• Nov- 2025 -
    7 November
    သတင်း

    ကားလမ်းပိတ်နေတဲ့အတွက် ပူတာအို – မြစ်ကြီးနားလေယာဉ်လက်မှတ်စျေးထိုးတက်

    ကချင်ပြည်နယ်၊ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်နေတဲ့အတွက် လေကြောင်းလိုင်းတွေကြပ်ပြီးလေယာဥ်လက်မှတ်စျေးနှုန်းတွေတဟုန်ထိုးမြင့်တက်သွားကြောင်း လေယာဥ်လက်မှတ်အ‌ ရောင်းဌာနက သိရပါတယ်။ မြစ်ကြီးနား–ပူတာအိုလေယာဥ်လက်မှတ်စျေးနှုန်းပုံမှန်အားဖြင့် ကျပ် ၃၅၀၀၀၀ ( သုံးသိန်းခွဲ)နဲ့ ကျပ် ၄၀၀၀၀၀( လေးသိန်း) ကြားရှိရာကနေ ကားလမ်းပိတ်သွားတဲ့နောက် ကျပ် ၅၀၀၀၀၀(ငါးသိန်း) ကျော်အထိ တက်သွားကြောင်း…

    Read More »
  • 6 November
    သတင်း

    ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

    ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေ ကြားရပြီးနောက် ယူမာကျေးရွာနဲ့ ဖားကန့် – ဆိုင်းတောင်သွားလမ်းမကြီးပေါ်မှာ သေဆုံးနေတဲ့ရုပ်အလောင်းတွေ့ရတယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ည မရှီကထောင်၊ ဆိုင်းတောင်ဘက်ခြမ်းမှာ ပစ်ခတ်သံတွေကြားရတယ်။ ဘယ်အဖွဲ့ကပစ်တာဆိုတာမသိသေးဘူး။ သေဆုံးသူနှစ်ဦးလည်း ဘယ်သူရယ်မသိသေးဘူးဗျ”လို့ပြောပါတယ်။ ပစ်သတ်ခံရတဲ့ အမျိုးသား နှစ်ဦးအနက် ဆိုင်ကယ်အပါ လမ်းမပေါ်မှာ သေဆုံးသူက ယူမာကျေးရွာတွင်းဖြစ်ပြီးတော့ နောက်ထပ်အမျိုးသားတစ်ဦးကတော့ ဖားကန့် – ဆိုင်းတောင်သွား လမ်းမပေါ်မှာ သွေးထွက်သံယိုများပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားနှစ် ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ အချိန်ကျော်လွန်ပြီး သွားလာတာကြောင့် ပစ်ခတ်ခံရတာဖြစ်တယ်လို့လည်း သတင်းအရင်းအမြစ်တွေပြောပါတယ်။ ဒါ့အပြင် လက်ရှိ သေဆုံးမှုဖြစ်ခဲ့တဲ့ နေရာတွေဟာ စစ်ကောင်စီတပ်ဘက်က နေရာယူထားတဲ့ ပတ်ဝန်းကျင်တဝိုက်မှာ ဖြစ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဖားကန့်မှာ တိုက်ခိုက်သံတွေငြိမ်သက်သွားတာ တစ်လနီးပါးခန့် ကြာမြင့်လာပေမယ့် အရပ်သားပစ်သတ်ခံရမှုတွေ ဆက်ရှိနေသေးတာဖြစ်တယ်လို့ ဖားကန့် အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “ဖားကန့်စစ်ရေးအခြေအနေက အရင်လို ပြင်းပြင်းထန်ထန်တော့မရှိတော့ဘူး ငြိမ်နေတာပေါ့လေ။ ပြည်သူတွေက စစ်ပွဲတွေထပ်ဖြစ်လာမှာကို စိုးရိမ်နေကြတာပေါ့။ တိုက်ပွဲပဲ မဟုတ်ဘူး စုဆောင်းရေးဆွဲတဲ့အသံတွေလည်း ဒီရက်ပိုင်းက ပြန်ငြိမ်သွားတယ်။ တန်ဆောင်မုန်းလပြည့်ရက်တွေကြောင့်လားတော့မသိဘူး။ ပြည်သူတွေလည်းသွားလာကြနေတာတွေ့ရပါတယ်။ အခုလို ပစ်သတ်ခံရတာတွေတော့ ရှိနေသေးတော့ ဂရိုက်စိုက်ပြီးမှတော့ နေထိုင်ကြတာပေါ့”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ မြစ်ကြီးနားနဲ့ ဖားကန့် မြို့နှစ်ခုမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ည ၁၀ နာရီကနေ မနက်ပိုင်း ၄ နာရီအထိ ညမထွက်ရ အမိန့်စာထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဖားကန့်မှာ ပြီးခဲ့တဲ့ မေလကတည်းကနေ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်လာပြီးနောက် စက်တင်ဘာလအထိ တိုက်ပွဲတွေပြင်းထန်ခဲ့သလို အရပ်သားသေဆုံးမှုတွေလည်း နေ့စဉ်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲကြောင့် လက်နက်ကြီးကျမှန်ပြီးသေဆုံးမှုရှိခဲ့တဲ့ဖြစ်စဉ်၊ ကျေးရွာတွေမှာ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး အကြောင်းမဲ့ပစ်သတ်ခံရတဲ့ဖြစ်စဉ်၊ ဖားကန့် တပ်မကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ကျေးရွာအတွင်း ကျမှန်ပြီး အရပ်သားပြည်သူ သေဆုံးတဲ့ ဖြစ်စဉ်တွေ လနဲ့ချီ ဖြစ်စဉ်အသီးသီးရှိခဲ့ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 6 November
    သတင်း

    မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ဓားထိုးမှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ရက်အတွင်း ဓားထိုးမှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့  ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ် ၂ ခုထဲက ပထမဖြစ်စဉ်ကတော့ နိုဝင်ဘာလ ၆ ရက်နေ့ ဒီကနေ့မနက် ၉ နာရီခွဲဝန်းကျင် ကျွန်းပင်သာရပ်ကွက်မှာ ငှားရမ်းနေထိုင်ကြတဲ့ လင်မယားအပြန်အလှန်စကားများ ရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးဖြစ်သူကို ဓားဖြင့်ထိုးခဲ့တယ်လို့ သိရပါတယ်။ ဓားထိုးခံရတဲ့ အမျိုးသမီးကတော့ လက်၊ ခြေထောက်နဲ့ နဖူးတွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဓားထိုးခဲ့တဲ့ အမျိုးသားဖြစ်သူကိုတော့ တာဝန်ရှိသူတွေကနေပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေး အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “ဖြစ်ချင်တော့ အဲအမျိုးသမီးရဲ့ သမီးကို ထိုးတာလို့ပြောတယ်။ အဲလိုမျိုးထိုးတာကို အဲအမျိုးသမီးက ကာပေးလို့ သူဘဲအထိုးခံလိုက်ရတာပါ။ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူးလို့”ဆိုပါတယ်။ ဒုတိယဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့် နိုဝင်ဘာ ၄ ရက်နေ့ည  ၇ နာရီဝန်းကျင် ဂျန်မိုင်ကောင်ရပ်ကွက်၊ လမ်းသွယ် ၇ ဖြစ်ပွားခဲ့တာဖြစ်ပြီး  အသက် ၄၁ နှစ်အရွယ်အမျိုးသားတစ်ဦးကို အိမ်တန်းလျားတစ်ခုတည်းမှာ အတူငှားနေတဲ့ တစ်ခြားအမျိုးသားတစ်ဦးကနေပြီးတော့ ဝမ်းဗိုက်ကို  ဓားနဲ့ ထိုးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဓားထိုးခံရတဲ့ အမျိုးသားကိုတော့ ဧရာဝတီ လူမှုကယ်ဆယ်ရေးအသင်းကနေပြီးတော့ ဆေးရုံကို အချိန်ပို့ဆောင်ပေးနိုင်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်စရာတော့ မရှိတော့ဘူးလို့ သိရှိရပေမယ့်လည်း ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ပြီးခဲတဲ့လတွေတုန်းကလည်း မောင်နှမချင်း၊ သားအဖချင်း၊ သူငယ်ချင်း အချင်းချင်း ဓားခုတ် ဓားထိုးမှုတွေကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့တာ ဖြစ်ပါတယ်။ KNGကနေ ကောက်ယူရရှိထားတဲ့ အချက်အလက်ဒေသာတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က  ရမ်ပူရပ်ကွက် နယ်မြေ (၁၃) နေအိမ်တစ်အိမ်မှာ မောင်နှမချင်း စကားများရန်ဖြစ်ရာ မောင်ဖြစ်သူက အစ်မဖြစ်သူကို ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာဘဲ ဖြစ်ပါတယ်။…

    Read More »
  • 5 November
    သတင်း

    ဗန်းမော်တိုက်ပွဲရပ်တန့်မှုမရှိဘဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြော

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တရုတ်အာဏာပိုင်တို့တွေ့ဆုံခဲ့ပြီးနောက် ဗန်းမော်တိုက်ပွဲငြိမ်သက်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေပြင်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ လက်ရှိ ဗန်းမော်ကနေ မိုးမောက်သွားတဲ့လမ်း ဗန်းမော်တက္ကသိုလ်ဝင်းနေရာ၊ ၃ မိုင်နေရာနဲ့ ခလရ ၄၇ တပ်ရင်းအနီးတဝိုက်တွေမှာ နှစ်ဖက်တပ်အကြားတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “ဗန်းမော်တိုက်ပွဲက နေ့တိုင်းလိုတိုက်ပွဲရှိပါတယ် နမ့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ ဘက်ခြမ်း လက်နက်ကြီးတွေပစ်ပြီး ခြေလျင်နဲ့ ထိုးတော့တိုက်ပွဲဖြစ်တယ်။ ပြီးရင် ၃ မိုင် ၊ ခလရ ၄၇ သွားတဲ့လမ်း တစ်လျှောက် နေ့တိုင်းလိုဖြစ်နေတယ်။ စစ်တပ်ဘက်ကနေ ထိုးနေပေမယ့် KIA နေရာယူထားတဲ့ဘက်ကို ထိုးဝင်လာနိုင်တာမျိုးတော့မရှိဘူး။ KIA ဘက်ကလည်း နေရာအသစ်သိမ်းယူနိုင်တာမရှိသလို လက်လွတ်လိုက်ရတဲ့နေရာလည်းမရှိပါဘူး”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တရုတ်အာဏာပိုင်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံခဲ့ပြီးနောက် တိုက်ပွဲငြိမ်သက်သွားပြီဖြစ်တဲ့အကြောင်း ဗန်းမော်တိုက်ပွဲနဲ့ပတ်သက်ပြီး လူမူကွန်ယက်စာမျက်နှာပေါ်မှာ သတင်းတွေအမျိုးမျိုးထွက်ပေါ်လာပါတယ်။ ဒါပေမယ့် မြေပြင်အခြေနေမှာတော့ စစ်တပ်ကဘက်နေ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း သိသိသာသာထိုးစစ်ဆင်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက် မြို့တွင်း နေရာ ၃ နေရာမှာ တိုက်ပွဲနေ့တိုင်းနီးပါးပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေ ပြောပါတယ်။…

    Read More »
  • 3 November
    သတင်း

    ၆၀ မမ ဗုံးသီးကိုထုရိုက်ရာကနေ ပေါက်ကွဲပြီး အမျိုးသား ၂ ဦးသေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ စစ်ကျန်လက်နက်ပစ္စည်း ၆၀ မမ ဗုံးသီးက ယမ်းကိုထုတ်ဖို့ ကြိုးစားရင်း ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား ၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်ကတော့ နိုဝင်ဘာလ ၂ ရက်နေ့ မနေ့က ညနေပိုင်း…

    Read More »
  • 3 November
    သတင်း

    ပူတာအို-မြစ်ကြီးနားလမ်းပိုင်း အတက်အဆင်းခွင့်ပြုပေမယ့် ကန့်သတ်ချက်တွေရှိနေ

    ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း အတက်အဆင်းခွင့်ပြုလိုက်ပေမယ့် ကန့်သတ်ချက်တွေများစွာရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့  စစ်ကောင်စီတပ်ဘက်နေ ရုတ်တရက်ပိတ်ချလိုက်တဲ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းကို အောက်တိုဘာ ၃၁ ရက်နေ့က ပြန်ဖွင့်ပေးလိုက်ပေမယ့် အချိန်နဲ့ကုန်တစ်ချို့သယ်ယူခွင့်ကန့်သတ်ထားတယ်လို့ ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။ “အတက်အဆင်းတော့ရှိတယ်ဒီနေ့လည်းကားတွေထပ်ဆင်းကြမယ် အဆင်းတော့နည်းနည်းအဆင်ပြပေမယ့် အတက်(မြစ်ကြီးနားမှပူတာအိုသို့) ကတော့ပုံမှန်လို့မဟုတ်ဘူး သူတို့သွားဆိုတဲ့အချိန်သွားရတယ် ဂိတ်မှာစောင့်နေရတာပေါ့နော်။ နောက်ပြီးတော့ သူတို့တားမြစ်ထားတဲ့ပစ္စည်းတွေတင်လို့မရဘူး”လို့ သူကပြောပါတယ်။ လတ်တလော စစ်တပ်က ပူတာအို– မြစ်ကြီးနားလမ်းပိုင်း သယ်ယူခွင့်ကန့်သတ်လိုက်တဲ့ ပစ္စည်းတွေဟာ ဆေးဝါး၊မိုးကာနဲ့ စက်သုံးဆီတွေကို အဓိကပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ဒေသခံတွေပြောချက်အရ လတ်တလော ပူတာအိုကနေ မြစ်ကြီးနားအဆင်းကားတွေအတွက်အခက်အခဲမရှိပေမယ့် မြစ်ကြီးနားကနေ ကုန်တင်ပြီး ပူတာအိုဘက်တက်မယ့်ကားတွေက…

    Read More »
  • Oct- 2025 -
    31 October
    သတင်း

    ကောလင်းနဲ့ထီးချိုင့်ဒေသမှာ စစ်တပ်က Spy Balloons ကင်းထောက်မီးပုံးပျံတွေ အသုံးပြုလာ

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်နဲ့ထီးချိုင့်မြို့နယ်တွေမှာ ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မနက်ပိုင်း ၈ နာရီလောက်မှာဘဲ Spy Balloons လို့ခေါ်တဲ့ ကင်းထောက်မီးပုံးပျံတစ်လုံးတွေ့ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ “စပိုင်ဘောလုံးက ဒီမနက် ၈နာရီလောက်မှာ ဝန်းသိုနယ်ကလာပြီး ကောလင်းအရှေ့ခြမ်းမှာဝဲ ပြီးတော့ ထီးချိုင့်မယ်ထဲ…

    Read More »
  • 31 October
    သတင်း

    တိုင်းရင်းသားဒေသက ရိုးရာဆေးကုနည်းရဲ့နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ

    ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ လက်ရှိချိန်ထိ နာမကျန်းဖျားနာတဲ့အခါ  မိရိုးဖလာ ရိုးရာဆေးကုသနည်းတွေကို အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ဒီဆေးကုသနည်းတွေက မက်ခလောခြစ်တာ၊အပ်နဲ့သွေးဖောက်တာ၊ တောတောင်တွေမှာတွေ့တဲ့ သစ်ဖုသစ်ဥ ဆေးရွက်စတဲ့ ပါဝင်ပစ္စည်းတွေနဲ့ဆေးမြီတိုသဘောနဲ့ ဆေးကုသတာတွေ ဖြစ်ပါတယ်။ အဲဒီဆေးကုသမှုတွေထဲက မက်ခလောင်ခြစ်တာနဲ့ အပ်စိုက်ကုသတာတွေဟာ  သာမန်အဖျားတက်ပြီး ဖျားနာတာတွေ ၊ မူးဝေခေါင်းကိုက်တာတွေ၊ ညောင်းကိုက်တာတွေကို ပျောက်ကင်းစေတယ်လို့ ယုံကြည်ထားကြပြီး သစ်ဖုသစ်ဥ ဆေးရွက်တွေနဲ့ ပြုလုပ်ထားတဲ့ တောင်ပေါ်ဆေးတွေကို အသုံးပြုတာက ၉၆ပါးသော ရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့်လည်း အဲဒီရိုးရာဆေးကုသမှုတွေနဲ့ ရိုးရာဆေးဝါးတွေကို ဆေးသိပ္ပံအရကြည့်ရင် သေချာ သုတေသနပြုလုပ်ထားခြင်းလဲမရှိသလို  ထောက်ခံအသိအမှတ်ပြုထားခြင်းလည်း မရှိဘူးလို့ စစ်ဒေသ(၁ ) တိုက်ခိုက်ရေးနှင့် ကယ်ဆယ်ကုသရေး ဆေးတပ်ဖွဲရဲ့ ဆေးတပ်ဖွဲ့မူးဖြစ်တဲ့ ဒေါက်တာ Jacobက ခုလိုပြောပါတယ်။ “ကျွန်တော်တို့ အများစု ခေတ်မှီဆေးပညာကို လုပ်ကြတဲ့သူတွေကတော့ မက်ခလောင်ခြစ်တာကို ဘယ်လိုမြင်လဲဆိုတော့  ဒီခံစားနေရတဲ့အပေါ်မှာ အဲထက်ကြီးတဲ့ နာကျင်မှုတစ်ခု လုပ်လိုက်တဲ့အချိန်မှာ လက်ရှိခံစားနေရတဲ့ဝေသနာဟာ သက်သာသလို ခံစားသွားစေတယ်။ အဲလိုမျိုးဘဲ မြင်တယ်ခင်ဗျ”လို့ဆိုပါတယ်။ မောင်ခလောင်ခြစ်တာဟာ ဆိုးဝါးလှတဲ့ ကုသနည်းတော့ မဟုတ်ပေမယ့်လည်း ကောင်းကျိုးထက် ဆိုးကျိုးတွေက ပိုများနိုင်တယ်လို့ ပြောပါတယ်။ ဥပမာ – မက်ခလောင်ခြစ်တာဟာ  ခန္ဓာကိုယ်ကို အလွန်နာကျင်စေတဲ့အရာ ဖြစ်တဲ့အတွက် နှလုံးရောဂါရှိတဲ့သူတွေဆိုရင် အမောစို့ပြီး  သေဆုံးသွားနိုင်လောက်ထိ ဖြစ်စေနိုင်သလို သုံးတဲ့ပစ္စည်းမသန့်တဲ့အခါ အရေပြားရောဂါနဲ့  တခြားကူးစက်ရောဂါတွေ ဖြစ်တဲ့ အေအိုင်ဒီအက်စ်၊ အသဲရောင်အသားဝါ B,Cပိုး နဲ့ မေခိုင်ပိုးဝင်ပြီး တစ်လအတွင်း သေဆုံးနိုင်တဲ့အထိ ဖြစ်တယ်လို့ သိရပါတယ်။ မက်ခ‌လောင်ခြစ်တဲ့ ကုသနည်းလိုဘဲ အပ်နဲ့ သွေးဖောက်တာတွေ အပ်စိုက်ကုသတာတွေက သွေးကျစေပြီး မေးခိုင်ရောဂါနဲ့  ကာလသားရောဂါ၊ အေအိုင်ဒီအက်စ်နဲ့ တခြား ကူးစက်ရောဂါတွေကိုပါ ဖြစ်စေနိုင်တာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် တောတောင်တွေမှာ တွေ့တဲ သစ်ဥ၊သစ်ဖုတွေ ဆေးရွက်တွေကို သေချာမကျွမ်းကျင်ဘဲ ရောစပ်သောက်သုံးမိပါက အစာအိမ်အနာပေါက်တာ၊ အစာအိမ်ကတစ်ဆင့် အသဲကို ရောက်သွားပြီး အသဲက အဲဒီဆေးရည်တွေကို သေချာမစစ်ထုတ်နိုင်တဲ့အခါ အဆိပ်ရည်အဖြစ် ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့သွားပါက  ခန္ဓာကိုယ်ရဲ့ မရှိမဖြစ် အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ကျောက်ကပ်ကို ပျက်စီးစေပြီး  အရေးပြားရောဂါနဲ့ အသဲရောဂါတွေပါ ဖြစ်စေတယ်လို့ ဒေါက်တာက ဆက်ပြော ပါတယ်။ ဖျားနာပြီး နေမကောင်းဖြစ်တဲ့အခါ ဆေးရုံ ဆေးခန်းတွေသွားပြီး ဆေးပညာကို တတ်ကျွမ်းတဲ့ ဆေးဆရာဝန်တွေဆီ သွားရောက်ပြသ ကုသကြရပေမယ့်လည်း တချို့ဝေးလံခေါင်ပါးတဲ့ နေရာဒေသတွေမှာတော့ ဆေးရုံဆေးခန်းတွေ သိပ်မရှိတဲ့အတွက် ဆရာဝန်တွေနဲ့ ဆေးကုသမှုတွေ မပြုလုပ်နိုင်တဲ့အခါ မိရိုးဖလာ အိမ်တွင်းဆေးကုသနည်းတွေ၊ ရိုးရာဆေးကုသနည်းတွေကို အသုံးပြုပြီး  ရောဂါတွေကို ကုသလေ့ရှိပါတယ်။ ဒါ့အပြင် အဲဒီ ဆေးကုသမှုတွေဟာ တကယ်တမ်းလူတွေကို အကျိုးပြုတဲ့ ဆေးကုသမှုတွေ ဟုတ်နေရဲ့လား? ဒါမှမဟုတ် လူတွေရဲ့ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲဆိုတာတွေကို လူထုကတော့ သေချာတတ်သိ နားလည်ခြင်းမရှိနေပါဘူး။ ဒါကြောင့် ကျွမ်းကျင်တဲ့ ရိုးရာဆေးကုသနည်းကို သိရှိသူတွေနဲ့  သိပ္ပံနည်းကျ ကုသတဲ့ ဆရာဝန်တွေဆီမှာသာ သေချာ ဆွေးနွေးတိုင်ပင် ကုသသင့်တယ်လို့ ဒေါက်တာ Jacobက ခုလို ပြန်လည် ရှင်းပြပါတယ်။ “ခန္ဓာကိုယ်ရဲ့ အပြင်ဘက်မှာ ကျွန်တော်တို့ ခံစားနေရတာတွေက နည်းနည်း အတွင်းထဲမှာ ဘာတွေဖြစ်နေလဲ ဘယ်လိုဆရာဝန်တွေနဲ့ ညှိနှိုင်းရမလဲ။ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်သူတွေရဲ့ စောင့်ရှောက်မှုတွေ ရဖို့ဆိုရင် ဒါတွေက လိုအပ်ပါတယ်” လွဲမှားတဲ့ ရိုးရာဆေး ကုသမှုတွေကို အသုံးပြုခြင်းခြင်းကြောင့်  ကင်ဆာကိုဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေဖြစ်တဲ့ သစ်ဥသစ်ဖုတွေကို  အသုံးပြုမိပြီး ရောဂါကျွမ်းတဲ့အချိန်မှ သိရှိလိုက်ရတဲ့အတွက်  ကျောက်ကပ်၊ အသဲ၊ အဆုပ်၊ အာရုံကြော စတဲ့ အရာတွေကို ထိခိုက်ပျက်စီးစေနိုင်သလို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုလည်း ကိုယ်ဝန်ပျက်ကျ သွားစေတဲ့အထိ ဖြစ်သွားစေတာဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကျန်းမာရေးအဖွဲ့ဌာန၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကနေပြီးတော့ ဆေးရောင်းဝယ်မှုတွေကို သေချာထိန်းချုပ်ပြီး အသိပညာပေးတာတွေကို လုပ်ဆောင်သင့်တာဘဲ ဖြစ်ပါတယ်။ “အဓိက အဲလိုမျိုးမဖြစ်အောင် ဆိုလို့ရှိရင် ဒီကျေးရွာတွေထဲမှာ အစိုးရကနေ သေချာသင်ပေးထားတဲ့ ကျန်းမာရေးဝန်ထမ်း ရှိနေရမှာပေါ့။ ကျန်းမာရေးဝန်ထမ်းဆီရောက်နိုင်အောင်လည်း အစိုးကနေ လမ်းကြောင်းပေးရမှာပေါ့။ အဓိကကတော့ ကိုယ့်ဟာကိုယ်ဆေးသောက်တာကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဆေးကုသနည်း။ ကျန်းမာရေး ဂရုစိုက် ဖြစ်လာလို့ရှိရင် နီးစပ်ရာ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းဆီသွား အဲတာ အကောင်းဆုံးပါဘဲ” လို့ ဒေါက်တာက ဆက်ဆိုပါတယ်။ ကျန်းမာရေး ကောင်းမွန်ဖို့ ဆိုရင်  သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်တွေ များများစားပြီး အစားအသောက်တွေ ဆင်ခြင်ရမှာ ဖြစ်သလို ကိုယ်ကာယ ကောင်းမွန်ဖို့လည်း ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုတယ်လို့ အကြုံပြုပါတယ်။ ကမ္ဘာပေါ်မှာ တရုတ်၊ ကိုးရီးယာ၊ ဂျာမနီ စတဲ့ နိုင်ငံတွေမှာ အစိုးရကနေတွေ ကိုယ်တိုင်ကနေပြီးတော့ ရိုးရာဆေးကုသမှုတွေနဲ့ ပက်သက်ပြီး သေချာ သုတေသနပြု ကြပ်မတ်လုပ်ဆောင်မှုတွေ ရှိတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနတွေက ထောက်ခံချက်ရရှိထားတဲ့အပြင် ကမ္ဘာတစ်ဝှမ်းမှာလည်း သူတို့ရဲ့  ရိုးရာဆေးကုသမှုတွေဟာ နာမည်ကျော်ကြားနေတာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံအနေနဲ့လည်း ခုလိုတွေ ဖြစ်လာဖို့ အစိုးရကောင်းလည်း လိုအပ်သလို ကျန်းမာရေး ကုသမှုကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေကနေပြီးတော့  ရိုးရာဆေးကုသမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အသုံးဝင်ပုံတွေကို သေချာ စနစ်တကျ သုတေတနပြုလုပ်နိုင်ပါက  မက်ခလောင်ခြစ်တဲ့နည်းလမ်းတွေအပြင် တခြား မြန်မာ့ရိုးရာဆေးကုသမှုတွေက ဖျားနာတဲ့ လူတွေအတွက် တကယ်ကို အသုံးဝင်တဲ့ ကမ္ဘာကျော်တဲ့ ဆေးကုသနည်းတွေ ဖြစ်လာနိုင်မှာ ဖြစ်တယ်လို့  ဆိုပါတယ်။…

    Read More »
  • 31 October
    သတင်း

    မြစ်ကြီးနားမြို့က တောင်းရမ်းတဲ့ကလေးငယ်တွေ အနိုင်ကျင့်ခံရတာတွေရှိနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာ တောင်းရမ်းတဲ့ကလေးတွေ အနိုင်ကျင့်ခံရတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့နေပြည်သူတွေ ပြောပါတယ်။ တောင်းရမ်းတဲ့ကလေးတွေဟာ အသက်အငယ်ဆုံး ၂ နှစ်ကနေ အသက်အကြီးဆုံး ၁၀ နှစ်ပတ်ချာလည်အရွယ်ထိရှိကြပြီး မြစ်ဘေးကန်ဘောင်၊ ပန်းခြံ၊ လပ်ကီးကိတ်မုန့်ဆိုင်၊ မီးပွိုင့်၊ မိန်းလမ်းနဲ့ ဈေးတွေမှာ အများဆုံးတွေ့ရတာဘဲ ဖြစ်ပါတယ်။…

    Read More »
  • 30 October
    သတင်း

    ကသာမှာ ကလပ်စတာဗုံးနဲ့တိုက်ခိုက်ခံရပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့က ညောင်ခြေထောက်ရွာကို စစ်ကောင်စီတပ်က မနေ့ကညပိုင်း ၁၀ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်၁၀နှစ်အရွယ်ကလေးတစ်ယောက်အပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ခြေထောက်ရွာက ဘုန်းကြီးကျောင်းဝန်းအတွင်းက ဓမ္မာရုံနှင့် ဂရုဏာပရဟိတကားလည်း ပျက်စီးခဲ့ရသလို အရပ်သားနေအိမ်…

    Read More »
Back to top button