ကြူကုတ်
-
Dec- 2024 -10 Decemberသတင်း
အသက် ၂ နှစ်အရွယ်ကလေးငယ်ကို မုဒိမ်းမှုကျူးလွန်တဲ့ ကိုးကန့်အရာရှိကို သေဒဏ်စီရင်ပေးဖို့ ဒေသခံတွေတောင်းဆို
ရှမ်းမြောက် (ကြူကုတ်)ပန်ဆိုင်းမြို့မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့်တဲ့ MNDAA အရာရှိကို သေဒဏ်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေပါတယ်။ ပန်ဆိုင်းမြို့ ၊ ရပ်ကွက် ၇ မှာနေထိုင်သူ အသက် ၂ နှစ်အရွယ် သမီးငယ်ကို ကိုးကန့် (MNDAA )တပ်ဖွဲ့ အရာရှိတစ်ဦး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက် နေ့လည် ၁ နာရီဝန်းကျင် အိမ်စီးကားနဲ့ နေအိမ်ကနေလာခေါ်သွားပြီးနောက် တရုတ်နယ်စပ်ချောင်းဘေးတစ်နေရာမှာ မဒိမ်းကျင့်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “နေ့လည် ၁ နာရီကတည်းက ကလေးကို ကားခေါ်စီးမယ်ဆိုပြီး ခေါ်သွားတာ မုန့်တွေ ဖျော်ရည်တွေလည်း ဝယ်ကျွေးတယ်တဲ့ ပြီးတော့ နယ်စပ်ချောင်းနားမှာ မဒိမ်းကျင့်ပြီး အိမ်ပြန်ခေါ်လာတာ။ ညနေ ၆ နာရီလောက်မှာ ကလေးအမေက သူ့ကလေးကို သွားပြန်ခေါ်တဲ့အချိန် ကလေးက နုံးနေပြီ။ ကလေးမိန်းမကိုယ်ကနေ သွေးတွေ တရပြွတ်ထွက်ပြီး အန်တဲ့အချိန်လည်း အမျိုးသားသုတ်ရည်တွေပါနေတဲ့ ကလေးအမေက ကိုးကန့်ကိုပြောတော့၊ ကိုးကန့်ဘက်က ဆေးရုံခေါ်သွားပေးတယ်၊ Rape case မလို့ ပန်ဆိုင်းမှာလက်မခံဘူး၊ လားရှိုးဆေးရုံကို ခေါ်သွားပေးတယ်။ ကလေးမိန်းမကိုယ်က အားလုံးစုတ်ပြဲသွားလို့ သုံးဆင့်ထပ်ပြီး ချူပ်ခဲ့ရတယ်လို့ပြောတယ်။”လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ မုဒိမ်းပြုကျင့်ခံရသူ သမီးငယ်ဟာ အသက် ၂ နှစ် ၅ လအရွယ်သာရှိပြီး ပန်ဆိုင်းမြို့ဆေးရုံခေါ်သွားချိန် ကလေးကမေ့မျောနေပြီဖြစ်ကာ ပန်ဆိုင်းဆေးရုံမှာ လက်မခံတာကြောင့် ကိုးကန့်တပ်ဖွဲ့က လားရှိုးဆေးရုံကို ခေါ်သွားပေးတယ်လို့ ဆိုပါတယ်။ ဒေသခံတွေပြောချက်အရ မုဒိမ်းကျင့်ခံရတဲ့ ကလေးငယ်ရဲ့ ခါးနှစ်ဖက်မှာ လက်နဲ့ကိုင်ညစ်တဲ့ဒဏ်ရာအပြင် မိန်းမကိုယ်အင်္ဂါလည်း ဆိုးရွားစွာစုပ်ပြဲသွားတဲ့အတွက် သုံးဆင့်ထပ်ချူပ်လိုက်ရပြီး လားရှိုးမြို့ဆေးရုံမှာ ၃ ရက်ခန့်ဆေးကုသခံယူပြီးနောက် လက်ရှိ ပန်ဆိုင်းဆေးရုံမှာ ဆက်လက်ဆေးကုသနေတယ်လို့ ဆိုပါတယ်။ သက်ငယ်မုဒိမ်းပြစ်မှုကျူးလွန်သူဟာ ကိုးကန့် MNDAA တပ်ဖွဲ့ထဲက ကားဆရာ အသက် ၅၅ နှစ်အရွယ် ဦးရှောက်ချိဆိုသူဖြစ်ပြီး ဇနီး၊ သား၊သမီး၊မြေးတွေရှိတဲ့အပြင် MNDAA အရာရှိတစ်ဦးလည်းဖြစ်ပြီး ကလေးငယ်မိသားစုနေအိမ်နဲ့ အိမ်နီးချင်းကပ်ရပ်ဖြစ်တဲ့အပြင် ပုံမှန်ဝင်ထွက်လေ့ရှိကာ အချင်းချင်း ခင်မင်ရင်းနှီးကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကလေးငယ်ကိုကားလျှောက်ပတ်စီးဖို့ ခေါ်သွားတာဖြစ်ပြီး နေအိမ်ကနေ ၁ ဖာလုံလောက်အကွာရှိ တရုတ်နယ်စပ်ချောင်းဘေးမှာ မဒိမ်းကျင့်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ “ကလေးအမေက ကလေးကိုသွားခေါ်တဲ့အချိန် ကလေးအခြေအနေကြောင့် ထိတ်လန့်ပြီး ပြစ်မှုကျူးလွန်သူကို သွားပြောတယ်။ အဲဒီအချိန် အဲဒီပြစ်မှုကျူးလွန်တဲ့ကိုးကန့်အရာရှိက သူတာဝန်ယူမယ်လို့ပြောတယ်တဲ့။ ဒါပေမဲ့ ဘာမှတာဝန်မယူဘူးကလေးမိဘတွေက MNDAA တပ်ဖွဲ့ကို ပြန်တိုင်တယ်။ MNDAA က ကလေးမိခင်ကိုလည်း အိမ်မှာပဲနေဖို့ပြောပြီး ဆေးရုံကိုမလိုက်ခိုင်းဘူး။ ကလေးအဖေနဲ့ ကလေးကိုပဲ ဆေးရုံခေါ်သွားပေးတာဟုတ်တယ်။ ကလေးအမေက သူ့ကိုဆေးရုံလည်း မလိုက်ခိုင်းဘူးဆိုတော့ အချိန်ပြည့် ငိုပဲငိုပြီး ရွာက အမျိုးသမီးအဖွဲ့တွေကို ပြောပြမှ သိရတာဟုတ်တယ်။” လို့ ပန်ဆိုင်းအမျိုးသမီးကဆက်ပြောပြပါတယ်။ မုဒိမ်းမှုကျူးလွန်ခံရသူ ကလေးငယ်ဟာ လက်ရှိအနေအထားမှာ ကိုးကန့်တပ်သားတွေကို တွေ့ရင်လည်း ကြောက်ရွံ့ပြီး ငိုယိုတာတွေရှိတယ်လို့ ဆိုပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ ကလေးကို တာဝန်ယူပြီး ဆေးကုသပေးတာတွေလုပ်ပေးနေပေမဲ့ ဒီအမှုကို ပျောက်ကွယ်သွားအောင် ဖုံးဖိဖို့ကြိုးစားတာတွေလုပ်လာတာကြောင့် ဒေသခံအမျိုးသမီးအဖွဲ့တွေနဲ့ ရွာသားတွေ လူအင်အား ၂၀၀ (နှစ်ရာ) ဒီဇင်ဘာလ ၅ ရက်နေ့က ဆန္ဒပြလှုပ်ရှားခဲ့တာကြောင့် အမှုကျူးလွန်သူကို ကိုးကန့် MNDAA တပ်ဖွဲ့က တာဝန်ယူပြီး စုံစမ်းစစ်ဆေးနေပြီလို့ သူမကဆက်ပြောပါတယ်။ “အဲဒီပြစ်မှုကျူးလွန်သူကို သူ့တို့ကအစပိုင်းမှာ မဖမ်းဘူး။ ပြစ်မှုကျူးလွန်သူကို သူတို့က နေရာရွှေ့လိုက်မယ်၊ ထွက်ပြေးခိုင်းလိုက်မယ်ဆိုတဲ့ သတင်းတွေကြားတာနဲ့ ဒေသခံတွေ အမျိုးသမီးအဖွဲ့တွေ လူထုနဲ့ ဆန္ဒပြသွားပြောတော့မှ သူတို့က အခုလိုပြစ်မှုကျူးလွန်သူကို ပြန်စစ်ဆေးဖို့ ချူပ်နှောင်တာတွေ လုပ်လာတာ။ ကိုးကန့်က သတင်းလည်းဖုံးဖိလိုက်ဖို့ ကြိုးစားတယ်။ သတင်းမထွက်အောင်ကြိုးစားတယ်။ ဒေသခံတွေ လူထုနဲ့ အုံကြွပြီးဆန္ဒပြချိန်လည်း ဖုန်းတွေအားလုံးယူပြီး သက်သေတွေ၊ ပုံတွေ၊ဗီဒီယိုတွေ အကုန်ဖျက်ပေးလိုက်ကြတယ်။”လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးက ပြောပါတယ်။ သက်ငယ်မုဒိမ်း ပြစ်မှုကျူးလွန်သူ ကိုးကန့်အရာရှိ ရှောက်ချီကတော့ ကိုးကန့်တပ်ဖွဲ့စစ်ဆေးတဲ့ချိန် သူမဟုတ်ကြောင်းငြင်းဆိုထားတယ်လို့သိရပြီး ကလေးရဲ့ ကိုယ်အင်္ဂါကို လက်နဲ့ခိုက်မိသွားတာလို့ လိမ်လည်ထွက်ဆိုတာရှိတယ်လို့ဆက်လက်သိရပါတယ်။ လက်ရှိမှာတော့ အမှုသက်သေအထောက်အထားတွေ စုစည်းပြီး ပြစ်မှုကျူးလွန်သူကိုလည်း စုံစမ်းစစ်ဆေးနေဆဲကာလဖြစ်ကာ တရားစီရင်ရေးနဲ့ စီရင်ချက်ချတာတွေတော့ မပြုလုပ်သေးတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း ပန်ဆိုင်းမြို့ရှိ မိဘမဲ့ဂေဟာကျောင်းလာဖွင့်တဲ့ တမူးဘက်က ချင်းအမျိုးသားတစ်ဦးက ကလေးတွေကို နှိပ်စက်ပြီး အဓမ္မပြုကျင့်တာတွေရှိခဲ့လို့ ဒေသခံအမျိုးသမီးအဖွဲ့နဲ့ ပြည်သူလူထုက ကိုးကန့် MNDAA ကိုတာဝန်ယူဖြေရှင်းပေးဖို့ အမှုအပ်ခဲ့တယ်လို့ သိရပါတယ်။ ကလေးငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ သက်ငယ်မဒိမ်းမှုကျူးလွန်သူ အဲဒီချင်းအမျိုးသားကိုတော့ ကိုးကန့် MNDAA တပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ လောက်ကိုင်မှာ ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦးကို သေဒဏ်စီရင်ခဲ့တဲ့ထဲ ပါဝင်စီရင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒါကြောင့် ယခုမုဒိန်းမှုကျူးလွန်တဲ့ ကိုးကန့်အရာရှိကိုလည်း သေဒဏ်စီရင်ပေးဖို့ ကလေးမိဘ၊ ဒေသခံတွေနဲ့အမျိုးသမီးအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။ “အမှုကျူးလွန်သူကို သေဒဏ်ပေးလိုက်မှ ဒီမှာရှိတဲ့ မိခင်တွေအားလုံးလည်း စိတ်အေးရမယ်။ စိတ်လုံခြုံမှုရမယ်။ သူသာအသက်ရှင်နေသရွေ့ ကလေးအတွက်လည်း အဆင်မပြေဘူး။ အားလုံးအတွက် စိတ်လုံခြုံမှုမရှိဘူး။”လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ဆက်ပြောပါတယ်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)…
Read More » -
Apr- 2024 -10 Aprilသတင်း
MNDAA ထိန်းချုပ်မှုအောက် ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေကိုတိုက်ဖျက်ဖို့ ရည်ရွယ်ပြီးစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ရဲ့ “ ၁၀၂၇” စစ်ဆင်ရေးမှာ ရှမ်းမြောက်မှာ မြို့ပေါင်း ၈ မြို့နယ်အပါအဝင် စခန်းပေါင်း ၄၀၀ ကျော်သိမ်းပိုက်ခဲ့ကြပြီး အုပ်ချုပ်ရေးစနစ်စတင်နေကြပြီ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊…
Read More » -
Nov- 2023 -14 Novemberသတင်း
ကြူကုတ်၊ ပန်ဆိုင်း ဒေသခံပြည်သူတွေ တရုတ်နယ်စပ် ဝမ်ဒင့်ချောင်းဘက် ထွက်ပြေးတိမ်းရှောင်နေရ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ် ပန်ဆိုင်းမြို့နယ်ခွဲ ဒေသတွေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေက တရုတ်နယ်စပ် ဝမ်ဒင့်ချောင်းတစ်ဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ ပန်ဆိုင်း စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်းကို မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းအတွင်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ပြန်လည်ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ခုလို မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်တွေ ပြန်လည်ထွက်ခွာသွားတဲ့နောက်ပိုင်းမှာ အဲ့ဒီတပ်စခန်းနေရာတွေမှာ စစ်ကောင်စီတပ်ဘက်က စစ်အင်အား ၃၀၀ ဝန်းကျင်လောက် ပြန်လည်ဖြည့်တင်းထားတာကြောင့် ကိုးကန့်တပ်တွေဘက်ကနေ ယာယီတိမ်းရှောင်ကြဖို့ ပြောဆိုထားတာကြောင့် အခုလို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံအမျိုးသမီး တစ်ယောက်က KNG ကိုပြောပါတယ်။ “ပန်ဆိုင်းဒေသက အရမ်းကို စိုးရိမ်ရတဲ့ အခြေအနေမှာ ဖြစ်သွားပြီ။ ကိုးကန့်တပ်တွေက စစ်ရှောင်ကြဖို့ ဒေသခံတွေကို ပြောဆိုထားတဲ့အတွက် အခုပြည်သူတွေက တရုတ်နယ်စပ် ဝမ်ဒင့် ချောင်းဘက်ကို တိမ်းရှောင်နေကြရတယ်”လို့ပြောပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ ပန်ဆိုင်း စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်း ၂ ခုစလုံး ဝင်ရောက်တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ချို့ဟာ အရပ်သားပြည်သူတွေရှိတဲ့နေရာဘက်မှာ အကာအကွယ်ယူ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်ခဲ့ကြပြီး အခုလိုပြန်ပြီး အင်အားဖြည့်တင်းထားတာဖြစ်တယ်လို့ ပြောပါတယ်။ “ကိုးကန့်တပ်တွေ လာပစ်ကြတဲ့အချိန်မှာ စစ်သားနဲ့ရဲတွေက ကျနော်တို့ ပြည်သူတွေရှိတဲ့ ဘက်ကို အကာအကွယ်ယူ လွတ်မြောက်သွားကြတယ်။ သူတို့ရဲ့ တပ်စခန်းတွေထဲမှာ မဟာမိတ်တပ်တွေက ဝင်ရောက်မီးရှို့သွားတာတွေ လုပ်ပြီးတော့ ပြန်ခေါက်သွားကြတယ်။ သူတို့ပြန်သွားကြတာနဲ့ စစ်တပ်နဲ့ရဲတွေက ပြန်ဝင်သွားကြတယ်”လို့ဆက်ပြောပါတယ်။ လက်ရှိ ပန်ဆိုင်း စစ်ကောင်စီ တပ်စခန်းနေရာမှာ အင်အား ၃၀၀ ဝန်းကျင်လောက် အင်အား ဖြည့်တင်းထားတဲ့အထဲ မုံကို ဖောင်းဆိုင်ဘက်ကနေ ထွက်ပြေး လာတဲ့ စစ်ကောင်စီတပ်သားတွေလည်း စုပေါင်းလာရောက်နေထိုင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ပထမအကြိမ် သွားရောက်တိုက်ခိုက် ပျက်ဆီးခဲ့တဲ့ ပန်ဆိုင်း စစ်ကောင်စီတပ်စခန်းမှာ စစ်ကောင်စီအင်အားအလုံးအရင်း ပြန်လည် တပ်ချထားတာကြောင့် ပြန်လည်တိုက်ခိုက်ဖို့ရန်အတွက် မဟာမိတ်ပူးပေါင်းတပ်တွေက ဒေသခံပြည်သူတွေကို ယာယီခဏ တိမ်းရှောင်နေထိုင်ကြဖို့ ပြောဆိုထားတာဖြစ်တယ်လို့ ဆက်သိရပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ ပန်ဆိုင်း စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ကိုးကန့်တပ်နဲ့ KNO အထူးတပ်မဟာ ၁၀၈ ပူးပေါင်း တပ်တွေ သွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့တာ လည်းဖြစ်ပါတယ်။ ရှမ်းမြောက်ပိုင်း ဒေသမှာ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး ခေါင်စဉ်နဲ့ စစ်ကောင်စီရဲ့ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီရဲ့ စခန်း ပေါင်း ၁၀၀ ကျော်လောက် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More »