• Feb- 2026 -
    4 February
    သတင်း

    ရွှေညောင်ပင်မှာ စစ်တပ်ကလေယာဉ်ဗုံးကြဲ၊ ကုန်ကားတစ်စီးမီးလောင်

    ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှာ ဒီညနေပိုင်း စစ်တပ်က လေကြောင်းဗုံးကြဲသွားတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။ ဖေဖော်ဝါရီလ ၄ ရက် ဒီညနေ ၅ နာရီဝန်းကျင် လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ “လေယာဉ်သံကြားလို့ ကုန်ကားရပ်နေတာ လာပစ်သွားတယ်။…

    Read More »
  • 4 February
    သတင်း

    ဖားကန့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပိုပြီးလုပ်ဆောင်နေ

    တစ်ပတ်ခန့် တိုက်ပွဲပြန်လည်ပြင်းထန်နေတဲ့ ဖားကန့် တိုက်ပွဲနေရာကို စစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ လေကြောင်း ၂ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဖားကန့် မရှီကထောင်အနောက်ဘက်ခြမ်း ထုံးဘိုကျေးရွာ ဆုတောင်းကုန်းအနီးတဝိုက်ကို…

    Read More »
  • 4 February
    သတင်း

    မြစ်ကြီးနားမြို့မှာ နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီမနက်က နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှု ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဒီမနက် ၈နာရီ မိနစ်၂၀ ဝန်းကျင်အချိန် မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးနားက နှစ်ထပ်အိမ် တစ်ခုမီးလောင်မှု ဖြစ်ခဲ့ပြီးဆိုင်ကယ်၂စီးနဲ့အတူ အိမ်တစ်ခုလုံး…

    Read More »
  • 4 February
    သတင်း

    နမ့်ဖတ်ကာမှာ လက်ကျန်ဗုံးတီးဆော့ကစားရာကနေ ကလေးတစ်ဦး သေဆုံး၊ ၃ ဦးဒဏ်ရာရ

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့မှာ ကလေးငယ် ၄ ဦး လက်ပစ်ဗုံးဆော့ကစားရင်း ပေါက်ကွဲလို့ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၂ နာရီဝန်းကျင်မှာ နမ့်ဖတ်ကာမြို့ရပ်ကွက် ၃ ရှိ မိသားစုနေအိမ်…

    Read More »
  • 3 February
    သတင်း

    ဖားကန့်မှာ လက်နက်ကြီးထိမှန်လို့ ၁၃ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၂ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ

    တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကာလီချောင်ရွာနား လက်နက်ကြီးကျရောက်ပေါက်ကွဲရာ ကနေ ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံးခဲ့ရပြီး ၁၁ ဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်ကစလို့ ဖားကန့်မြို့နယ်အတွင်း နှစ်ဖက်တပ်တွေအကြား လက်နက်ကြီးအပြန်အလှန်ပစ်ခတ် နေကြတာဖြစ်ပြီး…

    Read More »
  • 3 February
    သတင်း

    နာဂဒေသ ကျဲသရောက်ရွာကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်

    စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ကိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့နယ်ခွဲထဲမှာ အိန္ဒိယစစ်တပ်ဘက်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့  နေ့လည် ၁ နာရီဝန်းကျင်မှာ ပန်ဆောင်မြို့နဲ့ မိုင် ၂၀ ကျော်ဝေးတဲ့ ကျဲသရောက်ကျေးရွာထဲက လယ်တဲတစ်ခုကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “Sunday နေ့မနက်အစေားကြီးသုံးနာရီမှာကြဲသွားတာ ရွာသားတွေက အိမ်ကနေအသံအကျယ်ကြီးတော့တချက်ကြားလိုက်တယ်တဲ့မနေ့ကသွားကြည့်ကြတော့ဗုံးသီးအစအနတွေတွေ့တာ။ တော်သေးတယ်လယ်တဲမှာပုံမှန်လူမအိပ်လို့ညစောင့်အိပ်တဲ့ချိန်သာကြဲရင်တော့သွားပြီ”လို့ သူကပြောပါတယ်။ အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ချိန် လယ်တဲထဲလူမရှိတဲ့အချိန်ဖြစ်တာကြောင့် လူသေဆုံးမှုမရှိပေမယ့် တဲမှာသိုလှောင်ထားတဲ့ စပါးတွေမိီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ အိန္ဒိယစစ်တပ်ဟာ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားဖြင်းမရှိပဲအခုလိုဗုံးကြဲသွားတာဖြစ်ကြောင်း ဒေသခံတွေကဆိုပါတယ်။ “ဒီဘက်ကဘာတိုက်ပွဲမှမရှိဘူးပြီးတော့ရွာနားမှာလဲ ဘာလက်နက်ကိုင်စခန်းမှမရှိဘူး သက်သက်လွတ်ကြီးကြဲသွားတာ”လို့အထက်မှာဖော်ပြခဲ့တဲ့အသက် ၃၀ ကျော်အရွယ်နန်းယွန်းမြို့ခံအမျိုးသားကဆက်ပြောပါတယ်။ လက်ရှိဒရုန်းဗုံးသီးကြဲခံရတဲ့ကျေးရွာဟာ အိန္ဒိယမြန်မာ – နယ်စပ် ဟိမဝန္တာတောင်တန်းရဲ့အရှေ့ဘက်မြန်မာဘက်ခြမ်းကျေးရွာတစ်ရွာဖြစ်ပြီး နာဂလက်နက်ကိုင်အဖွဲ့ NSCN-K(ယုန်းအောင်)ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ကျေးရွာဖြစ်ကြောင်းသိရပါတယ်။ ထို့အပြင်အထက်ဖော်ပြပါကျေးရွာဟာ ဖုန်းနဲ့အင်တာနက်လိုင်းတွေမရှိတဲ့ကျေးရွာလည်းဖြစ်ပါတယ်။ အိန္ဒိယစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ယခုဗုံးကြဲတဲ့ ကျဲသရောက်ကျေးရွာနဲ့ကပ်လျက်မှာရှိတဲ့ ဆုန်ပါကျေးရွာက လယ်ကွင်းတဲတစ်နေရာကိုလည်း ဗုံးကြဲတိုက်ခိုက်မှုလုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အလားတူပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာလည်း လေရှီးမြို့နယ်အနောက်ခြမ်းရှိ ကမ်မော်လော်ရီကျေးရွာထဲက NSCN-K ယုန်းအောင်အဖွဲ့ထဲကအရာရှိတစ်ဦးရဲ့နေအိမ်ကိုဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦးအထိသေဆုံးခဲ့ပါတယ်။ အိန္ဒိယစစ်တပ်ဟာ နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NSCN-K အဖွဲ့ကို အကြမ်းဖွဲ့အဖြစ် အိန္ဒိယဗဟိုအစိုးရကကြေငြာပြီးနောက်ပိုင်းမှာပဲအခုလိုဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 3 February
    သတင်း

    ဖားကန့်တိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က တပ်ခွဲမှူးနဲ့တပ်သားတစ်ဦးသေဆုံးပြီး တပ်သား ၆ ဦးအလင်းဝင်လာ

    တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့မှာ စစ်ကော်မရှင်တပ်ဘက်က တိုက်ပွဲအတွင်း အရာရှိတစ်ဦးသေဆုံးပြီး တပ်သား ၆ ဦး အလင်းဝင်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ နှစ်ဖက်တပ်တွေတိုက်ပွဲပြင်းထန်နေကြချိန် ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ထဲက တပ်သားတစ်ဦးအရင်ဆုံး အလင်းဝင်လာရာကနေ ဒီကနေ့မနက်ပိုင်းမှာလည်း‌ နောက်ထပ်တပ်သား…

    Read More »
  • 3 February
    သတင်း

    လန်ဆယ်မှာ ကုမ္ပဏီလုပ်ငန်းဆိုက် တစ်ခုမီးလောင်၊ တရုတ်အမျိုးသား ၃ ဦးထိခိုက်

    ကချင်ပြည်နယ်၊ ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်ရှိ ရွှေတူးဖော်တဲ့ကုမ္ပဏီလုပ်ငန်းဆိုက် တစ်ခုမီးလောင်မှုဖြစ်ခဲ့ပြီး တရုတ်အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ လန်ဆယ်ဒေသ KIA အရာရှိတွေထံမှ သိရပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနေ့ကညနေပိုင်း ၅ နာရီခန့်မှာ လန်ဆယ်ရှိ ဆွတ်ကဘာ (Sutkaba )ကုမ္ပဏီရဲ့ လုပ်ငန်းဆိုက်တွင်း လျှပ်စစ်အပူပေးစက် မီးချောင်းကနေ ရှော့ခ်ဖြစ်ပြီး မီးစလောင်တာဖြစ်တယ်လို့ ဆိုပါတယ်။  “လူက ၃ ယောက်ထိတယ် ၂ ယောက်က ဒဏ်ရာပြင်းထန်တယ်။ တစ်ယောက်တော့ သိပ်မဆိုးဘူး။ ဒဏ်ရာပြင်းထန်တဲ့ ၂ ယောက်ကိုတော့ တရုတ်နိုင်ငံကို ပို့လိုက်ပြီ။ မီးလောင်လာတာက လျှပ်စစ်အပူပေး မီးစက်ကနေရှော့ခ်ဖြစ်လို့လို့ ကြားတယ်” လို့ လန်ဆယ် KIA အရာရှိတစ်ဦးက ပြောပါတယ်။ လုပ်ငန်းဆိုက်အတွင်း တရုတ်အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ခြားထိခိုက်မှုတော့မရှိဘူးလို့ ပြောပါတယ်။ တစ်ကိုယ်လုံး မီးလောင်ကျွမ်းလို့ ဒဏ်ရာပြင်းထန်တဲ့ တရုတ်အမျိုးသား ၂ ဦးကတော့ တရုတ်နိုင်ငံမှာ ဆေးကုသနေတယ်လို့  သိရပါတယ်။ အခုမီးလောင်သွားတဲ့ ဆွတ်ကဘာကုမ္ပဏီဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နဲ့ တရုတ်လုပ်ငန်းရှင်များပူးပေါင်းပြီး လုပ်ငန်းလည်ပတ်နေတဲ့ကုမ္ပဏီဖြစ်ပြီး လုပ်ငန်းဆိုက် A မီးလောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ “လုပ်ငန်းဆိုဒ်အားလုံးတော့ မလောင်သွားဘူး၊ ယမ်းတွေသိုလှောင်ထားတဲ့ အိမ်တစ်အိမ်မီးလောင်သွားတယ်။ အခြားသူတွေ အလုပ်သမားတွေ ထိခိုက်တာတော့မရှိဘူး။ အဲဒီတရုတ်အမျိုးသား ၃ ဦးပါပဲ” ဟု KIA အရာရှိက ဆက်ပြောပါတယ်။  လန်ဆယ်ဒေသမှာ ၀ကုမ္ပဏီတွေအပါအဝင် တရုတ်လုပ်ငန်းရှင်တွေအမြောက်အများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ လုပ်ငန်းဆိုက်တွေပေးထားကာ ရွှေတူးဖော်နေတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 3 February
    သတင်း

    မြစ်ကြီးးနားမြို့မှာ  မူးယစ်ဆေးလာဝယ်တဲ့စစ်သားတစ်ဦး ရိုက်နှက်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးလာဝယ်တဲ့ စစ်သားတစ်ဦး ရိုက်နှက်ခံခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ ရက် ညနေ တစ်နာရီဝန်းကျင်အချိန် ရမ်ပူရပ်ကွက် အပိုင်း၂၁ မှာ အရပ်ဝတ်နဲ့ မူးယစ်ဆေးဝါးလာဝယ်တဲ့ စစ်သားတစ်ဦးကို…

    Read More »
  • 3 February
    သတင်း

    ရွှေကူမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေမှော်တော်အစီးရေထောင်ချီဖြင့်ရွှေတူးဖော်နေ

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ထဲမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေမော်တော်အစီးရေထောင်နဲ့ချီချပြီး ရွှေတူးဖော်နေတာကြောင့် ဒေသခံတွေရဲ့လယ်ယာ၊စိုက်ခင်းပျက်စီးမှုတွေအများအပြားရှိနေတယ်လို့သိရပါတယ်။ ရွှေကူမြို့နယ်ထဲက ဗန်းမော်မြို့နယ်အစပ် နောင်မိုကနေ စစ်ကိုင်းအစပ် ဘိုကုန်းကျေးရွာအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်လုံးမှာစက်လှေ၊ သံခွန်တွေအသုံးပြုပြီးရွှေအလွန်အကျွံတူးဖော်နေတာကြောင့် ရွာပေါင်း ၂၀ နီးပါးလောက်က လယ်ယာစိုက်ခင်းတွေပျက်စီးနေတယ်လို့သိရပါတယ်။ “ဘယ်ရွာကနေဘယ်ရွာအထိရယ်မဟုတ်ဘူး ရွှေကူတစ်နယ်လုံးကမြစ်ကြောင်းတစ်လျှောက်မှာ…

    Read More »
Back to top button