ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ကသာ အထက်ပိုင်း ကချင်ပြည်နယ်ဘက်သို့ စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင်ဖြင့် ယခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးလာနေကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ မှ သိရသည်။ "အရင်ကဆို သင်္ဘောပုံမှန် ၂စီးလောက်ဘဲ တက်လာတာ အင်အားကလည်း သိပ်မများဘူး။ ဒီတစ်ခေါက်တော့အင်အားက သင်္ဘောတစ်စီးမှာဆို အင်အားက ၁၀၀ လောက်ရှိမယ် တော်တော်များတယ်" ဟု ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောသည်။ အဆိုပါ စစ်ကောင်တပ်၏ သင်္ဘော ၃ စီးသည် မေလ
စစ်ကိုင်းတိုင်း၊ ကသာနယ်တွင် စစ်ကောင်စီတပ်မှ မတ်လ ၃ ရက်နေ့မှစတင်ကာ အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်ရေးပြင်ဆင်မှုအပြင် စစ်အင်အားတိုးချဲ့လှုပ်ရှားမှုများ ပိုများလာကြောင်း မြေပြင်သတင်းများအရ သိရသည်။ "တခါမှမမြင်ဖူးတဲ့မျက်နှာစိမ်းလူတွေ လိုင်းကားတွေနဲ့ဝင်လာတာ သတိထားမိတယ်။ တကယ်တော့ ကျွန်တော်တို့မြို့က သွားရင်းဟန်လွဲ လမ်းတိုက်တယ်ဆိုတာမရှိဘူး အသေချာဝင်လာတယ်ဆိုတာသိသာတယ် "ဟု ဒေသတွင်းသတင်းအရင်းမြစ်အရသိရသည်။ အင်တာနက်ဖြတ်တောက်လိုက်ပြီးနောက် မြို့တွင်းသို့ ၁၂ဘီးကား၊အိမ်စီးကားများဖြင့် ဝင်ရောက်မူများရှိလာသည့်အပြင် မတ်လ ၈ ရက် ယမန်နေ့ည ၈နာရီခွဲခန့် စစ်ကောင်စီတပ်အင်အား တစ်ရာကျော်ခန့်ပါသည့် ၁၂ ဘီးကားတစ်စီးသည်