တရုတ်နယ်စပ်ဂိတ်များပိတ်ရန် ပြည်နယ်အစိုးရတွင်အခွင့်မရှိ၊ ဝင်ထွက်သွားလာမှု ပိုမိုများပြားလာ

Covid-19 ကူးစက်ရောဂါကြောင့် ကချင်-တရုတ်နယ်စပ်ဂိတ်များ ပိတ်ရန် ကချင်ပြည်နယ်အစိုးရတွင် အခွင့်မရှိကြောင်း ကချင်လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်း ပြောသည်။ နယ်စပ်ဂိတ်များ ပိတ်ရန် ကချင်ဒေသခံများ လိုလားနေသော်လည်း ပြည်ထောင်စုအစိုးရမှ တိုက်ရိုက်ချုပ်ကိုင်ထားသဖြင့် ပြည်နယ်အစိုးရအနေဖြင့် ပိတ်ပိုင်ခွင့်မရှိကြောင်း သိရသည်။ “ကျနော်တို့ ဒီကန်ပိုက်တီနဲ့ လွယ်ဂျယ်ဂိတ်တွေကတော့ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်မဟုတ်ဘူး။ ပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ်။ ၁၉၉၇ နှစ် တရုတ်နဲ့မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးစာချုပ် ချုပ်ဆိုထားတာဖြစ်တဲ့အတွက် ပြည်ထောင်စုရဲ့လုပ်ပိုင်ခွင့်ဖြစ်တယ်။ သို့သော် ပန်ဝါဂိတ်ကတော့…