,

Breaking News :

အင်းတော်နယ်တွင် စစ်ကောင်စီထုတ် ဘီယာအဖာ ၂၀၀ တိတိကို KIA နှင့် PDF ဖျက်ဆီး

မမုံ သပိတ်ခေါင်းဆောင်နှင့် ဟိုပင်လွှတ်တော်ကိုယ်စားလှယ် ၂၁ မိုင် ဂိတ်တွင် ဖမ်းခံရ

စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး

ပြည်သူ့စစ်စခန်း KIA ပြန်တိုက်ခိုက်ပါက လူနေအိမ်များကို ငဲ့ညှာမည်မဟုတ်ကြောင်း မင်းဇင်သန့် ပြော

ဆယ်ဇင်းကျေးရွာ နေအိမ် ၄၀၀ ကျော်ကို KIA နှင့် PDF တို့ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသာ သတင်းအမှား

နောင်းမီတွင် KIA မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ဦးထိခိုက်ဒဏ်ရာရရှိ

ကသာ ဒေသခံ ၃၀ ကျော်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းခေါ်သွား

ဆယ်ဇင်းတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေမှော်ကျေးရွာ ၂၀ မှ ပြည်သူများ ထွက်ပြေး တိမ်ရှောင်နေရ

ကသာနယ်အထက်ပိုင်းတွင် စစ်ကောင်စီတပ် ဂျက်လေယာဉ် ၂စီးဖြင့် ဗုံးကျဲတိုက်ခိုက်

ပေကုန်း ဇရပ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတပ် သွားရောက်တိုက်ခိုက်

  1. Home
  2. စစ်ပြေးဒုက္ခသည်များ

Category: စစ်ပြေးဒုက္ခသည်များ

စစ်ပြေးဒုက္ခသည်များ
စစ်ရှောင် နေရပ်ပြန်ရေးကိစ္စ စစ်ကောင်စီ မှ ကချင်ဘာသာရေးခေါင်းဆောင်များကို နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့

စစ်ရှောင် နေရပ်ပြန်ရေးကိစ္စ စစ်ကောင်စီ မှ ကချင်ဘာသာရေးခေါင်းဆောင်များကို နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့

ကချင်စစ်ရှောင်များနေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေးပေါင်းစုံမှ တာဝန်ရှိသူများကို နိုဝင်ဘာလ ၁ ရက်နေ့က နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အပါဝင် ဘာသာရေးပေါင်းစုံမှ တာဝန်ရှိသူ ၁၀ ဦးခန့်နှင့် စစ်ကောင်စီဘက် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့က ၃နာရီခန့်အကြာ တွေ့ဆုံဆွေးနွေးရာတွင် စစ်ရှောင်များနေရပ်ပြန်ရေးကို အဓိက ဆွေးနွေးမှုပြုလုပ်ခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် KBC တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာလဂန်ဇေခေါင် မှ KNG

စစ်ပြေးဒုက္ခသည်များ
ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ကျန်းမာရေးနှင့် အစားအသောက်အကူညီများ ပြန်လည်လိုအပ်လာ

ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ကျန်းမာရေးနှင့် အစားအသောက်အကူညီများ ပြန်လည်လိုအပ်လာ

ကချင်ပြည်နယ် အင်ဂျန့်ယန်မြို့နယ်ရှိ ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့နေရသဖြင့် ကူညီထောက်ပံ့မှုလိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။ “အင်ဂျန်ယန် စစ်ရှောင်ပြည်သူတွေက လက်ရှိသူတို့မှာ အစားအသောက်အရမ်းခက်ခဲနေတယ်။ ဘာကြောင့်ဆိုရင် အဲ့ဒီကို သွားဖို့ ဂိတ်တွေကြောင့်နဲ့ လမ်းခရီးက ကြမ်းတမ်းတော့ ရောက်နိုင်ဖို့ တော်တော်ခက်ခဲတယ်။ ပစ္စည်းတွေပို့ဖို့ဆိုလည်း ဆာလာအိတ်တစ်အိတ်ကို သိန်းချီ ကုန်တာကြောင့် ပို့ပေးနိုင်ဖို့ ခက်ခဲတယ်။ နေဖို့ထိုင်ဖို့လည်း ခက်ခဲနေတယ်။ သူတို့ဟာသူတို့ တဲဆောက်ပြီး နေနေရတာကြောင့်၊ ဖျားပြီဆိုရင်လည်း ဘယ်မှသွားပြစရာနေရာမရှိဘူး။ ဖုန်းလိုင်းလည်း

စစ်ပြေးဒုက္ခသည်များ
ကချင်စစ်ရှောင်စခန်းများတွင် Covid-19 အတည်ပြုလူနာ ပိုးတိုးလာသဖြင့် စားဝတ်နေရေးအလွန်ခက်ခဲလာ

ကချင်စစ်ရှောင်စခန်းများတွင် Covid-19 အတည်ပြုလူနာ ပိုးတိုးလာသဖြင့် စားဝတ်နေရေးအလွန်ခက်ခဲလာ

ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် ယခုလအတွင်း Covid-19 အတည်ပြုလူနာ ပိုမိုတွေ့ရှိလာသဖြင့် Lockdown ချထားရသောကြောင့် အစားအသောက်အခက်အခဲ ကြုံတွေ့နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။ မြစ်ကြီးနားမြို့ Jaw Masat (မော်တောင်း) စစ်ရှောင်စခန်းတွင် အောက်တိုဘာလဆန်းမှ ယနေ့ထိ ပိုးတွေ့လူနာ ၁၇၀ ကျော်ရှိပြီဖြစ်ကြောင်း ဂျော်မဆပ်စခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “တို့ စစ်ရှောင်စခန်းမှာ ဇူလိုင်လကနေ သူများတွေအရမ်းဖြစ်နေရင်တောင် ကျမတို့မှာ ပိုးတွေ့လူနာတစ်ယောက်မှမရှိဘူး။ ဒါပေမဲ့ စက်တင်ဘာလကုန်ပိုင်းမှ စပြီး ပြန်စစ်ဆေးတာ

စစ်ပြေးဒုက္ခသည်များ
မုံးကိုး ဗျူဟာကုန်းအနီး ပစ်ခတ်မှုကြောင့် ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရ

မုံးကိုး ဗျူဟာကုန်းအနီး ပစ်ခတ်မှုကြောင့် ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရ

မုံးကိုး မြို့  စစ်ဗျူဟာကုန်းအနီး ယနေ့ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူအများအပြား ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ အများအပြား တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ “၆ ယောက်ထိတယ်။ နှစ်ဖက်လုံး လက်နက်ကြီး သုံးတယ်။ စစ်ကောင်စီ ဘက်က ပိုသုံးတယ်။ ရွာကလူတွေ မထွက်ပြေးနိုင်လို့ တော်တော် ဒုက္ခ ရောက်ရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယနေ့

စစ်ပြေးဒုက္ခသည်များ
မုံးကိုး စစ်ရှောင်များ တမံတလင်းပေါ်အိပ်ရန် အထပ်သားများ အရေးပေါ် လိုအပ်နေ

မုံးကိုး စစ်ရှောင်များ တမံတလင်းပေါ်အိပ်ရန် အထပ်သားများ အရေးပေါ် လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း  မုံးကိုးမြို့ပေါ်သို့ ထွက်ပြေးလာသော စစ်ရှောင်စခန်းများအတွက် တမံတလင်းပေါ်အိပ်ရန် အထပ်သားများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင် ကူညီ ပေးနေသူတစ်ဦးထံမှ သိရသည်။ (more…)

စစ်ပြေးဒုက္ခသည်များ
စစ်ကောင်စီ နှင့် MNDAA စစ်ရေးတင်းမာမှုကြောင့် မုံးကိုး နော့ဂူရွာသားများ ထွက်ပြေးရန် နေရာပြင်ဆင်နေရ

စစ်ကောင်စီ နှင့် MNDAA စစ်ရေးတင်းမာမှုကြောင့် မုံးကိုး နော့ဂူရွာသားများ ထွက်ပြေးရန် နေရာပြင်ဆင်နေရ

မုံးကိုးမြို့နယ် နော့ဂူအုပ်စု၊ နော့ဂူဒေသခံများမှာ စစ်ကောင်စီ နှင့် ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်နေမှုကြောင့် ကျေးရွာတွင် ဆက်လက်နေထိုင်ရန် မလုံခြုံတော့သဖြင့် နေရာအသစ်တွင် စစ်ရှောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ (more…)

စစ်ပြေးဒုက္ခသည်များ
မုံးကိုးမှာ စစ်ဘေးဒုက္ခသည်အသစ် ၇၀၀ ကျော်ထိ တိုးလာ

မုံးကိုးမှာ စစ်ဘေးဒုက္ခသည်အသစ် ၇၀၀ ကျော်ထိ တိုးလာ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲရှိ စစ်ကောင်စီ နှင့် ကိုးကန့် MNDAA တို့ကြား တိုက်ပွဲပြင်းထန်မှုကြောင့် နီးစပ်ရာကျေးရွာများမှ မုံးကိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော စစ်ဘေးဒုက္ခသည် ၇၀၀ ကျော်ရှိလာပြီဟု သိရသည်။ မုံးကိုးမြို့အနီး ကျေးရွာပေါင်း ၉ ရွာမှ အိမ်ခြေ ၁၅၀ ကျော်ဖြစ်ပြီး ထိုအထဲ အမျိုးသား ၃၄၀၊ အမျိုးသမီး ၃၆၁ ဦး၊ စုစုပေါင်း ၇၀၄ ဦး ရှိကြောင်း လက်ရှိ စစ်ရှောင်များကို

စစ်ပြေးဒုက္ခသည်များ
မုံးကိုး ဖောင်းဆိုင်ဘက်က စစ်ရှောင်များ စားနပ်ရိက္ခာအတွက် ဘယ်လို ရုန်းကန်နေရသလဲ

မုံးကိုး ဖောင်းဆိုင်ဘက်က စစ်ရှောင်များ စားနပ်ရိက္ခာအတွက် ဘယ်လို ရုန်းကန်နေရသလဲ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသရှိ စစ်ရှောင်များကို ရိက္ခာပို့နိုင်ရန် မြန်မာဘက်ခြမ်းက စစ်ကောင်စီ ပိတ်ဆို့ထားသဖြင့် တရုတ်နိုင်ငံဘက်ခြမ်းမှသာ ခြံစည်းရိုးအပေါ်ဘက်မှ ခက်ခက်ခဲခဲဖြင့် မှာယူစားသောက်နေရသည်ဟု စစ်ရှောင်များ ဆိုသည်။ (more…)

စစ်ပြေးဒုက္ခသည်များ
ပြင်းထန် တိုက်ပွဲ ငြိမ်သက်လာသော မြို့သစ်၊ ကုန်းလော၊ နွမ်းလန့် ဒေသခံများ နေရပ်ပြန်

ပြင်းထန် တိုက်ပွဲ ငြိမ်သက်လာသော မြို့သစ်၊ ကုန်းလော၊ နွမ်းလန့် ဒေသခံများ နေရပ်ပြန်

မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ် အလော့ဘွမ်တောင်ခြေ တိုက်ပွဲများကြောင့် မိုးမောက်မြို့ပေါ်သို့ ၄ လကြာ ထွက်ပြေးခဲ့ရသော ကျေးရွာ ၅ခုမှ ပြည်သူများ နေရပ်ပြန်လည်နေထိုင်ပြီဟု သိရသည်။ (more…)

စစ်ပြေးဒုက္ခသည်များ
တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရသော တန်ဂျာဒေသခံများ နေရပ်ပြန်

တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရသော တန်ဂျာဒေသခံများ နေရပ်ပြန်

ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော တန်ဂျာဒေသခံများမှာ တိုက်ပွဲသံငြိမ်သွားပြီဖြစ်သောကြောင့် နေအိမ်သို့ပြန်ကြပြီ ဖြစ်ကြောင်း သိရှိရသည်။ (more…)