ကသာမြို့တွင် လမ်းသွားလမ်းလာများကို တားဆီးပြီး ကိုဗစ် ကာကွယ်ဆေး ထိုးပေးနေ

ကသာမြို့တွင်း နေရာအချို့တွင် လမ်းသွား လမ်းလာ ပြည်သူများကို တားဆီးကာ စစ်ကောင်စီ၏ ကျန်းမာရေးဌာန က ကိုဗစ်ကာကွယ်ဆေး အတင်းထိုးပေး‌နေကြောင်း ဒေသခံများမှ သိရသည်။ ဧပြီလ ၂၀ ရက်နေ့မှစတင်ပြီး ကသာမြို့နယ် စည်ပင်သာယာရေး ရုံးအဖွဲ့၊ ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ပူးပေါင်းကာ ကသာမြို့အတွင်း သီရိ ခေမာ စျေးနှင့် အမှတ် ၁ ရဲစခန်းရှေ့၊ ကသာမြို့ပြင်ဂိတ်၊ မြို့တော်ခန်းမရှေ့ ၊ ဘူတာစျေး(ပျံကျ) ၊စက်လှေကူးတို့ဆိပ်များတွင် လမ်းဖြတ်လမ်းလာ