• Jan- 2026 -
    29 January
    သတင်း

    တနိုင်း ရွှေမှော်ပိတ်သွားတဲ့အတွက် ကုန်စိမ်းသည်တွေအရှုံးပေါ်

    ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့် ရွှေမှော်တွေပိတ်သွားတဲ့တွက် မှော်ဒေသက ကုန်စိမ်းသည်တွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။ တနိုင်းမြို့နယ် နမ်ဗျူ၊ လမုန်ချောင်းတစ်လျှောက် မှော်တွေနဲ့ ဝိုင်လောမှော်စတဲ့ ပယင်းမှော်၊ရွှေမှော်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA တို့ကြား စစ်ရေးတင်းမာနေတာ တစ်လကျော်ကြာလာပြီဖြစ်ပါတယ်။  ဒါကြောင့် မှော်ဒေသမှာရှိတဲ့ ကုန်စိမ်းသည်တွေအနေနဲ့ အရောင်းအဝယ်မဖြစ်တော့ပဲ ဟင်းသီး၊ဟင်းရွက်အားလုံး ပုပ်သိုးကုန်ပြီလို့ တနိုင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ရှုံးတယ်၊ မုန်ညှင်းတွေဆိုလည်း ၅,၀၀၀ ဖိုးဆိုရင် အများကြီးရတယ်။ မနှစ်တုန်းကတော့ မုန်ညှင်းတစ်စီးကို ၁,၀၀၀ ကနေ ၁,၅၀၀ ဟုတ်တယ်။ အခုတော့ ၅၀၀ နှုန်းဖြစ်လာတာပေါ့။မှော်တွေပိတ်တော့ အခင်းလုပ်တဲ့သူတွေလည်း အရှုံးပေါ်တယ်လို့ ပြောတယ်။ မုန်လာပန်းတွေလည်း ၅,၀၀၀ ဆို ၄ ပွင့်အထိရတယ်။ အများကြီးရတယ်လို့ ပြောလို့ရတယ်။ မနှစ်တုန်းကဆို ကုန်စိမ်းသည်တွေ စျေးရတယ်လေ”လို့ တနိုင်းမြို့နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မှော်မပိတ်ခင်က မုန်လာပန်းတစ်ပွင့်ကို ၅,၀၀၀ ဝန်းကျင်ရခဲ့ပေမယ့် လက်ရှိမှော်တွေအားလုံးပိတ်ုလိုက်တဲ့အတွက် ဟင်းသီး၊ဟင်းရွက်ရောင်းဖို့အလွန်ခက်ခဲသွားပြီလို့သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်ကျော်ကတည်းက အဲဒီမှော်ဒေသတွေမှာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားလာတဲ့နောက် ပြည်သူ့စစ်နဲ့စစ်တပ်တွေဟာ မှော်တွေထဲက ပြည်သူအားလုံး ထွက်လာကြဖို့ အမိန့်ပေးထားတဲ့အပြင် မှော်တွေအားလုံးကိုပိတ်လိုက်တယ်လို့သိရပါတယ်။ ဒါ့အပြင် မှော်လုပ်ကွက်တွေတစ်ဝိုက်ကိုလည်း မိုင်းတွေထောင်ထားတယ်လို့ပြောဆိုထားတာကြောင့် မှော်ဒေသတွင်းနေထိုင်တဲ့ပြည်သူတွေဟာ တနိုင်းမြို့ပေါ်လာရောက်တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ဒါကြောင့် လက်ရှိ တနိုင်းမြို့ထဲမှာ အခန်းခတွေလည်း စျေးအဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။  ဒ့ါအပြင် လက်ရှိ မှော်တွေပိတ်သွားတာကြောင့် မှော်တွေဘက်ကိုတင်ပို့ဖို့ မြစ်ကြီးနားဘက်ကနေ တနိုင်းကို သယ်လာတဲ့ကုန်စိမ်းတွေလည်း ပျက်စီးပုပ်သိုးကုန်ပြီး စျေးသည်တွေ အရှုံးပေါ်တာတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။  ခုလို စစ်ရေးအခြေနေကြောင့် တနိုင်းမြို့တွင်း အလုပ်လက်မဲ့လူတွေ ပေါများလာပြီး သူခိုးတွေ၊ မူးယစ်သောင်းကျန်းမှုတွေ ပိုမိုဆိုးရွားလာတာမျိုးတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ “မှော်တွေပိတ်လိုက်တော့ တနိုင်းမြို့ထဲကို လာရောက်စုပြုံစစ်ရှောင်ကြတော့ အခန်းခတွေ စျေးတက်လာတယ်။ မှော်တွေဘက်ကိုပို့ဖို့ ယူထားတဲ့ ကုန်စိမ်းတွေလည်း ပျက်စီးကုန်တယ်။ ဒီနှစ်က တနိုင်းမှာလည်း မိုးမကောင်းလို့ အခင်းလုပ်တဲ့သူတွေလည်း နဂိုကတည်းက အရှုံးပေါ်နေတာ ဟုတ်တယ်။ မှော်ပိတ်လိုက်ပြီဆိုတော့ အလုပ်အကိုင်မရှိတဲ့သူတွေ တော်တော်များလာပြီး ခိုးမှုတွေများလာတယ်။ မူးယစ်ဆေးသမားတွေ များလာတာတွေရှိတယ်။ စျေးသည်တွေကတော့ မှော်တွေမဖွင့်တော့ အရင်လို စျေးမရောင်းကောင်းတော့ဘူးပေါ့။”လို့ တနိုင်းဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောဆိုပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် – KIA ထိန်းချုပ်ထားတဲ့ လမုန်ချောင်းရွှေမှော်၊ ဝိုင်လောမှော်တွေကို စစ်တပ်နဲ့ ပူးပေါင်းတပ်တွေဖြစ်တဲ့ မင်းဇေသန့်ပြည်သူ့စစ်၊ ရှမ်းနီပြည်သူ့စစ် SNA တွေက ပြန်လည်ရယူလိုတာကြောင့် ဆက်တိုက် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။  တနိုင်းဒေသဟာ မှော်တွေကို အဓိကမှီခိုပြီး ကုန်စည်စီးဆင်းဖလှယ်ကာ စီးပွားဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူတွေများတာကြောင့် အခုလို မှော်တွေပိတ်လိုက်တဲ့အတွက် ကြပ်တည်းမှုတွေနဲ့ ကြုံလာရတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 28 January
    သတင်း

    ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ကူညီနိုင်ဖို့ ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်လို့ KIO ပြော

    ကချင်ပြည်နယ် ဗန်းမော်၊ ကောင်ဂျာရွာမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ပြည်သူတွေကို ကူညီပေးနိုင်ဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တာဝန်ယူဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပြီလို့ KIO ပြောပါတယ်။ လေကြောင်းအန္တရာယ်ကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို ကူညီနိုင်ဖို့ တာဝန်ပေးညှိနှိုင်းဆောင်ရွက်ထားပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဆေးရုံတက် ကုသပေးနေတဲ့ တစ်ချို့က ဒဏ်ရာတွေသက်သာလာလို့ ဆေးရုံဆင်းခိုင်းတာတွေတော့ရှိနေပါပြီ။ ကလေးငယ် နှစ်ယောက်နဲ့ လူကြီးပိုင်း ၆ ယောက်ခန့်က ဒဏ်ရာပြင်းထန်တော့ အချိန်ယူပြီး ကုသရအုံးမှာပါ။ နောက်နေအိမ်ပျက်စီးသွားတာတွေ၊ ထိခိုက်သွားတဲ့ သူတွေကို ကူညီစောင့်ရှောက်နိုင်ဖို့ ကော်မတီဖွဲ့ပြီး လုပ်ဆောင်ပေးဖို့ ပြင်ဆင်ထားပါပြီ”လို့ပြောပါတယ်။ လက်ရှိမှာ ကလေးငယ် သုံးဦးအပါ ပြည်သူ ၆ ဦးခန့်က ပြင်းထန်ဒဏ်ရာကြောင့် အချိန်ယူကုသရအုံးမှာဖြစ်တယ်လို့ KIO ပြောပါတယ်။ ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်  အရပ်သားပြည်သူ ထိခိုက်၊ သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်ခန့်ရှိခဲ့ပြီး ၂၂ ယောက်က ပွဲချင်းပြီးသေဆုံးမှုရှိခဲ့ပါတယ်။ အသက်လွတ်မြောက်လာတဲ့ ပြည်သူ ၂၈ ယောက်ထဲမှာ အယောက် ၂၀ ကျော်က ဆေးရုံတင်ကုသခံယူခဲ့ရပြီး အဲဒီထဲမှာ လသားအရွယ်ကလေးငယ် တစ်ဦးနဲ့ ၇ နှစ်အရွယ် ကလေးငယ် နှစ်ဦးပါဝင်တယ်လို့သိရပါတယ်။ လသားအရွယ်ကလေးငယ်က မျက်နှာပေါ် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မျက်လုံးနှစ်ဖက်စလုံးလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူဆက်ဆိုပါတယ်။ “လသားအရွယ်ရှိတဲ့ ကလေးငယ်ကလည်း တော်တော်လေးကောင်းမွန်လာပြီ။ မျက်နှာပေါ်ထိသွားတယ်ဆိုတော့ မျက်လုံးတွေလည်း အခုကပွင့်လာပြီ။ နောက် ၇ နှစ်အရွယ် ကလေးငယ် ၂ ယောက်လည်း ကျန်မာစွာရှိနေပါတယ်”လို့ပြောပါတယ်။ အဆိုပါ လသားကလေးငယ်တစ်ဦးနဲ့ ၇ နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ နီးစပ်တဲ့ပြည်သူတွေက အကူအညီတောင်းခံနေတာလည်းတွေ့ရပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲနေရာမဟုတ်တဲ့ ထီးလင်း၊ ကောင်ဂျာရွာတဝိုက်ကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်အချိန် ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာဟာ နာရေးဆုတောင်းပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ နေအိမ်မှာ ကျမှန်ခဲ့တာကြောင့် အရပ်သားပြည်သူ အများစွာထိခိုက်သေဆုံးမှုရှိခဲ့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 28 January
    သတင်း

    တနိုင်းနဲ့ ဝိုင်းမော်မြို့မှာ တိုက်ပွဲဆက်ပြင်းထန်နေ

    ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းကနေ ကချင်ပြည်နယ်ထဲက တနိုင်း၊ ဝိုင်းမော်စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲပြင်းလျက်ရှိနေပြီး တစ်နှစ်ကျော်ခန့် မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

    Read More »
  • 27 January
    သတင်း

    အရပ်သားပြည်သူ ထိခိုက်မှုရှိခဲ့တဲ့ ဖားကန့်ရွေးကောက်ပွဲ

    ဖားကန့်မှာ စစ်ကောင်စီ ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနေ့ရက်မှာ နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွေးကောက်ပွဲပြီးဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ တတိယအကြိမ်ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ထဲက တိုက်ပွဲဧရိယာဖြစ်တဲ့ ဖားကန့်မြို့နယ် ပါဝင်ခဲ့ပြီးတော့ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ဇန်နဝါရီလ…

    Read More »
  • 27 January
    သတင်း

    ကသာမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေရှိနေပေမဲ့ စာရင်းအတိအကျအတည်ပြုဖို့ခက်ခဲနေ

    စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ တိုက်ပွဲအတွင်းနှစ်ဖက်လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှု တွေအကြား အရပ်သားသေဆုံးမှုများရှိနေပေမဲ့ စာရင်းအတိအကျအတည်ပြုဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်နေ့ မြို့သိမ်းတိုက်ပွဲစဖြစ်တဲ့နေ့ကစလို့ ကသာမြို့ခံအများစုဟာ‌ဘေးလွှတ်ရာတွေကိုထွက်ပြေး နေကြရပြီး အဲ့ဒီရက်ပိုင်းအတွင်းနှစ်ဖက်ပစ်ခတ်မှုတွေပြင်းထန်ခဲ့တာကြောင့် အရပ်သားတွေထွက်ပြေးကြရင်း…

    Read More »
  • 27 January
    သတင်း

    မိုးညှင်းမြို့ပေါ်က လောင်းကစားဝိုင်းများကြောင့် လူမှုဘဝပျက်ပြားမှု ရှိလာ

    ကချင်ပြည်နယ် မိုးညှင်းမြို့က လောင်းကစားဝိုင်းတွေကြောင့် မိသားစုတွေ ပြိုကွဲပြီး ဘဝပျက်သူတွေ များပြားလာတယ်လို့ ဒေသခံတွေဆီနေ သိရှိရပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ လက်ရှိမိုးညှင်းမြို့မှာ ရပ်ကွက်ကြီး ၂၂ ခုရှိပြီး ရပ်ကွက်တိုင်းလိုလိုမှာ လောင်းကစားရုံ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ‌အောင်သပြေရပ်ကွက်…

    Read More »
  • 27 January
    သတင်း

    တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီးနောက် NSCN-K ယုန်းအောင်အဖွဲ့ကို လက်နက်ချဖို့ အန်းမိုင်းအဖွဲ့ သတိပေး

    ကချင်ပြည်နယ် အနောက်ဖက်၊ အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ NSCN-K ယုန်းအောင်နဲ့ အန်းမိုင်းအဖွဲ့တွေ တိုက်ပွဲခပ်စိပ်စိပ် ဖြစ်လာပြီးတဲ့နောက် ယုန်းအောင်တပ်ဖွဲ့ဝင်တွေကို လက်နက်ချဖို့ NSCN-K အန်းမိုင်းအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။ ဒီတစ်လထဲ နာဂဒေသမှာ နာဂလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ NSCN-K ယုန်းအောင်နဲ့ NSCN-K အန်းမိုင်း အဖွဲ့တွေကြား တိုက်ပွဲသုံးကြိမ်တိတိ ဖြစ်ပွားပြီးတဲ့နောက်မှာတော့ အန်းမိုင်းဦးဆောင်တဲ့အဖွဲ့က NSCN-K ယုန်းအောင်ရဲ့ တပ်သားတွေအားလုံးကို လက်နက်ချပြီး မိမိရပ်ရွာ၊ မိမိနေအိမ်မှာ…

    Read More »
  • 26 January
    သတင်း

    မြေရှားသတ္တုကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေမည့် နည်းလမ်းဖြင့် တူးဖော်ဖို့ ညှိနှိုင်းထားတယ်လို့ KIO ပြော

    တရုတ်ကုမ္ပဏီတွေဘက်ကတော့ တောင်တစ်တောင်ကို မြေရှားတူးပြီးနောက် အမှိုက်အိတ်တွေကို နိုင်သမျှ သိမ်းစည်း သွားတာကလွဲပြီး ပတ်ဝန်းကျင်ကို ပြန်လည်မွမ်းမံပြင်ဆင်ပေးတာ မရှိသေးဘူးလို့ လုပ်သားတွေက ပြောပါတယ်။

    Read More »
  • 26 January
    သတင်း

    ဝိုင်းမော်မြို့မှာ အမျိုးသားတစ်ဦး မြေမြုပ်မှိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အမျိုးသားတစ်ဦး မြေမြုပ်မှိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရှိရပါတယ်။ ဖြစ်စဥ်ကတော့ ဒီမနက် ၁၂နာရီကျော်အချိန်  ဝူယန်ကျေးရွာမှာ အသက် ၅၄ နှစ်အရွယ် ဦးဆုပန်ဆိုတဲ့ အမျိုးသားတစ်ဦး ဟာ အိမ်အပြင် ထွက်ရင်းနဲ့ မြေမြုပ်မှိုင်းနင်းမိပြီး…

    Read More »
  • 26 January
    သတင်း

    အင်းတော်ကြီးဒေသ စည်းကမ်းမဲ့ ရွှေတူးဖော်မှုကြောင့် ထိခိုက်ပျက်စီးမှု ပိုများလာ

    ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စည်းကမ်းမဲ့ရွှေတူးဖော်မှု တစ်နေ့ထက်တစ်နေ့ ပိုဆိုးရွားလာတဲ့အတွက် ထိခိုက်ပျက်စီးမှုတွေများလာတယ်လို့ ဒေသခံတွေပြောပါတယ်။ အင်းတော်ကြီးဒေသ မမုန်ကိုင်ရွာနဲ့ မိုင်းနောင်၊လုံးတုံကျေးရွာတွေဘက်မှာ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ဝန်းကျင်ကစပြီး ရွှေတူးဖော်မှု သိသိသာသာများလာရာကနေ ၂၀၂၁ ခုနှစ်အာဏသိမ်းပြီးနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေဟာ အထိန်းအကွပ်မဲ့လာပြီး လတ်တလော မိုင်းနောင်ကျေးရွာမှာ ရွာဧရိယာအတွင်းထိ ရွှေတူးနေကြပြီလို့ မိုင်းနောင်ဒေသခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “မိုင်းနောင်မှာ အခြေနေတော်တော်ဆိုးနေပြီ လူမနေတဲ့ အိမ်ဝင်းတွေလည်း လိုက်ဝယ်နေကြပြီ။ ပြီးတော့ သစ်တောရုံးလို အစိုးရရုံးနေရာတွေ၊ ပြီးရင် ကချင်တွေရဲ့ ဆုတောင်းတောင်အနီးအားလုံးရွှေတူးနေပြီ။“ လို့ပြောပါတယ်။ KNG သတင်းဌာနရရှိထားတဲ့အချက်လက်အရ အထက်ဖော်ပြပါ ကျေးရွာ (၃) ရွာအနက် မိုင်းနောင်ရွာဟာ အဆိုးရွားဆုံးဖြစ်ပြီး ရွာရဲ့ သုံးပုံ တစ်ပုံရွှေတူးဖော်လိုက်ပြီလို့…

    Read More »
Back to top button