သတင်း
-
Aug- 2024 -19 August
တိုက်ပွဲကာလ တစ်လလောက်ကြာမြင့်ခဲ့တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်
KIA သိမ်းပိုက်လိုက်တဲ့ မိုးမောက်တိုက်မှာ စစ်ကောင်စီဘက်က ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သားတစ်ချို့ရှိသလို ဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ သိရပါတယ်။
Read More » -
19 August
မိုးမောက်တိုက်ပွဲမှာ ထိခိုက်သေဆုံးသူတွေကို သယ်ထုတ်ဖို့နဲ့ စစ်ကူတက်လာတဲ့ စစ်ကောင်စီယာဉ်တန်း တစ်ခုလုံးပြုတ်
တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရပြီး တင့်ကားတစ်စီးအပါ စစ်ကား ၄ စီး မီးလောင်ပျက်စီးသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပါတယ်။ တစ်လဝန်းကျင် တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို ဗန်းမော်ဘက်ကနေ တင့်ကားတစ်စီးအပါ စစ်လက်နက်နဲ့ ဒဏ်ရာရထားတဲ့ တပ်သားတွေကို သယ်ထုတ်ဖို့ တက်လာတဲ့ စစ်ကား ၅ စီးကို ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
16 August
စစ်တပ်စခန်း ၂ ခုလက်လွတ်လိုက်တဲ့နောက် မနမှော်ရွာမှာ စစ်တပ်က တပ်စွဲနေရာယူ
မနမှော်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ဖားကန့်ကနေ ၁၅ မိနစ်ဝန်းကျင်သွားရတဲ့နေရာမှာရှိပြီး စစ်တပ်အနေနဲ့ ခုလို မနမှော်ကျေးရွာမှာ တပ်စွဲလိုက်တာဟာ KIA/KPDF ပူးပေါင်းတပ်က ဗျူဟာကုန်းကို ဝင်တိုက်မှာစိုးတာကြောင့် ရှေ့တန်းကာကင်းစခန်းအနေနဲ့ တပ်စွဲလိုက်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
Read More » -
15 August
KIA တပ်ရင်း(၆) နေရာကို ထိန်းချုပ်တဲ့ တောမှော် စစ်တပ်စခန်းကို KIA ထပ်မံသိမ်းပိုက်
ဖားကန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA လုံးခင်းအုပ်စုထဲမှာရှိတဲ့ လမောင်(Lamawng) စစ်တပ်ဗျူဟာကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် တပြိုင်နက်တိုက်ခိုက်ခဲ့တဲ့ တောမှော်(Tawmaw)…
Read More » -
15 August
ဖားကန့်မှာ မှော်မောင်းရွာအပါ ရွာ ၃ ရွာက ပြည်သူရာနဲ့ချီစစ်ဘေးရှောင်
ဖားကန့်မှာ ဩဂုတ်လ ၁၄ ရက်ကနေ တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာတဲ့အတွက် မှော်မောင်းရွာအပါ ရွာပေါင်း ၃ ရွာက ပြည်သူတွေရာနဲ့ချီစစ်ဘေးရှောင်နေကြတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။…
Read More » -
15 August
လမောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်တုံ့ပန်း ၁၂ ဦးဖမ်းမိ၊စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ
ဖားကန့်မြို့ လမောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၁၂ ဦးကို KIA ပူးပေါင်းတပ် ဖမ်းဆီးရမိထားပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက် မနက် ၃ နာရီဝန်းကျင် လမောင်ဗျူဟာစခန်းနဲ့ တောမှော်စခန်းတို့ကို KIA ပူးပေါင်းတပ် တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ဩဂုတလ ၁၅ ရက်နေ့ မနက် ၉နာရီမှာ လမောင်ဗျူဟာကုန်း သိမ်းပိုက်ရရှိခဲ့ပြီး စစ်တုံ့ပန်း ၁၂ ဦးကိုလည်း KIA ဘက်က ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။…
Read More » -
15 August
လမောင်(Lamawng) စစ်တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်ကြောင်း KIO အတည်ပြု
ဖားကန့်မြို့တစ်ခုလုံးနဲ့ စစ်တပ်ဗျူဟာကုန်းကို လုံခြုံရေးယူပေးနေတဲ့ လမောင်စစ်တပ်ကုန်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF ပူးပေါင်းတပ်တို့ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIO ပြောပါတယ်။ လမောင်စစ်တပ်ကုန်းကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာအပြီးသတ် သိမ်းပိုက်ခဲ့တယ်လို့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။…
Read More » -
14 August
တိုက်ပွဲပြင်းထန်နေတဲ့ လမောင်စစ်တပ်ဗျူဟာကုန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာ စစ်တပ် လေယာဉ်နဲ့ဗုံးကြဲ
ဖားကန့်မြို့နယ်အတွင်း KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ဗျူဟာတပ်စခန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာကို စစ်တပ်က လေကြောင်းနဲ့ ၂ ကြိမ်တိတိလာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဖားကန့်မြို့ကနေ ၅ မိုင်ဝန်းကျင်မှာရှိတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းနဲ့ ဖားကန့်မြို့ကနေ ၁၀ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ တောမှော်တပ်စခန်းကို KIA ပူးပေါင်းတပ် ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထိုးစစ်တိုက်ခိုက်နေပြီး မနက် ၁၀ နာရီ ၃၆ မိနစ်ဝန်းကျင်မှာတော့ စစ်တပ်ရဲ့ Y-12 လေယာဉ်နဲ့ ၂ ကြိမ်တိတိ လာရောက်ဗုံးကြဲသွားတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။…
Read More » -
14 August
ဖားကန့် လမောင်တပ်စခန်းကုန်းကို KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ
ကချင်ပြည်နယ် ဖားကန့်မြို့ အမြင့်ဆုံးတောင်မှာတပ်စွဲထားတဲ့ လမောင်ကုန်း ဗျူဟာမြောက်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက် ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။…
Read More » -
13 August
နောင်မွန်မြို့မှာ ရေကြီးရေလျှံဖြစ်ပြီး စိုက်ပျိုးထားတဲ့ လယ်ဧ ၁၀၀ ဝန်းကျင် ပျက်စီးသွား
ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ…
Read More »









