သတင်း
-
Oct- 2024 -8 October
ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ် ဒုတိယအကြိမ်ထပ်သိမ်းပိုက်
တစ်လကျော်ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ကောလင်းမြို့ရဲ့အနောက်မြောက်ဘက် ၂၅ မိုင်အကွာ၊ ဝန်းသိုမြို့နဲ့ ၄၁ မိုင်ကွာဝေးတဲ့နေရာမှာရှိတဲ့ ပင်လည်ဘူးမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်က ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး…
Read More » -
7 October
ဝိုင်းမော်နဲ့ ရွှေညောင်ပင်လမ်းမကြီး စစ်တပ်က အကန့်သတ်နဲ့သာသွားလာခွင့်ပြုနေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ကနေ ရွှေညောင်ကျေးရွာ…
Read More » -
7 October
ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ သန်ခေါင်စာရင်းစာတင်ကောက်ယူနေ
ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ စစ်ကောင်စီတပ်က အောက်တိုဘာလဆန်းပိုင်းကစပြီး သန်ခေါင်စာင်းကောက်ယူနေပြီလို့ သိရပါတယ်။ တစ်နိုင်ငံလုံး စစ်ရေးပြင်းထန်နေချိန် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲစာရင်းတိကျဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီး ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနား၊ တနိုင်း၊ပူတာအိုစတဲ့မြို့တွေမှာ စတင်ကောက်ယူနေပြီလို့ သိရပါတယ်။…
Read More » -
4 October
တိုက်ပွဲကြောင့် ၃ လအကြာ တိမ်းရှောင်နေကြတဲ့ နန့်မွန်းစစ်ရှောင် ၃ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ
အင်းတော်ကြီးဒေသ တိုက်ပွဲကြောင့်…
Read More » -
4 October
စန်းကားရွာမှာ စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးကျပေါက်ကွဲ
ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာဘက်ကို နမ့်ပေါင်လေတပ်စခန်း၊ အမြောက်တပ်ကနေပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ရွာအတွင်းကျပေါက်ကွဲတာတွေရှိတယ်လို့ စန်းကားကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ မနေ့ညနေပိုင်း ၅ နာရီဝန်းကျင် စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်းနဲ့အမြောက်တပ်ဘက်ကနေ စန်းကားကျေးရွာအုပ်စု ဘန်ဘားရွာဘက်ကို လက်နက်ကြီးပစ်ခတ်ရာ စန်းကားရွာ ရပ်ကွက် ၃ မှာတစ်လုံးကျပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။…
Read More » -
4 October
ချီဖွေမြို့ လေယာဉ် ဗုံးကြဲခံရတဲ့အတွက် COC အသင်းတော်က သင်းထောက်တစ်ဦးသေဆုံး
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ COC အသင်းတော် သင်းထောက်တစ်ဦး အသက်သေဆုံးမှုရှိခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ မနေ့ည ၉ နာရီခွဲအချိန် စစ်ကောင်စီတပ်ဟာ ချီဖွေမြို့ကို ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးလေးကြိမ်ထက်မနည်းလာရောက်ပစ်ခတ်ချိန် ဘေးလွတ်ရာထွက်ပြေးခဲ့ပေမယ့် လမ်းခုလတ်မှာတင် ဗုံးကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားတာဖြစ်တယ်လို့ ချီဖွေဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
4 October
လားရှိုးမြို့ပြန်သိမ်းနိုင်ဖို့ စစ်တပ်က စစ်ရေးပြင်ဆင်လာတာကြောင့် မြို့ခံပြည်သူများ ထပ်မံတိမ်းရှောင်
ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်တာအပြင် မြေပြင်ထိုးစစ်ဆင်ဆင်နေတဲ့အတွက် ဒေသခံပြည်သူများမြို့ထဲကနေ ပြန်လည်စွန့်ခွာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိမှာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာအပြင် မြေပြင်စစ်ကြောင်းလည်းထိုးစစ်ဆင်တိုက်ခိုက်ဖို့ လားရှိုးအရှေ့တောင်ဘက်ခြမ်းရှိ တန့်ယန်းဘက်ကနေ စစ်ရေးပြင်ဆင်နေတာတွေရှိတာကြောင့် ဒေသခံပြည်သူတွေ အားလုံးပြန်လည်ထွက်ခွာနေတယ်လို့ လားရှိုးဒေသခံတွေက ပြောပါတယ်။…
Read More » -
3 October
မြစ်ကြီးနား-မန္တလေးလမ်းပိုင်းမှာ နှစ်ဖက်တပ်တွေရဲ့အခွန်ကောက်ဂိတ်များလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့ကိုသွားတဲ့ လမ်းပိုင်းမှာနှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ်တွေများလာတယ်လို့ ကားသမားတွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားစစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ရွှေဘိုနယ်တွေထဲမှာ အများဆုံး ဖြစ်ပြီး ကာကွယ်ရေးတပ်နှစ်ဖက်လက်နက်ကိုင်တပ်တွေအခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက် မနည်းရှိတယ်လို့ ပြောပါတယ်။…
Read More » -
2 October
ချီဖွေမြို့ အစိုးရရုံးအားလုံးချိတ်ပိတ်ပြီး KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်ဖို့ ပြင်ဆင်နေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့ကိုသိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်အောက်မှာရှိနေတဲ့ ဌာနဆိုင်ရာအစိုးရရုံးတွေကို ချိတ်ပိတ်ထားပြီးတော့ KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ ချီဖွေမြို့အပါ ရဲစခန်းနဲ့ စစ်တပ်ကုန်း အားလုံးကို ထိန်းချုပ်လိုက်ပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေဟာ အစိုးရရုံးနဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်ရေးရုံး၊ လဝကရုံး၊ တရားရုံး စတဲ့နေရာတွေကို ‘KIO/KIA’ စားသားလိုက်လံရေးသားပြီး ချိတ်ပိတ်ထားတယ်လို့ ချီဖွေဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
2 October
ဖားကန့်မှာ သတင်းထောက်နှစ်ဦးကို KIA ဖမ်းဆီးထား
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သတင်းထောက်နှစ်ဦးကိုဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူနှစ်ဦးနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေအပါအဝင် ဒေသခံတစ်ချို့ ပြောပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ တစ်ရက်ခြားပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သတင်းထောက်နှစ်ဦးနဲ့ ရင်းနှီးသူတစ်ဦးက KNG ကို အခုလိုပြောပါတယ်။…
Read More »