ပညာရေး

  • Jul- 2024 -
    26 July

    ကချင်ပြည်နယ် ပညာရပ်စုံ KSCU တက္ကသိုလ်က ကျောင်းပေါင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ  NGU ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကချင်ပြည်နယ် ပညာရပ်စုံ  KSCU တက္ကသိုလ်ကနေ  ကျောင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်ထားနိုင်ပြီဖြစ်တယ်လို့ KSCU ကျောင်းရဲ့ ဒုအဓိပတိဖြစ်သူ ဒေါက်တာဦးအောင်နိုင်သူက KNG ကိုပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University (KSCU)ကို ၂၀၂၂ ပညာသင်နှစ် ဝိဇ္ဇာ သိပ္ပံ၊ ၂၀၂၃ ပညာသင်နှစ်မှာ School of Medical Sciences နှင့် School of Nursing Sciences၊ ၂၀၂၄ ပညာသင်နှစ်  School of Technology နှင့် School of Economic  ဖွင့်လှစ်နိုင်ခဲ့ပြီး၂၀၂၅ ပညာသင်နှစ်မှာတော့ School of Agriculture ကို ထပ်တိုးဖွင့်လှစ်မှာဖြစ်တဲ့အတွက် စုစုပေါင်းကျောင်း ၆ ကျောင်းထိ တိုးချဲ့ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။…

    Read More »
  • 19 July

    KIO ထိန်းချုပ်ထားတဲ့ ဖားကန့် ဟောင်ပါးအုပ်စုမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထား

    ကချင်ပြည်နယ် ဖားကန့်မြိို့နယ်  KIO ထိန်းချုပ်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုမှာ အခြေခံပညာရေးစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထားတယ်လို့ ရပ်ကျေးတာဝန်ခံတွေဆီကနေ သိရပါတယ်။ KIA|KPDF သိမ်းပိုက်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုထဲက တာမခံ၊ခိုမ၊ဟွေဆိုင်း၊ နတ်ရေတောင်၊ရွှေတောင်ကျော်၊နန့်ပါဟုတ်၊ နန့်စပိန်း စတဲ့ကျေးရွာတွေမှာ ကျောင်းပေါင်း ၂၀ ကျော်အထိဖွင့်လှစ်ထားနိုင်ပြီလို့ တာမခန်ကျေးရွာ အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။  “ဖွင့်တယ်ကျောင်းတွေအားလုံး ဇွန်လ ၅ရက်နေ့ကနေစပြီးအားလုံးဖွင့်တယ် စုစုပေါင်းဆိုရင်ကျောင်းပေါင်း ၂၃ ကျောင်းလောက်ရှိမယ် အုပ်စုထဲမှာပေါ့။ ဒီတာမခံအထက်တန်းကျောင်းကတော့ ဒေသကျောင်းကော်မတီနဲ့ ရပ်မိရပ်ဖတွေနဲ့ကျောင်းသားမိဘတွေပေါင်းပြီးဖွင့်တာ ကော်မတီကျောင်း”လို့ သူကပြောပါတယ်။ လက်ရှိဖွင့်ထားတဲ့ကျောင်းတွေအားလုံး KIO ရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး NUG နဲ့ချိတ်ဆက်တဲ့ကျောင်း၊ ရပ်ကျေးနဲ့ကျောင်းသားမိဘတွေပေါင်းပြီးဖွင့်ထားတဲ့ကျောင်း၊ KIO တိုက်ရိုက် သင်ကြားတဲ့ကျောင်းဆိုပြီး ကျောင်းအမျိုးအစားသုံးမျိုးရှိတယ်လို့ အထက်ဖော်ပြပါတာဝန်ရှိသူက ဆက်ပြောပါတယ်။  “ကျောင်းကပုံစံက သုံးမျိုးကွဲနေတာ  NUG ကျောင်းရှိတယ် KIO ပညာရေးကျောင်းရှိတယ် ပြီးတော့ ခုနပြောတဲ့ ဒေသကော်မတီတွေကဦီးဆောင်ဖွင့်တဲ့ဒေသပညာရေးကော်မတီကျောင်းတွေရှိတယ် ဒါပေမယ့်သင်ရိုးအားလုံးက နဂိုသင်းရိုးတွေပဲ”လို့သူကဆက်ပြောပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ NUG အစိုးရနဲ့တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်တဲ့ NUG ကျောင်း၊ ဒေသကော်မတီကတိုက်ခိုက်စီမံခန့်ခွဲတဲ့ ဒေသပညာရေးကော်မတီကျောင်းနဲ့ KIO ကတိုက်ရိုက်စီမံတဲ့ KIO ပညာရေးကျောင်းသုံးမျိုးထဲမှာ အများပိုင်းက ဒေသပညာရေးကော်မတီကျောင်းတွေဖြစ်ပြီး ကျောင်းအားလုံး KIO ရဲ့ ထောက်ပံ့မှုအောက်မှာရှိတယ်လို့ သိရပါတယ်။ လက်ရှိဖွင့်လှစ်နေတဲ့ကျောင်းပေါင်း ၂၃ ကျောင်းထဲမှာ တက်ရောက်နေတဲ့ကျောင်းသားကျောင်းသူပေါင်း ၅၀၀၀ ကျော်၊သင်ကြားရေးဆရာ ဆရာမပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး မူလတန်း နဲ့အလယ်တန်းအဆင့်အတွက်သင်ကြားရေးပိုင်းမှာ အဆင်ပြေပေမယ့်် grade 11 နဲ့ Grade 12  အတွက် သင်ကြားရေးပိုင်းမှာ အတိုင်းတာတစ်ခုထိရောက်ဖို့ လိုအပ်ချက်တွေရှိနေတယ်လို့ ဟောင်ပါးကျေးရွာနေအထက်တန်းကျောင်းသားမိဘတစ်ဦးက KNG ကိုပြောပါတယ်။  “ကျွန်မတို့ဟောင်ပါးမှာက NUG ကျောင်းနဲ့ ဒေသကော်မတီကျောင်းရှိတယ် ကျွန်မကလေးကိုက ဒေသကော်မတီကျောင်းမှာထားတယ်။ သင်ကြားရေးပိုင်းတော့သိပ်အားမရဘူး အထက်တန်းပိုင်းမှာပေါ့လေ အခု Grade 12 ကသင်ကြားရေးမှာက ကျောင်းမပီးသေးတဲ့ဘွဲ့မရသေးတဲ့နှစ်ယောက်ပါတော့ လိုအပ်ချက်တွေရှိနေတယ်”လို့ ပြောပါတယ်။  လက်ရှိ သင်ကြားပေးနေတဲ့ကျောင်းတွေမှာ CDM ကျောင်းဆရာ/မ တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ KIO ကတိုက်ရိုက်ချပေးတဲ့သင်ကြားရေးဆရာ ဆရာမတွေနဲ့ သင်ကြားပေးနေပြီး တစ်ချို့ကျောင်းတွေမှာဆရာ/မ မလုံလောက်မှုတွေရှိနေတယ်လို့သိရပါတယ်။  ဖားကန့်မြို့နယ်ထဲက အထက်ဖော်ပြပါကျေးရွာတွေအပါအဝင်ဖားကန့် ကာမိုင်းလမ်းပိုင်းထဲက နန့်ယား၊ နန့်တိန်းကျေးရွာတွေမှာ ဒီနှစ်ဖေဖော်ဝါရီလနောက်ပိုင်းကစလို့ KIA/KIO ထိန်းချုပ်မှုအောက်ရောက်သွားခဲ့တာ ဖြစ်ပြီး နန့်ယား နန့်တိန်းအုပ်စုတွေမှာလည်း KIO ကျောင်းတွေ အများအပြားဖွင့်လှစ်နေပြီဖြစ်ပါတယ်။  ဒါ့အပြင် ဖားကန့်မြို့နယ်ထဲမှာ ၂၀၂၂ –၂၀၂၃ ခုနှစ် ပညာ သင်နှစ်မှာ NUG စာသင်ကျောင်းတွင်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ ၆၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့သိရပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချုပ်နယ်မြေအသစ်တွေမှာ ၂၀၂၄– ၂၀၂၅ ခုနှစ်…

    Read More »
  • Jun- 2024 -
    28 June

    ဂါလိုင်(Galeng)စာသင်ကျောင်းဖွင့်ဖို့ ကျောင်းကော်မတီနဲ့ TNLA တို့ညှိနှိုင်းနေဆဲ

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာရှိတဲ့ အလယ်တန်းကျောင်းဖွင့်ဖို့ ဒေသခံကျောင်းသားမိဘတွေ နဲ့ TNLA ဆက်ပြီးဆွေးနွေးနေဆဲဖြစ်တယ်လို့ ကျောင်းတာဝန်ရှိသူတွေထံကနေ သိရပါတယ်။ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က ဇွန်လ ၂၃ ကျောင်းကိုအတင်းပိတ်ပေးလိုက်ပြီးနောက်  ဇွန်လ ၂၆ ရက်နေ့မှာတော့ TNLA အထက်အရာရှိတွေနဲ့ ကျောင်းတာဝန်ခံတွေ တွေ့ဆုံဆွေးနွေးရာ ဂါလိုင်ကျောင်းဖွင့်ဖို့ TNLA ရဲ့ပညာရေးကောင်စီ TLEC ထံခွင့်တောင်းစာတင်ပြီး TLEC ချပေးတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာနိုင်မှ ကျောင်းဖွင့်ခွင့်ပေးမယ်လို့ ပြောဆိုခဲ့တာကြောင့် ကျောင်းတာဝန်ခံတွေနဲ့ KIO ဘက်က ဆက်လက်ညှိနှိုင်းဖို့လိုအပ်နေသေးတာဖြစ်တယ်လို့ ပြောပါတယ်။   နောက်ဆုံးညှိနှိုင်းထားတဲ့အခြေနေမှာတော့ နမ့်ဖတ်ကာမှာ KIA ရဲ့ခွင့်ပြုချက်နဲ့ TNLA ကျောင်း ၂ ကျောင်းဖွင့်ထားတာကြောင့် ကွတ်ခိုင်မြို့နယ် ဂါလိုင်မှာလည်း ပညာရေးကျောင်းဖွင့်ချင်ပါက TNLA ရဲ့ ပညာရေးဌာနဖြစ်တဲ့  TELC ကနေ ခွင့်ပြုမှဖွင့်ရမယ်ဆိုတဲ့အကြောင်း ပြောဆိုထားတယ်လို့ ဂါလိုင်အလယ်တန်းကျောင်းတာဝန်ခံတစ်ဦးက Kachin News Group ( KNG) ကို ပြောပါတယ်။ “ကျနော်တို့အတွက်က ဒီကျောင်းကအရင်ကတည်းက KIO အစိုးရအောက်သင်ကြားနေပြီးသားကျောင်းဖြစ်တာကြောင့် ဟိုကကျောင်းနဲ့ နှိုင်းယှဉ်လို့မရနေတာနဲ့ ကျနော်တို့လည်းအခု ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ ညှိနေရတုန်းဖြစ်တယ်။ ပုဂ္ဂလိကကျောင်းဆိုရင်တော့ တစ်မျိုးပေါ့။ ဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီး ညှိနှိုင်းရအုံးမယ်။ သူတို့ပြောသလို စာတင်တာတွေတော့ မလုပ်သေးဘူး” လို့ ပြောပါတယ်။  ဂါလိုင်ကျေးရွာ အလယ်တန်းကျောင်းကို ဇွန်လ ၂၃ ရက်နေ့ညက TNLA ဘက်က အင်အား ၄၀ ဝန်းကျင်နဲ့ကျောင်းကိုရောက်လာပြီး ကျောင်းတံခါးအားလုံးကို သစ်ပြား နဲ့ ရိုက်ပြီးပိတ်လိုက်တဲ့အပြင် ကျောင်းဝင်းထဲက ဆရာ၊ ဆရာမိသားစုတွေကိုလည်း အပြင်ကို မောင်းထုတ်ကာ ကျောင်းရှေ့မှာလည်း လွှင့်ထူထားတဲ့ ကချင်အမျိုးသားအလံကိုလည်း ဖြုတ်သိမ်းပေးလိုက်တယ်လို့ ဆိုပါတယ်။…

    Read More »
  • 28 June

    စစ်ရေးတင်းမာနေတဲ့ အင်းတော်ကြီးဒေသထဲမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထား

    စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲက အင်းတော်ကြီးဒေသမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထားရတယ်လို့သိရပါတယ်။ KIA၊ KPDF ပူးပေါင်းတပ်တွေက အင်းတော်ကြီး–ဝှေခါကားလမ်းပိုင်းမှာရှိတဲ့ ဝှေလုံစစ်ကောင်စီတပ်စခန်း၊ ညောင်ပင်တပ်စခန်းနဲ့ အင်းတော်ကြီးအနောက်ဘက် က ချောင်းဝစစ်ကောင်စီတပ်စခန်းကုန်းသုံးခုကို ထိုးစစ်စတင်လိုက်တဲ့ ဇွန်လ ၂၂ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အင်းတော်ကြီးဒေသထဲက ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထားရတယ်လို့ အသက် ၄၀ ကျော်အရွယ် အင်းတော်ဒေသခံတစ်ဦးကKNGကိုပြောပါတယ်။ “အကုန်လုံးပိတ်ထားပြီ ပိတ်ထားတာ လေးရက်လောက်ရှိပြီ မဖွင့်ရဲကြဘူးလေ ကျောင်းပေါင်း ၃၀ ကျော်တယ်လောက်ရှိမှာပေါ့ အထက်တန်းကျောင်းတောင် ၅ ကျောင်း၊ ၆ ကျောင်းလောက်ပါတယ်”လို့ သူကပြောပါတယ်။ လက်ရှိ စစ်ရေးခြေနေကြောင့် ပိတ်ထားရတဲ့ကျောင်းတွေထဲမှာ မိုင်းနောင်၊ လုံးတုံ၊ နန့်မွန်း၊ ချောင်းဝ၊ လုံးစခန်း၊ ညောင်ပင် စတဲ့အထက်တန်းကျောင်းတွေအပြင် အင်းတော်–ဝှေခါကားလမ်းပိုင်းက ရွာတွေနဲ့အင်းတော်ကြီးကန်အနောက်ဘက်ပိုင်းကကျေးရွာစာသင်ကျောင်းတွေအားလုံးပိတ်ထားရတာကြောင့် စုစုပေါင်းကျောင်းပေါင်း ၃၅ ကျောင်းအထက်ရှိတယ်လို့သိရပါတယ်။ အင်းတော်ကြီးဒေသမှာ အခြေခံးပညာကျောင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ နောက်ပိုင်း စကပြီးပိတ်ထားရကြတယ်လို့သိရပြီး ခုလိုစစ်ရေးတင်းမာနေတာကြောင့် ကျေးရွာအများက ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ “လောလောဆယ်က နန့်မွန်းကနည်းနည်းတင်းမာသလိုဖြစ်နေတာ အခြေအနေက နည်းနည်းမလှဘူး ပြောင်းခိုင်းတာတော့မရှိပါဘူးကြောက်လို့ပြောင်းကြတာတော့ရှိတယ် သူတို့(စစ်ကောင်စီစစ်သား)တွေရှိတဲ့အခါကြတော့ပြောင်းကြတာပေါ့ ရွာအတိအကျတော့မသိဘူးအင်းအနောက်ဘက်ကတော့ ရွာ၂၀ ကျော်လောက်ရှိမယ် ရွာလုံးကျွတ်တိမ်းတာမျိုးတော့မဟုတ်ဘူး”လို့သူကပြောပါတယ်။ အင်းတော်ကြီးဒေသထဲက နန့်မွန်း၊ လုံးတုံ၊ ချောင်းဝ၊ဝှေလုံ၊…

    Read More »
  • 24 June

    ဂါလိုင်ရွာက စာသင်ကျောင်းကို TNLA က ချိတ်ပိတ်လိုက်ပြီး ဆရာ၊မတွေကိုလည်း ကျောင်းကနေမောင်းထုတ်ထား

    ကွတ်ခိုင်မြို့နယ် ဂါလိုင်(Galeng Jawng)ကျေးရွာမှာဖွင့်ထားတဲ့ စာသင်ကျောင်းကို TNLA လက်နက်ကိုင်တပ်ဖွဲ့က ပိတ်ပေးလိုက်ပြီး ကျောင်းမှာနေတဲ့ ဆရာ၊ဆရာမတွေကိုလည်းမောင်းထုတ်လိုက်တယ်လို့ ကျောင်းတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ဇွန် ၂၃ ရက်နေ့ မနေ့ည ၉ နာရီခွဲအချိန်လောက်မှာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေဟာ အင်အားအလုံးအရင်းနဲ့ ကျောင်းကိုရောက်လာပြီး  ကျောင်းဝင်းထဲရှိနေတဲ့ဆရာ၊ဆရာမတွေကို မောင်းထုတ်ခဲ့သလို စာသင်ခန်းအားလုံးကိုလည်း သစ်သားပြားတွေနဲ့ချိတ်ပိတ်ပေးလိုက်တယ်လို့  ကျောင်းတာဝန်ရှိသူတစ်ဦးက Kachin News Group(KNG) ကချင်သတင်းဌာနကို ပြောပါတယ်။ “မနေ့ညက သူတို့က အင်အားနဲ့လာပြီး ကျောင်းထဲနေတဲ့ ဆရာ၊ဆရာမတွေကိုမောင်းထုတ်လိုက်တယ်။ သူတို့က ဆရာ၊ဆရာမတွေကို ဖမ်းခေါ်သွားဖို့တောင် လုပ်တယ်။ ဒါပေမဲ့ ဆရာမတွေက ကလေးအငယ်တွေနဲ့ ဘာနဲ့ဆိုတော့ အပြင်ကိုပဲ မောင်းထုတ်ထားလိုက်တာ။ ပြီးတော့ ကျောင်းစာသင်ခန်း အားလုံး သစ်ပြားတွေနဲ့ ရိုက်ပြီးပိတ်လိုက်တယ်။ ကျောင်းရှေ့က အလံကိုလည်း ဖြုတ်သိမ်းသွားတယ်။” လို့ ဂါလိုင်ကျေးရွာ အလယ်တန်းကျောင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က ကား ၃ စီး၊ အင်အား ၄၀ ခန့်နဲ့ စာသင်ကျောင်းထဲရောက်လာကာ ကျောင်းဝင်းထဲနေတဲ့ ဆရာ၊ဆရာမ မိသားစု ၃ စုလုံးကို ကျောင်းထဲကနေ မောင်းထုတ်လိုက်ပြီး ကျောင်းတံခါးအားလုံးပိတ်ကာ ကျောင်းရှေ့လွှင့်ထူထားတဲ့ ကချင်အမျိုးသားအလံကိုလည်းဖြုတ်သိမ်းသွားတယ်လို့ ဆိုပါတယ်။ ဂါလိုင်အလယ်တန်းကျောင်းမှာ TNLA တပ်ဖွဲ့ဝင်တွေက အစကတည်းကနေရာယူတပ်စွဲထားတာဖြစ်ပြီး ဇွန်လ ၂၃ ရက်ည ကျောင်းကိုပိတ်ပေးလိုက်ပြီးနောက်မှာတော့ ကျောင်းဝင်းထဲ TNLA မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဇွန် ၂၄ ဒီမနက်မှာတော့ ကျောင်းသား၊ကျောင်းသူများအားလုံး ကျောင်းခန်းထဲမဝင်နိုင်ပဲ ကျောင်းဘောလုံးကွင်းမှာပဲစုနေကြရပြီး ကျောင်းတာဝန်ရှိသူတွေနဲ့ TNLA တပ်ဖွဲ့ကကျောင်းနဲ့ပတ်သက်ပြီး ညှိနှိုင်းတွေ့ဆုံတာတွေလုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ “ကျနော်တို့က ဒီကျောင်းကို အရင်းကတည်းက ဖွင့်နေပြီးသားဖြစ်တယ်။ ဒါပေမဲ့ သူတို့ပြောတာက အရင်ကဖွင့်တာ သူတို့နဲ့မဆိုင်ဘူးတဲ့။ အခု ကွတ်ခိုင်ကိုသူတို့သိမ်းထားတာဖြစ်တာကြောင့် သူတို့အောက်မှာရှိရမယ်တဲ့။ ဘာပဲလုပ်လုပ် သူတို့ထံ ညှိနှိုင်းတိုင်ပင်ရမယ်တဲ့။ ကျနော်တို့ ပြောချင်တာက ဒီကျောင်းက အရင်ကတည်းက KIO အစိုးရအောက်ဖွင့်လှစ်နေပြီးသား ကျောင်းဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ကျောင်းတာဝန်ရှိသူတွေ ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ KIO အစိုးရနဲ့ပဲဆိုင်တယ်။ ” လို့ ကျောင်းတာဝန်ခံက ဆက်ပြောပါတယ်။   ဂါလိုင်ရွာက စာသင်ကျောင်းကို TNLA တပ်ဖွဲ့ က ခွင့်ပြုချက်နဲ့အတူ ၎င်းတို့ချပေးတဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်မှကျောင်းဖွင့်ခွင့်ပေးရမယ်ဆိုတဲ့အကြောင်းနဲ့ TNLA ထံ ခွင့်တောင်း၊ ညှိနှိုင်းခြင်းမရှိပါက ဂါလိုင်ကျောင်းကို ဇွန်လ ၁၀ ရက်နေ့နောက်ဆုံးထား ကျောင်းပိတ်လိုက်ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ  TNLA တပ်က ကျောင်းသက်ဆိုင်သူတွေထံ စာပို့ထားတာဖြစ်ပါတယ်။ စာပို့ခဲ့ပြီးနောက် ဇွန်လ ၁၂ ရက်နေ့လောက်မှာ TNLA တပ်ဖွဲ့က ကျောင်းဝင်းထဲရောက်လာပြီး  ကျောင်းသားစာရင်း ၊ကျောင်းဆရာ၊ဆရာမ စာရင်းနဲ့ ကျောင်းကော်မတီဝင်တွေနဲ့ နာမည်စာရင်းတွေရဲ့ နေရပ်လိပ်စာ၊ ဓါတ်ပုံတွေပေးရန် လာရောက်တောင်းဆိုတာတွေရှိခဲ့ပေမယ့် ကျောင်းဆရာ၊ဆရာမတွေကတော့ မပေးခဲ့ဘူးလို့ ဆိုပါတယ်။ လက်ရှိ တအာင်းလွတ်မြောက်တပ်မတော် TNLA ဟာ နမ့်ဖတ်ကာကျေးရွာမှာ TNLA ကျောင်းဖွင့်ဖို့ KIA ကို ခွင့်တောင်းခဲ့သလို ကွတ်ခိုင်ကိုလည်း TNLA က သိမ်းထားတာကြောင့် TNLA ဆီ ခွင့်တောင်းရမယ်ဆိုတဲ့သဘောနဲ့ အကြပ်ကိုင်နေတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။။ နမ့်ဖတ်ကာကျေးရွာမှာ TNLAအောက် TLEC ကျောင်း ၃ ကျောင်း စတင်ဖွင့်လှစ်ဖို့ TNLA က KIA ထံခွင့်တောင်းခဲ့ပြီး  KIA ရဲ့ခွင့်ပြုချက်နဲ့ ကျောင်း ၂ ကျောင်းဖွင့်လှစ်နေပြီဖြစ်ပါတယ်။ ဒေသခံတွေပြောပြချက်အရ TNLA က အကြပ်ကိုင်နေပေမယ့် ဂါလိုင်ဇွပ်အောင်ကျေးရွာဟာ အရင်ကတည်းက အစိုရလက်လှမ်းမမှီတဲ့နေရာတစ်ခုဖြစ်သလို  KIO တပ်မဟာ ၄ နယ်မြေ ဖြစ်တာကြောင့် KIO အစိုးရအောက် စာသင်ကျောင်းအဖြစ် ဖွင့်လှစ်နေခဲ့တာလို့ ပြောပါတယ်။ လက်ရှိ ကွတ်ခိုင်မြို့ပြင် ဂါလိုင်ကျေးရွာ အလယ်တန်းကျောင်းမှာ ကျောင်းသားပေါင်း ၂၀၀ ကျော်၊ ဆရာ၊ဆရာမ ၂၀ ခန့်နဲ့ ပညာသင်ကြားနေတာဖြစ်ပါတယ်။ “ဒီနယ်မြေဟာ ဘယ်သူပစ်ယူထားတာပဲဆိုပါစေ ပညာရေးဟာ စစ်ရေး၊နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး။ ကလေးတွေရဲ့ ရှေ့ရေးအတွက်ပဲ ကြိုးပမ်းနေကြတာဖြစ်တာကြောင့် ဘယ်သူပဲ အုပ်စိုးပါစေ ကျောင်းဖွင့်နေတာကိုတော့  အနှောက်အယှက်မပေးပဲ ကျောင်းဖွင့်ခွင့်ပေးထားပြီး လိုအပ်တာတွေကို အချင်းချင်း ညှိနှိုင်းဆွေးနွေးရင်းနဲ့ပဲ ကျောင်းဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစားပေးစေချင်တယ်။” လို့ ဂါလိုင်ကျေးရွာ ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တစ်ဖက်မှာ တအာင်းပညာရေးကောင်စီ Ta’ang Land Education…

    Read More »
  • 19 June

    ဖားကန့်ဒေသ KIO ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမ လုံလောက်မှုမရှိဖြစ်နေ

    ဖားကန့်မြို့နယ်ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ ကျေးရွာနေရာတွေမှာ စာသင်ကျောင်းတွေဖွင့်လှစ်ထားပေမယ့် စာသင်ကြားပေးမယ့် ဆရာ/ဆရာမ လုံလောက်မှုမရှိတဲ့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ ဖားကန့်သွားလမ်း နန့်ယား၊ နမ်တိန့်နဲ့ ဟောင်ပါးအုပ်စု တာမခံကျေးရွာတွေကို KIA…

    Read More »
  • 17 June

    ကန်မိန်းမှာ အထက်တန်ကျောင်းဖွင့်ဖို့ KIA နဲ့ကိုးကန့်တပ်ညှိနှိုင်းနေဆဲ

    ရှမ်းပြည်နယ်မြောက်ပိုင်း ကန်မိန်းကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းဖွင့်နိုင်ဖို့  ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကိုးကန့်တပ် MNDAA တပ်တို့အကြား ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ကန်မိန်းဒေသခံတွေကပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ကန်မိန်းကျေးရွာမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းကို KIO/ KIA အစိုးရအောက်ဖွင့်ဖို့ ပြင်ဆင်နေချိန် ကိုးကန့်တပ်တွေရောက်လာပြီး ကန်မိန်းအထက်တန်းကျောင်းကို ကိုးကန့်လက်အောက်မှာသာဖွင့်ဖို့ လာရောက်တားမြစ်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ဇွန်လ ၁၂ ရက်နေ့ကစပြီး  ရပ်ကျေးတာဝန်ခံတွေအပါအဝင် KIO/KIA ဘက်က မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့နဲ့ ကိုးကန့်တပ်တို့အကြား ဆွေးနွေးညှိနှိုင်းတာတွေလုပ်ခဲ့ပေမယ့် နှစ်ဖက်တပ်တို့အကြား ဆုံးဖြတ်ချက်မချနိုင်တာကြောင့် မြို့နယ်အဆင့်ကနေ ဌာနချုပ်ကိုတင်ပြထားဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ဟိုနေ့က နှစ်ဖက်ညှိနှိုင်းကြတာ မြို့နယ်အဆင့်အနေနဲ့အဆင်မပြေလို့ ဌာနချုပ်ကိုတင်ပြထားတဲ့အခြေနေဖြစ်တယ်။ လောလောဆယ်တော့ ကျောင်းလည်းမဖွင့်သေးဘူး နှစ်ဖက်စလုံးညှိနှိုင်းနေတဲ့အခြေနေဘဲမို့”လို့ပြောပါတယ်။ ကန်မိန်းကျေးရွာဟာ လားရှိုးကနေ မိုင်အားဖြင့် ၂၀၀ ဝန်းကျင်ဝေးတဲ့နေရာမှာရှိပြီး အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိတဲ့ရွာဖြစ်ကာ ကချင်၊ရှမ်း၊တရုတ်လူမျိုးတွေနေထိုင်ကြတဲ့ရွာဖြစ်ပြီး အထက်တန်းကျောင်းဖွင့်လာတာဟာ ခေတ်အဆက်ဆက်ရှိခဲ့ပြီလို့ ဒေသခံတွေက ဆိုပါတယ်။ ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးအပြီးနောက်ပိုင်း ကချင်လူမျိုးတွေအများစုနေထိုင်တဲ့ဘက်ကို KIO/KIA အောက် အုပ်ချုပ်ရေးယန္တာရားနဲ့အုပ်ချုပ်နေပြီး တရုတ်အများစုနေထိုင်တဲ့ဘက်မှာတော့ ကိုးကန့်တပ်က အုပ်ချုပ်နေကာ ရှမ်းလူမျိုးအများစုကိုတော့ ကိုးကန့်တပ်ထဲ တပ်သားလုပ်ခိုင်းပြီး ကိုးကန့်ဘက်အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ တရုတ်အများစုနေထိုင်တဲ့ဘက်မှာ တရုတ်စာသင်ကျောင်း အလယ်တန်းအထိသင်ကြားနေတာဖြစ်ပြီး KIO/ KIA အုပ်ချုပ်တဲ့ဘက်မှာတော့ အထက်တန်းကျောင်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ အဲဒီ အထက်တန်းကျောင်းကို KIO/KIA နဲ့ NUG ချိတ်ဆက်ပြီး ကျောင်းဆရာ၊ဆရာမ ၁၀ ဦးခန့်ထားတဲ့အပြင် ကျေးရွာအတွင်း နဂိုရှိရင်းစွဲ CDM ဆရာမတွေနဲ့သင်ကြားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ သို့သော် ဇွန်လ ၁၁ ရက်နေ့မှာတော့ ကိုးကန့်  MNDAA တပ်ဟာ ကချင်၊ရှမ်းတွေနေထိုင်တဲ့ဘက်က အထက်တန်းကျောင်းကိုလည်း ကိုးကန့်လက်အောက်မှာသာဖွင့်ဖို့  ကြိုးပမ်းလာပြီး ကျောင်းတက်ဖို့ရောက်ရှိလာတဲ့ ကျောင်းသား၊သူတွေကိုလည်း စာသင်ခွင့်ပိတ်ပင်ခဲ့တယ်လို့ ကန်မိန်းဒေသခံတစ်ဦးက ခုလိုပြောတယ်။ “သူတို့က တရုတ်စာရောသင်မယ် သူတို့လက်အောက်မှာဘဲ ရှိရမယ်ဆိုတဲ့ပုံစံလုပ်နေတာ မနေ့ကတောင် ကိုးကန့်တပ်က ကျောင်းဆရာ၊မ ၉ ယောက်ကိုခေါ်လာတယ်”လို့ ပြောပါတယ်။ လက်ရှိ ကန်မိန်းအထက်တန်းကျောင်းမှာ  NUG ခန့်ထားတဲ့ ပညာရေးဝန်ထမ်း ၁၀ ဦး၊ ကိုးကန့်ဘက်က ခေါ်လာတဲ့ပညာရေးဝန်ထမ်း ၉ ဦး အပြင် ရှိရင်းစွဲ CDM ဆရာ၊မတွေရှိတယ်လို့ သိရပြီး ကျောင်းမဖွင့်သေးပေမယ့် နှစ်ဖက်စလုံးက ပညာရေးဝန်ထမ်းတွေအဆင်သင့်ရှိနေပြီလို့ သိရပါတယ်။  ကန်မိန်းမှာရှိတဲ့ ကချင်လူထုအားလုံးကတော့ ကန်မိန်းအထက်တန်းကျောင်းကို  NUG နဲ့သေချာချိတ်ဆက်ပြီး ကလေးတွေကို သင်ရိုးညွှန်းတန်းတွေနဲ့အညီ ကောင်းမွန်စွာစာသင်ယူစေချင်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ကျနော်တို့ကတော့ ဖြစ်နိုင်ရင် KIA နဲ့ NUG ချိတ်ပြီးသင်စေချင်တယ် ခုကိုးကန့်က အဓိကစာသင်ပေးဖို့ထက် သူတို့နေရာဦးထားချင်တဲ့သဘောဘဲ သူတို့ခေါ်လာတဲ့ကျောင်းဆရာ၊မတွေလည်း သင်ကြားရေးအပိုင်းကျွမ်းကျင်တဲ့သူတွေပါတာမတွေ့ရဘူး။ ကိုးကန့်တပ်က စာလည်းသေချာသင်ပေးနိုင်မှာမဟုတ်ဘူး ကြားမှာ ကလေးတွေ ကြားညှပ်တယ်”လို့ ပြောပါတယ်။ ကန်မိန်းရွာမှာ အာဏာမသိမ်းခင် ၁၂ တန်းအထိ သင်ကြားတာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ၉ တန်းအထိသာ သင်ကြားပေးဖို့ စီစဉ်နေတာကြောင့် အထက်တန်းကျောင်းသား၊သူတွေဟာ လားရှိုးဘက်ကိုပြောင်းရွှေ့သွားကြတာရှိပြီး  ငွေကြေးမတတ်နိုင်တဲ့သူတွေက ကျောင်းဆက်မတက်ရမယ့်အခြေနေနဲ့ရင်ဆိုင်နေကြရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ ဒါကြောင့် ဒေသခံတောင်းဆိုတာကတော့ ကန်မိန်းအထက်တန်းကျောင်းကို KIA နဲ့ NUG အောက်မှာသာ ဖွင့်စေချင်ပြီး ကျောင်းအမြန်ဆုံးဖွင့်ပေးကြဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။ By – CJ

    Read More »
  • 13 June

    CEC ကျောင်းမှာ ကျောင်းသားဦးရေတိုးလာတာကြောင့် စာသင်ခန်းနေရာအခက်အခဲကြုံနေ

    ကွတ်ခိုင်မြို့ထဲက ရပ်မိရပ်ဖတွေနဲ့ပူးပေါင်းပြီးဖွင့်လှစ်ထားတဲ့ Kachin Education Center ( CEC) ကျောင်းမှာ ဒီနှစ်ကျောင်းသားဦးရေတိုးလာတာကြောင့် စာသင်ခန်းနေရာအခက်အခဲကြုံနေတယ်လို့ သိရပါတယ်။ ဒီကျောင်းကို စတင်ဖွင့်လှစ်ခဲ့ချိန်ကစပြီး မနှစ်ကအထိ ကျောင်းသားဦးရေ ၁၀၀ ဝန်းကျင်ထိသာရှိခဲ့ပေမဲ့ ၂၀၂၄–၂၀၂၅ ပညာသင်နှစ်မှာတော့ ကျောင်းသားဦးရေ ၅၀၀ ခန့်တိုးလာတာကြောင့် စာသင်ဖို့နေရာထိုင်ခင်းအခက်အခဲကြုံနေတယ်လို့ ကျောင်းကော်မတီအဖွဲ့ဝင်တွေက ကချင်သတင်းဌာန Kachin News Group(KNG) ကို ပြောပါတယ်။ “ကျောင်းခန်းအခက်ဖြစ်နေတယ် ကျနော်တို့ ၁ ပတ်အတွင်းမှာပဲ ဘယ်မှာဘယ်လိုသင်ကြမယ်ဆိုတာ ပြင်ဆင်လိုက်နိုင်တော့ ကျောင်းခန်းတွေကဆက်လက်လိုနေတယ်။ ကျနော်တို့ခန့်မှန်းထားတာက ကျောင်းသားဦးရေ ၃၀၀ ကျော်၊ ၄၀၀ တောင်မရောက်လောက်ဘူးလို့ထင်ပြီး အဲလောက်စာပဲ ကျောင်းခန်းစီစဉ်ထားတာ အခုက ၅၀၀ လောက်ရောက်လာတော့ ကျောင်းခန်းအခက်ကြုံနေရတယ်။” လို့ Kachin Education Center ( CEC) ကျောင်းကော်မတီဝင်တစ်ဦးက ပြောပါတယ်။ ကပ်ကာလနဲ့နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် ကလေးတွေပညာရေးနောက်ကျသွားမှာကိုစိုးရိမ်တဲ့ ကျောင်းသားမိဘတွေနဲ့ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့အပါအဝင် အသင်းတော်အဖွဲ့အစည်းနဲ့ ဒေသတွင်းရှိ CSO အဖွဲ့အစည်းတွေပူးပေါင်းကာ ကွတ်ခိုင် Christian Education Centre (CEC) ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကစပြီး စတင်သင်ကြားဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ  KG ကနေ ၉ တန်းထိကို စစ်ရှောင်စခန်း ကွတ်ခိုင်စစ်ဘေးရှောင်စခန်း KBC Camp ၁ က လွတ်တဲ့နေရာမှာနေရာထိုင်ခင်းပြင်ဆင်ပေးပြီး သင်ကြားပေးနေရပြီး ၁၀ တန်းကနေ ၁၂ တန်းကိုတော့ ကွတ်ခိုင် KTC ဓမ္မကောလိပ်ကျောင်းဝင်းဘက် နေရာပြင်ဆင်ထားပေးကာ ကျောင်းသုံးပစ္စည်း၊ ထိုင်ခုံတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။ “ကျမတို့ CEC ကျောင်းဖွင့်လိုက်တော့ အားလုံး တက်တက်ကြွကြွနဲ့ ဘယ်သူမဆို အများကြီး ကျောင်းနာမည်စရင်းတွေ ထည့်သွင်းလာတာက ထူးခြားပြောင်းလဲမှုတစ်ခုဖြစ်တယ်။ TNLA ဘက်ကလည်း အရင်အစိုးရကျောင်းတွေမှာ သူတို့ကျောင်းအဖြစ် ဖွင့်လှစ်နေပြီ။ သူတို့ဆီမှာ တက်တဲ့သူလည်းတက်တယ်။ ဒီကျောင်းကိုလည်း လူမျိုးမရွေး၊ ဘာသာမရွေး အများကြီး ရောက်လာကြတာကတော့ ဒီနှစ်ရဲ့ ပြောင်းလဲမှုတစ်ခုဖြစ်တယ်။” လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။…

    Read More »
  • 12 June

    စစ်ရေးတင်းမာနေတဲ့ ဝိုင်းမော်မြို့အခြေံပညာစာသင်ကျောင်းတွေမှာ ကျောင်းတက်ရောက်သူ ပိုလျော့နည်းလာ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အခြေခံပညာစာသင်ကျောင်းတွေကို ဖွင့်လှစ်ထားပေမယ့် ကျောင်းတက်ရောက်တဲ့သူတဖြည်းဖြည်း လျှော့နည်းသွားတယ်လို့ ဝိုင်းမော်မြို့ ဒေသခံတွေက ပြောပါတယ်။  ၂၀၂၄– ၂၀၂၅ ပညာသင်နှစ်အတွက် ဝိုင်းမော်မြို့ထဲမှာ အခြေံပညာစာသင်ကျောင်းတွေကို မေလ ၂၈ ရက်နေ့ကတည်းကနေ ကျောင်းအပ်လက်ခံပြီး ဇွန်လ ၃ရက်နေ့မှာ ကျောင်းတက်ရောက်နေပြီဖြစ်ပါတယ်။  သို့သော် လတ်တလောမှာ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ရေးအခြေအနေပိုတင်းမာလာနေတဲ့အပြင် ဝိုင်းမော်မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ အမှတ် ၁ ရပ်ကွက် သိမ်ကြီးစုရွာနဲ့ မြို့အနိီးမှာရှိတဲ့ ခတ်ချိုကျေးရွာတွေမှာ လက်နက်ကြီးကျပေါက်ကွဲပြီး အရပ်သားထိခိုက်သေဆုံးတာတွေ များလာတကြောင့် ကလေးတွေကို ကျောင်းပို့ဖို့ စိုးရိမ်တယ်လို့ ကျောင်းသားမိဘ တစ်ဦးက ခုလိုပြောပါတယ်။ “ကျောင်းကတော့ဖွင့်နေဆဲ ဒါပေမယ့် တချို့မိဘတွေကတော့ကြောက်လို့ မသွားအပ်ရဲတာမပို့တာဟုတ်တယ်။ သူတို့ဘက်က တရားဝင်ပိတ်တာမျိုးတော့မရှိသေးဘူး တက်တဲ့သူတွေကတော့ တော်တော်လျှော့သွားပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တစ်ဖက်မှာတော့ ဝိုင်းမော်မြို့ ဒေသခံတစ်ချို့ကတော့ ပြီးခဲ့တဲ့ မေလကတည်းကနေ နေရပ်စွန့်ခွာထွက်ပြေးနေကြပြီဖြစ်ပါတယ်။  ခုလို ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက်ကလေးတွေအနေနဲ့လည်း ကျောင်းတက်ဖို့အတွက်ခက်ခဲကြုံတွေ့နေရတယ်လို့. ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “ကလေးတွေ ကျောင်းတက်ဖို့အတွက်ကတော့ ဒီနှစ်ရဲ့အခြေအနေတွေကြောင့် ဘယ်လိုလုပ်ရမယ်ဆိုတာလဲ မသိသေးဘူး အခြေအနေလည်း အရမ်းမကောင်းတော့ ခက်ခဲတဲ့ အရာတွေကတော့ အများကြီးရှိနေတာပေါ့”လို့ ဆိုပါတယ်။ ဝိုင်းမော်မြို့နယ် ဟာ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက် ရက်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၄၀ စု၊ ကျေးရွာ ၁၇၀ စုစုပေါင်း ၂၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၂၀၀၀၀ ကျော်နေထိုင်တဲ့မြို့နယ်ဖြစ်ပါတယ်။ အခြေခံပညာအထက်တန်းကျောင်း (၁၁)ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) (၆) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) (၁၂) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၄) ကျောင်း၊ အခြေခံ ပညာမူလတန်းကျောင်း (၈၁) ကျောင်းနဲ့ မူလတန်းကျောင်း (ခွဲ) (၁၇) ကျောင်းရှိတယ်လို့ မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ By – Hope

    Read More »
  • 5 June

    စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ဝိုင်းမော်မြို့မှာ စာသင်ကျောင်းဖွင့်ပေမယ့် လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၂၀၂၄– ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံစာသင်ကျောင်းတွေ အားလုံးကိုဖွင့်လှစ်ထားပြီဖြစ်ပေမယ့် စစ်ရေးတင်းမာနေဆဲကြောင့် စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ကျောင်းသားမိဘတွေ ကပြောပါတယ်။ ဝိုင်းမော်မြို့က စာသင်ကျောင်းတွေမှာ  မေလ ၂၈ရက်နေ့ ကတည်းကနေ ကျောင်းအပ်တာတွေကို လက်ခံနေတာ ဖြစ်ပြီး ဇွန်လ ၃ရက်နေ့…

    Read More »
Back to top button