ကားမိုင်းမြို့
-
Jul- 2023 -12 Julyသတင်း
ကားမိုင်းအနီး တိုက်ပွဲဖြစ်နေချိန် ဆိုင်ကယ်ဖြတ်မောင်းလာတဲ့ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံး
ဖားကန့်မြို့နယ် ကားမိုင်းမြို့အနီး စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွားနေစဉ် ကားလမ်းတိုင်း ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့ အမျိုးသားတစ်ဦး လက်နက်ထိမှန်သေဆုံးသွား တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ ဒီမနက် ၁၀ နာရီဝန်းကျင်ကစပြီး ကားမိုင်း၊လဝါးလမ်း အင်ဘရော့် လမ်းဆုံမှာ စစ်တပ်နဲ့ KIA ကြား ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားနေချိန် ဆိုင်ကယ်နဲ့ဖြတ်လာတဲ့ ကားမိုင်းဒေသခံပြည်သူတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ ကားမိုင်းဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီမနက် ၁ နာရီလောက်ကြာတယ် အချင်းချင်းတိုက်ပွဲဖြစ်နေတာ။ အဲ့တာနဲ့ ကားမိုင်းက ပြည်သူတစ်ယောက်ဆိုင်ကယ်လာတာ တိုက်ပွဲဖြစ်နေစဉ်ဖြတ်လာလို့ လက်နက် ထိပြီးသေသွားတယ်”လို့ ပြောပါတယ်။…
Read More »