သတင်း
-
Aug- 2024 -23 August
-
23 August
ချီဖွေနဲ့ ပန်ဝါဒေသမှာ ပြည်သူ့စစ်အတင်းအဓမ္မစုဆောင်းနေတဲ့အတွက် နေထိုင်ဖို့အခက်အခဲဖြစ်နေ
ကချင်ပြည်နယ် ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားသစ်အတင်းအဓမ္မစုဆောင်းနေတာကြောင့် ဒေသခံပြည်သူတွေ နေထိုင်မှုအခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကနေ ချီဖွေနဲ့ ပန်ဝါဒေသမှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ ကျေးရွာ၊ ရပ်ကွက်နဲ့ လုပ်ငန်းခွင်တွေမှာ တပ်သားလိုက်စုဆောင်းနေတယ်လို့ ချီဖွေဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
22 August
ထီးချိုင့်မှာ ကာကင်းစခန်းတစ်ချို့သိမ်းပိုက်ရရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော
“မနေ့က ထီးချိုင်မြို့နယ် မြတောင်ဘက်မှာ ကာကင်းစခန်းတွေသိမ်းနိုင်တယ်လို့ကြားရတယ်။ အဲ့ဒါ နောက်ဆုံးပါ။ တစ်ခြားသတင်းတွေတော့ဘာမှမရဘူး။ မြတောင်ကတော့ မနေ့ကမနက်အစောကြီးကို ဝင်တိုက်တာ”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
Read More » -
21 August
-
21 August
အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး ရဲစခန်းအပါအဝင် စခန်းတစ်ချို့ သိမ်းပိုက်ရရှိ
“နဘားကာကင်းတော့ရပြီ၊ မြို့တော့မသိမ်းနိုင်သေးဘူး။ ရဲစခန်း၊ထွေအုပ်ရော။ ကျန်တာတော့မရသေး ဘူး။ မြို့တွင်းဝင်ပြီပေါ့ တပ်မကုန်း အကြီးစားပဲ ကျန်တယ်။ အတော်ကြမ်းရမယ် အချိန်ကြာမယ်။ တပ်မ ထိုင်တာ”လို့ပြောပါတယ်။
Read More » -
20 August
တနိုင်းလီဒိုကားလမ်း အများပိုင်းပျက်စီးနေတဲ့အတွက် ကုန်ကားတွေ တနိုင်းရောက်ဖို့ ၃ ရက်ခန့် ကြန့်ကြာ
ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းလီဒိုကားလမ်းမတစ်ကြော ကားလမ်းပိုင်း ၆ နေရာလောက်မှာ လမ်းဆိုးဆိုးရွားရွားပျက်စီးနေတဲ့အတွက် ကုန်ကားတွေ သွားလာရေးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ မြစ်ကြီးနား– တနိုင်းလမ်းပိုင်း ဒွမ်ဘန်ကျေးရွာအကျော် မန်ပန်(Manpang) ကျေးရွာကနေ တနိုင်းမြို့အဝင်အထိ လမ်းပျက်စီးနေတာ လရှည်ကြာမြင့်လာတာကြောင့် ကုန်ကားတွေ မြစ်ကြီးနားကနေ တနိုင်းမြို့ထဲကို ရောက်နိုင်ဖို့ အနည်းဆုံး ၃ ရက်လောက်အထိ ခရီးကျန့်ကြာမှုဖြစ်နေတယ်လို့ ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
20 August
ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အော်ရီဒူးဖုန်းလိုင်းပြန်ရ
ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ ဒီနေ့ကစပြီး အော်ရီဒူး ( Oredoo) ဖုန်းလိုင်းတွေ ပြန်ရနေပြီဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။…
Read More » -
20 August
ဗန်းမော်- မန္တလေးကားလမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်
ဗန်းမော်– မန္တလေးလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်တယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး ကသာခရိုင် အင်းတော်မြို့နယ်ထဲမှာ စစ်ရေးစတင်တင်းမာလာတဲ့အတွက် စစ်ကိုင်း– ကချင်အစပ် လမ်းပိုင်းအားလုံးကို တော်လှန်ရေးတပ်တွေဘက်က ပိတ်လိုက်တာဖြစ်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။…
Read More » -
19 August
ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ ဖုန်းလိုင်းအကန့်သတ်နဲ့ပြန်ရ
တစ်လဝန်းကျင် ဖုန်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ ဖုန်းလိုင်းအကန့်အသတ်နဲ့ ပြန်ရနေပြီလို့ ဒေသခံတွေနဲ့ကချင်ပြည်နယ် ပြင်ပရောက်ပြည်သူတွေဆီက သိရပါတယ်။ ခရိုင် ၄ ခု၊ မြို့နယ် ၁၈ မြို့နယ်၊ မြို့ ၃၃ မြို့၊ လူဦးရေ တစ်သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်မှာ ဇူလိုင်လ ၂၁ ရက်နေ့စ မြို့အားလုံးနီးပါး ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်း ပြတ်တောက်သွားခဲ့ပေမယ့် ချီဖွေမြို့နဲ့ ဆင်ဘိုမြို့မှာ ဖုန်းလိုင်းတွေရရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။…
Read More » -
19 August
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တိုက်ပွဲကြောင့်ပိတ်နေတာ ၄ ရက်ကြာရှိလာ
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် မန္တလေး–မြစ်ကြီးနား လမ်းပိုင်းပိတ်နေတာ ၄ ရက်ကြာရှိလာပြီး လမ်းတစ်လျှောက်ယာဥ်ရာနဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ခရီးသည်တင်ယာဥ်တွေအပါအဝင် ကားကြီး၊ကားလေးအမျိုးအစားအစုံပိတ်မိနေတာလို့ ကားသမားတစ်ဦးက ပြောပါတယ်။…
Read More »









