ကျောက်ထုံကြီး

  • Mar- 2026 -
    27 March
    သတင်း

    ကသာပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံဟောင်းနဲ့ ကျောင်းသစ်ဘုန်းကြီးကျောင်းတို့ လေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်းတိုင်း ကချင်အစပ် ကသာမြို့နယ်က ကသာပြည်သူ့ဆေးရုံ၊ ကျောက်ထုံးကြီးကျေးရွာက တိုက်နယ်ဆေးရုံဟောင်းနဲ့ ကျောင်းသစ်ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦးတွေပျက်စီးခဲ့ရတယ်လို့ ကသာမြို့ဒေသခံတွေကအတည်ပြုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့တစ်ရက်တည်းမှာ စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၅ စင်းနဲ့ ကသာမြို့ကိုဦးတည်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “ပြည်သူ့ဆေးရုံက အောက်စီဂျင်ထားတဲ့ရုံးကိုထိတာ။ အောက်စီဂျင်ဘူးတွေကြီးပဲထုတ်တာ။ ကသာမြို့ကပြည်သူတွေ တော်တော်များများ ကြိုးစား ပမ်းစားလုပ်ထားတဲ့ အဆောက်အဦးကြီးဟုတ်တယ်။ ပြီးတော့ကျောင်းသစ်ဘုန်းကြီးကျောင်း တို့က နေ့လည်ကတိုက်ခိုက်ခံရတာ။ ကျောက်ထုံးကြီးကဆေးရုံဟောင်းကတော့ ည ၁၀ နာရီကျော်လောက်တိုက်ခိုက်ခံရတာ”လို့ ကသာမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အဦးတချို့ ရစရာမရှိအောင်ပျက်စီးသွားသလို ကျောင်းသစ်ဘုန်းကြီးကျောင်း လည်း ထိခိုက်ပျက်စီးမှုများတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ကျောင်းသစ်ဘုန်းကြီးကျောင်းနဲ့ ကသာမြို့ပြည်သူ့ဆေးရုံဟာ ကပ်လျှက်မှာတည်ရှိပြီး လူထိခိုက်မှုရှိမရှိကိုတော့ အတည်ပြုဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ကျောက်ထုံးကြီးဆိုတာက ကသာမြို့ကနေဆိုဧရာဝတီမြစ်ခြားထားတာပေါ့ မြစ်ရဲ့တစ်ဖက်ကမ်း ကသာနဲ့တည်နေရာအရ ကြည့်ရင် တည့်တည့်လောက်သွားကြတယ်လေ။ အဲ့တာက လက်ရှိမှာလည်းအသုံးမပြုကြပါဘူး။ ထိခိုက်သေဆုံးတာတော့ မရှိဘူး ကြဲသာကြဲသွားတာပေါ့”လို့ ကသာဒေသခံတစ်ဦးကပြောပါတယ်။ ကျောက်ထုံးကြီးကျေးရွာဟာ ကသာမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ၇ မိုင်အကွာမှာတည်ရှိတဲ့ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ အဆိုပါ မတ်လ ၂၅ ရက်နေ့တစ်ရက်တည်းမှာဘဲ ကသာမြို့ရဲ့နာမည်ကြီး အိမ်နီကြီးလို့ခေါ်တဲ့ ကိုလိုနီခေတ် ကာလက အိမ်အိုကြီးလည်း လေကြောင်းတိုက်ခိုက်ခံရမှုမှာပျက်စီးသွားတယ်လို့ သတင်းတွေမှာရေးသားနေကြပေမဲ့ KNG က အခြေနေအသေးစိတ်ကိုအတည်မပြုနိုင်သေးပါဘူး။ လက်တလော ကသာမြို့တွင်းမှာ နှစ်ဖက်တပ်တွေအကြားတိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို ဒေသခံထောင်နဲ့ချီကိုလည်း စစ်ကော်မရှင်က မြို့ကနေထွက်ခွင့်ပိတ်ထားဆဲလို့သိရပါတယ်။ စစ်ကော်မရှင်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ ခုနှစ်ကနေ ယခုလ ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့အထိ စစ်အုပ်စုနဲ့ သူတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အရပ်သားစုစုပေါင်း ၇၉၅၂ ဦး ရှိလာ ပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • Mar- 2024 -
    2 March
    သတင်း

    ကသာနယ်မှာ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကျဲ

    စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ငါးတဲကျေးရွာအုပ်စုထဲက ပျဥ်ထောင်လေးကျေးရွာ နဲ့ ပျဥ်ထောင်ကြီးကျေးရွာဘက်ကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဂျက်ဖိုက်တာ နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျေးရွာ ၂ ရွာဟာ စစ်ကိုင်းတိုင်း ကသာမြို့နယ်…

    Read More »
  • Aug- 2023 -
    4 August
    သတင်း

    ကျောက်ထုံးကြီးကျေးရွာအဝင်မှာ ရိုက်နှက်သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ဦးအလောင်းတွေ့

    စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကျောက်ထုံးကြီးကျေးရွာအဝင် လမ်းမကြီးဘေးမှာ ရိုက်နက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ကျောက်ထုံးကြီးကျေးရွာမှာ သုံးရက်ကြာတပ်စွဲခဲ့တဲ့ အင်းအား ၁၀၀နီးပါးရှိတဲ့ ခလရ ၁၂၁ တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တို့ ကျေးရွာကနေထွက်ခွာသွားတဲ့နေ့ မနေ့က မနက်ပိုင်းမှာ ရွာသားတွေကျေးရွာထဲပြန်လည်ဝင်ရောက်ချိန် တွေ့ရှိခဲ့တာလို့ ကျောက်ထုံးကြီးရွာသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “အလောင်းက ရိုက်နက်ထားတာဗျ ရိုက်နက်သတ်ထားတာအလောင်းက…

    Read More »
  • Jan- 2023 -
    27 January
    လူ့အခွင့်အရေးချိုးဖောက်မှု

    စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

    ကသာမြို့နယ် ကျောက်ထုံးကြီးရွာဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိ‌ထားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ကသာမြို့ ရပ်ကွက် ၈ လယ်ကွင်းကျောက်ထုံးကြီး…

    Read More »
Back to top button