အင်တာဗျူး

ဖုန်း၊အင်တာနက်ပြတ်တောက်နေတဲ့ မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ

ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်နေတာဟာ  ၃ပတ်ကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။

မြို့တော် မြစ်ကြီးနားမြို့အပါအဝင် တစ်ပြည်နယ်လုံးအတိုင်းတာနဲ့  ဇူလိုင်လ၂၁ရက်နေ့ကစပြီး ဖုန်းနဲ့အင်တာနက်လိုင်းအားလုံးပြတ်တောက်သွားခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့ လယ်ကုန်း၊ ကျွန်းပင်တာ၊ ဒူကထောင်၊ စီတာပူ၊ အစိုးရရုံးပတ်ဝန်းကျင်နဲ့ MPT အော်ပရီတာရုံးအနီးနားတွေမှာ MPT ဖုန်းလိုင်းရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် MPT ဖုန်းလိုင်းကလည်း မြို့တွင်းနေရာ အကန့်အသတ်နဲ့သာရရှိနေပြီး ကျန်တဲ့ဖုန်းလိုင်းအော်ပရီတာလိုင်းတွေအားလုံးပြတ်တောက်နေဆဲဖြစ်တာကြောင့် ပြည်သူတွေဟာ အဖက်ဖက်ကနေ လူမူစီးပွားဆိုင်ရာ အခက်ကြုံနေကြတယ်လို့လည်း သိရပါတယ်။ 

ခုလို အင်တာနက်လိုင်းပြတ်တောက်နေတဲ့ မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲဆိုတာနဲ့ပက်သက်ပြီး မြစ်ကြီးနားဒေသခံပြည်သူတွေကို KNGသတင်းဌာနကနေပြီးတော့ မေးမြန်းထားပါတယ်။

အွန်လိုင်းကနေ ဈေးရောင်းဈေးဝယ်လုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသမီးတစ်ဦး

စားဖို့သောက်ဖို့လည်း ခက်ခဲနေတယ် အလုပ်ကလည်းအွန်လိုင်းနဲ့ဘဲလုပ်တာဆိုတော့ အခုကဖုန်းလိုင်းလည်းမရ ဟိုသွားဒီသွားလုပ်ဖို့ အရေးပေါ်ဖုန်းဆက်မယ်ဆိုရင်တောင် အရမ်းကိုခက်ခဲတယ်။သတင်းတွေကတော့ တီဗီကလာတဲ့ဟာတွေဘဲနားထောင်နိုင်တာပေါ့ သတင်းတွေကလည်း မှန်လားမှားလားမသိရဘူး။  Kpay ကပိုက်ဆံတွေဆိုရင်လည်း လိုင်းမရတော့ ထုတ်လို့မရဘူးပေါ့ ပြီးတော့သူများတွေလိုင်းရတယ်လို့ပြောတဲ့နေရာတွေမှာလည်း လိုက်သွားကြည့်တော့ မိုးကရွာဆီကကုန်နဲ့ဒုက္ခတွေရောက်ရတယ်။ ကြာအုံးမယ်ဆိုရင်တော့ အွန်လိုင်းရှိတဲ့နေရာကိုပြောင်းဖို့တွေးနေတယ် ဒီမှာဘဲနေနေရင်တော့ အွန်လိုင်းကနေ အလုပ်လုပ်တဲ့သူတွေအတွက်တော့ အဆင်မပြေဘူး ဘာမှလည်း မတတ်နိုင်တော့ဘူး အခုကစောင့်တော့စောင့်နေတာပေါ့ ဟိုတစ်ခေါက်တုန်းကလည်း အဲလိုလိုင်းပြတ်ပြီး ခနလေးနဲ့ပြန်ရတာဆိုတော့ ဒါပေမယ့်လည်း ဒီတစ်ခေါက်တော့ အရမ်းကြာသွားတာပေါ့ ဒုက္ခရောက်တဲ့အချိန်လည်း လူကဘယ်ကိုထွက်ပြေးပြီး ဘယ်ကိုသွားရမလဲဆိုတာ တွေးနေတဲ့လူတွေအရမ်းများတယ်

 စီတာပူဒေသခံအမျိုးသားတစ်ဦး

ကုန်ဈေးနှုန်းကတော့ နှစ်ဆသုံးဆလောက်ရှိလာပြီ ဟင်းရည်တစ်ခွက်ချက်စားမယ်ဆိုရင်တောင်မှ ၅ထောင်လောက်ကုန်နေပြီ အရင်တုန်းကနေ ၂၀၀၊ ၃၀၀ ရာလောက်ဘဲ အခုက ၅ထောင်လောက်ရှိနေပြီ ကြက်ဥတစ်လုံးလည်း ၅၀၀ ရှိသွားပြီ မနေ့ကလည်း ပိုက်ဆံ  သောင်းယူပြီးဈေးသွားလိုက်တာ ဘာမှတောင်မဝယ်လိုက်ရဘူးပိုက်ဆံကကုန်သွားပြီ။ အမဲသားတွေဆိုရင်လည်းအရင်တုန်းက  သောင်း၂ထောင် ၁သောင်း ၆ထောင်လောက်ကနေ  သောင်း ၄ထောင် ဒါတောင်မှမိုခိုသားမဟုတ်ဘူးရိုးရိုးအသားဘဲ အခုလိုဘဲတက်နေပြီဆိုရင် ကိုယ်ရတဲ့အလုပ်လုပ်နေတဲ့သူတွေတောင် တစ်နေ့ထက်တစ်နေ့စားမလောက် ပြီးတော့ပြေးရမယ်အခြေအနေမျိုးဆိုရင်တောင် ပြင်ဆင်ထားဖို့ပြောခဲ့ရင်တောင် ပိုက်ဆံကသိတဲ့အတိုင်းဘဲ စားတာနဲ့သုံးတာကမကိုက်နေတော့ ဘာမှတောင်မစုဆောင်းထားနိုင်ဘူးဖြစ်နေတယ်

ကုန်စုံဆိုင်ရောင်းတဲ့အမျိုးသမီးတစ်ဦး

အခုကဖုန်းလိုင်းမရတဲ့အတွက် ကျွန်မတို့ ငွေထုတ်ဖို့လည်း အရမ်းခက်ခဲတယ် ပြီးတော့ ဘာသတင်းမှလဲမကြားတော့ဘူး ဘယ်သူနဲ့မှလည်း  အဆက်အသွယ်မရတော့ဘူး ဘာမလုပ်ဘဲလုပ်လုပ်အဆင်မပြေဘူး။ ဒါပေမယ့်လည်း ဒီနှစ်ရက်သုံးရက်ကတော့ လျှပ်စစ်မီးပုံမှန်လာနေတော့ ဖုန်းအားလေးတော့သွင်းလိုက်ရတယ်။  ဟိုရက်တုန်းကတော့ လျှပ်စစ်မီးရော ဖုန်းလိုင်းရောဘာမှ ကိုအဆင်မပြေဘူးဖြစ်သွားတယ် အင်တာနက်ကတော့ ပြောမနေနဲ့ အင်တာနက်လိုင်းမရှိတော့ ငွေထုတ်ဖို့လည်းအရမ်းခက်တယ် အခုလောလောဆယ် စစ်ရေးနဲ့ပက်သက်ပြီးတော့လည်း ဘာမသံမှမကြားဘူး။ ဒါပေမယ့်လည်း ညတိုင်းလက်နက်ကြီးသံကြားရတယ်   နာရီ ၁၀ နာရီလောက်ဆိုအမြဲကြားရတယ်။ ဒီလိုဘဲဆက်ဖြစ်နေမယ်ဆိုရင်ကျွန်မတို့က ရူးလာမယ်ထင်တယ် လို့ခံစားနေရတယ် သွားရမလိုလာရမလို ထိုင်ရမလိုနဲ့ ဈေးလည်းဝယ်ရမလိုမဝယ်ရမလိုလိုဖြစ်နေတယ်

လယ်ကုန်းကလူငယ်တစ်ဦး

ငွေထုတ်ငွေလွှဲကတော့ အရမ်းခက်နေတာပေါ့ တစ်ဆင့်ခံဖြစ်သွားပြီ သူတို့ကရန်ကုန်မှာရှိတဲ့အတွက် ပြောရမယ်ဆိုရင်သူတို့ဆိုင်က ရန်ကုန်မှာလည်း ဒီမှာလည်းရှိတဲ့အတွက် ရန်ကုန်ကဆိုင်မှာငွေလွှဲလိုက်လို့ရှိရင်ကျွန်တော်တို့က ဒီကဆိုင်မှာ ပြန်ထုတ်လို့ရတာပေါ့ တစ်ဆင့်ခံပေါ့။ မြစ်ကြီးနားမှာက အင်တာနက်လိုင်းမရတော့ ထုတ်ကိုထုတ်လို့မရဖြစ်နေတာ  မြစ်ကြီးနားမှာလည်း လေဆိပ်ပိတ်မယ်ဆိုပြီး ကောလဟာလထွက်နေတယ် ၁၈ ရက်နေ့အထိဘဲဖွင့်ပြီး အဲဒီနောက်တော့ လေယာဉ်အတက်အဆင်းမရှိတော့ဘူးဆိုပြီး မှန်လားမှားလားဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့က သတင်းတွေလည်း ဘာမှမရဘူး SKY NETတို့ မြဝတီ တို့ကသတင်းတွေဘဲလာတယ် သူတို့ရဲ့သတင်းတွေက ကျွန်တော်တို့ကပြန်မကြည့်ချင် LAIZA FM ကသတင်းတွေတော့ ရေဒီယိုက နားထောင်တယ်

လယ်ကုန်းရပ်ကွက်က မိခင်တစ်ဦး

ဖုန်းလိုင်းမရတော့တဲ့အတွက် ဟိုဘက်ကမ်းဒီဘက်ကမ်း ဝိုင်းမော်ဘက်ကိုအထိဘဲဆက်သွယ်မယ်ဆိုရင်တောင် တကူးတက ဝိုင်းမော်ထိသွားပြီးပြောရတယ်။ အရင်တုန်းကလို ဖုန်းလိုင်းမရှိတဲ့ခေတ်ကလိုလိုပြန်နေနေရတယ်။ ကျွန်မတို့ မြစ်ကြီးနားက ပြီးတော့ ဟိုဟိုဒီဒီ ပစ္စည်းတွေမှာပြီးရောင်းတဲ့သူတွေလည်း ပစ္စည်းတွေမှာလို့မရ ဈေးရောင်းစားတဲ့သူတွေလည်း ဖုန်းလည်း မရှိတော့ အရမ်းခက်ခဲသွားတယ်။ ပြီးတော့ ဖုန်းနဲ့အဆက်အသွယ်လုပ်ပြီး အရောင်းအဝယ်လုပ်တဲ့သူတွေနဲ့ အွန်လိုင်းကနေ ဈေးရောင်းစားတဲ့သူတွေလည်း အရမ်းဒုက္ခရောက်သွားတယ် ပြီးတော့ WAVE MONEY နဲ့ KPAY တွေကနေ ငွေထုတ်ချင်တဲ့သူတွေအတွက် ငွေထုတ်ရခက်တော့ အရမ်းကိုဒုက္ခရောက်နေတယ် ကျွန်မတို့မြစ်ကြီးနားကတော့

လူဦးရေ  သန်းကျော်၊ ခရိုင်  ခု၊ မြို့နယ် ၁၈ မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက် မကြာခနဆိုသလို ဖုန်းအင်တာနက်ပြတ်တောက်တာတွေရှိပေမယ့် ဒီတစ်ကြိမ် ဖုန်း၊အင်တာနက်လိုင်း ပြတ်တောက်တာဟာ အချိန်အကြာဆုံးဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button