သတင်း
-
Jul- 2024 -19 July
KIO ထိန်းချုပ်ထားတဲ့ ဖားကန့် ဟောင်ပါးအုပ်စုမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထား
ကချင်ပြည်နယ် ဖားကန့်မြိို့နယ် KIO ထိန်းချုပ်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုမှာ အခြေခံပညာရေးစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထားတယ်လို့ ရပ်ကျေးတာဝန်ခံတွေဆီကနေ သိရပါတယ်။ KIA|KPDF သိမ်းပိုက်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုထဲက တာမခံ၊ခိုမ၊ဟွေဆိုင်း၊ နတ်ရေတောင်၊ရွှေတောင်ကျော်၊နန့်ပါဟုတ်၊ နန့်စပိန်း စတဲ့ကျေးရွာတွေမှာ ကျောင်းပေါင်း ၂၀ ကျော်အထိဖွင့်လှစ်ထားနိုင်ပြီလို့ တာမခန်ကျေးရွာ အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ …
Read More » -
19 July
သိန္နီမြို့ စျေးတန်း စစ်တပ်လေယာဉ် နဲ့ ဗုံးကြဲ အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး
လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေရာ မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း မြှင့်တက်နေတာဖြစ်ပါတယ်။
Read More » -
18 July
ဘဏ်ငွေထုတ်ခွင့်ကန့်သတ်ချက်တွေကြောင့် Kpay, Wave Pay ကနေငွေသားထုတ်ယူမှု ရာခိုင်နှုန်းတွေမြင့်တက်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ…
Read More » -
18 July
တင့်ကား ၅စီး ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း နှစ်ရက်အကြာပိတ်ဆို့တိုက်ခိုက်ခံရပြီး တပ်ပြန်ဆုတ်
ဗန်းမော်မြို့ကနေ စစ်တင့်ကား…
Read More » -
18 July
သိက္ခာတော်ရ ဆရာ မဒိန်ခေါဘောမ့်ကို ဝူယန်ပြည်သူ့စစ်အဖွဲ့တွေ ဖမ်းဆီးသွား
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဝိုင်းမော်ဇုံနယ်ရဲ့ ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ၊ သိက္ခာတော်ရ ဆရာ…
Read More » -
18 July
နန့်မွန်းမြို့မှာ လူငယ် ၅၀ ထက်မနည်းဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြိို့ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကစ SNA နဲ့ စစ်ကောင်စီစစ်သားတွေဟာ နန်းမွန့်မြို့တွင်း နေရာ ၄ နေရာမှာ စစ်ဆေးရေးဂိတ်အထိုင်ချပြီး တပ်သားသစ်အတွက် လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ …
Read More » -
17 July
မိုးမိတ်မြို့ပေါ်က စစ်ကောင်စီအဖွဲ့တွေတပ်ပြန်ဆုတ်သွားပြီလို့ဒေသခံတွေပြော
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မနေ့ ဇူလိုင် ၁၆ ရက်နေ့ ကပဲ တပ်ပြန်ဆုတ်သွားပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုးမိတ်မြို့ကို လက်မလွှတ်ရရေးအတွက် မြို့တွင်းက သာသနာ့ဗိမာန် အဆောက်အဦးနဲ့ အရပ်သားနေအိမ်တစ်ချို့မှာ တပ်စွဲပြီးခုခံနေတာဖြစ်ပြီး မနေ့ကတော့ မြို့တွင်းကနေ ပြန်ဆုတ်သွားတာလို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ်။…
Read More » -
17 July
TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၆ ဦးပြန်လွတ်ပေးခြင်းမရှိသေး
လားရှိုးမြို့နယ် နမ္မတူမြို့မှာ ကချင်လူငယ် ၆ ဦးကို TNLA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားပြီး လက်ရှိချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့ ၊ နမ်လာ(Namlalawk)ရပ်ကွက် ၈ ရှိ စားသောက်ဆိုင်တစ်ခုမှာရှိနေတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် လူငယ် ၆ ဦးကို ဇူလိုင် ၁၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ တအာင်းလွတ်မြောက် TNLA တပ်ဖွဲ့က ရိုက်နှိက်ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံတွေ ပြောပါတယ်။…
Read More » -
17 July
အပစ်ရပ်တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေ
စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ် MNDAA တို့ အကြား အပစ်ရပ်မယ်ဆိုတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုတိုက်ခိုက်တာတွေပါလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်မဲမြို့နယ် နဲ့ နောင်ချိုမြို့နယ် တို့မှာတော့ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတာ၊ ဒရုန်းကနေ ဗုံးကြဲ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပါလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကပဲသတင်းထုတ်ပြန်ထားပါတယ်။…
Read More » -
17 July
ဝါးရှောင်စစ်ရှောင်တွေ အစားအသောက်နဲ့ယာယီတဲဆောက်ဖို့အကူအညီလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာကနေ ဆိုင်လော်ရွာ(Sailaw Mare)ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေ အစားသောက်နဲ့ယာယီတဲဆောက်ဖို့ အကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။…
Read More »









