ကျောင်းဖွင့်လှစ်

  • Jul- 2024 -
    26 July
    သတင်း

    ကချင်ပြည်နယ် ပညာရပ်စုံ KSCU တက္ကသိုလ်က ကျောင်းပေါင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ  NGU ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကချင်ပြည်နယ် ပညာရပ်စုံ  KSCU တက္ကသိုလ်ကနေ  ကျောင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်ထားနိုင်ပြီဖြစ်တယ်လို့ KSCU ကျောင်းရဲ့ ဒုအဓိပတိဖြစ်သူ ဒေါက်တာဦးအောင်နိုင်သူက KNG ကိုပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University (KSCU)ကို ၂၀၂၂ ပညာသင်နှစ် ဝိဇ္ဇာ သိပ္ပံ၊ ၂၀၂၃ ပညာသင်နှစ်မှာ School of Medical Sciences နှင့် School of Nursing Sciences၊ ၂၀၂၄ ပညာသင်နှစ်  School of Technology နှင့် School of Economic  ဖွင့်လှစ်နိုင်ခဲ့ပြီး၂၀၂၅ ပညာသင်နှစ်မှာတော့ School of Agriculture ကို ထပ်တိုးဖွင့်လှစ်မှာဖြစ်တဲ့အတွက် စုစုပေါင်းကျောင်း ၆ ကျောင်းထိ တိုးချဲ့ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။…

    Read More »
  • 19 July
    ပညာရေး

    KIO ထိန်းချုပ်ထားတဲ့ ဖားကန့် ဟောင်ပါးအုပ်စုမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထား

    ကချင်ပြည်နယ် ဖားကန့်မြိို့နယ်  KIO ထိန်းချုပ်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုမှာ အခြေခံပညာရေးစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထားတယ်လို့ ရပ်ကျေးတာဝန်ခံတွေဆီကနေ သိရပါတယ်။ KIA|KPDF သိမ်းပိုက်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုထဲက တာမခံ၊ခိုမ၊ဟွေဆိုင်း၊ နတ်ရေတောင်၊ရွှေတောင်ကျော်၊နန့်ပါဟုတ်၊ နန့်စပိန်း စတဲ့ကျေးရွာတွေမှာ ကျောင်းပေါင်း ၂၀ ကျော်အထိဖွင့်လှစ်ထားနိုင်ပြီလို့ တာမခန်ကျေးရွာ အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။  “ဖွင့်တယ်ကျောင်းတွေအားလုံး ဇွန်လ ၅ရက်နေ့ကနေစပြီးအားလုံးဖွင့်တယ် စုစုပေါင်းဆိုရင်ကျောင်းပေါင်း ၂၃ ကျောင်းလောက်ရှိမယ် အုပ်စုထဲမှာပေါ့။ ဒီတာမခံအထက်တန်းကျောင်းကတော့ ဒေသကျောင်းကော်မတီနဲ့ ရပ်မိရပ်ဖတွေနဲ့ကျောင်းသားမိဘတွေပေါင်းပြီးဖွင့်တာ ကော်မတီကျောင်း”လို့ သူကပြောပါတယ်။ လက်ရှိဖွင့်ထားတဲ့ကျောင်းတွေအားလုံး KIO ရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး NUG နဲ့ချိတ်ဆက်တဲ့ကျောင်း၊ ရပ်ကျေးနဲ့ကျောင်းသားမိဘတွေပေါင်းပြီးဖွင့်ထားတဲ့ကျောင်း၊ KIO တိုက်ရိုက် သင်ကြားတဲ့ကျောင်းဆိုပြီး ကျောင်းအမျိုးအစားသုံးမျိုးရှိတယ်လို့ အထက်ဖော်ပြပါတာဝန်ရှိသူက ဆက်ပြောပါတယ်။  “ကျောင်းကပုံစံက သုံးမျိုးကွဲနေတာ  NUG ကျောင်းရှိတယ် KIO ပညာရေးကျောင်းရှိတယ် ပြီးတော့ ခုနပြောတဲ့ ဒေသကော်မတီတွေကဦီးဆောင်ဖွင့်တဲ့ဒေသပညာရေးကော်မတီကျောင်းတွေရှိတယ် ဒါပေမယ့်သင်ရိုးအားလုံးက နဂိုသင်းရိုးတွေပဲ”လို့သူကဆက်ပြောပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ NUG အစိုးရနဲ့တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်တဲ့ NUG ကျောင်း၊ ဒေသကော်မတီကတိုက်ခိုက်စီမံခန့်ခွဲတဲ့ ဒေသပညာရေးကော်မတီကျောင်းနဲ့ KIO ကတိုက်ရိုက်စီမံတဲ့ KIO ပညာရေးကျောင်းသုံးမျိုးထဲမှာ အများပိုင်းက ဒေသပညာရေးကော်မတီကျောင်းတွေဖြစ်ပြီး ကျောင်းအားလုံး KIO ရဲ့ ထောက်ပံ့မှုအောက်မှာရှိတယ်လို့ သိရပါတယ်။ လက်ရှိဖွင့်လှစ်နေတဲ့ကျောင်းပေါင်း ၂၃ ကျောင်းထဲမှာ တက်ရောက်နေတဲ့ကျောင်းသားကျောင်းသူပေါင်း ၅၀၀၀ ကျော်၊သင်ကြားရေးဆရာ ဆရာမပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး မူလတန်း နဲ့အလယ်တန်းအဆင့်အတွက်သင်ကြားရေးပိုင်းမှာ အဆင်ပြေပေမယ့်် grade 11 နဲ့ Grade 12  အတွက် သင်ကြားရေးပိုင်းမှာ အတိုင်းတာတစ်ခုထိရောက်ဖို့ လိုအပ်ချက်တွေရှိနေတယ်လို့ ဟောင်ပါးကျေးရွာနေအထက်တန်းကျောင်းသားမိဘတစ်ဦးက KNG ကိုပြောပါတယ်။  “ကျွန်မတို့ဟောင်ပါးမှာက NUG ကျောင်းနဲ့ ဒေသကော်မတီကျောင်းရှိတယ် ကျွန်မကလေးကိုက ဒေသကော်မတီကျောင်းမှာထားတယ်။ သင်ကြားရေးပိုင်းတော့သိပ်အားမရဘူး အထက်တန်းပိုင်းမှာပေါ့လေ အခု Grade 12 ကသင်ကြားရေးမှာက ကျောင်းမပီးသေးတဲ့ဘွဲ့မရသေးတဲ့နှစ်ယောက်ပါတော့ လိုအပ်ချက်တွေရှိနေတယ်”လို့ ပြောပါတယ်။  လက်ရှိ သင်ကြားပေးနေတဲ့ကျောင်းတွေမှာ CDM ကျောင်းဆရာ/မ တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ KIO ကတိုက်ရိုက်ချပေးတဲ့သင်ကြားရေးဆရာ ဆရာမတွေနဲ့ သင်ကြားပေးနေပြီး တစ်ချို့ကျောင်းတွေမှာဆရာ/မ မလုံလောက်မှုတွေရှိနေတယ်လို့သိရပါတယ်။  ဖားကန့်မြို့နယ်ထဲက အထက်ဖော်ပြပါကျေးရွာတွေအပါအဝင်ဖားကန့် ကာမိုင်းလမ်းပိုင်းထဲက နန့်ယား၊ နန့်တိန်းကျေးရွာတွေမှာ ဒီနှစ်ဖေဖော်ဝါရီလနောက်ပိုင်းကစလို့ KIA/KIO ထိန်းချုပ်မှုအောက်ရောက်သွားခဲ့တာ ဖြစ်ပြီး နန့်ယား နန့်တိန်းအုပ်စုတွေမှာလည်း KIO ကျောင်းတွေ အများအပြားဖွင့်လှစ်နေပြီဖြစ်ပါတယ်။  ဒါ့အပြင် ဖားကန့်မြို့နယ်ထဲမှာ ၂၀၂၂ –၂၀၂၃ ခုနှစ် ပညာ သင်နှစ်မှာ NUG စာသင်ကျောင်းတွင်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ ၆၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့သိရပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချုပ်နယ်မြေအသစ်တွေမှာ ၂၀၂၄– ၂၀၂၅ ခုနှစ်…

    Read More »
  • Jun- 2024 -
    19 June
    သတင်း

    ဖားကန့်ဒေသ KIO ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမ လုံလောက်မှုမရှိဖြစ်နေ

    ဖားကန့်မြို့နယ်ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ ကျေးရွာနေရာတွေမှာ စာသင်ကျောင်းတွေဖွင့်လှစ်ထားပေမယ့် စာသင်ကြားပေးမယ့် ဆရာ/ဆရာမ လုံလောက်မှုမရှိတဲ့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ ဖားကန့်သွားလမ်း နန့်ယား၊ နမ်တိန့်နဲ့ ဟောင်ပါးအုပ်စု တာမခံကျေးရွာတွေကို KIA…

    Read More »
  • 13 June
    သတင်း

    CEC ကျောင်းမှာ ကျောင်းသားဦးရေတိုးလာတာကြောင့် စာသင်ခန်းနေရာအခက်အခဲကြုံနေ

    ကွတ်ခိုင်မြို့ထဲက ရပ်မိရပ်ဖတွေနဲ့ပူးပေါင်းပြီးဖွင့်လှစ်ထားတဲ့ Kachin Education Center ( CEC) ကျောင်းမှာ ဒီနှစ်ကျောင်းသားဦးရေတိုးလာတာကြောင့် စာသင်ခန်းနေရာအခက်အခဲကြုံနေတယ်လို့ သိရပါတယ်။ ဒီကျောင်းကို စတင်ဖွင့်လှစ်ခဲ့ချိန်ကစပြီး မနှစ်ကအထိ ကျောင်းသားဦးရေ ၁၀၀ ဝန်းကျင်ထိသာရှိခဲ့ပေမဲ့ ၂၀၂၄–၂၀၂၅ ပညာသင်နှစ်မှာတော့ ကျောင်းသားဦးရေ ၅၀၀ ခန့်တိုးလာတာကြောင့် စာသင်ဖို့နေရာထိုင်ခင်းအခက်အခဲကြုံနေတယ်လို့ ကျောင်းကော်မတီအဖွဲ့ဝင်တွေက ကချင်သတင်းဌာန Kachin News Group(KNG) ကို ပြောပါတယ်။ “ကျောင်းခန်းအခက်ဖြစ်နေတယ် ကျနော်တို့ ၁ ပတ်အတွင်းမှာပဲ ဘယ်မှာဘယ်လိုသင်ကြမယ်ဆိုတာ ပြင်ဆင်လိုက်နိုင်တော့ ကျောင်းခန်းတွေကဆက်လက်လိုနေတယ်။ ကျနော်တို့ခန့်မှန်းထားတာက ကျောင်းသားဦးရေ ၃၀၀ ကျော်၊ ၄၀၀ တောင်မရောက်လောက်ဘူးလို့ထင်ပြီး အဲလောက်စာပဲ ကျောင်းခန်းစီစဉ်ထားတာ အခုက ၅၀၀ လောက်ရောက်လာတော့ ကျောင်းခန်းအခက်ကြုံနေရတယ်။” လို့ Kachin Education Center ( CEC) ကျောင်းကော်မတီဝင်တစ်ဦးက ပြောပါတယ်။ ကပ်ကာလနဲ့နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် ကလေးတွေပညာရေးနောက်ကျသွားမှာကိုစိုးရိမ်တဲ့ ကျောင်းသားမိဘတွေနဲ့ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့အပါအဝင် အသင်းတော်အဖွဲ့အစည်းနဲ့ ဒေသတွင်းရှိ CSO အဖွဲ့အစည်းတွေပူးပေါင်းကာ ကွတ်ခိုင် Christian Education Centre (CEC) ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကစပြီး စတင်သင်ကြားဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ  KG ကနေ ၉ တန်းထိကို စစ်ရှောင်စခန်း ကွတ်ခိုင်စစ်ဘေးရှောင်စခန်း KBC Camp ၁ က လွတ်တဲ့နေရာမှာနေရာထိုင်ခင်းပြင်ဆင်ပေးပြီး သင်ကြားပေးနေရပြီး ၁၀ တန်းကနေ ၁၂ တန်းကိုတော့ ကွတ်ခိုင် KTC ဓမ္မကောလိပ်ကျောင်းဝင်းဘက် နေရာပြင်ဆင်ထားပေးကာ ကျောင်းသုံးပစ္စည်း၊ ထိုင်ခုံတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။ “ကျမတို့ CEC ကျောင်းဖွင့်လိုက်တော့ အားလုံး တက်တက်ကြွကြွနဲ့ ဘယ်သူမဆို အများကြီး ကျောင်းနာမည်စရင်းတွေ ထည့်သွင်းလာတာက ထူးခြားပြောင်းလဲမှုတစ်ခုဖြစ်တယ်။ TNLA ဘက်ကလည်း အရင်အစိုးရကျောင်းတွေမှာ သူတို့ကျောင်းအဖြစ် ဖွင့်လှစ်နေပြီ။ သူတို့ဆီမှာ တက်တဲ့သူလည်းတက်တယ်။ ဒီကျောင်းကိုလည်း လူမျိုးမရွေး၊ ဘာသာမရွေး အများကြီး ရောက်လာကြတာကတော့ ဒီနှစ်ရဲ့ ပြောင်းလဲမှုတစ်ခုဖြစ်တယ်။” လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။…

    Read More »
  • May- 2024 -
    24 May
    သတင်း

    KIA ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ကျောင်းဆရာ/ မ တာဝန်ထမ်းဆောင်ချင်သူ မည်သူကိုမဆိုခွဲခြားခြင်းမရှိဘဲ ခန့်အပ်သွားမယ်လို့  KIO ပညာရေးအဖွဲ့ဆို

    ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ မြို့၊ ရွာတွေမှာ ပညာရေးကျောင်းဖွင့်လှစ်သွားဖို့ပြင်ဆင်နေပြီး  ကျောင်းဆရာ၊ဆရာမ တာဝန်ထမ်းဆောင်ချင်သူ မည်သူကိုမဆိုခွဲခြားခြင်းမရှိဘဲ ခန့်အပ်သွားဖို့ပြင်ဆင်ထားတယ်လို့ KIO ပညာရေးအဖွဲ့က ပြောပါတယ်။ လက်ရှိ KIO/KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ ပညာရေးယန္တရားလည်ပတ်နိုင်ဖို့ ဝန်ထမ်းစားရင်းနဲ့ ကျောင်းသားစားရင်းကောက်ယူတာတွေကို မြို့နယ်အလိုက် ပညာရေးဦးစီးရုံးတစ်ခုချင်းစီကတာဝန်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ “ကျောင်းအတွက် ဝန်ထမ်းကို နဂိုကတည်းက အဲဒီမှာတာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ၊ဆရာမတွေ၊ ဆက်လက်ပြီး တာဝန်ထမ်းဆောင်ချင်တယ်၊တာဝန်ထမ်းဆောင်ရဲတဲ့သူတွေ၊ Non-CDM ဖြစ်ဖြစ် CDM ဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ဒီကျောင်းမှာပဲဆက်လက်တာဝန်ထမ်းဆောင်ချင်တယ်ဆိုတဲ့သူတွေကိုတော့ ကျနော်တို့က ကျနော်တို့ရဲ့ ဝန်ထမ်းအဖြစ်ပြောင်းလဲသတ်မှတ်လိုက်ပြီး တာဝန်ထမ်းဆောင်ခိုင်းမယ်။ ပြီးတော့ ဆရာ မလောက်တဲ့ကျောင်းကိုတော့ အပြင်ကနေကျောင်းဆရာထပ်ဖြည့်ပေးတာတို့၊ ဒီက ကျနော်တို့ IED ကကျောင်းဆင်းတွေလည်းရှိတယ်။ အဲလိုလူတွေနဲ့ အားလုံးလက်တွဲပြီး ပြုလုပ်သွားဖို့ပြင်ဆင်နေတယ်။” လို့ KIOပညာရေးဦးစီးချူပ် လက်ထောက်တာဝန်ခံက Kachin News Group(KNG) ကချင်သတင်းဌာနကို ပြောပါတယ်။  KIA သိမ်းပိုက်ထားတဲ့ လွယ်ဂျယ်မြို့၊ မန်ဝိန်းကြီးနဲ့ မိုင်းခေါင် စတဲ့နေရာဒေသက ကျောင်းတွေကိုတော့ KIO ဗဟိုဌာနချူပ်ပညာရေးဌာနကဦးစီးကာ ကျောင်းဖွင့်လှစ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အလားတူ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ် ဆင်ဘိုမြို့၊ ဆွမ်ပရာဘွမ်မြို့ စတဲ့ နေရာတစ်ချို့တွေမှာလည်း ကျောင်းဆရာ၊ဆရာမ ခန့်အပ်တာ၊ စားရင်းကောက်တာ၊ ကျောင်းသားစားရင်းယူတာတွေကို မြို့နယ်အလိုက် ပညာရေးဌာနရုံးတစ်ခုချင်းစီက တာဝန်ယူလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ လက်ရှိ ပညာရေးဝန်ထမ်းစာရင်း ကောက်ယူပြီးပါက လာမယ့်ဇွန်လ လဆန်းကစပြီး လိုအပ်တဲ့ ကျောင်းဆရာ၊ဆရာမတွေကို မွမ်းမံသင်တန်းပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ KIA ဘက်ကသိမ်းပိုက်ထားတဲ့နေရာဒေသတွေမှာ ကျောင်းစတင်ဖွင့်လှစ်သွားဖို့  ကျောင်းဆရာ၊ဆရာမခန့်အပ်ဖို့ ပြင်ဆင်ရာမှာ CDM ဆရာ၊ဆရာမတွေကို ဦးစားပေး ခေါ်ယူခန့်အပ်စေချင်တယ်လို့ CDM ဝင်နေတဲ့ ကျောင်းဆရာမတချို့က ပြောပါတယ်။ “CDM တွေကိုအရင်ဆုံး ဦးစားပေးစေချင်တယ်။ ဆွဲခေါ်စေချင်တယ်။ CDMကြောင့် အပြင်ရောက်နေတဲ့ ပညာရှင်တွေအများကြီးရှိတယ်။ တက္ကသိုလ်ပြီးစီးအောင်မတက်လိုက်နိုင်ပဲ CDM ဝင်သွားတဲ့ ကျောင်းသားတွေလည်း အများကြီးရှိတယ်။ ဒါတွေကို ပြန်ပြီးမွမ်းမံပျိုးထောင်ပေးပြီး ပြန်အကျိုးပြုနိုင်မယ်။ ဒီလိုဆိုရင်ပိုသင့်တော်မယ်လို့ ခံစားမိတယ်။” လို့ CDM ဆရာမတစ်ဦးက ပြောပါတယ်။ KIO/KIA  ထိန်းချူပ်နယ်မြေတွင်းများရှိတဲ့ ပုံမှန်ဖွင့်နေတဲ့ ကျောင်းတွေကတော့ မေလ ၂၅ ရက်နေ့က စပြီး ကျောင်းသားနာမည်စားရင်းလက်ခံတော့မှာဖြစ်ပေမဲ့ KIA သိမ်းပိုက်ထားတဲ့ မြို့ရွာ၊တွေမှာတော့ KIO ပညာရေးယန္တရားလည်ပတ်ဖို့ ပြင်ဆင်စရာများ ရှိနေသေးတာကြောင့် ကျောင်းဖွင့်နောက်ကျမယ်လို့ ဆိုပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး စစ်ဆင်ရေးအရှိန်မြှင့်တင်လိုက်ရာ လက်ရှိထိဆိုရင် မြစ်ကြီးနား – ဗန်းမော် ကားလမ်းပိုင်းအာလုံး ထိန်းချူပ်လိုက်နိုင်ပြီဖြစ်ပြီး မြို့ပေါင်း ၆ မြို့ခန့် သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Jan- 2024 -
    8 January
    သတင်း

    အင်ဂျန်းယန်မြို့နယ်မှာ ၁ လခွဲနီးပါးပိတ်ထားတဲ့ စာသင်ကျောင်းပြန်ပြီးဖွင့်လှစ်

    ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှာ ၁ လခွဲနီးပါးပိတ်ထားတဲ့ အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသား၊သူတွေကို စာသင်ကြားနေပြီလို့ အင်ဂျန်းယန်ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က အင်ဂျန်းယန်မြို့ထဲ ဆယ်စုနှစ်ကျော်ကြာအထိုင်ချခဲ့တဲ့စစ်ကောင်စီတပ်စခန်း အပြီးရုပ်သိမ်းဆုတ်ခွာသွားတဲ့အချိန် မြို့ထဲက အစိုးရအုပ်ချူပ်ရေးဆိုင်ရာ ရဲနဲ့ ဝန်ထမ်းများလည်း အားလုံး ထွက်ခွာသွားခဲ့ကြတာဖြစ်ပါတယ်။  ဒါပေမယ့် ဒီဇင်ဘာလ…

    Read More »
  • Jun- 2023 -
    21 June
    သတင်း

    နမ်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီအောက် ဖွင့်လှစ်နေသည့် စာသင်ကျောင်းများ ပိတ်ရန် KIO ညွှန်ကြားစာထုတ်ပြန်

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီလက်အောက် ဖွင့်လှစ်သင်ကြားနေသည့် စာသင်ကျောင်းများကို သင်ကြားခွင့်မပြုဘဲ ပိတ်ရန် KIO ဘက်မှ တားမြစ်စာများ ပို့ထားပြီးနောက် ကျောင်းလာတက်သည့် ကျောင်းသားများ နည်းပါးသွားသည်ဟု  ဒေသခံများပြောသည်။ ဇွန်လ ၁၂ ရက်နေ့တွင် နမ်ဖတ်ကာ…

    Read More »
Back to top button