ကသာနယ်တွင် အရပ်သား ပြည်သူ ၁၃ ဦးခန့် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ်ကျေးရွာမှ ဒေသခံ အရပ်သားပြည်သူ ၁၃ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများမှ သိရသည်။ သြဂုတ်လ ၃ ရက် ယမန်နေ့နံနက် ၉ နာရီဝန်းကျင် စစ်အင်အား ၃၀ ကျော်ခန့်ပါရှိသော စစ်ကောင်စီတပ်သည် ကသာဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း သံခွန်ရေမော်တော်ဖြင့်တက်လာကာ ကျောက်ထုံးကြီးတိုက်နယ် ကျေးရွာတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဒေသခံ ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦး KNG ကိုပြောဆိုသည်။ "မနက်