စစ်ပြေးဒုက္ခသည်များ

  • Jul- 2024 -
    11 July

    ချီဖွေစစ်ရှောင်စခန်း တစ်ဆောင် ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ပျက်စီး

    ချီဖွေမြို့ပေါ်မှာရှိတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်းထဲက အဆောင်တစ်ဆောင် ဝါယာရှော့ခ်ကြောင့် မီးလောင်သွားတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့ ဒီမနက် ၃ နာရီဝန်းကျင် ဝါယာရှော့ခ်ကနေတစ်ဆင့် အဆောင်တစ်ခုလုံး မီးကူးစက်လောင်ကျွမ်းသွားတာဖြစ်တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက  ခုလိုပြောပါတယ်။ “ဒီမနက် ၃ နာရီမှာ ဝါယာရှော့ခ်ကြောင့်စလောင်တာ ဘာမှမရလိုက်ဘူး”လို့ပြောပါတယ်။ ဝါယာရှော့ခ်ကြောင့် မီးလောင်သွားတဲ့အဆောင်ဟာ အိမ်ထောင်စု  ၉ စု လူဦးရေ ၄၅ ဦးဝန်းကျင်နေထိုင်တဲ့ အဆောင်တန်းလျားဖြစ်ပြီး ဝါယာရှော့ခ်ဖြစ်ချိန်မှာ မနက်ပိုင်း အိပ်မောကျချိန်ဖြစ်တာကြောင့် ပစ္စည်းယူနိုင်တာမရှိဘူးလို့သိရပြီး လူထိခိုက်တာလည်းမရှိဘူးလို့ သိရပါတယ်။ ချီဖွေမြို့မှာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့တစ်ကြိမ်၊ ဇွန်လ ၂၉ ရက်နေ့တစ်ကြိမ် မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် စစ်ရှောင်တွေ နှစ်ကြိမ်တိတိရေဘေးသင့်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မနေ့ညမှာလည်း အဆောင်ထပ်ပြီး မီးလောင်သွားတာရှိတဲ့အတွက် အရေးပေါ်ကူညီထောက်ပံံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ “ချီဖွေမှာ ရေ ၂ခါကြီးပြီ စစ်ရှောင်တွေက စစ်ဘေး၊ရေဘေး၊ခုမီးဘေးကျတဲ့သူတွေလည်းရှိတော့ အကူညီတွေတော့လိုအပ်နေပါတယ်”လို့ နောက်ထပ်စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ ချီဖွေမြို့ဟာ မြစ်ကြီးနားကနေ အရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာမှာရှိပြီး မေခမြစ်ကမ်းပေါ်မှာရှိတဲ့အပြင် စစ်ရှောင်စခန်းဟာလည်း မြစ်ကမ်းနံဘေးမှာဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ချီဖွေမြို့ဟာ ပန်ဝါမြို့နဲ့ မိုင် ၄၀ အကွာမှာရှိပြီး မြစ်ကြီးနား– ပန်ဝါသွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့မြို့ဖြစ်ကာ မြောက်ဖက်မှာ လောခေါင်၊ထော့်ဂေါ့၊ဆော့လော်မြို့ရှိပါတယ်။ ချီဖွေမြို့ပေါ်မှာဘဲ လော်ဝေါ်နှစ်ခြင်းအသင်းတော်ဝင်း LBC မှာ စစ်ရှောင်စခန်းတစ်ခုရှိသလို KBC စစ်ရှောင်စခန်းမှာလည်း စစ်ရှောင်စခန်းတစ်ခုရှိပြီး ခုမီးလောင်တဲ့အဆောင်ဟာ KBC စခန်းမှာရှိတဲ့အဆောင်ဖြစ်ပါတယ်။ ချီဖွေမြို့ KBC စစ်ရှောင်စခန်းမှာ စစ်ရှောင် အိမ်ထောင်စု ၁၀၀ စုနဲ့ လူဦးရေ  ၈၇၀ ကျော်ရှိပြီး၂၀၁၂ခုနှစ် တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူတွေ ဖြစ်ကြပါတယ်။ By – CJ

    Read More »
  • 6 July

    ဝိုင်းမော် စစ်ရှောင်များအနက် ကိုယ်ဝန်ဆောင်မိခင်နှင့် အမျိုးသမီးများ၏ အခက်အခဲ

    ဝိုင်းမော်မြို့နယ်တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များတွင် လုံလောက်လောက် ကူညီထောက်ပံ့မှု မရရှိဘဲ မိုးရာသီ အဆိုးရွားဆုံး အခြေအနေကို ဖြတ်ကျော်နေရသည်။ ထိုအထဲတွင် ဇူလိုင်လ ပထမအပတ် ဧရာဝတီမြစ်ရေကြီးမှုတွင် ဧရာဝတီမြစ်ကမ်းရှိ စစ်ရှောင်စခန်းများ…

    Read More »
  • 3 July

    ဗန်းမော်မှာ ရွာပေါင်း ၅ ရွာက ပြည်သူတွေအတွက် အစားသောက်နဲ့သောက်သုံးရေအရေးပေါ်လိုအပ်နေ

    ဗန်းမော်မြို့ အနောက်ဘက်မြစ်ကမ်းနံဘေးမှာရှိတဲ့ ရွာပေါင်း ၅ ရွာက ပြည်သူတွေအစားသောက် နဲ့ သောက်သုံးရေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိ ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီး မြို့ပေါ်ရပ်ကွက်တစ်ချို့ရေဝင်ရောက်နေပြီဖြစ်သလို မြစ်ကမ်းနံဘေးကျေးရွာတွေမှာလည်း ရေတွေဝင်ရောက်နေပြီဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိ ဧရာဝတီမြစ်ကမ်းနံဘေးရွာက ရွာပေါင်း ၅ ရွာပြည်သူတွေ ရေဘေးအန္တရာယ်ကြုံနေရပြီး အစားသောက်နဲ့သောက်သုံးရေလိုအပ်နေတယ်လို့ ကောင်းစင့်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ရေတက်ပြီဆို မြစ်ကမ်းတစ်လျှောက်ရွာတွေပိုဆိုးတာပေါ့ ရေတွေက ညနေပိုင်းလောက်ဆို တစ်ရွာလုံးမြုပ်နိုင်တယ်။ ဒီဘက်ကအိမ်တိုင်းလိုတော့လှေရှိတယ် လှေမရှိတဲ့အိမ်တွေလည်းရှိတယ် ခုလောလောဆယ်ကသောက်ရေနဲ့အစားသောက်တွေလိုနေတယ်”လို့ပြောပါတယ်။ ရေဘေးအန္တရာယ်ကြုံတွေ့ပြီး သောက်သုံးရေနဲ့အစားသောက်လိုအပ်နေတဲ့ရွာတွေဟာ ကောင်းစင့်၊ရေလှဲ၊မံမလင်း၊ပါပေါင်း၊လက်ပံတန်း (ရွာဟောင်း) စတဲ့ရွာဖြစ်တယ်လို့သိရပြီး ရွာထဲမှာရေဝင်ရောက်မှုဟာ မြင့်တက်နေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဇွန်လ ၂၉ ရက်နေ့ကစပြီး ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေဖြစ်တဲ့ ပူတာအို၊ချီဖွေ၊ဆော့လော်၊ပန်ဝါ၊ကမ်းဖန့်စတဲ့ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး မေခမြစ်နဲ့မလိခမြစ်ရေကြီးရေလျှံတာကြောင့် ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့တွေမှာ ၃ ရက်ခန့်ရေကြီးရေလျှံခဲ့ပြီး စိုးရိမ်ရေအမှတ်ထက် ၆ ပေကျော်မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လ၂ ရက်နေ့ကစလို့ မြစ်ကြီးနားမှာ ရေကျဆင်းသွားပြီဖြစ်ပေမယ့် မြစ်ကြီးနားမြို့ရဲ့အောက်ဘက်မှာရှိတဲ့ မြို့တွေမှာတော့ မြစ်ရေဆက်မြင့်တက်နေပြီး ဗန်းမော်မြို့ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီဖြစ်ပါတယ်။ သို့သော် ဗန်းမော်မြို့တွင်းပြည်သူတွေဟာ ရေမဝင်ရောက်လာခင်ကတည်းကနေ ကြိုတင်ရွှေ့ပြောင်းတာ၊ကြိုတင်ပြင်ဆင်ထားပြီး ရေဘေးရှောင်အတွက် စခန်း ၄ နေရာပြင်ဆင်ထားပြီး တစ်ချို့ပြောင်းရွှေ့ထားပြီဖြစ်တာကြောင့် အခက်ခဲမရှိအဆင်ပြေနေကြပြီလို့ သိရပါတယ်။ မြို့တွင်း ပြည်သူတွေအတွက် အဆင်ပြေနေပြီဖြစ်ပေမယ့် ဗန်းမော်မြို့ရဲ့အနောက်ဘက် မြစ်ကမ်းနံဘေးမှာရှိတဲ့ရွာတွေမှာတော့ အကူညီတွေမရရှိသေးဘူးလို့ သိရပါတယ်။ “ရေကတစ်ဖြည်းဖြည်းပိုကြီးလာပြီ ဒီတိုင်းသာဆက်တက်လာမယ်ဆိုရင် နာရီပိုင်းအတွင်း  မလွယ်ဘူး။ ဒါကြောင့် ကျနော်တို့ဘက်ကိုလည်း လာကူညီပေးဖို့တောင်းဆိုချင်ပါတယ်”လို့ နောက်ထပ် ရေလဲရွာသားတစ်ဦးက ပြောပါတယ်။ လက်ရှိ ရွာပေါင်း ၅ ရွာက ဒေသခံတွေပြောတာကတော့ ညနေပိုင်း ၃ နာရီဝန်းကျင်ထိ နေအိမ်တစ်ချို့ခေါင်မိုးမြုပ်ခါနီးရောက်နေပြီး ရေဆက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ By – အမိုး

    Read More »
  • 2 July

    ရေဘေးကြုံတွေ့နေကြတဲ့ နောင်းချိန်းနဲ့လဘန်ရွာ စစ်ဘေးရှောင်များ အစားသောက်နဲ့ဆေးဝါးကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေ

    ဝိုင်းမော်မြို့နယ် နောင်းချိန်းနဲ့ လဘန်ကျေးရွာမှာ ရေဘေးဒုက္ခကြုံနေတဲ့ စစ်ရှောင်ပြည်သူများတွက် အစားအသောက်နဲ့ ဆေးဝါးအကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တာဝန်ခံတွေကပြောပါတယ်။ ဇူလိုင် ၂ ရက်နေ့ ဒီနေ့မနက်ပိုင်းကစပြီး ဧရာ၀တီမြစ်ရေတဖြည်းဖြည်းကျဆင်းသွားပြီဖြစ်ပေမဲ့ ရေကြီးမှုကြောင့်ပျက်စီးသွားတဲ့ အဆောင်တွေရှိသလို တစ်ချို့စစ်ရှောင်စခန်းမှာတော့ ရေပြည့်နေသေးတယ်လို့ ပြောပါတယ်။ “လောလောဆယ် ရေကျပြီဆိုပေမဲ့ နေစရာခက်သွားပြီ။ ဟိုတလောကပဲ စစ်ရှောင်ကူညီရေးအဖွဲ့ကပဲ ဆောက်ပေးထားတဲ့ အဆောင်တွေလည်း ရေထဲမျှောသွားတဲ့ဟာတွေလည်း ပါတယ်။ အခုက နောင်းချိန်းအထကကျောင်းမှာ အားလုံးစုပြုံနေကြသေးတယ်။ ရေကျနေတယ်ဆိုပေမဲ့ စစ်ရှောင်စခန်းတွေမှာ နေလို့မရသေးဘူး ရေပြည့်နေသေးတယ်။”လို့ နောင်းချိန်းက စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။ ကချင်ပြည်နယ်မှာ ဇွန် ၃၀ ရက်နေ့ညနေပိုင်းကစပြီး ကချင်ပြည်နယ်အထက်ပိုင်းကို မိုးသည်ထန်စွာရွာသွန်းတာကြောင့် ဧရာ၀တီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့အားလုံးနီးပါး ရေဘေးအန္တရယ်ကြုံနေရပြီး နောင်းချိန်ရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းနဲ့ လဘန်ကျေးရွာကစစ်ဘေးရှောင်စခန်းတွေမှာရေဝင်ရောက်လာတာကြောင့် စစ်ဘေးရှောင်များ ရေလွတ်ရာ ရွှေ့ခဲ့ကြတာဖြစ်ပါတယ်။ မြစ်ရေကြီးလာတာနဲ့ နောင်းချိန်းရွာက စစ်ရှောင်ပြည်သူတွေကတော့ စစ်ရှောင်စခန်းကနေနောင်းချိန်းဘုရားကျောင်းကိုရွှေ့ခဲ့ပေမဲ့ နောင်းချိန်းဘုရားကျောင်းထိ ရေပြန်ရောက်လာတာကြောင့် နောင်းချိန်းအထက်တန်းစာသင်ကျောင်းကိုထပ်မံရွှေ့ခဲ့ကြတာဖြစ်ပါတယ်။ ခုလိုရေဘေးအန္တရယ်ကြုံတွေ့နေကြတဲ့ စစ်ရှောင်တွေမှာ ပစ္စည်းတွေသယ်ယူနိုင်ခဲ့တဲ့သူတွေရှိသလို အဝတ်တစ်ထည်နဲ့ကိုယ်လွတ်ရှောင်ခဲ့ရသူတွေလည်းရှိတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံကပြောပါတယ်။ “အရေးပေါ် အစားအသောက်ဖြစ်တယ်။ တချို့က ဆန်တွေ၊ စပါးတွေ၊ အိပ်ယာတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ အကုန်ရေထဲပါသွားပြီ။ အဝတ်အစားနဲ့အိပ်ယာတွေ တချို့က ရလိုက်ပေမဲ့ တချို့ကမယူလိုက်ရဘူး။ ရေမြှင့်တက်နှုန်းကအရမ်းမြန်တော့ ပစ္စည်းတွေအားလုံးမထုတ်နိုင်သေးခင် ရေကအကုန်ပြည့်သွားတယ်။ ပစ္စည်းတွေ ရတဲ့သူက ရလိုက်တယ်။ မရတဲ့သူတွေက ဝက်တွေကအစ၊ နွားတွေကအစ အကုန်မျှောပါသွားတယ်။ ဒါကြောင့်အခု သောက်ရေတွေ ၊အဓိက အစားအသောက်တွေ ခက်ခဲနေတာပေါ့။” လို့ သူကဆက်ပြောပါတယ်။ နောင်းချိန်းကျေးရွာမှာ စစ်ဘေးရှောင်စခန်း ၁၄ ခုရှိပြီး လူဦးရေ ၂ ထောင်ကျော်စစ်ရှောင်နေပြီး လဘန်ကျေးရွာမှာတော့ စခန်း ၆ ခုလောက်ရှိပြီး လူဦးရေ ၁ ထောင်ကျော်ရှိကာ တစ်ဆက်တည်းရှိတဲ့ရွာတွေဖြစ်ပါတယ်။ အဲဒီစစ်ရှောင်စခန်းတွေမှာ ဂါးရာယန်၊ ရွှေညောင်ပင်၊ အောင်မြေ ၁ ၊ အောင်မြေ ၂ ၊ ဝူယန်၊ လမြန် စတဲ့ကျေးရွာက ဒေသခံပြည်သူတွေ အများပိုင်းတိမ်းရှောင်နေကြတာဖြစ်ပြီး စစ်ရှောင်ကာလ ၃ လခန့်ရှိလာပြီဖြစ်ပါတယ်။ စစ်ရှောင်တွေ အားလုံးနီးပါး စစ်ဘေးကနေ ရေဘေးဒုက္ခပြန်ပြီးကြုံတွေ့ရတာကြောင့် စိတ်ကျန်းမာရေးထိခိုက်နေတဲ့သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒါအပြင် တစ်ဖက်မှာလည်း ရေကြီးရေလျှံမှုဘေးဒဏ် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။ “စစ်ဘေးဒုက္ခအတွေ့အကြုံရှိတဲ့သူတွေကအဲ့လောက်မဟုတ်ပေမဲ့ အတွေ့အကြုံမရှိသေးတဲ့သူတွေအများပိုင်း အဓိကစိတ်ကျန်းမာထိခိုက်နေတဲ့သူတွေလည်းပါတယ်။  အများပိုင်းက ရေကြီးပြီးနောက် ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးခံစားတော့မှာ စိုးရိမ်နေတယ်။ အခုတောင် ဝမ်းပျက်၊ဝမ်းလျှော အဓိကဖြစ်နေသူတွေ ကျနော်တို့အဖွဲ့ထဲမှာတောင် ၁၀၀ မှာ ၃၀ ယောက်လောက်က ဖြစ်နေပြီ။ ဒါကြောင့် ဆေးဝါးတွေလည်း အဓိကလိုအပ်နေတယ်။” လို့ နောင်းချိန်းက စစ်ရှောင်စခန်းတာဝန်ခံကဆက်ပြောပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချူပ် KBC လူမှုကူညီရေးအဖွဲ့ HDD မှ ပြုစုထားတဲ့စရင်းအရ ကချင်ပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်စုစုပေါင်း ၃ သောင်းကျော် ၊ အိမ်ခြေ ၇ ထောင်ကျော် ထပ်တိုးခဲ့ကြောင်း သိရပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Jun- 2024 -
    28 June

    စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

    ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်းတစ်ချို့မှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့အာဟာရပြည့်ဝတဲ့အစားအစာတွေ အကူညီလိုအပ်နေတယ်လို့  စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ လက်ရှိ စစ်ရှောင်စခန်းတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကာကွယ်ဆေးထိုးရမှာဖြစ်ပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာကြောင့် ကာကွယ်ဆေးမထိုးနိုင်အပြင် ငွေကြေးနဲ့ စားနပ်ရိက္ခာတွေအကန့်အသတ်နဲ့သာရရှိနေတာကြောင့် ဆေးဝါးနဲ့အာဟာရရှိတဲ့အစားသောက်တွေလိုအပ်နေတယ်လို့  စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေက ဆိုပါတယ်။ “သူတို့အတွက် ဆေးခန်းတွေပြလို့ရအောင် စီစဉ်ပေးစေချင်တယ် ဗိုက်ထဲက ကလေးက နေကောင်းလား မကောင်းဆိုတာ သိအောင်ပေါ့ ပြီးတော့ အာဟာရပြည့်အောင် နွားနို့လိုဟာမျိုးတွေနဲ့ အားဆေးတွေ သောက်ရမှာဖြစ်ပေမယ့်လည်း မတတ်နိုင်ဘူး ဖြစ်နေတယ်”လို့ ဆိုပါတယ်။ လက်ရှိ  လဘန်(Laban)ကျေးရွာမှာရှိတဲ့ အောင်မြေ(၂)စစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး နဲ့ နို့တိုက်မိခင် ၃ဦး၊ ခကွမ်ကျေးရွာစစ်ရှောင်စခန်း ကိုယ်ဝန်ဆောင်မိခင် ၁၂ ဦး ဝန်းကျင်ရှိတယ်လို့ သိရပြီး အလားတူ အင်ဂန်းကျေးရွာမှာရှိတဲ့ နောင်ဟီးကျေးရွာစစစ်ရှောင်စခန်း  ကိုယ်ဝန်ဆောင်မိခင် ၇ ဦးနဲ့ မုတ်ကျတ်နဲ့ နောင်ခရူးကျေးရွာမှာရှိတဲ့ ခါနန်စစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင် မိခင် ၂၅ ဦး ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေဟာ မိုးကာနဲ့ယာယီတဲဆောက်လုပ်ထားတာကြောင့် မိုးရွာတိုင်း မိုးယိုတာတွေရှိနေပြီး စစ်ရှောင်စခန်းရေဝင်ရောက်ပြီး နေရာထိုင်ခင်းအဆင်မပြေမှုတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဖျားနာတာတွေလည်း ရှိနေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက ခုလိုပြောပြပါတယ်။ “မြေကြီးက စိုဆွတ်နေတော့ ကိုယ်ဝန်ဆောင်မိခင်တွေချော်လှဲတာမျိုး၊ဖျားတာတွေရှိတယ် တစ်ခုခု ဖြစ်မှာကို စိုးရိမ်တာပေါ့ ပြီးတော့ မိုးစိုတော့ ကလေးအနှီးတွေမြန်မြန်မချောက်တာမျိုးတွေ ကျန်းမာရေးမကောင်းတာတွေဖြစ်တာပေါ့”လို့ ဆိုပါတယ်။ လက်ရှိ စစ်ရှောင် စခန်းတွေမှာ ဆေးပေးခန်းတွေရှိပေမယ့်လည်း ကိုယ်ဝန်ဆောင် မိခင်တွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေ ရရှိဖို့ ခက်ခဲနေတာဘဲ ဖြစ်ပါတယ်။ အလားတူ တစ်ဖက်မှာလည်း မိုးရာသီရောက်လာတာနဲ့ တစ်ပြိုင်နက် စစ်ရှောင်စခန်းတွေမှာ  သောက်ရေ၊ သုံးရေ၊ မသန့်ရှင်းမှုတွေသုံးနေရတဲ့အတွက် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေဖြစ်နေတဲ့အပြင် ငှက်ဖျားနဲ့ တုပ်ကွေးရောဂါတွေပါ ဖြစ်နေတယ်လို့ စစ်ရှာင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ လက်ရှိ စစ်ရှောင်နေတဲ့ ပြည်သူတွေထဲက အောင်မြေ(၁)၊ အောင်မြေ(၂)၊ရွှေညောင်ပင် ကျေးရွာပြည်သူတွေဟာ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ လဘန်ကျေးရွာမှာ ထွက်ပြေးတိမ်းရှောင်လာတာဖြစ်ပြီး  မေလ ၂၁ ရက်နေ့မှာတော့  ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေဟာ မုတ်ကျိတ်(MukChyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang) လဘန်ရွာစတဲ့ရွာတစ်လျှောက်မှာ ထွက်ပြေးခိုလုံနေကြတာဘဲဖြစ်ပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA  တပ်အကြား တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ်က နောင်ဟီး၊စန်းကားကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိ မိုးတွင်းကာလရောက်နေတာကြောင့် ဖျားနာသူတွေများလာနေတာဘဲဖြစ်ပါတယ်။ By –…

    Read More »
  • 25 June

    ကောလင်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူညီတွေလိုအပ်နေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ နဲ့ အမိုးအကာအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့တွေဆီကသိရပါတယ်။ ဘေးလွှတ်ရာတောတောင်တွေထဲဖြစ်သလို တဲထိုးပြီးနေထိုင်နေရတဲ့ ကောလင်းစစ်ဘေးရှောင်တွေဟာ မိုးတွင်းရောက်လာတာနဲ့အတူ အကူညီတွေပိုပြီးလိုအပ်လာပြီး အစားအသောက်နဲ့ အမိုးအကာတွေက အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ကောလင်းအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တစ်ယောက်ကပြော ပါတယ်။ “ဒီဘက်မှာက အကူညီပေးတဲ့အဖွဲ့တွေကမရောက်ခဲ့တဲ့အခါကျတော့ အကူအညီတွေကတော့ လိုအပ်ချက် တွေပဲဖြစ်နေတာပေါ့။ နောက်ဒီမှာက ဖြစ်သလိုပဲ အင်ဖက်တွေနဲ့မိုးပြီးနေရတဲ့အနေအထားဖြစ်တယ်။ ဒီနေရာမှာ စားရေးသောက်ရေးနဲ့ပတ်သက်ပြီး တကယ်ခက်ခဲတဲ့သူတွေလည်းရှိတယ် အကူညီတွေက တော်တော်ကြီးကိုလိုအပ်နေတာ”လို့ပြောပါတယ်။ ဒါ့အပြင် သောက်သုံးရေရရှိဖို့ခက်ခဲတဲ့အတွက် စစ်ဘေးရှောင်တွေ ကျန်းမာရေးထိခိုက်တာတွေအထိ ဖြစ်လာပြီး အဲ့ဒီအတွက်လည်း ဆေးဝါးအကူညီတွေလိုအပ်ချက်တွေရှိတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ကောလင်းဒေသခံတွေဟာ မြို့နယ်အတွင်းက စစ်ကောင်စီနဲ့လွှတ်ကင်းတဲ့နေရာတွေဆီ တိမ်းရှောင်ရတာဖြစ်တဲ့အတွက် ချောင်ကျတဲ့နေရာတွေကိုတိမ်းရှောင်ကြတဲ့ဒေသခံတွေဆိုရင် အကူအညီ မရတာမျိုးတွေရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်ကအခုလိုပြောပါတယ်။ “ကျမတို့ပြေးတဲ့နေရာကျတော့ ချောင်လည်းကျတယ်။ ကျမတို့ဘက်မှာ ဆန်တော့တစ်ခေါက် ရဖူးပါ တယ်။ တော်တော်လေးအဆင်မပြေတဲ့မိသားစုတွေရှိတယ်။ ကျမတို့လည်းပါလာတဲ့ပစ္စည်းတွေကို ဝေငှရင်းနဲ့ မမျှ နိုင်တော့ဘူး ကိုယ့်ဟာကိုယ်အနိုင်နိုင်ပေါ့။ တစ်ခြားဘက်မှာလည်းလာလှူပေမယ့် ကျမတို့ဘက်မှာကျတော့ ချောင်လည်းကျတယ် လမ်းမကောင်းတော့မရောက်ရှိသေးတာပေါ့နော်”လို့ပြောပါတယ်။ ကောလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ပထမအပတ်လောက်က KIA နဲ့ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ကာ ၃ လကြာထိန်းချုပ်ထားခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ် ဆီ ပြန်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီလို လက်လွှတ်ခဲ့ရပြီးတဲ့နောက် စစ်ကောင်စီတပ်က ကောလင်းမြို့တွင်းရပ်ကွက်နဲ့ ရွာတစ်ချို့က ကနေအိမ်တွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေဒုနဲ့ဒေးဘေးလွှတ်ရာထွက်ပြေးခဲ့ ကြရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ လက်ရှိ ကောလင်းမြို့နယ်မှာ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့ လူဦးရေ ၄ သောင်း ဝန်းကျင်လောက်ရှိပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ ဘေးလွှတ်ရာထွက်ပြေးနေရတဲ့ လူဦးရေ သုံးသန်းကျော်ရှိနေပြီလို့ဖော်ပြထားပါတယ်။ By – အမိုး

    Read More »
  • 24 June

    ရေကြီးရေလျှံဖြစ်နေတဲ့ နောင်ဟီးကျေးရွာစစ်ဘေးရှောင်များ နေရာအခက်ခဲဖြစ်နေ

    ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာမှာစစ်ဘေးရှောင်နေတဲ့ နောင်ဟီးစစ်ဘေးရှောင်စခန်းထဲ မိုးရေဝင်ရောက်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရာထိုင်ခင်းအခက်ခဲကြုံနေရတယ်လို့ နောင်းဟီးစစ်ရှောင်ပြည်သူတွေကပြောပါတယ်။ ဇွန်လ ၂၄ ရက်နေ့ မနက် ၇ နာရီဝန်းကျင်ကနေ အင်ဂန်းရွာတစ်ဝိုက်မိုသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေတွေက နောင်ဟီးပြည်သူတွေတိမ်းရှောင်နေတဲ့  စစ်ရှောင်စခန်းထဲအထိ ရေဝင်ရောက်ခဲ့တဲ့အပြင် မိုးကာတဲအမိုးကနေ မိုးရေတွေယိုစိမ့်ပြီး ထမင်းချက်စားတဲ့ နေရာအထိ ရေနစ်မြှုပ်တာတွေကြုံတွေ့နေရတယ်လို့ နောင်ဟီး စစ်ရှောင်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “မိုးတွေလည်းယိုတယ် မိုးကာနဲ့ဘဲ လုပ်ထားတော့ တချို့မိုးကာတွေက အရည်အသွေးမကောင်းတော့ အသစ်ဆိုရင်တောင်ယိုတယ် ကျွန်တော်တို့မှာ လိုအပ်နေတဲ့ အရာတွေဆိုပြောလိုတောင်ကုန်မှာမဟုတ်ဘူး”လို့ ဆိုပါတယ်။ လက်ရှိ နောင်ဟီးကျေးရွာပြည်သူတွေ ဆောက်လုပ်ထားတဲ့စစ်ရှောင်စခန်းဟာ ဘောလုံးကွင်းပြင်လိုမျိုးဖြစ်နေပြီး မြေနိမ့်ပိုင်းမှာဆောက်ထားတဲ့အတွက် အခုလိုမိုးရွာသွန်းချိန်တိုင်း ရေကြီးရေလျှံမှု မကြာခဏကြုံတွေ့နေရသလို ဒီတစ်ကြိမ်ဟာအဆိုးရွားဆုံးဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။  စစ်ဘေးရှောင်တွေဟာ မိုးရေတွေကြောင့် အမိုးအကာပျက်စီးတာ၊ နေရာထိုင်ခင်း၊ အစားသောက်အပြင် သောက်ရေ၊ သုံးရေကအစ ခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်…

    Read More »
  • 21 June

    နေရပ်ပြန်လာကြပြီဖြစ်တဲ့ ဆွမ်ပရာဘွမ်ဒေသခံပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေ

    တိုက်ပွဲကြောင့် သုံးလဝန်းကျင်လောက် တောတွင်းနေရာတွေမှာထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဆွမ်ပရာဘွမ့် ဒေသခံပြည်သူတွေ နေရပ်ပြန်လာနေထိုင်ကြပြီး တိုက်ပွဲအတွင်းထိခိုက်ပျက်စီးမှုများတာကြောင့် ကူညီထောက်ပံ့တာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ်ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကနေ အိမ်ထောင်စုအားလုံးနီးပါခန့်က မြို့ထဲကို ပြန်ဝင်လာကြပြီး လက်ရှိမှာ မြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပြီလို့…

    Read More »
  • 19 June

    ဝါးရှောင် စစ်ရှောင်ပြည်သူတွေ  ငှက်ဖျားရောဂါဖြစ်နေပြီး ဆေးဝါးအကူညီလိုအပ်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာဒေသခံပြည်သူတွေ  ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးအကူအညီအရေးပေါ်လိုအပ်နေတယ်လို့ ဝါရှောင်ဒေသခံပြည်သူတွေက ပြောပါတယ်။ ဝိုင်းမော်– ဆဒုံး– ချီဖွေသွားလမ်းမပေါ် ၁၃ မိုင်ဂိတ်နဲ့အနီးဆုံးမှာရှိတဲ့ ဝါရှောင်ကျေးရွာ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကစပြီး တောတောင်တွေနဲ့ နီးစပ်ရာနေရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ တောတောင်တွေမှာ ခက်ခက်ခဲခဲထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ နေရာထိုင်ခင်းမလုံလောက်မှု၊ အမိုးအကာမလုံလောက်တာတွေရှိနေတာကြောင့် ငှက်ဖျားရောဂါတွေလည်း အဖြစ်များနေတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးကခုလိုပြောပါတယ်။ “တောမှာဆိုတော့ မိုးကာတွေလည်းမလုံ ငှက်ဖျားပိုးစစ်လိုက်လို့ရှိရင်လည်း အောင်တဲ့သူတွေဘဲ ဖြစ်နေတယ် မိသားစု ၅ယောက်မှာ ၂ယောက်ကပိုးရှိနေတယ်။ ဒါကြောင့် ကျွန်မတို့အတွက် မျှော်လင့်ချက်ကတော့ ဇီးရိုးအခြေအနေမှာ ရောက်နေတယ်”လို့ ပြောပါတယ်။ ဝါးရှောင်ရွာအထက်မှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်စခန်း ဆဒုံး၊ချီဖွေကနေ ဝိုင်းမော်မြို့ထဲဝင်တဲ့တစ်ခုတည်းသော စစ်တပ်ဂိတ်စခန်းဖြစ်ပါတယ်။  အဲဒီဂိတ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်တဲ့နေ့ကစပြီး စစ်တပ်နဲ့ KIA တပ်တို့အကြား ဒီကနေ့ထိ စစ်ရေးတင်းမာနေဆဲဖြစ်သလို စစ်တပ်ဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာတွေလည်း ရှိနေတာကြောင့် နေရပ်ပြန်ဖို့ခက်ခဲနေသေးတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ဒေသခံတွေဟာ လမ်းပန်းဆက်သွယ်ရေးအခက်ခဲ၊လုံခြုံရေးစိုးရိမ်ရတဲ့အတွက် မြို့ပေါ်တက်ပြီး ဆေးဝယ်ယူဖို့လည်း ခက်ခဲနေကြတာဖြစ်ပါတယ်။ ဝါးရှောင်ဒေသခံတွေဟာ ကိုယ်နည်းကိုယ်ဟန်နဲ့ နီးစပ်ရာနေရာဒေသတွေဆီ  တစ်ကွဲတစ်ပြားထွက်ပြေးတိမ်းရှောင်သွားကြတဲ့အတွက် တခြားစစ်ရှောင်တွေလို အကူအညီတွေရရှိဖို့လည်း ခဲယဉ်းနေတာကြောင့် တတ်နိုင်သူတွေအနေနဲ့ ဆေးဝါးကူညီထောက်ပံ့ပေးကြဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။  တစ်ဖက်မှာလည်း ဒေသခံတွေဟာ ဒီနှစ်အတွက် မိုးစပါးမစိုက်ပျိုးနိုင်တဲ့အတွက် လာမယ့်နှစ်မှာ အငတ်ဘေးကြုံရမယ့်အခြေနေမှာလည်း ရှိနေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။  “ပြည်သူတွေအတွက်တော့ စိတ်ပင်ပန်းတာကလွဲ တခြားဘာမှ မပြောပြတတ်တော့ဘူး နောင်နှစ်အတွက်တော့ မျှော်လင့်ချက်မရှိတော့ဘူးပေါ့”လို့ ဝါးရှောင် ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။ ဝါးရှောင်ကျေးရွာက ဒေသခံပြည်သူတွေဟာ  လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတာဖြစ်တယ်လို့ သိရပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ကျား ၂၁၇၇ ဦး၊ မ ၂၂၇၃ ဦး၊ လူဦးရေစုစုပေါင်း ၄၄၅၀ ဦး နေထိုင်တဲ့ ရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ နောက်ပိုင်း KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးဟာ မြို့နဲ့အနီးတစ်ဝိုက်ရောက်လာပြီး မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၃၂၁ ကိုသိမ်းပိုက်လိုက်တဲ့နောက် စစ်တပ်ဘက်က လက်နက်ကြီးတွေတောက်လျှောက်ပစ်ခတ်နေတာကြောင့် ဝိုင်းမော်မြို့နယ်ထဲက ရွာအားလုံးနီးပါးနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ဟာ မြို့ဧရိယာထက် ကျေးလက်ဧရိယာအများဆုံးဖြစ်ပြီး ရွာပေါင်း ၂၀၀ ဝန်းကျင်နဲ့ဖွဲ့စည်းထားတဲ့မြို့နယ်တစ်ခုဖြစပြီး ဒေသခံပြည်သူအများပိုင်း လယ်ယာစိုက်ပျိုးရေးနဲ့အသက်မွေးဝမ်းကျောင်းပြုကြတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်မှာ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက် ရက်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၄၀ စု၊ ကျေးရွာ ၁၇၀ စုစုပေါင်း ၂၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၂၀၀၀၀ ကျော်နေထိုင်တဲ့မြို့နယ်ဖြစ်ပါတယ်။ By – Hope

    Read More »
  • 18 June

    ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းမှာမြေပြိုပြီး နေအိမ်၂လုံးပျက်စီး

    KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အထက်  ရှအစ်ယန် (Sha-It Yang) ကျေးရွာက စစ်ရှောင်စခန်းမှာမြေပြိုကျပြီး စစ်ရှောင်နေအိမ် ၂လုံး ပျက်စီးသွားခဲ့တယ်လို့ ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းက ပြည်သူတစ်ဦးက KNGကို ပြောပါတယ်။ ဖြစ်စဉ်ကတော့ ဇွန်လ ၁၇ ရက် မနက် ၁၁ခွဲဝန်းကျင် ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းမှာ မြေကမ်းပါးပြိုကျခဲ့တာကြောင့် ဦးရှန်တိန့်လ( Shangting La) အိမ်နဲ့ ဦးမုတ်ရေခေါင်ဒေါင်(Mukyin Hkawng Dau) တို့ အိမ်နှစ်အိမ်ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ နေအိမ်တွေထိခိုက် ပျက်စီးတာတွေဖြစ်သွားပေမယ့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတော့ မရှိခဲ့ဘူးလို့ ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းက ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “လူကတော့ ထိခိုက်ဖို့နည်းနည်းဘဲလိုတယ် ဦး ရှန်တိန့်လ( Shangting La)  လဲနေတဲ့ ခုတင်ဘေးနားက နံရံမှာလာထိ ခုတင်တောင် ရွေ့သွားတယ်”လို့ ဆိုပါတယ်။  မြေကြီးပြိုကျလာတဲ့အချိန် ဦးရှိန်းတိန့်လ (Shingting La)  နေအိမ်မှာရှိနေတာဖြစ်ပြီး အိမ်ထရံဘဲ ပျက်စီးသွားတဲ့အတွက် လူထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။ သို့သော် ဦးမုတ်ရေခေါင်ဒေါင်(Mawye Hkawng Dau) ရဲ့ နေအိမ်နဲ့ မီးဖိုချောင်အကုန်လုံး ပျက်စီးသွားပြီး လူမရှိတဲ့ချိန် ပြိုကျခဲ့တာလို့ ဆိုပါတယ်။…

    Read More »
Back to top button