လူ့အခွင့်အရေးချိုးဖောက်မှု

  • Nov- 2025 -
    20 November

    ဗန်းမောက်နယ်ထဲက ဆေးရုံဗုံးကြဲခံရမှုမှာ ကျန်းမာရေးဝန်ထမ်း၂ ဦးသေဆုံးခဲ့တယ်လို့ NUG အတည်ပြု

    စစ်ကိုင်းနဲ့ကချင်အစပ် တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ MOH ဆေးရုံတည်ရှိရာ ဗန်းမောက်မြို့တောတွင်း တစ်နေရာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ကျန်းမာရေးဝန်ထမ်း ၂ ဦးသေဆုံးခဲ့ရတယ်လို့ NUG ဝန်ကြီးများရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်ကအတည်ပြုပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ၄…

    Read More »
  • 13 November

    ဖားကန့်မှာ စစ်တပ်ထပ်ဝင်လာတဲ့တစ်ပတ်အတွင်း ကလေးငယ်အပါ ပြည်သူ ၄ ဦးသေဆုံး

    ဖားကန့်မှာ စစ်ကြောင်းထပ်မံဝင်ရောက်လာတဲ့ ယခုပတ်အတွင်း တိုက်ပွဲမဖြစ်တဲ့ ကျေးရွာ ရပ်ကွက်တွေဘက်ကို ဦးတည်ပြီး လေကြောင်းအပြင် လက်နက်ကြီးဆက်တိုက်ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးတာတွေ ဆက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ ဖားကန့် ဗျူဟာကုန်းကနေ လုံးခင်းအုပ်စု တောမှော်အတက်လမ်း ကုဋေမှော်၊ မားဆားဘက်ကို အကြောင်းမဲ့ လက်နက်ကြီး ၁၂၀ မမ ၄ ကြိမ်ထက်မနည်းလှမ်းပစ်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦးထပ်မံသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရရှိတဲ့ ပြည်သူတစ်ချို့တွေလည်းရှိခဲ့တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လှမ်းပစ်တာက ၁၂ နာရီခွဲကျော်ကျော်လောက်ရှိမယ်။ တောမှော်အတက်လမ်းရှိတဲ့ ဘက်ကို ဦးတည်ပြီးပစ်တာ။ အဲ့မှာ မားဆားကျေးရွာထဲမှာ လက်နက်ကြီးကျကွဲလို့ ကလေးငယ်တစ်ဦးထပ်ဆုံးခဲ့တယ်။ ထိခိုက်ဒဏ်ရာရတဲ့တစ်ချို့လည်းရှိသေးတယ်လို့ ကြားပါတယ်။ ဒါပေမယ့် သေးစိတ်တော့မသိရသေးဘူး။ အခုလက်နက်ကြီးပစ်တဲ့ နေရာဘက်မှာ တိုက်ပွဲလည်းမရှိပါဘူး”လို့ပြောပါတယ်။ ဖားကန့်ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ၃ လုံးခန့်က မားဆားကျေးရွာတဝိုက်ကျမှန်ပေါက်ကွဲခဲ့ပြီးတော့ အခုလိုပြည်သူတွေ အသက်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ လက်နက်ကြီးပစ်ခတ်ခံရတဲ့ နေရာဘက်မှာ စစ်တပ်က နိုဝင်ဘာလ ၁၁ ရက်နေ့မှာပဲ Y – 12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်အပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ တစ်ရက်ခြားမှာပဲ အခုလို ဖားကန့်ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးပစ်ခတ်ခံရတာဖြစ်ပါတယ်။ တိုက်ပွဲမရှိတဲ့ တောမှော်ကျေးရွာဘက်ကို လေကြောင်းအပါ လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခံနေရတဲ့ အခြေအနေဟာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်စခန်းသိမ်းတိုက်ပွဲမှာ တောမှော်ကျေးရွာမှာ စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်ထားပြီး အဲဒီနေရာမှာ KIA နဲ့ PDF အဖွဲ့တွေ တပ်အထိုင်ချထားတာကြောင့် ပစ်ခတ်ခံရတာဖြစ်နိုင်တယ်လို့ သတင်းအရင်းအမြစ်တွေသုံးသပ်ပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ပြီး ဖားကန့် လုံးခင်းနဲ့ မှော်ဆီစာ ကျေးရွာတစ်လျှောက် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာကြောင့် နှစ်ဖက်တပ် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ အဲဒီနိုဝင်ဘာလ ၉ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အချိန် စစ်ကြောင်းနောက်ကနေ ဆိုင်ကယ်နဲ့ကပ်ပါလာတဲ့ အသက် ၂၀ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးလည်း မိုင်းစထိမှန်သေဆုံးမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ၁၀ ရက်နေ့မှာလည်း မှော်ဆီစာ ကားလမ်းမကြီးပေါ်မှာ မိုင်ဆွဲပေါက်ကွဲမှုဖြစ်ပြီး ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းရှေ့မှာ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တပ်ဘက်က ပြန်ပြီးနေရာယူထားတဲ့ လုံးခင်း၊ မှော်ဆီစာ၊ နမ့်မဖြစ်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး စတဲ့နေရာတွေကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ဖို့ရန်အတွက် နိုဝင်ဘာလ ၆ ရက်နေ့မှာ ဖားကန့် ကားမိုင်း – နန့်ယားလမ်းပိုင်းကနေ ရဲတပ်သားတွေအပါအဝင် စစ်ကြောင်းထိုးတက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေက နိုဝင်ဘာလ ၁၀ ရက်ညမှာ မှော်ဆီစာကျေးရွာထဲက Sky Hotel နဲ့ ဘုရားကုန်းနေရာတွေမှာ ဝင်ရောက်နေရာယူထားတာဖြစ်ပါတယ်။ Sky Hotel ထဲမှာ နေရာယူထားတဲ့ စစ်အင်အားတစ်ချို့က နိုဝင်ဘာလ ၁၂ ရက်နေ့နောက်ပိုင်း ပြန်ထွက်ခွာသွားတာရှိပေမယ့် စစ်ရေးနေရာမဟုတ်တဲ့နေရာတွေမှာ ပေါ်ပေါ်တင်တင်စစ်ရေးလှုပ်ရှားနေတာကြောင့် ပြည်သူတွေက အပြင်မထွက်ရဲဘဲ ကြောက်လန့် စိုးရိမ်မှုတွေဖြစ်နေတယ်လို့ ဖားကန့် ပြည်သူတစ်ဦးက ဆက်ပြီးပြောပြပါတယ်။ “လုံးခင်းကတော့ ပုံမှန်အနေအထားဖြစ်သွားပြီလို့ပြောလို့ရမယ်။ ဒါပေမယ့် အခုရက်ပိုင်းဖြစ်ပျက်သွားတာက မှော်ဆီစာနားမှာပဲ အခြေတည်ဖြစ်သွားတယ်ဆိုတော့ လမ်းမကြီးနဘေးက အိမ်တွေ၊ စျေးဆိုင်ကတွေကအစ အဖွင့်ရဲ မသွားရဲကြတဲ့သူတွေရှိသေးတယ်။ နေ့ခင်းဘက်မှာကျတော့ အိမ်မှာနေပြီး ညခင်းဘက်မှာဆိုရင် တခြားနေရာတွေမှာ သွားအိပ်ကြတာတွေရှိတယ်။ တစ်ချို့ကတော့ အိမ်နောက်ဖေးဘက်မှာ တံခါးတွေပိတ်ပြီး ပုန်းနေကြတယ်”လို့ပြောပါတယ်။ မှော်ဆီစာဘုရားကုန်းပေါ်မှာ နေရာယူထားတဲ့ စစ်ကြောင်းတစ်ချို့လည်း မှော်ဆီစာဘုန်းကြီးရဲ့ ပြောဆိုမှုကြောင့် တပ်စွန့်ခွာသွားတယ်လို့ ဆက်သိရပါတယ်။…

    Read More »
  • Oct- 2025 -
    30 October

    ကသာမှာ ကလပ်စတာဗုံးနဲ့တိုက်ခိုက်ခံရပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့က ညောင်ခြေထောက်ရွာကို စစ်ကောင်စီတပ်က မနေ့ကညပိုင်း ၁၀ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်၁၀နှစ်အရွယ်ကလေးတစ်ယောက်အပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ခြေထောက်ရွာက ဘုန်းကြီးကျောင်းဝန်းအတွင်းက ဓမ္မာရုံနှင့် ဂရုဏာပရဟိတကားလည်း ပျက်စီးခဲ့ရသလို အရပ်သားနေအိမ်…

    Read More »
  • 29 October

    ဗန်းမောက်မြို့ လေကြောင်းအပြင် လက်နက်ကြီးနဲ့တိုက်ခိုက်ခံရပြီး နေအိမ်အဆောက်အဦးတစ်ချို့ မီးလောင်ပျက်ဆီး

    စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့က အဆောက်အဦးတစ်ချို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာကနေ မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း မြစ်သေးချင်းကျေးရွာကိုလေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက် ခိုက်ခဲ့ပြီး အဲ့ဒီနေ့တစ်ရက်တည်းမှာဘဲ နားယကာကျေးရွာလမ်းဆုံက နေအိမ်တစ်လုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေ…

    Read More »
  • 21 October

    ရှမ်းမြောက် မြို့ ၄ မြို့ တစ်နေ့တည်း လေကြောင်းတိုက်ခိုက်ခံရ

    ရှမ်းပြည်နယ်မြောက်ပိုင်းက မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ မိုးကုတ် စတဲ့မြို့နယ်တွေကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၉ ရက်နေ့ တစ်နေ့တည်းမှာပဲ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA ကသတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုတွေမှာ ဘာသာရေးအဆောက်အဦး၊ မီးသတ်ရုံး၊ လက်ဖက်စက်ရုံ၊ အရပ်သားနေအိမ်၊…

    Read More »
  • 10 October

    ရှမ်းမြောက်မှာ တစ်ပတ်အတွင်း အရပ်သား ၂၈ ဦးထိခိုက်သေဆုံး

    ရှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တစ်ချို့မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၂၈ ဦးသေဆုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဒါ့အပြင် တစ်ပတ်အတွင်းမှာ ထိခိုက်ဒဏ်ရာရရှိသူကတော့ ကလေးငယ် ၉ ဦးအပါအဝင်…

    Read More »
  • 6 October

    နမ္မတူမြို့ကို စစ်တပ်က ဒုတိယအကြိမ်လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၅ လုံးထိခိုက်ပျက်စီး

    ရှမ်းမြောက် နမ္မတူမြို့ကို စစ်တပ်က လေကြောင်းနဲ့ထပ်မံဗုံးကြဲလို့ လူနေအိမ် ၅ လုံးပျက်စီးသွားပြီး မှန်လုံကား ၂ စီးပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA ထိန်းချူပ်ထားတဲ့ နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက် ( ၂ ) စျေးအနောက်ဘက်ကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၆ ရက်နေ့ ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ  လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ နမ္မတူဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ “နမ္မတူမီးသတ်ရုံးရှေ့က အိမ်တွေဟုတ်တယ်။ လူတွေတော့ ထိခိုက်တာမရှိဘူး။ ဟိုနေ့က ဗုံးလာကြဲကတည်းက အိမ်ရှင်တွေက အားလုံးရှောင်ကုန်တာကြောင့် လူထိခိုက်မှုတော့ မရှိဘူး အိမ်က ၅ လုံးထိတယ်။ လုံး၀ ရစရာမရှိ ဖြစ်သွားတာက ၃ အိမ်ဟုတ်တယ်။ မှန်လုံကား ၂ စီးထိတယ်။” လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦး KNG ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နမ္မတူမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာလည်း လေကြောင်းနဲ့ဗုံးကြဲခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပြီး တစ်လကျော်အကြာ ဒီနေ့မနက်မှာ ဒုတိယအကြိမ် နမ္မတူမြို့ကိုထပ်မံလေကြောင်းဗုံးကြဲတာဖြစ်ပါတယ်။ ခုလို စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် နမ္မတူမြို့ ဒေသခံပြည်သူတချို့လည်း  အောက်တိုဘာလကစပြီး တိမ်းရှောင်သူတွေရှိသလို ဒီနေ့မနက် ဒုတိယအကြိမ် ထပ်မံဗုံးကြဲခံရပြီးနောက် လက်ရှိ နမ္မတူမြို့က ဘာသာရေးအဖွဲ့စည်းတွေအပါအဝင် ပြည်သူအများပိုင်းတိမ်းရှောင်ဖို့ရန် ပြင်ဆင်နေပြီလို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၁ ရက်နေ့က စပြီး ကျောက်မဲမြို့ကို TNLA လက်ထဲကနေ အပြီးပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နမ္မတူမြို့ ၊ မန်တုံမြို့ ၊ နမ့်ဆန်မြို့ကိုတွေလည်း ဖိအားပေးတဲ့ပုံစံနဲ့ ချက်ချင်းဗုံးကြဲတိုက်ခိုက်လာတာဖြစ်ပါတယ်။ “စစ်တပ်က TNLA ကို နမ္မတူ၊ မန်တုံမြို့တွေအထိ ဖယ်ပေးဖို့ ပြောထားခဲ့တာဟုတ်တယ်။ သူတို့နေနေသရွေ့ ဘယ်မှာဖြစ်ဖြစ် ဗုံးကြဲနေမှာပဲဖြစ်တာကြောင့် အခုအခြေအနေအရဆို စစ်တပ်က ဆက်တိုက်ဗုံးကြဲဖိအားပေးသွားမဲ့အနေအထားပဲ။ နောင်ချိုပြီးတာနဲ့ သူတို့ညိနှိုင်းခဲ့စဉ်က ကျောက်မဲ၊ သီပေါ၊ နမ္မတူတွေကို ဖယ်ပေးဖို့ နဲ့  PSLF/TNLA အတွက်က မန်တုံနဲ့ နမ့်ဆန်ကို ယူပေါ့။ အဲလိုစစ်တပ်ဘက်က ညှိခဲ့တယ်လို့ သိရတယ်။ အခုက ကျောက်မဲကို စစ်တပ်တိုက်ခိုက်နိုင်ပြီဆိုတော့ ထပ်ဆွေးနွေးစရာမရှိဘူး။ ဒါတွေကိုလည်း သူတို့တိုက်ခိုက်ပြီး အနိုင်ရနိုင်တယ်လို့ ခြိမ်းခြောက်လာတဲ့ အနေအထားဖြစ်တယ်။” လို့ နမ္မတူဒေသခံအမျိုးသားက ဆက်ပြောပါတယ်။  အလားတူ စစ်တပ်က အောက်တိုဘာလ ၄ ရက်နေ့ မနက်မှာလည်း နမ့်ဆန်မြို့ကို လေကြောင်းဗုံးကြဲခဲ့ရာ လူထိခိုက်မှုတော့ မရှိခဲ့ပေမယ့် အောက်တိုဘာလ ၂ ရက်နေ့နဲ့ ၄ ရက်နေ့ သီပေါမြို့ဗုံးကြဲခံရမှုမှာ အရပ်သား ၂ ဦးသေဆုံးမှုရှိခဲ့ပါတယ်။ အဲဒီနောက် အောက်တို ၆ ရက်နေ့ ဒီနေ့မနက်မှာလည်း နမ္မတူမြို့ဗုံးကြဲပြီးနောက် ၆ မိနစ်အကြာမှာပဲ သီပေါမြို့ကိုပါ ထပ်မံလေကြောင်းဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး စစ်ကော်မရှင်တပ်တွေဟာ ကျောက်မဲမြို့ကို TNLA လက်ထဲကနေ ပြန်လည်ရယူဖို့ ထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပြီး တစ်လကျော်ကြာကာလအတွင်းမှာ ကျောက်မဲမြို့ကို အပြီး သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်တာဖြစ်ပါတယ်။  ဒါကြောင့် လက်ရှိမှာ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့နဲ့ မိုးကုတ်တွေကို ပစ်မှတ်ထား ခြိမ်းခြောက်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှစ်ဖက်တပ်တွေဟာ တရုတ်ကြားခံမှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဩဂုတ်လနောက်ဆုံးပတ်က စတုတ္တအကြိမ် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြတာဖြစ်ပေမဲ့ သဘောတူညီမှု မရရှိခဲ့ဘူးလို့  သိရပါတယ်။ နှစ်ဖက်လက်နက်ကိုင်တပ်တို့ ၄ ကြိမ်တိတိ တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီမှုတစ်စုံတစ်ရာမရရှိတဲ့နောက် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ကာ ဖိအားပေးနေတာဖြစ်ပြီး ကျောက်မဲ၊ မိုးကုတ်နဲ့ နောင်ချိုဘက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်လုပ်နေပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 2 October

    စစ်တပ်ကစေခိုင်းပြီး တိမ်းရှောင်ထားတဲ့ နေအိမ်တွေ ဖောက်ထွင်းခိုးယူမှုတွေရှိနေ

    ဖားကန့် ဆိုင်းတောင်ကျေးရွာအုပ်စု ဆန်းကြွယ်ကျေးရွာ တိုက်ပွဲကြောင့် တိမ်းရှောင်သွားကြတဲ့ ကျေးရွာပြည်သူတွေရဲ့ တန်းဖိုးရှိပစ္စည်းတွေကို စစ်တပ်နဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ ပူးပေါင်းပြီး ဖောက်ထွင်း ခိုးယူရောင်းချတာတွေလုပ်တယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဆန်းကြွယ်ပြည်သူတွေ ရွာထဲကနေ ထွက်ပြေးသွားပြီးနောက် စစ်တပ်က မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူတွေကို ရွာထဲကို သွားလာခွင့်ပေးပြီးနောက် ပြည်သူတွေရဲ့…

    Read More »
  • 2 October

    နမ္မတူမြို့ နဲ့ မန်တုံမြို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၄ ဦးသေဆုံး ၇ ဦးဒဏ်ရာရ

    ရှမ်းမြောက် နမ္မတူမြို့နဲ့ မန်တုံမြို့တွေကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် ထိခိုက်၊ သေဆုံးသူ အရပ်သား ၁၁ ဦးခန့် ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့ ဒီနေ့မနက် ၇ နာရီ…

    Read More »
  • Sep- 2025 -
    30 September

    လေကြောင်း အန္တရာယ်ထပ်မံစိုးရိမ်ပြီး ဆဒုံးပြည်သူတွေတိမ်းရှောင်မှုရှိနေ

    ကချင်ပြည်နယ် ကန်ပိုင်တည်နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ် ရှိ ဆဒုံးမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စာသင်ကျောင်းနဲ့ ဌာနဆိုင်ရာရုံးတွေပိတ်လိုက်ပြီး ပြည်သူတစ်ချို့လည်း မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ “ရုံးတွေ၊ ကျောင်းတွေလည်းအကုန်ပိတ်လိုက်ပြီ။ ဒေသခံပြည်သူတွေက ဆိုလာပြားတင်တဲ့ သူကတင် မြို့ထဲကနေ ထွက်နေကြတယ်။ အားလုံးက…

    Read More »
Back to top button