ကသာမြို့နယ် တွင် PDF ပူးပေါင်းတပ်ဖွဲ့များ ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ကသာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ငွေကျပ် သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှိ့ဖျက်ဆီးခဲ့ကြောင်း ကသာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃) မှ သိရသည်။ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း(၃) ၊ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ ဇွန်လ ၂၆ ရက်နေ့ ကသာမြို့နယ် အင်းရွာတိုက်နယ်ရှိ ကြိုးကြာလွင် အခင်းတဲတွင် ဝင်ရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ ဦးသောင်းအေးထံမှ WY တံဆိပ်ပါ စိတ်ကြွးဆေးပြား ကိုးသိန်း