တိုက်ပွဲ
-
Apr- 2025 -25 April
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်ပြန်လည်စတင်
တစ်လဝန်းကျင်အကြာ ထိုးစစ်ရပ်တန့်ထားတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်တပ်ရှိတဲ့ နေရာတွေကိုတစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့တစ်ခုလုံး သိမ်းပိုက်နိုင်ရန် ကျန်ရှိနေတဲ့ စကခ (၂၁)၊…
Read More » -
25 April
ဖားကန့်လမ်ပိုင်းမှာ တိုက်ပွဲပြင်းထန် နေပြီး ကျေးရွာ ၆ ရွာက ပြည်သူ ထောင်ချီတိမ်းရှောင်
ကချင်ပြည်နယ် ဖားကန့်ဒေသဘက်ကို စစ်ကောင်စီတပ်အင်အားထောင်ချီ စစ်ကြောင်းထိုးတက်လာတဲ့အတွက် ဖားကန့်လမ်းပေါ် မအူပင်မှာ တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတစ်ထောင်ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ကားမိုင်းလမ်းနဲ့ အင်းတော်ကြီးဒေသ ဂွေခါလမ်းနှစ်ခုကနေ ဖားကန့်ဒေသဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် လက်ရှိမှာ နန့်ယား၊…
Read More » -
24 April
နန့်မွန်းမြို့အထိုင်တပ်က လက်နက် ကြီးဆက်တိုက်ပစ်ခတ်နေလို့ ဒေသခံတစ်ချို့တိမ်းရှောင်
ကချင်ပြည််နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊နန့်မွန်းမြို့ရှိ စစ်ကောင်စီတပ်တွေဟာ အင်းတော်ကြီးဒေသအနီးရှိ ကျေးရွာတွေဘက်ကို လက်နက်ကြီးဆက်တိုက်ပစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၃ ရက် မနက်အစောပိုင်းကစပြီး နန့်မွန်းမြို့မှာထိုင်ထားတဲ့ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်ကအင်းတော်ကြီးဒေသ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာဘက်ကို…
Read More » -
24 April
အပစ်ရပ်ကြေညာထားတဲ့ စစ်တပ် ဖားကန့်ဘက်ကို အင်အားထောင်ချီသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ KIO ပြော
ကချင်ပြည်နယ် ဖားကန့်ဒေသဘက်ကို စစ်ကောင်စီတပ်က စစ်အင်အားတစ်ထောင်ဝန်းကျင်အသုံးပြုပြီး လမ်းကြောင်းနှစ်ခုကနေ ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့ KIO ပြောပါတယ်။ ဒီလဆန်းပိုင်းကစပြီး အင်းတော်ကြီးဒေသဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ တစ်လဝန်းကျင်ခန့်အကြာ တနိုင်းလီဒိုလမ်းမပေါ် လဝါးကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖားကန့်ဒေသဘက်ကို ဦးတည်ပြီးထိုးစစ်ဆင်လာတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ…
Read More » -
23 April
အပစ်ရပ်ကာလထပ်တိုးကြောင်းကြေညာနေတဲ့ စစ်ကောင်စီတပ် အင်းတော်ကြီးဒေသမှာ လေကြောင်းတိုက်ခိုက်နေ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်က မြေပြင်စစ်အင်အားတိုးချဲ့နေတဲ့အပြင် လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် ဧပြီလ ၁၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ပူးပေါင်းတပ်ဟာ အင်းတော်ကြီးဒေသ KIA နဲ့ PDF ပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ ဆနွမ်းကုန်း(Sanun Kawng) ဘက်ကို စစ်ကြောင်းထိုးဝင်လာပြီး စစ်ရေးလှုပ်ရှားမှုတွေစတင်လာတာလို့ သိရပါတယ်။ အဲဒီစစ်ကြောင်းကို KIA ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက် ဧပြီလ ၂၂ ရက်နေ့…
Read More » -
16 April
လဝါးကျေးရွာ နေအိမ် ၁၀၀ ခန့် မီးရှို့ဖျက်ဆီးခံရပြီး အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
တစ်လဝန်းကျင် တိုက်ပွဲဖြစ်ပွားနေတဲ့ ဖားကန့်–တနိုင်းသွား လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာက နေအိမ် ၁၀၀ ခန့်ကို စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က မီးရှို့ဖျက်ဆီးလိုက်ပြီးအရပ်သား ၁၀ ဦးထက်မနည်းလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက ဧပြီလ ၁၅ ရက်နေ့…
Read More » -
9 April
အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့တပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဖမ်းမိ
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလွှတ်မြောက်သွားတဲ့တပ်မမှူးနဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို ကသာမြို့နယ်တစ်နေရာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ KNG ကစုံစမ်းသိရပါတယ်။ အင်းတော်မြို့ဟာ စစ်ကောင်စီရဲ့ တပ်မ ၇၇ ရှေ့တန်းဌာနချုပ်အခြေစိုက်တဲ့မြို့ဖြစ်ပြီး ဧပြီလ ၇ ရက်နေ့ ညပိုင်း ၈…
Read More » -
8 April
အင်းတော်မြို့ကို ၈ လနီးပါးအကြာမှာအပြီးသတ်သိမ်းပိုက်
ကချင်အစပ် စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ အင်းတော်မြို့နယ်တစ်ခုလုံးကို မနေ့က ဧပြီလ ၇ ရက် ည ၈ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုအတည်ပြုပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ၈ လနီးပါးကြာမြင့်ခဲ့ပြီး အရင်းနှီးကြီးခဲ့တဲ့တိုက်ပွဲဖြစ်သလို တစ်ဖက်မှာ…
Read More » -
3 April
အပစ်ရပ်မယ်လို့ ကြေညာထားတဲ့ စစ်တပ်က ကချင်မှာ တိုက်ပွဲဖော်ဆောင်နေတယ်လို့ KIO ပြော
အာဏာသိမ်းစစ်တပ်က ယာယီအပစ်ရပ်မယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် ကချင်ပြည်နယ်ထဲက မြို့နယ်တစ်ချို့မှာ လေကြောင်းအပြင် ထိုးစစ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ အပစ်ရပ်ကြောင်း ထုတ်ပြန်လိုက်တဲ့ ဧပြီလ ၂ ရက်နေ့ကနေ ဒီကနေ့ ၃ ရက်နေ့အထိ ဗန်းမော်၊ အင်းတော်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ လေကြောင်းနဲ့…
Read More » -
2 April
အင်းတော်တိုက်ပွဲ စစ်တပ်ကနှစ်ရက်ဆက်တ်ိုက်လေကြောင်းအသုံးပြုတိုက်ခိုက်
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက်လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ KNG က စုံစမ်းသိရှိရပါတယ်။ မနေ့က ဧပြီလ ၁ ရက်နေ့မနက်ပိုင်းကစလို့ နှစ်ဖက်တပ်တွေအင်းတော်မြို့ ဒေသအခေါ် ဂျပန်လှိုဏ်ဂူအနီးတစ်ဝှိုက်မှာ တိုက်ပွဲဖြစ်ပွားနေကြတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စစ်ကောင်စီတပ်က…
Read More »








