ကျပ် ၃ သောင်းပေးပြီး ဖုန်းအင်တာနက်သုံးနေကြတာလည်း ဖြစ်ပါတယ်။ တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူကို KNG က ဖုန်းနဲ့ဆက်သွယ်နေပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။ By – Zami
Read More » -
13 Augustသတင်း
နောင်မွန်မြို့မှာ ရေကြီးရေလျှံဖြစ်ပြီး စိုက်ပျိုးထားတဲ့ လယ်ဧ ၁၀၀ ဝန်းကျင် ပျက်စီးသွား
ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဒေသခံတောင်သူတွေရဲ့ လယ်ဧက ၁၀၀ ဝန်းကျင်လောက် ရေမြှုပ်ပျက်စီးသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်း နောင်မွန်မှာ မိုးသည်ထန်စွာရွာသွန်းပြီး တလွမ်ချောင်း ရေကြီးရေလျှံဖြစ်ပြီး မြို့ရဲ့ အနောက်ဘက်ခြမ်း တစ်မိုင်လောက်အကွာမှာရှိတဲ့ ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့…
Read More » -
13 Augustအင်တာဗျူး
ဖုန်း၊အင်တာနက်ပြတ်တောက်နေတဲ့ မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ
ဒါပေမယ့် MPT ဖုန်းလိုင်းကလည်း မြို့တွင်းနေရာ အကန့်အသတ်နဲ့သာရရှိနေပြီး ကျန်တဲ့ဖုန်းလိုင်းအော်ပရီတာလိုင်းတွေအားလုံးပြတ်တောက်နေဆဲဖြစ်တာကြောင့် ပြည်သူတွေဟာ အဖက်ဖက်ကနေ လူမူစီးပွားဆိုင်ရာ အခက်ကြုံနေကြတယ်လို့လည်း သိရပါတယ်။
Read More » -
13 Augustသတင်း
ဗန်းမော်မှာ သုံးပတ်အတွင်း အရပ်သား ၈ ဦးသေ ၁၀ ဦးဒဏ်ရာရ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်ပြတ်တောက်နေတဲ့ ၃ ပတ်တာကာလအတွင်း လက်နက်ကြီးကျပေါက်ကွဲတာ၊ လေယာဉ်ဗုံးကြဲတာတွေကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းခိုက်ဒဏ်ရာရရှိထားတယ်လို့ ဗန်းမော်မြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ ဖုန်းအင်တာနက်ပြတ်တောက်သွားတဲ့နောက် ၃ ရက်အကြာ ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး မိုးမောက် ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ် တစ်ကျော့ပြန်ထိုးစစ်ဆင်လာရာကနေ တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျပေါက်ကွဲတာ၊ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး နောက်ထပ် ၁၀ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဗန်းမော်မြို့ခံတွေဆီကနေ စုစည်းထားတဲ့သတင်းချက်လက်အရ သိရပါတယ်။ “ရက်စွဲ တိတိကျကျပြောဖို့ ခက်တယ် ဖုန်းလိုင်းကမရတာနဲ့ဆိုတော့ နီးစပ်ရာကတစ်ဆင့်သိရတာ တစ်ချို့ကျတော့ ဆေးရုံရောက်လူနာတွေဆီကနေ သိရတာတွေပါ။ ကျနော်တို့သိရတာထက် ပိုများရင်လည်း များနိုင်ပါတယ် ဘာလို့လဲဆိုတော့ လက်နက်ကြီးတွေက မြို့အထဲထိကျတာတွေရှိနေတယ်လေ။ ဗန်းမော်မြို့ပြင် စီဟတ်၊ကောင်ရာ၊ ပြီးတော့ နမ့်ဖိန်း၊တာမိုင်းလုံဘက်လည်း ကျတယ်။ ပြီးတော့ ရှမ်းဝိုင်းထဲက ညီအစ်မ နှစ်ယောက်ဆို ညီမဖြစ်သူက ဆီးစပ်ထိတယ် အစ်မဖြစ်သူက ရင်ညွန့်ထိတယ်။ သိမ်တော်ကြီးဘက်ကလည်း စစ်ရှောင်ကလေးကြီး ၃ ယောက်ထိတယ် တစ်ယောက်က ပွဲချင်းပြီးသေတယ်လို့ သိရတယ်”လို့ ဗန်းမော်ကနေ တစ်ခြားနေရာမှာရောက်နေတဲ့ ဗန်းမော်ဒေသခံတစ်ဦးအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေဟာ နမ့်ဖားကျေးရွာ ၁၉ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးသေဆုံး ၊ ၂ မိုင် စာသင်ကျောင်းနား အမျိုးသား ၂ ဦးသေဆုံး၊စီဟတ် လေယာဉ်ဗုံးကြဲ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးသေဆုံး၊ လယ်ပေါ်ဘုန်းကြီးကျောင်း လက်နက်ကြီးကျ ဥပဇင်း ၂ ပါးဒဏ်ရာရ၊ ၃ မိုင် လက်နက်ကြီးကျ ကလေးတစ်ဦးကျည်ထိမှန်ဒဏ်ရာရ ၊ မင်းလှလက်နက်ကြီးကျ အဖွားအိုတစ်ဦးသေဆုံး၊ နောင်ခိုကျေးရွာ လက်နက်ကြီးကျ အမျိုးသား တစ်ဦးသေ၊ သိမ်တော်ကြီး စစ်ရှောင်စခန်း လက်နက်ကြီးကျ စစ်ရှောင်ကလေး ၃ ဦးထိ တစ်ဦးသေ၊ ရှမ်းဝိုင်း လက်နက်ကြီးကျ ညီိအစ်မ ၂ ဦးကျည်ထိ၊ ပေါက်ကုန်း လက်နက်ကြီးကျ ကလေးတစ်ဦးသေဆုံး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ၊တာမိုင်းလုံ လက်နက်ကြီးကျပေါက်ကွဲပြီး အရပ်သား ၃ ဦးထိခိုက်ဒဏ်ရရှိထားတယ်လို့ ဗန်းမော်ပြည်သူတွေ ပေးပို့လာတဲ့ အချက်လက်အရ သိရပါတယ်။ လက်နက်ကြီး၊လေယာဉ်ဗုံးကြောင့် သေဆုံးတဲ့ အရပ်သား ၈ ဦးထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါ စုစုပေါင်း အမျိုးသမီး ၃ ဦးပါဝင်ပြီး၊ ကျန်တဲ့ ၅ ဦးထဲမှာ ကလေး ၂ ဦးနဲ့ အမျိုးသား ၃ ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ခုလိုလက်နက်ကြီးကျပေါက်ကွဲတာ၊ လေယာဉ်ဗုံးကြဲတာအပြင် ဗန်းမော်မြို့ဘက်ကို ဦးတည်လာနေတဲ့တိုက်ပွဲကြောင့် ဗန်းမော်မြို့ခံအများပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေကြပေမယ့် ငွေကြေးခက်ခဲတဲ့ ပြည်သူတစ်ချို့နဲ့ ဗန်းမော်မြို့ခရိုင် မံစီ၊မိုးမောက်ဘက်က လာရောက် မြို့တွင်းစစ်ရှောင်သူတွေများနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်နေတဲ့အတွက် ပြည်သူတွေဟာအဖက်ဖက်ကနေ အခက်ခဲမျိုးစုံကြုံတွေ့နေတာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်တာတွေအထိ ဖြစ်လာတယ်လို့ ဗန်းမော်မြို့ခံ အမျိုးသမီးတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အဆက်အသွယ်တွေပြက်တောက်သွားတော့ စီးပွါးရေး လူမှုရေး ပညာရေး အားလုံး နစ်နာရပါတယ်။ ကုန်ဈေးနှုန်းတက် လူမှုရေးအဆက်အသွယ်ပြက်တော့ စိတ်ပိုင်းဆိုင်ရာထိခိုက်လာတယ် အင်တာနက်မရရင်တောင်ဖုန်းလှိုင်းလေးရရင် အဆင်ပြေမှာ”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်ခရိုင်ထဲက မြို့နယ်တစ်ခုဖြစ်တဲ့ မိုးမောက်နယ် ခမရ ၃၄၇ တပ်စခန်းကို KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး နှစ်ဖက်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာ ၃ ပတ်ကျော်ကြာလာနေတဲ့အပြင် ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းအားလုံးပြတ်တောက်နေတာကြောင့် တိုက်ပွဲနဲ့အနီးဆုံးမှာရှိတဲ့ ဗန်းမော် ပြည်သူတွေဟာ သတင်းစီးဆင်းမှုတွေရပ်တန့်နေပြီး စိုးရိမ်မှုများစွာနဲ့နေနေရတယ်လို့ သူက ဆက်ပြောပါတယ်။ KIA ပူးပေါင်းတပ် ထိုးစစ်ဆင်နေတဲ့ခမရ ၄၃၇ ဟာ ဗန်းမော်မြို့နဲ့ ၇ မိုင်ဝေးတဲ့နေရာမှာရှိပြီး ဗန်းမော်မြို့ကို လုံခြုံရေးယူပေးတဲ့ ဆယ်စုနှစ်တစ်စုကြာ တပ်စခန်းကြီးဖြစ်ပြီး ဒီတပ်စခန်းကြီး ကျသွားပါက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်ဖော်ဆောင်လာနိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးအရှိန်ဟာ တစ်ဖြည်းဖြည်းမြင့်တက်နေဆဲဖြစ်ပြီး ၅ လကျော်အတွင်း မြို့ ၉ မြို့နဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက် စခန်းကြီးငယ်ပေါင်း တစ်ရာကျော်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ By – Zami
Read More » -
12 Augustသတင်း
မိုးကောင်းမြို့ ရပ်ကွက် ၂ ခုမှာ MPT ဖုန်းလိုင်းရ
ကချင်ပြည်နယ် မိုးကောင်းမြို့တွင်း ရပ်ကွက် ၂ ခုမှာ ဩဂုတ်လ ၇ ရက်နေ့ကစပြီး MPT ဖုန်းလိုင်းရနေပြီလို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကစ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအပါအဝင် ကချင်– စစ်ကိုင်းအစပ်ထိ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းတွေအားလုံးပြတ်တောက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့တွင်း MPT ရုံးနဲ့ အစိုးရရုံးတစ်လျှောက် MPTဖုန်းလိုင်းရခဲ့ပြီး ဩဂုတ်လ ၇ ရက်နေ့မှာ ဖိုးချစ်ကုန်းရပ်ကွက်နေရာတစ်ချို့၊ မိုးကောင်းမြို့ MPTရုံးအနီးနဲ့ ကျွန်းတောရပ်ကွက် ဖုန်းပြောလို့ရနေတယ်လို့ မိုးကောင်းဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “MPT အိတ်ချိန်းရုံးကနေ ဖိုးချစ်ကုန်းနဲ့ ကျွန်းတောရပ်ကွက်ဘဲ ဦးစားပေးလွှင့်ပေးတယ်လို့ သိရတယ်။ ၂ ရက်လောက်ရှိပြီ အဲဒီဖိုးချစ်ကုန်းမှာရှိတဲ့ MPT ရုံးနားနဲ့တစ်ချို့နေရာတွေရနေတာ ပြီးတော့ ကျွန်းတောတံတားမှာရတယ် စျေးနားက စနေမဆိုင်မှာက အထွက်ဘဲရတယ် အဝင်မရဘူး”လို့ ပြောပါတယ်။ မိုးကောင်းမြို့ ဖိုးချစ်ကုန်းနဲ့ ကျွန်းတောရပ်ကွက်မှာသာ ဖုန်းလိုင်းရနေတာဖြစ်ပြီး ကျန်တဲ့ရပ်ကွက်တွေမှာ ဖုန်းလိုင်း တိုင်တောင်မပေါ်ဘူးလို့ သူကဆက်ပြောပါတယ်။ မိုးကောင်းမြို့ဟာ မြစ်ကြီးနားနဲ့ မိုင်အားဖြင့် ၄၅ မိုင်ခန့်အကွာမှာရှိပြီး ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်သွားတဲ့နောက် မိုးကောင်းမြို့ပြည်သူတွေ ဖုန်းပြောဖို့ မြစ်ကြီးနားဘက်ကို ရထားနဲ့နေ့တိုင်းတက်လာပြီး ဖုန်းပြောနေကြတာဖြစ်ပေမယ့် ဩဂုတ်လ ၇ ရက်နေ့ နောက်ပိုင်း မိုးကောင်းမြို့တွင်းမှာဖုန်းလိုင်းရနေတာကြောင့် မြစ်ကြီးနားတက်သူမရှိတော့ဘူးလို့ သိရပါတယ်။ လက်ရှိ မိုးကောင်းမြို့တွင်း ဖုန်းလိုင်းတွေရနေပြီလို့ သိရပေမယ့် မြို့တွင်းအချင်းချင်းဆက်သွယ်ဖို့ ခက်ခဲနေသေးသလို အင်တာနက်လိုင်းကတော့ လုံးဝမရသေးတာကြောင့် ငွေလွှဲဝန်ဆောင်မှုအားလုံး ရပ်တန့်နေတဲ့အတွက် ပြည်သူတွေခက်ခဲနေကြတယ်လို့ သိရပါတယ်။ “ဖုန်းလိုင်း ရတယ်ဆိုရုံလောက်ဘဲ လိုင်းကသိပ်မကောင်းသေးဘူးဗျ။မြို့ထဲအချင်းချင်းဆက်ရဖို့တောင် အရမ်းခက်တယ်။ အင်တာနက်လိုင်းတော့ လုံးဝမရပါဘူး။ ဒါကြောင့် ငွေတွေလွှဲမရ ထုတ်မရခက်နေကြတယ်”လို့ နောက်ထပ်ပြည်သူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မိုးကောင်းမြို့မှာ တစ်ခြားမြို့နယ်တွေလို အင်တာနက်သုံးလို့ရတဲ့ ဆိုင်တွေမရှိတာကြောင့် လက်ရှိ ဖုန်းလိုင်းရနေရာမှာ ဖုန်းလာပြောသူတွေ ရာနဲ့ချီရှိတယ်လို့ သိရပါတယ်။ မြစ်ကြီးနား– မန္တလေးလမ်းမပေါ်မှာရှိတဲ့ မိုးကောင်းမြို့ဟာ မိုးညှင်းခရိုင်ထဲကမြို့နယ်တစ်ခုဖြစ်ပြီး ၂၀၁၇ သန်းခေါင်စာရင်းအရ လူဦးရေ ၁၃၂၆၀၈ နေထိုင်ပြီး မြို့ပေါ်ရပ်ကွက် (၈)ခု၊ ကျေးရွာအုပ်စု (၃၈)စု ကျေးရွာပေါင်း ၇၃ရွာ တို့နဲ့ ဖွဲ့စည်းထားတာလည်းဖြစ်ပါတယ်။ By – Zami
Read More » -
12 Augustအင်တာဗျူး
တိုက်ပွဲဒေသဖြစ်နေတဲ့ ဗန်းမော်မြို့အခြေအနေ ဆက်သွယ်မေးမြန်းချက်
ဒါကြောင့် တိုက်ပွဲဇုန်နဲ့အနီးဆုံးမှာရှိနေတဲ့ ဗန်းမော်မြို့အခြေနေကို ဗန်းမော်ကနေ တစ်ခြားနေရာကို ဒီမနက်ရောက်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။
Read More » -
12 Augustသတင်း
ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် ပြည်သူအများပိုင်းနေရပ်စွန့်ခွာ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ မြို့မစျေးနဲ့ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် အရပ်သားပြည်သူတွေလေကြောင်းရန်ကိုစိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့ ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် စျေးတန်းတစ်ခုလုံး မီးလောင်ပျက်စီးသွားပြီး နေအိမ်တစ်ချို့ထိခိုက်ပျက်စီးသွားတဲ့နောက် ကွတ်ခိုင်မြို့တွင်း ရပ်ကွက်နေ ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်သွားကြတာဖြစ်တယ်လို့ ကွတ်ခိုင်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “သိပ်ကိုစိုးရိမ်ပြီး နေနေရတာပေါ့ ဒါကြောင့် အားလုံးလည်း ရှောင်ကုန်ပြီ။ ကွတ်ခိုင်မှာက လတ်တလော တိတ်ဆိတ်နေတယ်။ ရက်ကွက် ၃ ၊ ရက်ကွက် ၄ တွေမှာဆိုရင် အိမ်တိုင်းနီးပါး သော့ခတ်ထားတယ်။ ၃ ပုံမှာ ၂ ပုံ လောက်က ရှောင်ကုန်ပြီ။ လားရှိုးလက်လွတ်လိုက်ရတော့ ဒီဘက်လည်း ဗုံးလာကြဲတာပေါ့။ အဲဒါ လက်မလွတ်မချင်းတော့ ဘာမှလာမလုပ်ဘူး ဟုတ်တယ်။ စိုးရိမ်မှုတွေကတော့ စကားလုံးတောင် ရှာမတွေ့တော့ပါဘူး။ ဒါကြောင့် ဘာမှမပြောတတ်တော့ဘူး။”လို ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ လက်ရှိ ရှမ်းမြောက်တစ်ခွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းအားလုံး ပြတ်တောက်နေတာကြောင့် ကွတ်ခိုင်မြို့ ဒေသခံတွေနဲ့ ချိတ်ဆက်နိုင်ဖို့ခက်ခဲနေသလို Mytel ဖုန်းလိုင်းအနည်းငယ်ရရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြို့ထဲ ကျန်နေသေးတဲ့ပြည်သူတွေကလည်း လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီးနေထိုင်နေကြတယ်လို့ ကွတ်ခိုင်ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့က ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား ၆ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရရှိထားတယ်လို့ သိရပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့် စာရင်းအတိအကျသိရဖို့ ခက်ခဲနေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။ “လေယာဉ်နဲ့ ၂ ရက်၊ ၂ ကြိမ်ပေါ့ ဗုံးလာကြဲတယ်။ စျေးတန်းအားလုံးမီးလောင်ကုန်ပြီ။ ဩဂုတ် ၅ ရက်နေ့က လာကြဲတာက ကွတ်ခိုင်စျေးတစ်ခုလုံး ကုန်သွားပြီ။ ပြီးတော့ ရပ်ကွက် ၃ ဘက် စျေးအထက်ဘက်တွေကိုလည်း ဗုံးကြဲသွားတယ်။ အဲဒီနောက် ထပ်လာကြဲတာက အရင် စစ်တပ်ထိုင်ခဲ့တဲ့ ဗျူဟာကုန်းနဲ့ရဲစခန်းမှာ လာကြဲတယ်။ အထဲမှာက TNLA တပ်သားတွေပဲ ရှိတာဆိုတော့ ထိခိုက်သေဆုံးမှုသတင်းက မထွက်တော့ဘူးလေနော်။”လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးက ဖြစ်စဉ်ကိုပြောပြပါတယ်။ ကွတ်ခိုင်မြို့စျေးတန်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးမကြဲခင် ၂ နာရီအလိုလောက်မှာ ကင်းထောက်လေယာဉ်တစ်စီးနဲ့ အရင်ဆုံး ကင်းထောက်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ဆက်တိုက်ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် တစ်ရက်ခြားပြီး ဩဂုတ်လ ၇ ရက်နေ့ ကွတ်ခိုင်ဗျူဟာကုန်းနဲ့ရဲစခန်းကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ထပ်ပြီးဗုံးကြဲခဲ့ပေမယ့် ထိခိုက်သေဆုံးမှု ရှိ မရှိ မသိရပေ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ် MNDAA တပ်ဖွဲ့ကလည်း နေရာယူလှုပ်ရှားနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ လားရှိုးမြို့ကို လက်လွှတ်လိုက်ရပြီးနောက် အခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်း စစ်တပ်က ဗုံးကြဲနေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ရပ်အပေါ် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကလည်း ကန့်ကွတ်ရှုတ်ချကြောင်း ထုတ်ပြန်တာတွေလည်းရှိသလို တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာကိုလည်း စစ်ကောင်စီတပ်ရဲ့ကျူးလွန်မှုတွေကို ဝိုင်းဝန်းတားဆီးပေးကြဖို့ တောင်းဆိုတာတွေရှိပါတယ်။ By – ဂျာဘောက်ရာ
Read More » -
10 Augustသတင်း
စစ်အာဏာရှင်ချေမှုန်းရာမှာ မျိုးနွယ်စုကြား သတ်ဖြတ်မှုမဖြစ်အောင် ရှောင်ရှားတဲ့နည်းနဲ့ဆောင်ရွက်နေတယ်လို့ KIO ဥက္ကဋ္ဌပြော
စစ်အာဏာရှင်ကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းရာမှာ မျိုးနွယ်စုကြား အချင်းချင်းသတ်ဖြတ်မှုမဖြစ်အောင် ရှောင်ရှားတဲ့နည်းနဲ့ ဆောင်ရွက်နေတယ်လို့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ဥက္ကဌဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီဟာ ပြည်သူလူထုရဲ့ ပညာပေး၊ အကြံပေးချက်တွေကို လက်ခံတန်ဖိုးထားတဲ့အပြင် စစ်အဏာရှင်ကို ချေမှုန်းတိုက်ခိုင်ရာမှာ မိမိလူမျိုးအချင်းချင်း စည်းလုံးမှုကို ပျက်ပြားပြီး သွေးထွက်သံယိုဖြစ်မယ့် တိုက်ပွဲဖော်ဆောင်မှုတွေကို အတတ်နိုင်ဆုံးရှောင်ရှားတဲ့ နည်းလမ်းဆောင်ရွက်နေတယ်လို့ ဩဂုတ်လ ၁၀ ရက်နေ့ ကျရောက်တဲ့ ကချင်အာဇာနည်နေ့ KIO ဥက္ကဌရဲ့ မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။ “KIO ဗဟိုကော်မတီဟာ ပြည်သူတွေရဲ့ပညာပေး၊အကြံပေးမှုတွေကို ဂရုတစ်စိုက်အလေးနက် လက်ခံတန်ဖိုးထားပြီး မိမိလူမျိုးအချင်းချင်း စည်းလုံးမှုပျက်ပျားစေတဲ့ သွေးထွက်သံယို သတ်ဖြတ်မှုမဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ရှားတဲ့ နည်းလမ်းနဲ့ တော်လှန်ရေးကိုဖော်ဆောင်နေတာဖြစ်တယ်။ဒါကြောင့် စစ်တပ်ရဲ့ဒေါက်တိုင်အဖြစ် ကူညီပေးနေကြတဲ့ ပြည်သူ့စစ်အဖွဲ့ BGF တွေကိုလည်း နီးစပ်ရာဆွေမျိုးအချင်းချင်း သတိပေးစည်းရုံးသိမ်းကြဖို့ ပြည်သူတွေ တာဝန်ယူဆောင်ရွက်ကြဖို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဒီတစ်ကြိမ်တော်လှန်ရေးဟာ ပြည်သူတွေရဲ့ပါဝင်အားဖြည့်မှုကြောင့် အချိန်တိုအတွင်း အောင်မြင်မှုအများအပြားရနေတဲ့အပြင် တော်လှန်ရေးမှာ ပူးပေါင်းတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးညီနောင်တွေကိုလည်း ဂုဏ်ပြုကြောင်းနဲ့ ဆိုထားပါတယ်။ အလားတူ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ စစ်အာဏာရှင်ကို တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး ဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းဖို့ အဓိကဖြစ်ပြီး ဒီချိန်မှာ တိုင်းရင်းသားအချင်းချင်းအကြား နယ်မြေလု၊ နယ်မြေတိုးချဲ့ပြီး မဖြစ်အောင် သတိထားဖို့လိုအပ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့သာ အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းဆောင်ရွက်ရမယ်ဆိုတာကို အားလုံးနားလည်ထားကြဖို့ လိုအပ်တဲ့ကြောင်း မိန့်ခွန်းမှာပါရှိပါတယ်။ “ခုချိန်မှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ စစ်အာဏာရှင်ကို ဝိုင်းဝန်းချေမှုန်းဖို့ အဓိကဖြစ်ပါတယ်။ တိုင်းရင်းသားအချင်းချင်းကြား နယ်မြေလု၊နယ်မြေတိုးချဲ့တဲ့ကိစ္စတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတာကို အားလုံးနားလည်ထားဖို့လိုပါတယ်”လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကပြောပါတယ်။ ဒါ့အပြင် မြန်မာပြည်ရဲ့ပြည်တွင်းစစ်ဟာ မြန်မာအစိုးရ အဆက်ဆက် လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ကို ပေါ်လစီခိုင်ခိုင်မာမာချမှတ်ပြီး နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားသောကြောင့်ဖြစ်တယ်ဆိုတာ ပြည်သူတွေသိရှိနားလည်ကြပြီဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဟာ ပြေလည်မှုရဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် KIO/ KIA အနေနဲ့ ရည်မှန်းပန်တိုင်သို့ ရောက်ရှိအောင် လက်နက်ကိုင် တော်လှန်နေခြင်းဖြစ်ကြောင်း မှန်ကန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ပေါ်ပေါက်လာရင် တွေ့ဆုံဆွေးနွေးမယ့် လမ်းကြောင်းနဲ့လည်း ဖော်ဆောင်သွားမယ်လို့ ဒီနေ့ ကျရောက်တဲ့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးက ပြောသွားပါတယ်။ KIO/KIA ဟာ ဆဒုံးမြို့အပါ မြို့ ၉ မြို့အပြင် စစ်တပ်ရဲ့ဗျူဟာမြောက်တပ်စခန်း ကြီးငယ် တစ်ရာကျော် သိမ်းပိုက်ထားပြီး သိမ်းပိုက်ထားတဲ့ နေရာဒေသတွေမှာ ပြည်သူတွေရဲ့ ကျန်းမာရေး၊ပညာရေး၊အုပ်ချုပ်ရေးယန္တရားစတဲ့လုပ်ငန်းတွေမှာ တတ်သိကျွမ်းကျင်လူငယ်တွေလည်းများစွာလိုအပ်နေပြီး လူငယ်တွေအနေနဲ့ မိမိအသိစိတ်နဲ့လာရောက်ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီနေ့ကျရောက်တဲ့ ကချင်အာဇာနည်နေ့မှာ စစ်ဆင်ရေးကို ဦးဆောင်သူများ၊ရှေ့တန်းစစ်မြေပြင်မှာ ရဲစွမ်းသတ္တိရှိရှိ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်များ၊ တိုက်ပွဲများအတွက် အဖက်ဖက်ကနေ ကူညီထောက်ပံ့နေကြတဲ့ အမှုထမ်းရဲဘော်များနဲ့အတူ ပြည်သူများကိုလည်း ကျေးဇူးတင်ဂုဏ်ပြုကြောင်း၊ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးသွားကြတဲ့ အာဇာနည်များကို ဂုဏ်ပြုကြောင်း အာဇာနည်မိသားစုဝင်အားလုံးကိုလည်း ချစ်ခြင်းမေတ္တနဲ့ကူညီပေး၊တန်ဖိုးထားပေးကြဖို့ ကချင်အာဇာနည်နေ့မှာ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောပါတယ်။ By – CJ
Read More » -
9 Augustသတင်း
မိုးမောက်တိုက်ပွဲပြင်းထန်နေသေးတဲ့အတွက် KIO ထိန်းချုပ်နယ်မြေထဲမှာရှိနေတဲ့ ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေရ
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် KIO ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ကချင်ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေကြရတယ်လို့ပြောပါတယ်။ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းမှာ စစ်တပ်နဲ့ KIA တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း…
Read More »









