-
Feb- 2026 -2 Februaryသတင်း
ဝိုင်းမော်မှာ အခွန်ကောက်သောင်းကျန်းတဲ့ ပြည်သူ့စစ်ဂိတ်နှစ်ခု KIA သိမ်းပိုက်
ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာနှစ်ခုကြား အခွန်ကောက်သောင်းကျန်းတဲ့ လီဆူပြည်သူ့စစ်ဂိတ်နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာကြားရှိ ငှက်ပျောခြံသွားတဲ့လမ်းပေါ် နဲ့ င်္သီချောင်းတံတားမှာ တပ်ချထားတဲ့ နှစ်ခုစလုံးကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်တပ်စခန်းဆိုတာက ပိုက်ဆံကောက်နေတဲ့ ဂိတ်နေရာဟုတ်တယ်။ မိုင်းနားကနေ သွားရင် ငှက်ပျောခြံထဲမှာ ပြည်သူ့စစ်ဂိတ်ရှိနေတာဟုတ်တယ်။ ပြီးရင် အဲဒီအကျော်မှာ ကွန်ကရက်တံတားတစ်ခုလည်းရှိတယ်။ အဲ့မှာ စစ်တပ်တွေထိုင်တာဟုတ်တယ်။ အဲဒီနေရာနှစ်ခုစလုံးကို သိမ်းလိုက်တာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ KIA တပ်ဘက်က သိမ်းပိုက်လိုက်တဲ့ ဂိတ်စခန်း နှစ်ခုစလုံးဟာ ၂၀၂၄ ခုနှစ်ထဲမှာ KIA သိမ်းပိုက်နေရာထဲမှာပါဝင်ပြီးတော့ ၂၀၂၅ ခုနှစ်ထဲမှာ ယာယီဆုတ်လိုက်ရတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဂိတ်နေရာ နှစ်ခုစလုံးမှာ စစ်တပ်နဲ့ လီဆူပြည်သူ့စစ်တွေပူးပေါင်းပြီး တပ်အထိုင်ချထားကာ လမ်းသွားလမ်းလာ အိမ်စီးကားမကျန် ဖြတ်သန်းခွင့် ကောက်ခံတဲ့ ဂိတ်နေရာဖြစ်တယ်လို့ ပြောပါတယ်။ လီဆူပြည်သူ့စစ်ဂိတ် နှစ်ခု KIA သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး ငှက်ပျောခြံမှာရှိတဲ့ ပြည်သူတစ်ဦးက “ဟုတ်တယ်တဲ့ ဆိုလာပြားဆိုဒ်လို့လည်းခေါ်တယ်။ အဲ့မှာသွားပစ်တာ လှမ်းပေးကြည့်သလောက် သိမ်းလိုက်တာကသေချာတယ်”လို့ပြောပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဘက်ကနေ ဂိတ်စခန်းနှစ်ခုလက်လွတ်လိုက်ရတဲ့အတွက် ဒီကနေ့ မနက်ပိုင်း တိုက်ပွဲဖြစ်ပွားချိန်ကတည်းကနေ ၁၁ နာရီဝန်းကျင်အထိ ဝိုင်းမော်မြို့ထဲကနေ လက်နက်ကြီးဆက်တိုက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက KIA ထိန်းချုပ်ထားတဲ့ လမြန်ကျေးရွာအထက်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့အတွက် ကြိုးပမ်းနေတာဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲမှာလည်း လမြန်ကျေးရွာအနီးတဝိုက် တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းအတွင်းကနေ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)၊ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်ပေးပြီး ပြည်သူ့စစ်အဖွဲ့တွေကို မြေပြင်စစ်ကြောင်းကနေ ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
2 Februaryသတင်း
မြစ်ကြီးနားမှာ တစ်လအတွင်း ယာဉ်တိုက်မှု ၃၁ ကြိမ်ဖြစ်၊ အမျိုးသမီး ၂ ဦးသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်လအတွင်းမှာဘဲ ယာဉ်တိုက်မှု ၃၁ ကြိမ် ဖြစ်ခဲ့ပြီး အမျိုးသမီး ၂ဦးသေဆုံးခဲ့တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။ ဒီယာဉ်တိုက်မှုတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတစ်လအတွင်းဖြစ်စဥ်တွေဖြစ်ပြီးသေဆုံးသူ အမျိုးသမီး ၂ဦးနဲ့ အနီရောင်အဆင့်(ထိခိုက်ဒဏ်ရာပြင်းထန်သူ)…
Read More » -
2 Februaryသတင်း
ဖားကန့်မှာ နှစ်ဖက်တိုက်ပွဲကြောင့် စာသင်ကျောင်းထဲ လက်နက်ကြီးကျမှန်ပြီး ကလေးငယ်တစ်ချို့ ထိခိုက်မှုရှိ
ကချင်ပြည်နယ် ဖားကန့်မြိုမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လက်နက်ကြီးကျမှန်ပေါက်ကွဲမှုတွေကြောင့် အရပ်သားထိခိုက်တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၉ နာရီဝန်းကျင်ကနေစတင်လာတဲ့ ဖားကန့်တိုက်ပွဲဟာ ဒီကနေ့အထိ နှစ်ဖက်တပ်အပြန်အလှန် ပစ်ခတ်နေဆဲဖြစ်သလို တိုက်ပွဲအတွင်းပစ်ခတ်တဲ့လက်နက်ကြီးတစ်လုံး ဖားကန့် အထက်တန်းကျောင်းဝင်းထဲကျမှန်ပေါက်ကွဲလို့ ကျောင်းသား နှစ်ဦးထိခိုက်မှုရှိခဲ့ပါတယ်။ “ဖားကန့် ကျောင်းကြီး စာသင်ကျောင်းမှာ လက်နက်ကြီးကျတာဟုတ်တယ်။ ကလေးငယ် နှစ်ယောက်တော့ထိတယ်။ တခြားထိခိုက်မှုတွေလည်းရှိတယ်လို့ ကြားတယ်။ အသေစိတ်တော့ မသိရသေးဘူး။ တိုက်ပွဲက ဒီကနေ့ အထိ ဖြစ်နေတော့ မနေ့ညအထိ ပစ်လိုက်နားနဲ့ ဖြစ်နေတယ်။ မရှီကထောင်နောက်ကျောဘက်မှာပဲဖြစ်နေတာ။ လောလောဆယ်က ၃ နေရာလောက်မှာဖြစ်နေကြတာ”လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ မြို့ခံတွေပြောချက်အရ ခုလိုတိုက်ပွဲစတင်လာာတဟာ ဇန်နဝါရီလ ၃၀ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့တွေက KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ မရှီကထောင်၊ ဆုတောင်းကုန်းဘက် စစ်ကြောင်းထိုးတိုက်ခိုက်လာရာကနေ စတင်လာတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ မရှီကထောင်နောက်ကျော၊ ထုံးဘိုဘက်မှာ အပြန်အလှန် ပစ်ခတ်မှုရှိနေသလို ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲဖြစ်နေဆဲလို့ ဆိုပါတယ်။ နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုကြောင့် ဖားကန့် အထက်တန်းကျောင်းဝင်းထဲက KG တန်းကျောင်းဆောင်ထိမှန်သွားတဲ့အပြင် ဆယ်ကျော်သက် ကျောင်းသူ၊ ကျောင်းသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီကနေ့ ပစ်ခတ်မှုထဲမှာ မနက်ပိုင်း ၅ နာရီဝန်းကျင် မရှီကထောင်ရပ်ကွက်ထဲ လက်နက်ကြီးကျမှန်ခဲ့တဲ့အတွက် အမျိုးသား တစ်ဦး ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အတွက် ဖားကန့် – ဆိပ်မူ သွားမိန်းလမ်းမကြီးကိုသွားလာခွင့်ပိတ်ထားသလို ဆိပ်မူကနေ ဖားကန့်ကိုသွားတဲ့ ဖားပြင်၊ မန၊ ရှရော်ခလမ်းကိုလည်း သွားလာခွင့်ကန့်သတ်ထားတယ်လို့ ဆက်သိရပါတယ်။ ဖားကန့် စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး နောက်ထပ် ကချင်အမျိုးသားတစ်ဦးက “၃၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ မရှီကထောင် ဆုတောင်းကုန်းဘက် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့တွက် တိုက်ပွဲပြန်ဖြစ်လာတယ်။ ပြင်းပြင်းထန်ထန်က မနေ့ကစဖြစ်လာတယ်လို့ပြောလို့ရမယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ နောက်ထပ် KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဆိုင်းတောင်ပြန်ပြီး ထိန်းချုပ်ဖို့ လုပ်လာတဲ့အတွက် စစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်တယ်လို့ ပြောပါတယ်။ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထုံးဘို၊ ဂျမ်ဂတ်ဘက်မှာ နေရာယူထားတာလည်းဖြစ်ပါတယ်။…
Read More » -
2 Februaryသတင်း
မော်လူးမြို့မှာ တစ်လအတွင်း ၃ ကြိမ်လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၉ ဦးအပါအဝင် ၁၄ ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတစ်လအတွင်း ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၉ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ရတယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ လေဘိုရွာလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၈ ဦးသေဆုံး၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ မာန်ဟဲရွာ ပကဖရုံးလေကြောင်းတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ KIAတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ရပြီး ဇန်နဝါရီလ ၂ ရက်နေ့ ပဲခူးရွာက ပလဖရုံးလေကြောင်းတိုက်ခိုက်ခံရချိန်မှာတော့ ၁၂တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။ “တစ်လအတွင်းမှာကို ၃ ကြိမ် ပထမအကြိမ်က ပလဖစခန်းကိုပစ်တာ။ ဒါပေမဲ့ ပလဖစခန်းကို မထိဘဲ အရပ်သားကိုထိတာ။ ဒုတိယအကြိမ်ကလည်း မာန်ဟဲက ပကဖရုံးကိုကြဲတာ။ တတိယတစ်ကြိမ်ကတော့ လေဘိုရွာကိုကြဲတာ။ သူတို့က သတင်းတွေ အတိအကျထောက်လှမ်းလာတာ။ လေဘိုရွာဆိုရင်လည်း အရပ်သားရွာထဲကိုကြဲပေမဲ့ အဲ့နားတစ်ဝှိုက်ကတောတွေမှာက ကေအိုင်အေတွေလည်းရှိတယ်။ အဲ့လိုမျိုးပေါ့။”လို့ တော်လှန်ရေးအင်အားစုနဲ့နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၂၉ ရက်နေ့ လေဘိုရွာတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ရတဲ့အရပ်သား ၈ ဦးထဲ ၇ ဦးကမိသားစုဝင်တွေဖြစ်ပြီးလေကြောင်းတိုက်ခိုက်ခံရမှု ၃ကြိမ်မှာတော့ အရပ်သား ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့သလို အရပ်သားနေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့ရတာဖြစ်ပါတယ်။ မော်လူးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလကတည်းက တော်လှန်ရေးအင်အားစုတွေကသိမ်းပိုက်ထားတာဖြစ်ပြီး အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ရဲ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ဒေသဖြစ်ပါတယ်။ လက်တလောမှာလည်း စစ်ကော်မရှင်နဲ့တော်လှန်ရေးအင်အားစုတွေအကြား မော်လူးမြို့မှာ တစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားတာ မရှိသလို အကြောင်းမဲ့တည်နေရာကိုသိလို့ တိုက်ခိုက်တာလို့ အထက်ဖော်ပြပါမော်လူးဒေသခံအမျိုးသားတစ်ဦးကဆိုကြပါတယ်။ “လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေမှာက တိုက်ပွဲလည်းမရှိပါဘူး။ လေဘိုရွာဆိုရင် အရင်တုန်းကလည်းလေကြောင်း တိုက်ခိုက်ခံရတာမရှိခဲ့ဘူး။ အခုမှဘဲဖြစ်တာ။ ဘာကြောင့်ကြဲမှန်းတော့မသိပါဘူး။”လို့ ဆက်ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေဖြစ်တဲ့ မာန်ဟဲနဲ့ပဲခူးကျေးရွာတို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ရုံးတွေအခြေစိုက်ထားတာ ကြောင့် အဲ့ဒီနေရာတွေကိုပစ်ခတ်ရင်း အရပ်သားတွေသေဆုံးခဲ့ရတာဖြစ်ပြီး လေဘိုကျေးရွာကတော့ တော်လှန်ရေးအင်အားစုတွေ အထိုင်ချတာမရှိပေမဲ့လည်း လေကြောင်းတိုက်ခိုက်ခံရတာလို့ ပြောပါတယ်။ တစ်ဖက်မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရပ်သားတွေနေထိုင်ရာ ကျေးရွာနဲ့ ၃ မိုင်အကွာမှာသာ ဂိတ်စခန်းတွေအထိုင်ချ ခွင့်ရမယ်ဆိုတဲ့ စစ်ရေးအရသတ်မှတ်ချက်တွေရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအချက်ကို လိုက်နာခြင်းမရှိတာကြောင့် လေကြောင်းတိုက်ခိုက်ခံရချိန်အရပ်သားတွေသေဆုံးခဲ့ရပြီး ဒေသခံတွေ အကြား ဝေဖန်မှုတွေရှိခဲ့သလို ပဲခူးကျေးရွာက အရပ်သားတွေကတော့ ကျေးရွာတွေအနီးတစ်ဝှိုက်ဂိတ်အထိုင်ချတာကို ဆန္ဒပြကန့်ကွက်ခဲ့ကြတာကြောင့် ပဲခူးရွာက ပလဖရုံးရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။ By – အမိုး
Read More » -
Jan- 2026 -31 Januaryသတင်း
ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတစ်ချို့ပိတ်မိနေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှုကျေးရွာဘက်မှာ မနေ့ညကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့ကစပြီး စစ်တပ်ဘက်က ဖားကန့်၊မရှီကထောင်ရပ်ကွက်နဲ့ ယူမာကျေးရွာ နောက်ကျောရှိ ထုံးဘိုကျေးရွာဘက်ကနေ KIA ပူးပေါင်းတပ်ထိန်းချုပ်ရာ ဆိပ်မူရွာဘက်ကို ဦးတည်ပြီးစစ်ကြောင်းထိုးလာရာကနေ တိုက်ပွဲစဖြစ်လာတာလို့…
Read More » -
30 Januaryသတင်း
ဗလမင်းထင်တံတားအောက်မှာ ရေကြီးရေလျှံမှုကာကွယ်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေတူးဖော်နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့အထင်ကရဖြစ်တဲ့ ဗလမင်းထင်တံတားကြီးအောက်မှာ ရေကြီးရေလျှံမှုကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ရွှေအများအပြားတူးဖော်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ ဗလမင်းထင်တံတားအောက် ဘတ်ဟိုးတွေနဲ့တူးနေပြီး ရလာတဲ့မြေသား၊သဲကျောက်တွေကို တုံဖုံးကားအပြင် မြေစာသယ်တဲ့ကားကြီးတွေနဲ့ သယ်ယူနေကြတယ်လို့ ဆိုပါတယ်။ အဲဒီသယ်လာတဲ့ သဲကျောက်တွေကို လွှတ်တော်ဘေးနားရှိ ခြံအလွတ်တစ်နေရာ၊ စီတာပူဂျပန်တံတားနားက မြေအလွတ်တွေမှာ စုပုံထားပြီး သွပ်တွေနဲ့ မမြင်ရအောင် ခြံဝင်းခတ်ကာ ရွှေကျင်နေကြတယ်လို့ ဌာနဆိုင်ရာနဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “မြစ်ဆုံမှာတောင်မှ ကို့ယို့ကားယားဖြစ်နေပါတယ်ဆို အခုဒီတံတားနားမှာ ရွှေတွေတူးနေကြတယ်ဆိုတော့ သူခိုးကြီးနဲ့ သူခိုးလေးဘဲ ကွာတာ။ မကောင်းဘူးပေါ့ဗျာ ကျွန်တော့်အနေနဲ့လည်း မကြိုက်ပါဘူး။ ကျွန်တော်တို့ပြောလို့လည်း ဘာအရာရောက်မှာ မဟုတ်ဘူး။ အထက်က လူကြီးတွေကိုယ်တိုင်လုပ်နေမှတော့”လို့ ဆိုပါတယ်။ သဲကျောက်သယ်တဲ့ကားလည်း တစ်နေ့ကိုပျှမ်းမျှ ကားအစီး ၁၀၀ ကျော်ရှိပြီး ကားသမားတွေကို တစ်ကြိမ်လျှင် တစ်သောင်းနှုန်းနဲ့ ငွေပေးချေနေတာဖြစ်တဲ့အတွက် သဲကျောက်ကားမောင်းသူတွေလည်း အခေါက်ရေများများရဖို့ အလျင်အမြန် မောင်းနေကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဗလင်မင်းထင်တံတားအောက်မှာ ရွှေတူးဖော်မှုတွေကို ပြီးခဲ့တဲ့နှစ်ကနေစတင်လာခဲ့ပြီး ဒီနှစ်မှာတော့ ရေကြီးရေလျှံမှုကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဥ်အောက်နေ ပေါ်ပေါ်တင်တင်တူးနေကြပြီလို့ သိရပါတယ်။ စစ်ကောင်စီဝန်ကြီးဌာနကတော့ အဆိုပါ ရွှေတူးဖော်မှုနဲ့ ဆက်စပ်ပြီး ” သဲသောင်ဖြစ်ထွန်းမှုများအား တူးဖော်ရှင်းလင်းခြင်းအားဖြင့် မြစ်ကြောင်းဖြောင့်တန်းစေပြီး၊ ရေစီးရေလာကောင်းမွန်ကာ မြို့ရေကြီးနစ်မြုပ်မှုမှ ကာကွယ်သွားနိုင်မည်ဖြစ်ပါကြောင်း”ဆိုပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ရက်နေ့က ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကနေ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားအနီးတစ်ဝိုက်အပြင် မြစ်ကြီးနားမြို့နယ်အတွင်း ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက်မှာ ရွှေကျင်၊ ရွှေတူးဖော်မှုတွေကို အရင်အစိုးရခေတ်အဆက်ဆက်က တားမြစ်ပိတ်ပင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်အကြာ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကစပြီး အဲဒီနေရာတွေမှာ ရွှေတူးဖော်တာတွေက တဖြည်းဖြည်းနဲ့ များလာာခဲ့ပေမယ့်လည်း သက်ဆိုင်ရာအာဏာပိုင်တွေကလည်း အခွန်ကောက်ယူတာတွေကလွဲပြီး တားဆီးပိတ်ပင်တာမျိုး မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့ ၂၀၂၅မိုးရာသီလောက်ကတော့ မြစ်ရေကြီးမှုကြောင့် ခနတာ ရွှေတူးဖော်မှုတွေကို ရပ်နားခဲ့ပေမယ့်လည်း ဒီရက်ပိုင်းအတွင်းမှာ အရှန်အဟုန်နဲ့ ပြန်လည်တူးဖော်လာတာဖြစ်ပါတယ်။ အလားတူ ဗလမင်းထင်တံတားအထက်ဘက် မန်ခိန်ရပ်ကွက်ဧရာဝတီမြစ်ဘက်တွေမှာလည်း သဲကျောက်လုပ်ငန်းအမည်ခံပြီး ရွှေလုပ်တဲ့သူတွေပိုပိုများလာတယ်လို့ မျက်မြင် တွေ့ရှိသူ အမျိုးသမီးတစ်ဦးခုလိုပြောပြပါတယ်။ “မိန်ခိန်ဘက်မှာလည်း သဲကျောက်တွေသယ်ပြီး ခြံဝင်းတွေထဲထည့်ပြီး လုပ်နေကြတာပေါ့။ သူတို့ကတော့ သဲကျောက်သယ်တယ်လို့ ပြောပေမယ့်လည်း ရွှေလုပ်တဲ့ ခြံတွေက အများဆုံးဖြစ်နေတယ်”လို့ ဆိုပါတယ်။ ဌာနဆိုင်ရာနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရတော့ လက်ရှိ စီတာပူကမ်းနားဘက်ခြမ်းက ရွှေပိုထွက်တဲ့တွက် ညပိုင်းလည်းစက်ကြီးတွေနဲ့ ရွှေတူးဖော်နိုင်ဖို့ အစည်းအဝေးလုပ်ဖို့ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ သဘာဝပတ်ဝန်းကျင် လေ့လာသုံးသပ်သူတွေရဲ့ ပြောကြားချက်အရ ရွှေ၊ ကျောက်စိမ်း၊ မြေရှား၊ ပတ္တမြားလို့ ကျောက်မြတ်ရတနာတွေဟာ အပင်တွေလိုမျိုး ပြန်လည် ဖန်တီးစိုက်ပျိုးယူလို့ ရတာမဟုတ်ဘဲ နှစ်ပေါင်းထောင်နဲ့ချီ ကြာမှ ဖြစ်လာတဲ့ အရာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သေချာထိန်းသိမ်း စောင့်ရှောက်ရမယ့် အရာတွေဖြစ်သလို တကယ်လို့တူးဖော်မယ်ဆိုပါက ဘေးထွက်ဆိုးကျိုးတွေကို နည်းသထက်နည်းအောင် သေချာစီစစ်ပြီး စနစ်တကျ ပြုလုပ်သင့်တဲ့အရာလို့ မှတ်ချက်ပြုထားကြတာ ဖြစ်ပါတယ်။ ဒါအပြင် ရွှေနဲ့ ကျောက်မြတ်ရတနာတွေကို တူးဖော်ရာမှာ အသုံးပြုတဲ့ ဓာတု ပစ္စည်းတွေဟာ ရေ၊ မြေ၊ လေနဲ့ အဲဒီအရာတွေအပေါ် အမှီပြုနေတဲ့ လူအပါအဝင် သတ္တဝါအားလုံးကို ထိခိုက်စေတာဘဲ ဖြစ်ပါတယ်။ ဒါတင်မက ကချင်ပြည်မှာ ၁၀နှစ်မှ တစ်ခါသာ ရေကြီးလေ့ရှိပေမယ့်လည်း ခုလို သဘာဝသယံဇာတနဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် ၂၀၂၄ခုနှစ်ကစပြီး နှစ်တိုင်းလိုလို ရေကြီးနေပြီး ဂေဟစနစ်လည်း ပြောင်းလဲကာ အဆိပ်ရှိတဲ့ မြွေလို အကောင်မျိုးတွေကိုလည်း မကြာခန တွေ့ရှိလာရပါတယ်။ By – Hope
Read More » -
29 Januaryဆောင်းပါး
နာဂလက်နက်ကိုင်နှစ်ဖွဲ့ကြားက စစ်ရေးပဋိပက္ခနှင့် နာဂဒေသရဲ့ လားရာ
ကချင်ပြည်နယ်အနောက်ဖက် အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ်ခွဲမှာ နှစ်ဆန်းပိုင်းက စတင်ပြီး နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K (ယုန်းအောင်) အဖွဲ့နဲ့ NSCN-K အန်းမိုင်း အဖွဲ့အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားလာပါတယ်။ ဇန်နဝါရီ (၉) ရက်နေ့ ပန်ဆောင်မြို့နဲ့ သုံးမိုင်ကျော်ဝေးတဲ့ ခမ္မတိုင်ကျေးရွာ၊ ဇန်နဝါရီလ ၁၂ ရက်နေ့ တကားကျေးရွာ နဲ့ နာမ်ဖာကျေးရွာကြားတို့မှာ အသီးသီး ဖြစ်ပွားခဲ့တာပါ။ ပထမအကြိမ် ဖြစ်ပွားခဲ့တဲ့ ခမ္မတိုင်ကျေးရွာတိုက်ပွဲမှာ NSCN-K အန်းမိုင်းအဖွဲ့က နှစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။…
Read More » -
29 Januaryသတင်း
ထီးချိုင့်မြို့သိမ်းတိုက်ပွဲပြန်လည်စတင်
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်အစောပိုင်း ၅ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲစတင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့နီးစပ်သူတွေကပြောပါတယ်။ ထီးချိုင့်တံတားတစ်ဝှိုက်နဲ့ ထီးချိုင့်မြို့ပေါ်နေရာတချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး နောက်ဆုံးသိရတဲ့စစ်ရေးအခြေနေကို ထီးချိုင့်ခံအမျိုးသားတစ်ဦးကပြောပြပါတယ်။ “ထီးချိုင့်ပြန်စနေပြီနော်။ မနေ့ကမနက် ၅…
Read More » -
29 Januaryသတင်း
ဖားကန့်မှာ အရပ်သား ၃ ဦးဖမ်းခံရ ၊ စိတ်ရောဂါဝေဒနာရှင်တစ်ဦးပါတယ်လို့ဆို
ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာမှာ အရပ်သား ၃ ဦးကို စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၉ ရက် ဒီမနက် ၁၀ နာရီဝန်းကျင် ဆီပေပါတင်လာတဲ့ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့က နောက်ကနေလိုက်လာပြီး ကားရပ်ခိုင်းကာ ကားမောင်းတဲ့အမျိုးသားနဲ့ဇနီးသည်ကိုဖမ်းဆီးသွားတာတဲ့အပြင် ဘေးနားမှာရပ်ကြည့်နေတဲ့ စိတ်မနှံ့သူတစ်ဦး စုစုပေါင်း ၃ ဦးကိုဖမ်းသွားတယ်လို့ သိရပါတယ်။ “ခွန်ဆာကုန်း(ငြိမ်းချမ်းသာယာ)မှာ ဆီကားတစ်စီးကို စစ်ကားတစ်စီးလိုက်လာပြီး ရပ်ခိုင်းတယ်။ပြီးရင် ဆီကားမောင်းတဲ့သူနဲ့သူ့အမျိုးသမီးကိုလည်း ဖမ်းသွားတယ်။ အဲမှာရပ်ကြည့်နေတဲ့ စိတ်မနံ့တဲ့သူကိုပါ ဖမ်းသွားတယ်”လို ပြောပါတယ်။ စစ်တပ်က ဖမ်းဆီးသွားတဲ့ ယာဉ်မောင်းနဲ့အမျိုးသမီးဟာ မည်သူမည်ဝါဖြစ်ကြောင်းအသေးစိတ်မသိရပေမယ့် စိတ်မနှံ့သူကတော့ အသက် ၃၅ ဝန်းကျင်ရှိသူဖြစ်ပြီး ဖားကန့်မြို့ရပ်ကွက်နေပြည်သူတွေက ထမင်းကျွေးထားတဲ့သူဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖမ်းဆီးသွားတဲ့ အဆိုပါအရပ်သား ၃ ဦးစလုံးကို ယမ်းချက်အချုပ်ခန်းဖက်ခေါ်သွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း ဖားကန့်–ကာမိုင်းလမ်းကိုစစ်တပ်ကထိန်းချုပ်လိုက်ပြီးနောက် လမ်းတစ်လျှောက် ဆီသယ်ကားတွေဟာ စစ်တပ်ဂိတ်တိုင်းကို အခွန်ပေးဆောင်မှသာ ဖားကန့်မြို့ထဲဝင်ရောက်နိုင်တာဖြစ်ပါတယ်။ “ဘာကြောင့်ဖမ်းလဲဆိုတာတော့ အသေးစိတ်မသိရဘူး ဒါမေပယ့် ပိုက်ဆံကောက်တာလို့ပဲထင်နေကြတယ်။ဘာကြောင့်ဖမ်းခံရသလဲဆိုတာတော့ အသေးစိတ်မသိရဘူး။ဖားကန့်မြို့မှာတော့ ဆီသယ်ကားအမျိုးမျိုးရှိတယ် ကုမ္မဏီတိုက်ရိုက်ဝင်တဲ့ကားရှိတယ် ပြီးရင် တစ်ချို့ကျတော့ ဆီဆိုင်ကကားရှိတယ်။တစ်ချို့ကျတော့ ကုမ္မဏီနဲ့ချိတ်ပြီးလာရောင်းတဲ့ကားတွေရှိတယ်။ ခုဒီကားက ဘယ်ကကားလဲမသိရသေးဘူး”လို့ ဖားကန့်မြို့ခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ လက်ရှိဖားကန့်မြို့ထဲဝင်မယ့် ဆီကားတွေဟာ မိုးကောင်းအနီးက (၈)မိုင်ဂိတ်၊ မရမ်ကထောင်ဂိတ်နဲ့ ကာမိုင်းလမ်းခွဲဂိတ်၊ နန့်ယားကျေးရွာဂိတ်၊ လုံးခင်းကျေးရွာအဝင် ယမ်းချက်ဂိတ်တို့ကို ဖြတ်ကျော်ပြီးမှ ဖားကန့်မြို့ထဲဝင်ရောက်နိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်အတွင်း စက်သုံးဆီများကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလနှောင်းပိုင်းမှစပြီး မြန်မာ – တရုတ်နယ်စပ် ကံပိုက်တည်ဂိတ်မှပြောင်းလဲတင်သွင်းရန် စစ်ကောင်စီကညွှန်ကြားခဲ့ပြီးနောက် နန့်စီးအောင်ဂိတ်ကနေ ဆီဘောက်ဆာကားများကို ဖြတ်သန်းခွင့်ပိတ်ခဲ့ရာကနေ ၂၀၂၅ ခုနှစ်ကုန်ပိုင်းကစပြီး ပြန်လည်ဝင်ခွင့်ပြုထားတာလည်းဖြစ်ပါတယ်။ By – Zami
Read More » -
29 Januaryသတင်း
မိုးမိတ် မြစ်ဆုံရွာ ရွှေလီမြစ်တံတားအထိ စစ်တပ်ကို နေရာပေးဖို့ TNLA ပြင်ဆင်နေတာကြောင့် KIA နဲ့ တင်းမာနေ
ရှမ်းမြောက် မိုးမိတ်မြို့နယ် မဘိမ်းသွားလမ်း ရွှေလီမြစ်တံတားအထိ စစ်ကောင်စီတပ်ကိုနေရာပေးနိုင်ဖို့ TNLA က ပြင်ဆင်နေတာကြောင့် KIA နဲ့ စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ KIA ဘက်က ပြောပါတယ်။ “မိုးမိတ်ကနေ မဘိမ်းဘက်သွားလမ်း မြစ်ဆုံရွာအထက် ရွှေလီမြစ်တံတားအထိ TNLA တွေ စစ်တပ်ကိုပေးမယ်လို့ သဘောတူလက်မှတ်ရေးထိုးထားတာတဲ့။ အဲဒီကြားမှာ အခု ကျနော်တို့KIA တွေနေရာယူလိုက်တော့ အဲဒီနေရာအထိ စစ်တပ်က အခုချိန်ထိ မရောက်နိုင်သေးတာကြောင့် TNLA အဖွဲ့တွေ အခုထိ မပြန်နိုင်သေးဘူးလို့ ပြောတယ်။အဲဒီနေရာအထိ စစ်တပ်တွေ ရောက်ပြီဆိုမှ TNLA က သူတို့ရဲ့ဗဟို မန်တုံ၊ နမ့်ဆန်ကို ပြန်ရမှာ ဟုတ်တယ်တဲ့။ အခု စစ်တပ်ကို သူတို့ အဲဒီနေရာအထိ မပို့နိုင်သေးတာကြောင့် TNLAတပ်မဟာအရာရှိတွေက မိုးမိတ်မြို့ပြင်နားတွေမှာ ကျနော်တို့နေတဲ့ နေရာနားတွေမှာ ဟိုနား၊ဒီနား လိုက်လံနေရာယူနေတယ်။ ကြားရသလောက်တော့ မိုးမိတ်ထဲမှာတောင်အတူတူရှိနေသေးပုံပဲ။ ကျနော်တို့ လုပ်ဆောင်မယ့်လုပ်ငန်းတွေကို အမျိုးမျိုးလိုက်လံနှောင့်ယှက်နေတယ်”လို့ မိုးမိတ်ဒေသ KIA အရာရှိတစ်ဦးက ပြောပါတယ်။ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ဟာ မိုးကုတ်နဲ့မိုးမိတ်ကို စစ်ကောင်စီတပ်ဆီပြန်လည်လွှဲပြောင်းလိုက်ပြီးနောက်မှဆုတ်ခွာဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးနောက် ခုလိုမြို့တွေထဲအရောက်ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် လက်ရှိအချိန်ထိ TNLA တပ်ဖွဲ့တွေ မိုးမိတ်ဒေသထဲကနေ မထွက်ခွာနိုင်သေးပဲရှိနေတယ်လို့ သူကဆက်ပြောပါတယ်။ ဒါဟာ TNLA အနေနဲ့ စစ်တပ်ကို မိုးမိတ်အပြင် မဘိမ်းဘက်သွားလမ်း မြစ်ဆုံရွာနဲ့ ရွှေလီမြစ်တံတားအထိနေရာထပ်ယူပေးဖို့ သဘောတူထားတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေကလည်း မိုးမိတ်နဲ့မြစ်ဆုံရွာကြားမှာ နေရာယူကာ လုံခြုံရေးတင်းကြပ်လိုက်ပြီး စစ်ကောင်စီတပ်တွေ မြစ်ဆုံရွာဘက်ကိုမလာနိုင်အောင် တားဆီးသွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ TNLA တပ်ဖွဲ့ကလည်း KIA နဲ့ PDF တွေလှုပ်ရှားနေတဲ့နေရာတိုင်းမှာလိုက်နေရာယူလှုပ်ရှားနေပြီး စစ်တပ်ကို မြစ်ဆုံတံတားအထိ ပို့ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းနေတဲ့အနေအထားဖြစ်တယ်လို့ မြေပြင်မှာ တာဝန်ယူနေတဲ့ KIA အရာရှိကပြောပါတယ်။ “ကျနော်တို့ KIA အနေနဲ့တော့ ဒီနေရာတွေကို လုံး၀ စစ်တပ်လက်ထဲ ပြန်မပေးနိုင်ပါဘူး။ အခုတော့ ဟိုဘက် မိုးကုတ်ဘက်ကို အရင်ထိုးစစ်ဆင်ပြီး ဒီဘက် မိုးမိတ်ဘက်ကို လှည့်လာမလားလို့သုံးသပ်နေတယ်။ ကျနော်တို့ ကြားသိရသလောက်တော့ စစ်တပ်ကလည်းTNLA ကို ဖိအားပေးတာတွေရှိတယ်။ သူတို့ကို ရွှေလီမြစ်ဆုံအထက် ရွှေလီမြစ်တံတားအထိရောက်ဖို့ မင်းတို့တာဝန်ပေါ့၊ ရွှေလီမြစ်အထိအမြန်ရောက်အောင်လုပ်ပေးဆိုတာမျိုးတွေ ပြောနေတယ်လို့ အပေါ်ယံ ကြားသိရတယ်။ဒါပေမဲ့ ကျနော်တို့ KIA တွေလည်း ကြားမှာ ခိုင်ခိုင်မာမာပိတ်ပင်ထားလို့ စစ်တပ်မရောက်လာနိုင်သေးဘူး”လို့ မိုးမိတ်ဒေသ KIA အရာရှိကဆက်ပြောပါတယ်။ လက်ရှိ မိုးမိတ်မှာ တပ်မ ၉၉ တပ်ဖွဲ့က အင်အား ၆၀၀ လောက် နေရာယူထားတယ်လို့သိရပါတယ်။ မြို့တွင်းအုပ်ချုပ်ရေးယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိသေးဘဲ စစ်တပ်တွေက အရင်စစ်တပ်စခန်းတွေမှာ အတည်တကျတပ်ချနေတာမျိုးမဟုတ်ဘဲ မြို့တွင်းအရပ်သားနေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ရွာတွေထဲမှာသာနေရာယူနေကြတယ်လို့ သိရပါတယ်။ TNLA က မိုးမိတ်ကို စစ်တပ်လက်ထဲ လွှဲပြောင်းပေးဖို့ ပြင်ဆင်နေတဲ့အချိန် KIA နဲ့တပ်ပေါင်းစုတွေကလည်း မိုးမိတ်ကိုကာကွယ်ဖို့ သွားရောက်ခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်က TNLA နဲ့ အချေအတင်ပြဿနာဖြစ်ပွားခဲ့တာ နောက်ဆုံးဖြစ်ပြီး လက်ရှိအချိန်ထိ ထပ်မံထိပ်တိုက်တွေ့ဆုံတာမျိုးတွေ မရှိတော့ဘူးလို့ KIA ဘက်က ပြောဆိုပါတယ်။ မြို့တွင်းရှိ ပြည်သူတချို့ကတော့ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေသေးတာကြောင့်ဆက်လက်စစ်ရှောင်နေကြတာတွေရှိတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ မိုးမိတ်မြို့ကနေ မဘိမ်းဘက်ကို ဦးတည်ပြီး စစ်တပ်ကထိုးစစ်ဆင်တာမျိုးမရှိသေးပေမဲ့ မိုးကုတ်ဘက်မှာတော့ ဆက်တိုက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။ မိုးကုတ်ရဲ့အရှေ့မြောက်ဘက် PDF တပ်ပေါင်းစုတွေရှိတဲ့ဘက်ကို စစ်တပ်ကဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေရှိတာကြောင့် PDF ဘက်က လက်လွှတ်ထားရတဲ့စခန်းတချို့လည်းရှိတယ်လို့ သိရပါတယ်။ မိုးမိတ်မြို့ကို TNLA မတိုက်ခိုက်ခင် လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး တစ်လနီးပါး KIA က အရင်ဆုံး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာ TNLA က သူတို့တိုက်ခိုက်မှာဖြစ်တဲ့အတွက် KIA ကဆုတ်ပေးဖို့ပြောဆိုခဲ့တာကြောင့် ဇန်နဝါရီလ ၂၈ ရက်နေ့ကစပြီး KIA က ဆက်မတိုက်တော့ဘဲ ရပ်နားခဲ့ကာ TNLA က မိုးမိတ်ကို ဆက်လက်တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်…
Read More »









