တိုက်ပွဲသတင်း

တိုက်ပွဲကာလ တစ်လလောက်ကြာမြင့်ခဲ့တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်

တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ ရာနဲ့ချီသေဆုံး

ဗန်းမော်ခရိုင်ထဲမှာ တစ်လဝန်းကျင်လောက် တိုက်ပွဲကြာမြင့်ခဲ့တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ဩဂုတ်လ ၁၉ ရက်နေ့ ဒီကနေ့ ညနေပိုင်း  နာရီခွဲမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ KIO အတည်ပြုပြောပါတယ်။

 နာရီနဲ့ မိနစ် ၄၀ ဝန်းကျင်လောက်မှာ အပြီးသတ်သိမ်းလိုက်ပြီ။ စခန်းကို မသိမ်းခင် ဒီမနက်ပိုင်းမှာ စစ်ဆင်ကွပ်ကဲရေးအဖွဲ့တွေ အရင်ထွက်ပြေးသွားကြတယ်။ တပ်သားဦးရေဘယ်လောက်ထိရှိလဲတော့မသိဘူး။ ဖမ်းဆီးရမိတာတွေလည်း အချိန်အထိ အသေးစိတ်တော့မသိရသေးဘူး။ စခန်းသိမ်းပိုက်နိုင်တာတစ်ခုပဲသေချာသိရသေးတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

KIA သိမ်းပိုက်လိုက်တဲ့ မိုးမောက်တိုက်မှာ စစ်ကောင်စီဘက်က ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သားတစ်ချို့ရှိသလို ဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က မိုးမောက်တပ်စခန်းလက်မလွတ်ရေးအတွက် ဒီကနေ့ မနက် ၁၂ နာရီဝန်းကျင်အထိ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဗန်းမော်မြို့ဘက်ကလည်း တင့်ကားအပါ စစ်ကား  စီးနဲ့ စစ်ကူတက်လာခဲ့တာဖြစ်ပါတယ်။

ဗန်းမောက်ဘက်ကနေ စစ်ကူတက်လာတဲ့ စစ်ကား  စီးပါတဲ့ ယာဉ်တန်းကို မိုးမောက်မရောက်မှီ  မိုင်နဲ့၇ မိုင်ကြားမှာ KIA တပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီ စစ်ကူတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ တိုက်ပွဲဖြစ်ပွားတဲ့ မိုးမောက်ဘက်ကို ကျော်တက်မသွားနိုင်ဘဲ လမ်းခုလပ်မှာ ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် တိုက်ခိုက်ခံရတဲ့နေရာမှာ  စစ်ကား  စီးမီးလောင်ပျက်စီးသွားပြီး စစ်ကားတစ်စီးကို KIA တပ်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပါတယ်။

ဒါကြောင့် KIA တပ်တွေက မိုးမောက်တပ်စခန်းကို အပြီးသတ်သိမ်းဆည်းနိုင်ခဲ့တဲ့အပြင် စစ်ကူတက်လာတဲ့ စစ်ကား  စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မိုးမောက်တိုက်ပွဲမှာ စစ်ကောင်စီးတပ်သား ရာဂဏန်းသေဆုံးမှုရှိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရေတွက်လို့မရအောင် သိမ်းဆည်းရမိခဲ့တယ်လို့လည်း ခိုင်လုံတဲ့ KIA ရှေ့တန်းသတင်းအရင်းအဖြစ်တစ်ဦးလည်း ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေက သိပ်မရှိလောက်ဘူး။ ဘာလို့လဲဆိုတော့ ထွက်လို့မရအောင် အကုန်ပိတ်ထားတယ်လေ။ တပ်စခန်းမှာက စစ်အင်အား ၃၀၀ လောက်ရှိတယ် အကုန်သေသွားတယ်။ ဖမ်းဆီးရမိတာလည်းရှိတယ်။ ဘယ်လောက်ရှိလဲတော့ သေချာမသိရသေးဘူး။ လက်နက်ခဲယမ်းကတော့ ရေတွက်လို့တောင်မကုန်ဘူး အရမ်းများတယ်လို့ပြောပါတယ်။

မိုးမောက်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရာနဲ့ ချီသေဆုံးပြီး ဖမ်းဆီးရမိတဲ့သူတွေလည်းရှိတယ်လို့ သိရပေမယ့် အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

မိုးမောက် ခမရ ၄၃၇ တပ်စခန်းမှာ စစ်ကောင်စီတပ်သား ၃၀၀ ဝန်းကျင်လောက်ရှိပြီး အဲဒီစစ်အင်အားတွေဟာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းအတွင်း KIO ထိန်းချုပ်နယ်မြေ တဝိုက်က တပ်စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာမှာ ထွက်ပြေးလွတ်မြောက်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၈ ရက်နေ့ကတည်းက မိုးမောက် ခမရ ၄၃၇ တပ်စခန်းရဲ့ အရေးပါတဲ့ နေရာတစ်ချို့ကို သိမ်းပိုက်ထားခဲ့ပြီး ဒီကနေ့မှာတော့ အပြီးသတ်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ လောက်မှာလည်း မိုးမောက် ခမရ ၄၃၇ တပ်စခန်းကို KIA သိမ်းပိုက်ဖို့ စခန်းသိမ်းတိုက်ပွဲဖော်ဆောင် ခဲ့ပေမယ့် စစ်ကောင်စီတပ်ဟာ တပ်စခန်းလက်မလွတ်ရေးအတွက် လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲငြိမ်သက်သွားတာ တစ်လကျော်အကြာ ဇူလိုင်လ ၂၁ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံတိုက်ပွဲဖော်ဆောင်လိုက်ပြီး တိုက်ပွဲကာလ တစ်လခန့်အကြာမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဗန်းမော်မြို့နဲ့ ၇ မိုင်အကွာမှာရှိတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဟာ ဗန်းမော်မြို့အပါ မိုးမောက်မြို့နယ်တစ်ခုလုံးအတွက်အရေးပါသလို ဗန်းမော် – မိုးမောက် – လွယ်ဂျယ် ကားလမ်းပိုင်းအတွက်လည်း စစ်ရေးအရ အလွန်ရေးပါတဲ့ နေရာကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button