• Sep- 2025 -
    26 September
    သတင်း

    ဗန်းမော်တိုက်ပွဲ လေယာဉ်ကွင်းနဲ့ မနောကွင်းအနီး တိုက်ပွဲပြင်းထန်နေ

    ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ လေယာဉ်ကွင်း နဲ့ မနောကွင်းရှိတဲ့ ဘက်ခြမ်းကို စစ်တပ်က လေကြောင်းအပါ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့စပြီး ဗန်းမော်တိုက်ပွဲက ရပ်လိုက်နားလိုက်နဲ့ နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ရှေ့တန်းရောက် KIA စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “တိုက်ပွဲက ဖြစ်လိုက် နားလိုက်နဲ့ ဖြစ်နေတယ်။ အခုက လေယာဉ်ကွင်းထိပ်ပိုင်းနဲ့ မနောကွင်းရှိတဲ့ ဘက်ကို စစ်တပ်ဘက်က ပြန်ထိုးနေတယ်။ တစ်ခါတစ်လေ မနက်ပိုင်းဖြစ်တယ်။ ညနေပိုင်းဖြစ်တဲ့အချိန်တွေလည်းရှိတယ်။ ဒီကနေ့လည်း သူတို့ဘက်က လက်နက်ကြီး ပစ်တာတွေ ဆက်တိုက်လုပ်နေတယ်။ လေယာဉ်နဲ့ လာပစ်တာ ၄ ၊ ၅ ကြိမ်ရှိသွားပြီ”လို့ပြောပါတယ်။ ဒီကနေ့ နေ့လည် ၁၂ မတိုင်မှီ စစ်တပ်က လေကြောင်းနဲ့ ၅ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကတော့ ယခု ညနေပိုင်း ၃ နာရီအထိ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ပြောပါတယ်။ KIA စစ်ရေးသတင်းအရင်းအမြစ်နဲ့ ဆက်သွယ်မေးမြန်းနေတဲ့ အချိန်မှာလည်း လက်နက်ကြီးပေါက်ကွဲ ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတာဖြစ်ပါတယ်။ အခုလို စစ်တပ်ဘက်ကနေ လေကြောင်းအပါ မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တပ်ဆုတ်သွားခြင်းမရှိဘဲ စစ်ကြောင်းဝင်လာတဲ့ လမ်းကြောင်းတွေကို ခုခံတိုက်ခိုက်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ “စစ်တပ်ဘက်ကနေ ဒရုန်းနဲ့  ၂၄ နာရီစောင့်ကြည့်နေတယ်။ လူတစ်ယောက်ထွက်လာတဲ့ အရိပ်မွက်တွေ့နဲ့ ဆူဆိုက်ဒရုန်းနဲ့ ပစ်တယ်။ ဒါမှမဟုတ်ရင် ချက်ချင်း လေယာဉ်လှမ်းခေါ်တာတွေလုပ်တယ်။ အခြေအနေက အဲ့လိုဖြစ်နေတာ”လို့ပြောပါတယ်။ ဗန်းမော်မှာ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်အတွင်း စစ်တပ်ရဲ့ စစ်ရိက္ခာတင် စစ်သင်္ဘော အစီး ၂၀ ကျော်ဝင်ရောက်သွားပြီးနောက် ဩဂုတ်လထဲမှာပဲ စစ်တပ်က ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ ၂၀၂၅ နှစ်ဆန်းပိုင်းအတွင်း KIA သိမ်းပိုက်လိုက်တဲ့ တင့်ကားတပ်အမှတ်(၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်ရင်းနှစ်ခုအပါ နေရာတစ်ချို့ကို ယခု စက်တင်ဘာလအတွင်းမှာပဲ လက်လွတ်လိုက်ရတာဖြစ်ပါတယ်။ အခုလို တပ်နေရာတစ်ချို့ကို လက်လွတ်လိုက်ရပေမယ့်  KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မဆုတ်မနစ်ပဲ စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ဗန်းမော်တိုက်ပွဲဟာ ယခုလာမယ့် အောက်တိုဘာလထဲမှာဆိုရင် တိုက်ပွဲကာလ ၁၀ ကျော်ခန့် ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ထဲမှာ ဗန်းမော်တိုက်ပွဲအပြင် စစ်တပ်က လက်လွတ်လိုက်ရတဲ့ နေရာတွေ ပြန်လည်ရယူဖို့ ကြိုးပမ်းနေတာကြောင့် ခေါင်လန်ဖူး – လန်ဆယ်ဒေသနဲ့ ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်ဒေသတွေမှာလည်း တိုက်ပွဲဖော်ဆောင်လျက်ရှိနေပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 26 September
    သတင်း

    ဗန်းမောက်မှာတိုက်ပွဲဆက်ဖြစ်နေပြီး ကာကွယ်ရေးပူးပေါင်းတပ်တွေ SNA တပ်ဖွဲ့ဝင်နှစ်ဦးကိုအရှင်ဖမ်းမိ

    စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ပြီးတဲ့နောက် မြို့ရဲ့အနောက်ဘက်ခြမ်းမှာ နှစ်ဖက်တပ်တွေတိုက်ပွဲဆက်ဖြစ်နေပြီး SNA တပ်ဖွဲ့ဝင်နှစ်ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ရှမ်းနီအမျိုးသားတပ်မတော် SNA ၊စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ဗန်းမောက်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ခမိုးရွာ၊ အနောက်ဘက်ခြမ်းက ပင်ဟင်းခါး၊ ကြောင်လည် စတဲ့ကျေးရွာတွေတစ်ဝှိုက်မှာ…

    Read More »
  • 26 September
    သတင်း

    ဖားကန့်မှာတစ်ပတ်အတွင်း အရပ်သား ၅ ဦးသေဆုံး ၈ ဦးဒဏ်ရာရ

    ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ဒရုန်းရမ်းသမ်းပစ်ခတ်မှုတွေကြောင့် တစ်ပတ်အတွင်း အရပ်သား ၅ ဦးသေဆုံး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအုပ်စုကို ၉ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီး စက်တင်ဘာလ…

    Read More »
  • 25 September
    ဆောင်းပါး

    မြစ်ကြီးနားမြို့ရဲ့ မူးယစ်ဆေးဝါးဈေးတန်းအကြောင်း တစ်စေ့တစောင်း

    “‌‌ရောင်းတဲ့သူတွေမှာ ဖြေဆေးရှိပြီးသား ရှော့ဖြစ်ပြီဆိုတာနဲ့ သူတို့ဆီကပါတဲ့ဆေးထိုးပေးလိုက်တာ” ဒါကတော့ ဘိန်းဖြူထိုးလို့ ရှော့ဖြစ်ရင်‌တောင် ဖြေဆေးကို အထူးဝန်ဆောင်မှုအ‌နေနဲ့‌ထိုးပေး နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နဲ့ခေမာသီရိရပ်ကွက်က အခြေနေကို ရပ်ကွက်နေ ပြည်သူတစ်ဦး ပြောတာပါ။ အာဏာသိမ်းပြီး ၄ နှစ်နဲ့မှ…

    Read More »
  • 24 September
    သတင်း

    လမ်းကြောင်းအသစ်ရှာပြီးထိုးစစ်ဆင်လာတဲ့ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ အထိနာပြီးပြန်ဆုတ်

    ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်က KIA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ လာဟီဆင်စခန်းပြန်ရဖို့ အပြင်းထန်ကြိုးစား‌နေတဲ့ ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက လမ်းကြောင်းသစ်ရှာပြီးထိုးစစ်ပြန်ဆင်လာရာအထိပြီးပြန်ဆုတ်သွားကြောင်းသိရပါတယ်။ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ အင်အား ၃၀၀ ဝန်းကျင်နဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကစပြီး လာဟီဆင်စခန်းကို ခေါင်လန်ဖူးမြို့နယ်ဘက်ခြမ်းကနေထိုးစစ်ဆင်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။…

    Read More »
  • 24 September
    သတင်း

    မြစ်ကြီးနားမြို့မှာ နှစ်ပတ်အတွင်း ခိုးဆိုးလုယက်သူ ၁၀ ဦးဖမ်းမိ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ခိုးဆိုးလုယက်သူ ၁၀ ဦးဖမ်းမိခဲ့တယ်လို့ မြစ်ကြီးနားမြို့ပြည်သူတွေနဲ့ လူမူကူညီရေးအသင်းတွေဆီကနေသိရပါတယ်။ ဖမ်းမိခဲ့တဲ့ ခိုးဆိုးလုယက်သူ ၁၀ ဦးထဲမှာ အသက်၂၀ ဝန်းကျင်အရွယ်လူငယ်အများဆုံးပါဝင်တယ်လို့သိရပြီး အဓိကဖမ်းဆီးအရေးယူမှုမရှိတဲ့အတွက် ပိုပြီးဆိုးရွားလာတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့နေထိုင်တဲ့ ပြည်သူတွေ ပြောပါတယ်။…

    Read More »
  • 24 September
    သတင်း

    ကိုးကန့်မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းမလုပ်မနေရဟု ဖိအားပေးနေ

    ရှမ်းမြောက် မုံးကိုးမြို့နယ်ရှိ ဒေသခံပြည်သူတွေကို ကိုးကန့်မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မလုပ်မနေရဟု ကိုးကန့် (MNDAA) တပ်ဖွဲ့ကပြောဆိုနေတဲ့အတွက် ဒေသခံတွေအခက်တွေ့နေတယ်လို့ ပြောပါတယ်။ မုံးကိုးမြို့နယ် ပန်ဆိုင်းမြို့နဲ့ နမ့်တောင်းဒေသခံတွေကို ကိုးကန့်မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မလုပ်ပါက ဒေသခံအဖြစ်သတ်မှတ်မည်မဟုတ်ကြောင်း ဖိအားပေးနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးပြောပါတယ်။ …

    Read More »
  • 24 September
    သတင်း

    မြစ်ကြီးနားမြို့တွင်း တောင်းရမ်းသူပိုများလာပြီး ၁၀နှစ်အောက်ကလေးအများဆုံးပါဝင်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တောင်းရမ်းသူတွေအလွန်များလာပြီး အဲဒီထဲမှာ ၁၀ နှစ်အောက်ကလေးအများဆုံးပါဝင်‌နေတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ တောင်းရမ်းသူတွေထဲမှာ အသက်အငယ်ဆုံး ၂ နှစ်ကနေ အသက်အကြီးဆုံး ၉ နှစ်ပတ်ချာလည်အရွယ်အများဆုံးဖြစ်ပြီး မြစ်ဘေးကန်ဘောင်၊ ပန်းခြံ၊ လပ်ကီးကိတ်မုန့်ဆိုင်၊ မီးပွိုင့်နဲ့ မိန်းလမ်းမစတဲ့နေရာတွေမှာပုံမှန်တွေ့ရတတ်ပြီး…

    Read More »
  • 23 September
    သတင်း

    ဖားကန့်စစ်ရှောင်ပြည်သူတွေ အလံဖြူထောင်ပြီး မြစ်ကြီးနားဘက် ထွက်ခွာတိမ်းရှောင်

    ဖားကန့်မှာစစ်ရေးကြောင့် တိုက်ပွဲဧရိယာအတွင်းပါဝင်နေတဲ့ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအပါ ဖားကန့်မြို့ပေါ်နဲ့ နီးစပ်တဲ့ ကျေးရွာအများပိုင်း အလံဖြူ‌ထောင်ပြီး ဖားကန့်ကနေ မြစ်ကြီးနားမြို့ပေါ်ဘက်ကို တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲကဖားကန့် ဆိုင်းတောင်ကျေးရွာဘက်ကို ဦးတည်နေပြီး လက်နက်ကြီးပစ်ခတ်တာတွေ၊ လမ်းသွားလမ်းလာ စုဆောင်းရေးဖမ်းဆီးခံရတာတွေ ပိုပြီးဆိုးရွာလာတာကြောင့် လုံခြုံရေးအတွက်…

    Read More »
  • 23 September
    သတင်း

    ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံထားရတဲ့ နိုင်ကျဥ်း ၃ ဦးထွက်ပြေးလွတ်မြောက်

    စစ်ကိုင်း နဲ့ ကချင်အစပ် ဗန်းမောက်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်လိုက်ပြီးနောက် အချုပ်ထောင်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံထားရတဲ့ နိုင်ကျဥ်း ၃ဦး ထွက်ပြေးလွတ်မြောက်လာတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။ လွတ်မြောက်လာသူနိုင်ငံရေးအကျဥ်းသား ၃ ဦးဟာ ဗန်းမောက်မြို့မှာဘဲ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး ထောက်ပို့အမျိုးသားတစ်ဦး၊ CDM ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦး…

    Read More »
Back to top button