လက်နက်ကြီးကျည်ကြောင့် ကာမိုင်းဒေသခံ ၄ဦး ထိခိုက်ဒဏ်ရာ ရရှိ

မိုးကောင်း-ကာမိုင်းကြား Nam Shem (နမ်ဟိုင်) ဘွမ့်ရှန်တောင်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေချိန် ကာမိုင်းဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်မှု ကျေးရွာအတွင်းသို့ ကျရောက်သောကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိထားသည်ဟု သိရသည်။ “တိုက်ပွဲဖြစ်တာက ကာမိုင်းအကျော် နန့်ဟိုင်အနီးတဝိုက်မှာဖြစ်တယ်လို့တော့သိရတယ်။ ဒါပေမယ့် ကျနော်တို့ ကားမိုင်းဗျူဟာကုန်းကနေ လူနေရပ်ကွက်အတွင်းပြန်ပစ်တယ်။ တိုက်ပွဲဖြစ်တဲ့ဘက်ပစ်တာလား။ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိနဲ့ဒေသခံတွေကို ပစ်တာလားတော့မသိဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက…