သတင်း

  • Oct- 2024 -
    23 October

    မြန်မာနိုင်ငံနိုင်ငံတစ်ဝှမ်းမှာ သုံးလအတွင်း အရပ်သားတစ်ထောင်ကျော်သေဆုံးခဲ့ရ

    မြန်မာနိုင်ငံတစ်ဝှမ်းမှာ ၂၀၂၄ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း အရပ်သား ၁၀၄၄ ဦး သေဆုံးခဲ့ရတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့ ဥာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာလ ၂၂ ရက်နေ့ မနေ့ကပဲ ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် အဲ့ဒီ ၃ လအတွင်း အရပ်သား ၁၃၈၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့တဲ့ အရပ်သားတစ်ထောင် ကျော်ထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက အရပ်သားသေဆုံးမှုအများဆုံနဲ့ ၃၆၀ ဦး အထိသေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။…

    Read More »
  • 23 October

    KIA အနေနဲ့ စစ်တပ်လို သတင်းသမားတွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့ CPJ ပြော

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးထားတဲ့ ဖားကန့်မြို့နယ်၊ နယ်ခံသတင်းသမား ၂ ဦး အမြန်ဆုံး လွှတ်ပေးဖို့ CPJ က မနေ့ကပဲ တောင်းဆိုလိုက်ပါတယ်။ စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့…

    Read More »
  • 22 October

    လားရှိုးမြို့အတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ နေအိမ်တစ်လုံးပျက်ဆီး

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၂ ရက်နေ့ မနက်အစောပိုင်း လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တစ်လုံး ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လားရှိုးမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ရပ်ကွက် ၁၂ မန်ဆူဘုရားတစ်ဝှိုက်ကို စစ်ကောင်စီက လေကြောင်း ကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်တစ်ချို့ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။…

    Read More »
  • 22 October

    မြစ်ကြီးနား-မန္တလေးလမ်းခရီး ၄ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားများအခက်အခဲဖြစ်နေ

    မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာ ၅ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားပြည်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ ပုံမှန်အားဖြင့်  မန္တလေး–မြစ်ကြီးနားကားလမ်းပိုင်းမှာ တစ်ရက်ကျော် နာရီပေါင်း ၃၀ ဝန်းကျင်မောင်းနှင်ရပေမယ့် လက်ရှိ စစ်ရေးအခြေနေကြောင့် လမ်းခရီးကြန့်ကြာနေတာဖြစ်တယ်လို့ မန္တလေးကနေ မြစ်ကြီးနားပြန်လာတဲ့အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။…

    Read More »
  • 22 October

    BGF စခန်းတွေကို အချိန်တိုအတွင်းသိမ်းနိုင်တာဟာ KIA ရဲ့ စစ်ရေး၊နိုင်ငံရေးကို နားလည်သဘောပေါက်လာတာကြောင့်ဖြစ်တယ်လို့ KIO ပြော

    ကံပိုင်တည်မြို့စောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်အပါအဝင် BGF စခန်းသိမ်းပိုက်မှုမြန်ဆန်လာတာဟာ KIA ရဲ့နိုင်ငံရေး၊စစ်ရေးကို BGF တပ်အနေနဲ့ နားလည်သဘောပေါက်လာတဲ့အတွက်ဖြစ်တယ်လို့ KIO ပြောပါတယ်။ ကံပိုင်တည်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ကချင်အထူးဒေသ ၁ နယ်ခြားစောင့်တပ်ရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်နေရာကို  KIA ပူးပေါင်းတပ်ဘက်က တစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။…

    Read More »
  • 22 October

    ပန်ဝါမြို့ပြည်သူတွေ လေကြောင်းအန္တရယ်စိုးရိမ်တာကြောင့် မြို့စွန့်ခွာသူတွေများလာ

    ပန်ဝါမြို့ပြည်သူတွေလေကြောင်းအန္တရာယ်ကို စိုးရိမ်လို့ မြို့ထဲကနေဆက်တိုက်စွန်ခွာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဒီနေ့အထိ တိုက်ပွဲငြိမ်သက်နေပြီဖြစ်ပေမဲ့ ပြည်သူတွေက လေကြောင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် အားလုံးထွက်ခွာနေကြတယ်လို့ ပန်ဝါမြို့ရှိ အမျိုးသမီးတစ်ဦး KNG ကို အခုလိုပြောပါတယ်။…

    Read More »
  • 21 October

    ကောလင်းမှာ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၃ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ Kawlin Revolution-KR က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။…

    Read More »
  • 21 October

    နယ်ခြားစောင့်တပ် ၁၀၀၃ စင်ကြိုင်မှာတိုက်ပွဲပြင်းထန်နေတဲ့အတွက် ကံပိုင်တည်မြို့ပြည်သူတွေ ကြိုတင်တိမ်းရှောင်

    နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကံပိုင်တည်မြို့အနီးရှိ  ၁၀၀၃ စင်ကြိုင်တပ်ရင်းချုပ်မှာတိုက်ပွဲပြင်းထန်နေတာကြောင့် မြို့တွင်းနေထိုင်တဲ့ပြည်သူတွေ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တရုတ်နယ်စပ်– ကံပိုင်တည်မြို့နဲ့ ၁၀ မိုင်ဝန်းကျင်မှာရှိတဲ့ နယ်ခြားစောင့်တပ် ၁၀၀၃ စင်ကြိုင်တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်က အောက်တိုဘာလ ၁၇ ရက်နေ့ကနေ ထိုးစစ်ဆင်နေပြီး ရှေ့တန်းကာကင်းတစ်ချို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။…

    Read More »
  • 21 October

    ဆေးဝါးသယ်ယူဖို့ ခွင့်ပြုချက်ပါပေမဲ့ နှစ်ဖက်တပ်ဆီအခွန်ဆောင်နေရဆဲ

    မန္တလေးကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဆေးဝါသယ်ယူဖို့ ခွင့်ပြုချက်ထောက်ခံစာပါပေမဲ့ နှစ်ဖက်လက်နက်ကိုင်တပ်တွေကို အခွန်ပေးဆောင်နေရဆဲဖြစ်တယ်လို့ မြစ်ကြီးနား–မန္တလေး ကားသမား တွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းမကြီးက အင်းတော်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် မြို့ရှောင်လမ်းကနေ ကားအသေးနဲ့ပဲ ပြေးဆွဲနေရတဲ့ ဒီလမ်းပိုင်းမှာ နှစ်ဖက်လက်နက်ကိုင်ဂိတ် ၁၀ ခုထက်မနည်းရှိပြီး ဆေးဝါးသယ်ယူခွင့် ထောက်ခံစာပါပေမဲ့ ပေးဆောင်ရတဲ့အခွန်ကများနေဆဲဖြစ်တယ်လို့ ကားသမားတစ်ယောက်က ပြောပါတယ်။…

    Read More »
  • 21 October

    ဗန်းမော်မှာ ဖုန်းအသုံးပြုသူတွေ မသင်္ကာမှုနဲ့ စစ်ဆေးခံရတာတွေရှိနေ

    ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ ဖုန်းအသုံးပြုတဲ့ဒေသခံတွေကို မသင်္ကာလို့ဆိုကာ စစ်ဆေးတာမျိုးတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံလုံခြုံရေးတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ပေါ်အတွင်း ကင်းပတ်လေ့ရှိပြီး ဒေသခံတွေအများအပြားသွားလာတတ်တဲ့နေရာတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလုပ်တယ်လို့ ဗန်းမော်ဒေသခံ တစ်ယောက်ကပြောပါတယ်။…

    Read More »
Back to top button