,

Breaking News :

ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

စစ်အာအားအပြည့်တင်ဆောင်လာသည့် ၁၂ ဘီးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန်ခိန် အ.ထ.က ကျောင်းတွင် ဆိုင်ကယ်ခိုးမှု မကြာခဏကြုံတွေ့နေရ

မြောင်တွင် စစ်ကောင်စီ နှင့် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး

အင်းတော်တွင် ကလေးအပါအဝင် အရပ်သား ၁၀ ဦး စစ်ကောင်စီ က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက်အတု ပြန့်နှံနေ

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

ကိုဗစ် ပိုးတွေ့သောကြောင့် ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးဂိတ် သုံးရက် ပိတ်ထား

နယ်စပ်ကုန်သွယ်ရေး နေရာ

တရုတ်ပြည်သို့ တင်ပို့မည့်တစ်သျှူးငှက်ပျောကုန်ပစ္စည်းကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားသောကြောင့်  မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို သုံးရက်ကြာ ပိတ်ထားကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ငါးလကျော်ပိတ်ထားသည့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ မြန်မာဘက်မှ တစ်သျှူးငှက်ပျော်ကားများနေ့စဥ် တင်ပို့နေချိန် ဇန်နဝါရီလ ၃ ရက်နေ့တွင် တရုတ်သို့တင်ပို့မည့် ကုန်ပစ္စည်း၌ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသောကြောင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ခွင့်ယာယီပိတ်ထားကြောင်း ကချင်ပြည်နယ်သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။

“ကျွန်တော်တို့ဘက်က ပိုးစစ်တဲ့အခါမှာ ယာဥ်မောင်းတွေကားတွေနဲ့ ကုန်ပစည်းတွေအားလုံးကို လည်းပိုးစစ်တဲ့အခါ ကုန်ပစ္စည်းတွေမှာ ပိုးတွေ့လိုက်တယ်။ အဲ့ပိုးတွေ့လိုက်တော့ အခုလောလောဆယ် သုံးရက်တော့ နယ်စပ်ဂိတ်ကို ခနလေးထိန်းထားတယ်။ အဝင်အထွက်ကို ခနပိတ်ထားတယ်။ မနေ့ကရယ် ဒီနေ့နယ် မနက်ဖြန်သုံးရက်ကတော့ ပိတ်နေအုံးမယ်” ဟု ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကိုဗစ်ရောဂါပိုးသည် တစ်သျှူးငှက်ပျောလုပ်သားများထံမှ တဆင့်ကူးစက်ပါလာခြင်းဖြစ်သောကြောင့် လက်ရှိတွင် ကုန်ကားနှင့်သက်ဆိုင်သည့် ငှက်ပျောစိုက်ခင်းနှင့် ငှက်ပျောလုပ်သားများကိုလည်း ၁၅ ရက်ကြာ လော့ဒေါင်းချထားကြောင်းသိရသည်။

“ငှက်ပျောစိုက်တဲ့ စိုက်ခင်းထဲကနေ ထွက်မယ်ဆိုရင် ငှက်ပျောခုတ်တဲ့လုပ်သားရှိတယ်။ ပြီးရင်ငှက်ပျော ရေဆေးတဲ့လုပ်သားရှိတယ်။ ဆေးစိမ်တယ် ထုတ်ပိုးတယ်အဲ့တာတွေလုပ်တဲ့လုပ်တဲ့ လုပ်သားတွေ လေးဆယ်လောက်ရှိတယ်အဲ့ထဲကနေပါသွားတယ်ထင်တယ်။ အဲ့ဒီပိုးတွေ့တဲ့ခြံပိုင်ရှင်ရဲ့ ငှက်ပျောခြံနှစ်ခြံကိုလည်း ထုတ်လုပ်ခွင့် ၁၅ ရက်ပိတ်ထားတယ်။ လုပ်သားတွေကိုလည်း ကွာရန်တင်း ၁၅ ရက်ထားတယ်’’ ဟု ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ဆေးစစ်ပေးမူနှင့် ပတ်သက်ပြီး မြန်မာဘက်မှ ကုန်ကားနှင့် ယာဥ်မောင်းများအား ဝါးရှောင်ကျေးရွာတွင်တစ်ကြိမ်၊ လုကြည်ကျေးရွာတွင်တစ်ကြိမ် ကန်ပိုက်တည်တွင်တစ်ကြိမ်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးဥမင်လှိုင်ခေါင်းတွင်တစ် ကြိမ် စသည့်နေရာများတွင် ရောဂါစစ်ဆေးကြောင်း သိရသည်။

‘’ပိုးစစ်တဲ့ဟာတော့ နှာခေါင်းထိုးတဲ့ဟာလေးနဲ့ထိုးပြီးမှ ပဲစစ်ဆေးပေးတယ်။ အခုထိကိုဗစ်ပိုးတွေ့တာ တော့မရှိသေးဘူး’’ ဟု ကားသမားတစ်ဦးက ပြောသည်။

တစ်သျှူးငှက်ပျောကားမောင်းသည့် ကားသမားများအား ကန်ပိုက်တည်မြို့အဝင်တွင် အဆောက်အဦး ဖြင့်ထားရှိပြီး နေရာထိုင်ခင်းအဆင်မပြေသည့် ပြသာနာဖြင့်လည်း ကြုံတွေ့နေရကြောင်း သိရသည်။

ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်အစိုးရဘက်က ၂၀၂၁ ဇူလိုင်လကတည်းကပိတ်ထားခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ရာ တစ်နေ့လျှင် ငှက်ပျောကားတစ်စီး ၃၀ ကျော် နေ့စဥ် တင်ပို့လျက်ရှိကြောင်း သိရသည်။

Read Previous

အင်းတော် နှင့် ထီးချိုင့်အစပ်မှာ စစ်ကောင်စီတပ် ဂျက်လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

Read Next

ဆိုင်းဖရာဒေသခံ ၂ ဦးကို စစ်ကောင်စီက ကြိုးတုတ်ရိုက်နှက်ပြီးနောက် ပြန်လွတ်ပေး

Leave a Reply

Your email address will not be published.