Dashboard

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကြည့်ရှုရန် စာမျက်နှာ (၄) ခုပါရှိသည်။

 

သတင်း

ဆောင်းပါး

  • ဖားကန့်မှာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်အပါ ဇနီးမောင်နှံနှစ်ဦးသေဆုံး

    ဖားကန့် မှော်ဆီစာကျေးရွာအုပ်စု မလောင်ကျေးရွာ(Marau)ကျေးရွာထဲမှာ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဆယ်ကျော်သက်ကလေးငယ်တစ်ဦးအပါ လင်းမယားနှစ်ဦးပွဲချင်းအသက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့ည သန်ခေါင်ယံအချိန် ဖားကန့်ဗျူဟာကုန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက မလောင်ကျေးရွာထဲက နေအိမ်တစ်လုံးမှာ ကျမှန်ပေါက်ကွဲခဲ့ပြီး ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါ လင်မယားနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ထိခိုက်ပြီး သေဆုံးသွားတာက လင်မယားနှစ်ဦးနဲ့ ကလေးငယ်အပါ သေဆုံးတာ ၃ ဦးရှိတယ်။ အဲ့ထဲမှာ လသားအရွယ်နဲ့ ဆယ်ကျော်သက် နှစ်ယောက်က ထိခိုက်မှုမရှိဘူးလို့ သွားရောက်ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တွေကပြောလာတယ်”လို့ပြောပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီးကျမှန်ပြီး သေဆုံးမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်ထဲမှာ မိသားသားစု ၃ ဦးသေဆုံးသွားပေမယ့် ၁၆ နှစ်အရွယ်တစ်ဦးနဲ့ ၇ လသားအရွယ်တစ်ဦး၊ နှစ်ယောက်က ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့သူတွေဟာ ၁၃ နှစ်အရွယ် မောင်ဖြိုးဝေထွန်း၊ အသက် ၃၇ နှစ်အရွယ် ဦးဇော်လွင်ဦး၊ အသက် ၃၈ နှစ်အရွယ်ဒေါ်တင်မိုးလှိုင်တို့ဖြစ်ပါတယ်။  “ဒီရက်ပိုင်း ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဒီနှစ်ရက်အတွင်းမှာဆိုပိုပြီး တိတ်ဆိတ်သွားတယ်ပေါ့လေ။ စစ်ကောင်စီက ညဘက်ဆိုရင် လက်နက်ကြီးရမ်းပစ်တာတွေ၊ သေနတ်ဖောက်တာတွေက ပုံမှန်လုပ်နေတာပဲရှိတယ်။ အခု မလောင်ဘက်ကို ဘာလို့ပစ်ခတ်လဲတော့ ကျနော်တို့လည်း သေချာတော့မသိရပါဘူး”လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ဆိုပါတယ်။ ဖားကန့်ပြည်သူတစ်ချို့ရဲ့ ပြောဆိုချက်အရ စစ်တပ်ဟာ ညတိုင်းလိုလို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ဘက်ကို လက်နက်ကြီးခြောက်လန့် ပစ်ခတ်နေတာဖြစ်ပြီး ညအချိန်ပြည်သူတွေ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ကျော်ဖြတ်နေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာလည်း စစ်တပ်က ဗျူဟာကုန်းကနေ ညအချိန် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဆိုင်းတောင်၊ ကုဋေမှော်၊ မရှီကထောင်၊ တောမှော် စတဲ့ကျေးရွာတွေမှာ လက်နက်ကြီးထိမှန်ပြီး ကလေးငယ်တွေအပါ အပြစ်မဲ့ပြည်သူတွေ အသက်သေဆုံးမှုလတိုင်းကြုံတွေ့နေရတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ လာမယ့် ဒီဇင်ဘာလ ၂၈…

  • ဗန်းမောက်က ရွှေလုပ်ကွက်ဗုံးကြဲခံရလို့ အရပ်သားတစ်ဦးသေဆုံး ၆ ဦးဒဏ်ရာရ

    စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့နယ်က ‌ရွှေလုပ်ကွက်တစ်ခု မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့က လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ရပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က မွန်းလွှဲ ၂ နာရီဝန်းကျင်လောက်မှာ ဗန်းမောက်မြို့နဲ့ မိုင်၂၀အကွာ တောင်ပိုင်းတစ်နေရာက ရွှေလုပ်ကွက်ကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲခံခဲ့ရတာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ကိုငြိမ်းဆိုသူသေဆုံးခဲ့ရတာဖြစ်တယ်လို့ အခြေနေသိရှိတဲ့ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ညနေမှာကြဲသွားတာ။ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးက ၈ လုံးကြဲသွားတာလို့သိရတယ်။ ၂ လုံးတစ်ခါနဲ့  ၄ကြိမ်ကြဲသွားတာ။ ကြဲသွားတာက ရွှေလုပ်ကွက်ထဲ ဂိတ်စောင့်တဲ့အရပ်သားတစ်ယောက်သေသွားတယ်။ ၆ ယောက်ဒဏ်ရာရတယ်။ ၆ယောက်ထဲမှာ ၂ ယောက်က တရုတ်လူမျိုး ဗမာစကားလုံးဝမတတ်ဘူး”လို့ပြောပါတယ်။ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ ဗန်းမောက်၊ အင်းတော် နဲ့ ဝန်းသိုမြို့နယ်၃ခုဆုံတဲ့ သုံးမြေဆုံနေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့နဲ့ မိုင် ၂၀ အကွာမှာတည်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲဧရိယာမဟုတ်ဘဲ အကြောင်းမဲ့သက်သက်အရပ်သားတွေ ရွှေတူးဖော်တဲ့နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုထားပါတယ်။ တစ်ဖက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကစတင်ကာ တော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားတာမကြာသေးတဲ့ ဗန်းမော်ြမို့ပေါ်ကို ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက ဆက်တိုက်ထိုးစစ်ဆင်နေတဲ့အပြင် လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေနေ့စဥ်ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “ဗန်းမောက်မြို့ပေါ်ကိုက နေ့တိုင်းကြဲနေတာ။ မနေ့ကအထိပေါ့ ။မြေပြင်စစ်ကြောင်းကတိုးမရလို့ လေကြောင်းနဲ့ဘဲ တောက်လျှောက်ကြဲနေတာ တစ်ပတ်လောက်ရှိပြီ”လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက ဗန်းမောက်လက်ရှိစစ်ရေးအခြေနေကိုပြောပြပါတယ်။ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဗန်းမောက်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီက တစ်ရက်ကို ဗုံးအလုံး ၃၀ ကျော် ကြဲချနေတာ ၆ ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့ကပဲထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်မြို့ကရွှေလုပ်ကွက်တချို့ကိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦးသေဆုံးခဲ့ရပါသေးတယ်။ By – အမိုး

  • KIA တပ်မဟာ (၁၁) နယ်မြေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲက စစ်သင်တန်းပေးဖို့ ပြင်ဆင်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၁၇ ဦးထိရှိခဲ့ပါတယ်။ KIA တပ်မဟာ (၁၁) နယ်မြေ၊ တပ်ရင်း ၁၂ နေရာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်း သန်ခေါင်ယံမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။ “ပြောရရင်ကတော့ တကယ့် စိတ်မကောင်းစရာပါပဲ။ ကြားရသလောက်က ဟိုလို စစ်သင်တန်းပေးနေတဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ အခုမှ ဖွင့်ဖို့ ပြင်ဆင်နေတဲ့နေရာ…

  • လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ ၄ ဦးထိခိုက်

    ကချင်ပြည်နယ် ဖားကန့် မြို့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာမှာ တစ်ရက်တည်း စစ်တပ်ရဲ့ ဒရုန်းနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သားပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ…

  • စစ်သင်္ဘောစုန်ဆင်းချိန် လမ်းကြောင်းရှင်းပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးမှုထဲ အမျိုးသမီး ၇ ဦးပါဝင် 

    ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ စစ်သင်္ဘောတွေစုန်ဆင်းသွားချိန် လမ်းကြောင်းရှင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၁၀ ဦးထဲမှာ အမျိုးသမီး ၇ ဦးအထိပါဝင်သေဆုံးသွားခဲ့တယ်လို့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့သူတွေကပြောပါတယ်။…

  • လန်ဆယ်မှာ KIA တပ်ရင်းမှူးအဖွဲ့ အမျိုးသမီးတစ်ဦးကို ဝိုင်းရိုက်နှက်

    ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်မြို့မှာ KIA တပ်ရင်း (၅၁) မှ တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်ဂျာလီအောင်အပါအဝင် KIA ရဲဘော်နှစ်ဦးက အမျိုးသမီးတစ်ဦးကို…