သတင်း

စန်းကားရွာမှာ စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးကျပေါက်ကွဲ

ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာဘက်ကို နမ့်ပေါင်လေတပ်စခန်း၊ အမြောက်တပ်ကနေပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ရွာအတွင်းကျပေါက်ကွဲတာတွေရှိတယ်လို့ စန်းကားကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ  ရက်နေ့ မနေ့ညနေပိုင်း  နာရီဝန်းကျင် စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်းနဲ့အမြောက်တပ်ဘက်ကနေ စန်းကားကျေးရွာအုပ်စု ဘန်ဘားရွာဘက်ကို လက်နက်ကြီးပစ်ခတ်ရာ စန်းကားရွာ ရပ်ကွက်  မှာတစ်လုံးကျပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။

ရပ်ကွက်  ဘက်ကျတယ်လို့ သိရတယ်။ သေဆုံးတာတော့ မရှိဘူး အမျိုးသမီးတစ်ယောက်တော့ လက်မောင်းမှာ နည်းနည်းဒဏ်ရာရတယ်လို့ဘဲ သိထားတယ်ဗျလို့ ဒေသခံတစ်ဦး ပြောပါတယ်။

ကျည်အနည်းငယ်ထိမှန်ထားသူဟာ အသက် ၃၀ ကျော်အရွယ်အမျိုးသမီးဖြစ်တယ်လို့ သိရပြီး ဒဏ်ရာစိုးရိမ်စရာမလိုဘူးလို့ သူကဆက်ပြောပါတယ်။

စန်းကားကျေးရွာအုပ်စုဟာ  ကျေးရွာ၊ရပ်ကွက်ပေါင်း ၁၀ ခုရှိပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပါတယ်။

ဒါကြောင့် စစ်တပ်ဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် လတ်တလောမှာတော့ စန်းကားရွာရဲ့အောက်ဘက်  မိုင်ဝေးတဲ့ ဘန်းဘားကျေးရွာမှာ စစ်တပ်နဲ့ KIA တပ်အကြား စစ်ရေးတင်းမာနေတာ  လဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။

တိုက်ပွဲနေရာဖြစ်တဲ့ ဘန်ဘားရွာဘက်ကို စစ်တပ်ဘက်က လေကြောင်းနဲ့ပစ်ခတ်တာတွေရှိနေတယ်လို့လည်းဒေသခံတွေ ပြောပါတယ်။

ဒါပေမယ့် လတ်တလော ဖုန်း၊အင်တာနက်လိုင်းအားလုံးပြတ်တောက်နေတာကြောင့် နှစ်ဖက်တပ်အကြား ထိခိုက်သေဆုံးမှုအခြေနေ အသေးစိတ်ကို သိရဖို့ခက်ခဲနေပါတယ်။

ဟိုနေ့ကလည်း လေယာဉ်နဲ့လာပစ်တယ် ဒီတစ်လောတိုက်ပွဲဖြစ်နေတယ်။ အရင်လက ရပ်ကွက် အထိ KIA ဘက်ကလာထိုင်ထားတယ်။ ခုက ပြန်ဆုတ်သွားတဲ့သဘောထင်တယ် ရပ်ကွက် အကျော်ဘန်ဘာဘက်မှာ ဖြစ်နေကြတယ်။လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စန်းကားကျေးရွာ ရပ်ကွက်  နဲ့  ကြားမှာ စစ်ကောင်စီတပ်ရဲ့အထိုင်တပ်ရင်းတစ်ခုရှိပေမယ့် အဲဒီတပ်ရင်းမှာ ခုနောက်ပိုင်း ပြည်သူ့စစ်အဖွဲ့တွေ နေရာယူထားပြီး စစ်တပ်ကောင်စီတပ်ဖွဲ့ကတော့ စန်းကားနဲ့နောင်ဟီးရွာအကြား အားလူးဘာရီရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေပြောပါတယ်။

ဒါ့အပြင် အားလူးဘာရီရွာ မရောက်ခင်နေရာ တံတားမှာ မကြာခန စစ်ဆေးရေးတင်းကြပ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

စန်းကားကျေးရွာ၊အာလူးဘာရီကျေးရွာ၊နောင်ဟီး၊မခန္တီးကျေးရွာ၊ခတ်ချိုကျေးရွာတွေဟာ ဝိုင်းမော်မြို့– ရွေညောင်ပင်လမ်းပေါ်မှာရှိ မုတ်လွှဲရွာကနေ သွားရပြီး ဧရာဝတီမြစ်ကမ်းနံဘေးတစ်ဆက်တည်းရှိတဲ့ ရွာတွေဖြစ်သလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ရွာတွေဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button