-
Oct- 2025 -2 Octoberသတင်း
စစ်တပ်ကစေခိုင်းပြီး တိမ်းရှောင်ထားတဲ့ နေအိမ်တွေ ဖောက်ထွင်းခိုးယူမှုတွေရှိနေ
ဖားကန့် ဆိုင်းတောင်ကျေးရွာအုပ်စု ဆန်းကြွယ်ကျေးရွာ တိုက်ပွဲကြောင့် တိမ်းရှောင်သွားကြတဲ့ ကျေးရွာပြည်သူတွေရဲ့ တန်းဖိုးရှိပစ္စည်းတွေကို စစ်တပ်နဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ ပူးပေါင်းပြီး ဖောက်ထွင်း ခိုးယူရောင်းချတာတွေလုပ်တယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဆန်းကြွယ်ပြည်သူတွေ ရွာထဲကနေ ထွက်ပြေးသွားပြီးနောက် စစ်တပ်က မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူတွေကို ရွာထဲကို သွားလာခွင့်ပေးပြီးနောက် ပြည်သူတွေရဲ့…
Read More » -
2 Octoberသတင်း
နမ္မတူမြို့ နဲ့ မန်တုံမြို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၄ ဦးသေဆုံး ၇ ဦးဒဏ်ရာရ
ရှမ်းမြောက် နမ္မတူမြို့နဲ့ မန်တုံမြို့တွေကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် ထိခိုက်၊ သေဆုံးသူ အရပ်သား ၁၁ ဦးခန့် ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့ ဒီနေ့မနက် ၇ နာရီ…
Read More » -
1 Octoberသတင်း
စစ်ရှောင်စခန်း ခိုလှုံရာတဲတွေ ယိုယွင်း ပျက်စီးလာတဲ့အတွက် ပြန်လည် ပြုပြင်ဖို့ အကူအညီတွေ လိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့က စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်တဲတွေ ယိုယွင်း ပျက်စီးလာတဲ့အတွက် ပြန်လည်ပြုပြင်နိုင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ လက်ရှိ ဝိုင်းမော် နောင်ချိန်းအုပ်စု လဘန်နဲ့ အင်ဂန်း ကျေးရွာ မြစ်နားကမ်းတစ်လျှောက်မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ သွပ်၊ မိုးကာ၊…
Read More » -
Sep- 2025 -30 Septemberသတင်း
ပညာရေးဝန်ထမ်းတွေ မချပေးတာကြောင့် လဟယ်မြို့နယ်အတွင်း စာသင်ကျောင်းအချို့ မဖွင့်နိုင်သေး
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်မြို့နယ်ထဲမှာ စစ်ကောင်စီက ပညာရေးဝန်ထမ်းတွေ မချပေးတာကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရတယ်လို့ သိရပါတယ်။ လဟယ်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၀ ရွာနီးပါးမှာ ၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းဆရာ/မ တွေ မချပေးတာကြောင့်စာသင်ကျောင်းတွေ ပိတ်ထားရပြီး ကလေးပညာရေးသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း လဟယ်မြို့ခံ အသက်…
Read More » -
30 Septemberသတင်း
မြစ်ဆုံရေကာတာစီမံကိန်း ထာဝရရပ်တန့်သွားရေး ဒေသခံများ ဆုတောင်း
မြစ်ဆုံရေကာတာ စီမံကိန်း ယာယီရပ်ဆိုင်းခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ စီမံကိန်း ထာဝရ ရပ်နားဖို့ ဒေသခံတွေရဲ့ ဆုတောင်းပွဲတစ်ခုကို စက်တင်ဘာလ ၃၀ ရက်နေ့ ဒီနေ့မနက် ၉ နာရီခန့်မှ နေ့လည် ၁၂ နာရီအထိ မြစ်ဆုံဒေသမှာ ပြုလုပ်ခဲ့ပါတယ်။ မြစ်ဆုံဒေသ မလိယန်ကျေးရွာမှာ ဒေသခံ ၇၀ ဦးခန့်ပါဝင် ပြုလုပ်ခဲ့ကြတဲ့ အထိမ်းအမှတ် ဆုတောင်းခြင်းအစီအစဉ်နဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက “အခုလို အစီအစဉ် လုပ်ဆောင်ရတာဟာ ကျနော်တို့ ဒီနေ့ထိရပ်တည်နေတယ်၊ ဒီအချိန်ထိ မြစ်ဆုံစီမံကိန်း ရပ်နားနေတယ်၊ ဘုရားကျေးဇူးတော်ချီးမွမ်းခြင်း ဖြစ်တယ်။ ပြီးတော့ အဓိက ကျမတို့ ဒေသခံတွေ…
Read More » -
30 Septemberသတင်း
လေကြောင်း အန္တရာယ်ထပ်မံစိုးရိမ်ပြီး ဆဒုံးပြည်သူတွေတိမ်းရှောင်မှုရှိနေ
ကချင်ပြည်နယ် ကန်ပိုင်တည်နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ် ရှိ ဆဒုံးမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စာသင်ကျောင်းနဲ့ ဌာနဆိုင်ရာရုံးတွေပိတ်လိုက်ပြီး ပြည်သူတစ်ချို့လည်း မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ “ရုံးတွေ၊ ကျောင်းတွေလည်းအကုန်ပိတ်လိုက်ပြီ။ ဒေသခံပြည်သူတွေက ဆိုလာပြားတင်တဲ့ သူကတင် မြို့ထဲကနေ ထွက်နေကြတယ်။ အားလုံးက…
Read More » -
29 Septemberတိုက်ပွဲ
ဆဒုံးမြို့စျေးတန်း ဗုံးကြဲတိုက်ခံရမှုမှာ ကလေးအပါအဝင် အရပ်သား ၈ ဦးသေဆုံး
ဝိုင်းမော်မြို့နယ် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေး လမ်းမပေါ်ရှိ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦးအပါ ပြည်သူ ၈ ဦးသေဆုံးခဲ့ပြီး ၆ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့်အချိန်မှာ စစ်ကောင်စီက ဆဒုံးမြို့တွင်းစျေးတန်း…
Read More » -
29 Septemberသတင်း
လန်ဆယ်ကျေးရွာအနီးနဲ့ လဟယ်ဆင်တပ်စခန်းတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်
ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာအနီး နဲ့ ရှေ့တန်းစခန်းတွေကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ် နဲ့ ဗုံး ၃ ကြိမ် ကြဲချသွားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ခေါင်လန်ဖူးမြို့နယ် နဲ့ ဆော့လော်မြို့နယ်ကြားမှာ တိုက်ပွဲငြိမ်သက်နေတာ ၅ ရက်ရှိလာပြီး စက်တင်ဘာ ၂၉ ရက်နေ့လည်မှာ စစ်တပ်ဘက်က Y12 လေယာဉ်နဲ့ ဗုံး ၃ လုံး လာချသွားတယ်လို့ သိရပါတယ်။ “ကျနော်တို့ဘက်ကို စစ်တပ်တွေ Y12 လေယာဉ်နဲ့ ဗုံး ၃ ကြိမ်လာကြဲသွားတယ်။ လန်ဆယ်တစ်ဝိုက်ရွှေမှော်နဲ့ လဟယ်ဆင်တွေမှာ လာကြဲသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး။” လို့ လန်ဆယ်ရောက်နေသူ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ လန်ဆယ်ကျေးရွာအနီးရှိရွှေမှော် နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့စစ်ထိုးစစ်ကို ခုခံခဲ့တဲ့ လဟယ်ဆင်နေရာမှာ ဗုံးကြဲခဲ့တာဖြစ်ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ KIA ဘက်က ပြောပါတယ် ခေါင်လန်ဖူး နဲ့ ဆော့ဆော်မြို့နယ်ကြားရှိ လဟယ်ဆင် KIA တပ်စခန်းကုန်းဖက်ကို ထိုးစစ်ဆင်လာတဲ့ ပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်ဖွဲ့တွေကို KIA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၃ ရက်နေ့ကစပြီး ပြည်သူ့စစ်တပ်ပေါင်းစုတွေဘက်က ဆုတ်ခွာသွားတာဖြစ်ပါတယ်။ သို့ပေမယ့် ဆုတ်ခွာသွားတဲ့ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်နဲ့ စစ်ကော်မရှင်တပ်တွေက KIA နဲ့ မီတာ ၂၀၀၀၊ ၃၀၀၀ ခန့်အကွာအဝေးမှာ စခန်းချနေဆဲ ဖြစ်တယ်လို့…
Read More » -
29 Septemberသတင်း
ဝိုင်းမော် တိုက်ပွဲမှာ ခမရ ၃၁၈ ဒုတပ်ရင်းမှူးတစ်ဦး သေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်ကို ဦးတည် ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ တိုက်ပွဲမှာ စစ်ကူအဖြစ်ရောက်ရှိလာတဲ့ တနိုင်းအခြေစိုက် ခမရ ၃၁၈ တပ်ရင်းမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၆၊ ၂၇ ရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ဒရုန်းထိမှန်ပြီး သေဆုံးမှုရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးအတည်ပြုပြောဆိုပါတယ်။…
Read More » -
29 Septemberသတင်း
မြစ်ကြီးနားမြို့မှာ မိန်းကလေးတစ်ဦး ဓားထိုးခံထားရပြီး သေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မိန်းကလေးတစ်ဦး လည်ပြွန်ဓားထိုးခံရတဲ့ ဒဏ်ရာနဲ့ အသတ်ခံထားရတယ်လို့ ဧရာဝတီဂရုဏာလူမှု ကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်မှာ သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားလမ်းကြားမှာ အသက် ၂၀ ဝန်းကျင် အရွယ်ရှိ မိန်းကလေးတစ်ဦး…
Read More »









