လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းသတင်း

ကောလင်းမှာ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ရွာ  ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား  ဦး သေဆုံးခဲ့ရတယ်လို့ Kawlin Revolution-KR က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ကောလင်းမြို့နယ် အနောက်ခြမ်းက ဥက္ကံကျေးရွာ၊ ချောင်းနားကျေးရွာတို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာဖြစ်ပြီးတော့ ဒီကျေးရွာတစ်ဝှိုက်တိုက်ပွဲဖြစ်တာလည်းမရှိဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဲ့နားမှာ ဘာတိုက်ပွဲလည်းမဖြစ်ဘူးလို့သိရပါတယ်။သေဆုံးသူက ကနဦးတော့  ယောက်လို့သိရပါတယ်။ နောက်ထပ် သေဆုံးသူတွေရှိတယ်လို့လည်းကြားရတယ်။အခုကတော့ ရှင်းလင်းရေးတွေလုပ်နေကြတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

လက်ရှိနောက်ဆုံးသိရှိရတဲ့အခြေနေအရတော့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ  ဦးအထိရှိပြီ ဖြစ်ပြီး သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာတော့ KNG ကအတည်ပြုနိုင်တာမရှိသေးပါဘူး။

ဥက္ကံကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်ခဲ့ သေးပြီး အမျိုးသမီး  ယောက်အပါအဝင် အရပ်သား  ဦးသေဆုံးခဲ့ရပါသေးတယ်။

ကောလင်းမြို့နယ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့ဂျက်ဖိုက်တာဟာ တံတားဦးလေတပ်ကနေ ကန့်ဘလူမြို့ကို ဖြတ်ပြီးတော့ ကောလင်းနယ်အနောက်ခြမ်းကကျေးရွာတွေကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်း တိုက်ခိုက်ပြီး မိနစ် ၂၀ အကြာမှာပဲ လာရာလမ်းအတိုင်း ပြန်လည်ဆင်းသက်သွားတယ်လို့ သိရပါတယ်။

အခုလိုလေကြောင်းတိုက်ခိုက်တာကြောင့် ကောလင်းမြို့နယ်အနောက်ခြမ်းထဲက ကျေးရွာတစ်ချို့က ဒေသခံ တွေဟာ ဘေးလွှတ်ရာတွေမှာအရေးပေါ်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကြောင့် အရပ်သားစုစုပေါင်း ၅၇၁၂ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ
စောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button