• Jan- 2026 -
    8 January
    သတင်း

    နမ့်အွမ်ထိန်းသိမ်းနယ်‌မြေမှာ နေရာယူထားတဲ့ကိုးကန့်တပ်နဲ့ဒေသခံတို့ကြား မြေနေရာကိစ္စသဘောတူညီမှုမရရှိသေး

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့ မြေနေရာမှာ ကိုးကန့်တပ် နေရာယူလိုက်တာနဲ့ပတ်သက်ပြီး နေရာဖယ်ပေးဖို့ ဒေသခံတွေဘက်က တောင်းဆိုမှုအပေါ် သဘောညီမှုမရရှိ‌သေးကြောင်း ဒေသခံတွေက ပြောပါတယ်။ နမ့်အွမ်ရွာသားတွေ ထိန်းသိမ်းထားတဲ့မြေနေရာမှာ ဆေးရုံတည်ဆောက်ဖို့ လျာထားပေမဲ့ ကိုးကန့် MNDAA တပ်ဖွဲ့က…

    Read More »
  • 7 January
    သတင်း

    တနိုင်းပယင်း‌မှော်ဘက်ကျန်နေတဲ့ပြည်သူတွေထွက်လာကြဖို့ စစ်တပ်က ဒုတိယအကြိမ်သတိပေး

    ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက ရွှေမှော်၊ပယင်းမှော်တွေဘက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်နေပြီး မှော်ထဲမှာကျန်နေတဲ့ပြည်သူတွေအားလုံးထွက်လာကြဖို့ ထပ်မံသတိပေးထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ တနိုင်းမြို့နယ်ထဲက နမ်ဗျူ၊လပူခ၊လမုန်ခ၊ဝေလွန်စတဲ့ရွှေမှော်နဲ့ပယင်းမှော်တွေဘက်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းလက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေပြီး မှော်ထဲက မထွက်လာသေးတဲ့ပြည်သူတွေကိုလည်းထွက်လာကြဖို့ထပ်မံသတိပေးထားကြောင်း လမုန်ခမှော်ကနေပြန်လာတဲ့ ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…

    Read More »
  • 7 January
    သတင်း

    ဝန်းသိုနယ်မှာ စစ်တပ်ကစစ်ကြောင်းထိုးနေ‌ပေမယ့် တိုက်ပွဲဖြစ်ပွားခြင်းမရှိ‌သေး

    စစ်ကိုင်းနဲ့ကချင်အစပ် ဝန်းသိုမြို့နယ်ထဲက ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပေမယ့် နှစ်ဖက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေ့မရှိသေးဘူးလို့ ဝန်းသိုမြို့က ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ညပိုင်းကစလို့ တော်လှန်ရေးအင်အားစုတွေက ဝန်းသိုမြို့ကိုဝင်တိုက်တော့မှာဖြစ်ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့နောက်ဆုံးထားပြီး ဒေသခံတွေလည်းဘေးလွှတ်ရာတွေမှာကြိုတင်တိမ်းရှောင်ကြဖို့ သတင်းတွေ ထွက်လာခဲ့ပြီးနောက်…

    Read More »
  • 7 January
    သတင်း

    NSCN-K အန်းမိုင်းအဖွဲ့ ပန်ဆောင်မြို့ထဲ ဝင်ရောက်လာပြီး တိုက်ပွဲ ဖြစ်ပွားလာမှာ စိုးရိမ်နေ

    ကချင်ပြည်နယ် အနောက်ဖက် စစ်ကိုင်း–အိန္ဒိယ နယ်စပ် ပန်ဆောင်မြို့နယ်ခွဲထဲမှာ နာဂလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ NSCN-K(YA) နဲ့ NSCN-K (AM) ကြား အခြေအနေတင်းမာနေတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ဗိုလ်ချုပ် အန်းမိုင်း ဦးဆောင်တဲ့ NSCN-K(AM) တပ်ဖွဲ့အင်အား လေးဆယ်ကျော်ဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက်…

    Read More »
  • 6 January
    သတင်း

    ကသာ စစ်ဘေးရှောင်တွေကို စေတနာထားကူညီကြတဲ့ ဧရာဝတီမြစ်ဘေးက ကျေးရွာများ

    ကသာမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာတာနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေး‌ရှောင်တွေအပေါ် စေတနာထား ကူညီကြတဲ့ ကသာမြို့ပြင် ဧရာဝတီမြစ်ဘေးကကျေးရွာတွေကို ကျေးဇူးတင်ကြောင်း စစ်ဘေးရှောင်တချို့က KNG ကို ပြောကြပါတယ်။ ကသာမြို့တွင်း နေထိုင်ကြတဲ့ မြို့လုံးကျွတ်ဒေသခံတွေဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရပြီး ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့နဲ့…

    Read More »
  • 6 January
    သတင်း

    စစ်ဘေးရှောင်တွေများလာတဲ့တနိုင်းမြို့ပေါ်မှာ အိမ်ငှားခတွေ စျေးမြင့်တက်လာ

    ကချင်ပြည်နယ် တနိုင်းမြို့ပေါ်မှာ မှော်ဒေသက ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေများလာတာကြောင့် အိမ်ငှားခနဲ့အခန်းခတွေ စျေးအဆမတန်မြင့်တက်လာတယ်လို့ သိရပါတယ်။ တနိုင်းမြို့ပေါ်မှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းအထိ လုံးချင်းအိမ်တစ်လုံးကို တစ်လ ကျပ်နှစ်သိန်း၊ အိမ်ခန်းသီးသန့်တစ်ခန်း နှစ်သောင်း ရှိရာကနေ ဒီဇင်ဘာလဆန်းပိုင်းမှာတော့…

    Read More »
  • 5 January
    သတင်း

    နေအိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းများပြန်ယူတဲ့ ကသာစစ်ဘေးရှောင် တချို့ သေဆုံး

    ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ နေအိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေပြန်ယူရင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။ မဘိမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်နေတဲ့ ကသာမြို့ခံအမျိုးသမီးတစ်ဦးက “မြို့ပြင်ထွက်ပြီးသားလူတွေက ပစ္စည်းသွားယူတဲ့ သူတွေ ဘာတွေက ဗုံးမှန်လို့သေတာနဲ့ဘာနဲ့ဆိုတော့ ကျမတို့လည်း ကြောက် ကြတယ်။ မြို့ပေါ်ကျန်နေတဲ့သူတချို့ကတော့ ဘာမှမဖြစ်ဘူး…

    Read More »
  • 5 January
    သတင်း

    ကုန်တွဲကား အခွန်တိုးမြှင့်မှုကို လျှော့ပေါ့ပေးဖို့ ကားသမားအချို့ တောင်းဆို

    မြစ်ကြီးနား–ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးလမ်းတစ်လျှောက်မှာ ပြေးဆွဲနေတဲ့ ကုန်တွဲကားတွေကို အခွန်တိုးမြှင့်ကောက်ခံမှုကြောင့် ကားသမားတွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ၂၀၂၆ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရက ကုန်တွဲကားတွေကို တစ်နှစ်စာ အခွန်ကျပ် ၂၅သိန်း ပေးဆောင်ခိုင်းနေပေမယ့် ငွေပေးချေမှု ဖြတ်ပိုင်းမှာတော့ သိန်း ၂၀ သာ ရေးထားတယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက တစ်နှစ်စာ…

    Read More »
  • 2 January
    သတင်း

    စစ်တပ်ရဲ့ သွေးကွဲစေမည့် တိုက်ခိုက်မှုများကို သတိပြုဖို့ KIO ဥက္ကဌက နှစ်သစ်မိန့်ခွန်းမှာ ပြောဆို

    အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ စည်းလုံးပြီး အင်အားကြီးထွားလာမှာကို စိုးရိမ်နေတဲ့အတွက် တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အုပ်စွဲကွဲသွားအောင် ပြည်သူ့စစ်၊ BGF ခေါင်းစဉ်အမျိုးမျိုးနဲ့လက်နက်တပ်ဆင်ပေးကာ တိုက်ခိုက်နေတာကို ပြည်သူတွေသတိထားဖို့ KIO ဥက္ကဌ က ပြောပါတယ်။ “တော်လှန်ရေးတပ်ဖွဲ့ကြား၊ လူမျိုးအချင်းချင်းကြား အုပ်စုကွဲသွားအောင် ပြည်သူ့စစ်၊…

    Read More »
  • 2 January
    သတင်း

    ကသာမြို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုတွေရှိ

    စစ်ကိုင်း–ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ပတ္တမြားရပ်ကွက်က ဈေးနဲ့ အထက ၂ ကျောင်းက အဆောက်အဦးတချို့ မီးလောင်ပျက်ဆီးမှုတွေရှိနေတယ်လို့ ကသာမြို့ခံတွေကပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ ကသာမြို့နဲ့ ၁၅ မိုင်အကွာ မိုးတာလေးတိုက်နယ်ထဲကကျေးရွာတစ်ရွာလေကြောင်း တိုက်ခိုက်ခံခဲ့ရပြီး အရပ်သား…

    Read More »
Back to top button