ကချင်စစ်ရှောင်ကူညီရေးအဖွဲ့ KHCC နှင့် အစိုးရတို့ ဆွေးနွေးမှု အချက် ၄ ချက်သဘောတူ

ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး ပြန်လည်နေရာချထားရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ ယနေ့ ကချင်ပြည်နယ်အစိုးရရုံးတွင် ဆွေးနွေးခဲ့ရာ အချက် ၄ ချက် အောင်မြင်စွာ ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြောင်း ပြည်ထောင်စု လူမူကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးထံမှ သိရသည်။ “ နေရပ်ပြန်ပြီဖြစ်တဲ့ နမ့်ဆန်ယန်လိုနေရာမျိုးမှာ လိုအပ်တဲ့အချက်တွေကို သိရှိအောင် (KHCC) ကဆောင်ရွက်မယ်။ နောက်တစ်ခုက ဆက်လက်ပြီး စစ်ရှောင်စခန်းတွေကို ပိတ်သိမ်းပြီးတော့ ပြန်လည်နေရာချထားဖို့အတွက် လက်တွေ့လုပ်ဆောင်သွားရမယ့် လုပ်ငန်းရှင် အဆင့်ဆင့်…