တိုက်ပွဲ

  • May- 2025 -
    16 May

    အင်းတော်ကြီးဒေသကို စစ်ကောင်စီ ပူးပေါင်းတပ်က လေကြောင်းအသုံးပြုပြီး ထိုးစစ်ဆင်နေဆဲ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ဆနွန်းကုန်းကျေးရွာကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်တွေက လေကြောင်းအသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မေလ ၁၄ ရက်နေ့ကစပြီး အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်…

    Read More »
  • 13 May

    ဖားကန့် ဒေသကို စစ်တပ်က စစ်မျက်နှာ ၃ ခုကနေထိုးစစ်ဆင်နေဆဲ

    ကချင်ပြည်နယ် ဖားကန့်ဘက်ကို စစ်မျက်နှာ ၃ ခုကနေ အင်အားအလုံးအရင်းနဲ့ ထိုးတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခံနေတဲ့အတွက် ဖားကန့်မြို့ဝင်ပေါက် ၃ နေရာစလုံးမှာ စစ်ရေးတင်းမာနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ ကားမိုင်းလမ်း၊ ကပ်မှော်နဲ့ ဆိုင်းဖရာကျေးရွာမှာရောက်ရှိနေတဲ့…

    Read More »
  • 10 May

    စစ်ကိုင်းနဲ့ကချင်အစပ်ကမြို့တွေ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ကြုံနေရ

    စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မြို့တွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီလဒုတိယအပတ်လောက်ကနေ စတင်ပြီး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ အဲ့ဒီဒေသတစ်ဝှိုက်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၇ ရက်နေ့အင်းတော်မြို့နယ်ကိုလက်လွှတ်လိုက်ရတဲ့နောက်မှာ အခုလိုလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတာလည်းဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ကချင်နဲ့စစ်ကိုင်းအစပ်မှာ လက်တလောတိုက်ပွဲအနည်းအကျဥ်းသာရှိပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ရှိနေတယ်လို့…

    Read More »
  • 9 May
    Hpakant

    တိုက်ပွဲဖြစ်နေတဲ့ ကပ်မှော်နဲ့ ဆိုင်းဖရာကျေးရွာမှာ စစ်တပ်က လေကြောင်းပစ်ကူနေ

    ဖားကန့်ဘက်ကိုဦးတည်ပြီးတက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဆိုင်းဖရာကျေးရွာ အရောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်ခံရတဲ့အတွက် ဆက်မတက်နိုင်ဘဲ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ကားမိုင်း – မအူပင် ကားလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်တွေက…

    Read More »
  • 9 May

    ဗန်းမော်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသွားသူတွေကို သင်္ဂြိုဟ်ပေးနိုင်ခြင်းမရှိပဲ ပစ်ထားခဲ့ရတယ်လို့ စစ်ရှောင်တွေပြော

    ကချင်ပြည်နယ် ဗန်းမော်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ စစ်ရှောင်ပြည်သူတွေကို သင်္ဂြိုဟ်ပေးနိုင်ခြင်းမရှိဘဲ ပစ်ထားခဲ့ရတယ်လို့ စစ်ရှောင်တွေပြောပါတယ်။ ဒီလေကြောင်း တိုက်ခိုက်မှုဟာ မေလ ၈ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ဖြစ်ပြီး လေကြောင်းဗုံးကြဲမှုကြောင့် စစ်ရှောင်ပြည်သူ ၁၅…

    Read More »
  • 7 May

    ကပ်မှော်ရွာအနီး တိုက်ပွဲပြင်းထန်နေ၊ ‌‌‌‌စစ်တပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်

    မေလကုန်အထိ အပစ်ရပ်ကြောင်းကြေညာထားတဲ့ စစ်ကောင်စီတပ်က ကချင်ပြည်နယ်၊ ဖားကန့်ဘက်ကို မြေပြင်၊‌ဝေဟင်နဲ့ ထိုးစစ်ဆင်နေတာ ၂ ပတ်တိတိရှိလာပြီဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF  ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတွေပြန်ရဖို့ စစ်တပ်က ဧပြီလ ၂၃ ရက်ကစပြီး ကားမိုင်း၊…

    Read More »
  • 1 May

    KIA သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာအထိ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းတွေ ပြန်လည် ရောက်ရှိလာ

    ဖားကန့်မြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ နန့်ယားကျေးရွာ မရောက်မှီ အွမ်ကျေးရွာ (Um Mare)  ဆုတောင်းကုန်းနေရာမှာ တပ်စွဲလိုက်ပြီး စစ်ကြောင်းဆက်လက်ချီတက်နိုင်ရန်အတွက် တောင်ကုန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ကားမိုင်းကျေးရွာအကျော် မအူပင်ကျေးရွာမှာ…

    Read More »
  • Apr- 2025 -
    29 April

    မြစ်ဆုံအထက် တန်ဖရဲရွာမှာ စစ်တပ်နဲ့ KIA တပ်တို့တိုက်ပွဲဖြစ်

    မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ခန့်ကြာမြင့်လာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တန်ဖရဲကျေးရွာမှာ စစ်အင်အားတိုးချဲ့ထားတဲ့ စစ်ကောင်စီတပ်တွေက ဆွမ်ပရာဘွမ့်သွားလမ်း ဂွေထော်(Gwi Htau) ဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့အတွက်…

    Read More »
  • 28 April

    ဗန်းမော်တိုက်ပွဲ စကခ(၂၁)၊ ခလရ ၄၇ နဲ့ တက္ကသိုလ်ဝင်းနေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေ

    ဗန်းမော်မြို့တွင်း သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ ဗန်းမော်တက္ကသိုလ်အပါအဝင်  စကခ (၂၁)၊ ခလရ ၄၇ နဲ့ တခြားစစ်ကောင်စီတပ် နေရာယူထားတဲ့ နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စကခ(၂၁)၊ ခလရ ၄၇ ၊ စုပေါင်းရုံး၊ စည်ပင်ရုံး၊ Win Light Hotel၊ ကန်ဦးကျောင်း၊ အထက(၁) ကျောင်းနဲ့ Galaxy KTV နေရာတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်တိုက်ခိုက်လျက်ရှိနေပြီး တိုက်ပွဲပြန်လည်ပြင်းထန်နေတာ ၄ ရက်နေ့မြောက် တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကို KIA ရှေ့တန်း သတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။ “ဗန်းမော်တိုက်ပွဲက ဒီကနေ့ ဆိုရင် ၄ ရက်ရှိပြီ။ KIA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်။ မြို့တွင်းဘက်တွေမှာလည်း ရှင်းလင်းတိုက်ခိုက်နေသလို စကခ (၂၁) ဘက်မှာလည်း ဖြစ်နေတယ်။ ခလရ ၄၇ ဘက်မှာလည်းဖြစ်နေတယ်။ တိုက်ပွဲဖြစ်တာ ၄ ရက်အတွင်းမှာ တစ်ချို့ တပ်စခန်းတွေကို ပြန်သိမ်းယူနိုင်ခဲ့တယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲအခြေအနေမှာ KIA ပူးပေါင်းတပ်တွေ စကခ (၂၁) တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်တိုက်ခိုက်နေပြီး စကခ (၂၁) တပ်ရင်းထဲက ဗဟိုကင်းအထိ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဗန်းမော်မြို့တွင်း စုပေါင်းရုံး၊ စည်ပင်ရုံးနဲ့ ကာကင်းတပ်စခန်းတစ်ချို့ KIA လက်လွတ်လိုက်ရပြီး တိုက်ပွဲပြန်ဖြစ်တဲ့ အခုရက်ပိုင်းအတွင်းမှာပဲ ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒေသအတွင်းစစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ကချင်စုရပ်ကွက်ရှိ Robert KBC ဘုရားကျောင်းဝင်းနဲ့ စာသင်းကျောင်းတွေမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဧပြီလ ၂၇ ရက်နေ့ ပြန်လည်လက်လွတ်လိုက်ရတယ်လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ယာယီထိုးစစ်ရပ်နားကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့ နောက်ပိုင်း ဧပြီလ ၂၅ ရက်နေ့မှာ တစ်ကျော့ပြန် ထိုးစစ်ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်တွေကလည်း ဗန်းမော်လက်မလွတ်ရေးအတွက် လေကြောင်း၊ ခေတ်မှီ ဒရုန် လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဗန်းမော်မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့  KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းကနေ ဗန်းမော်မြို့သိမ်းတိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ တိုက်ပွဲကာလ ၄ ကြာမြင့်လာတဲ့အထိ သိမ်းပိုက်နိုင်ခြင်းမရှိဘဲ တိုက်ပွဲဖော်ဆောင်နေရ့သေးသလို လက်ရှိမှာ စစ်တပ်က KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ဖာကန့်ဒေသဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်ပါတယ်။ မြေငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ဧပြီလ ၃၀ ရက်နေ့အထိ ယာယီထိုးစစ်ရပ်နားကြောင်း ထုတ်ပြန်ကြေညာထားတဲ့ စစ်တပ်က ကချင်ပြည်နယ်ထဲက အရေးပါတဲ့ မြို့ကြီး နှစ်ခုမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 28 April

    မအူပင်ရွာအနီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲပြင်းထန်နေ

    ဖားကန့်ဒေသဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကားမိုင်းမြို့အကျော် မအူပင်ကျေးရွာအနီးမှာ KIA တပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ အဲဒီစစ်‌ကြောင်းဟာ စစ်အင်အား ၅၀၀ ခန့်ရှိပြီး ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့အတွက် မအူပင်နဲ့…

    Read More »
Back to top button