စစ်ကိုင်းတိုင်း
-
Oct- 2025 -21 Octoberသတင်း
NSCN- K အရာရှိတစ်ဦးနေအိမ်အိ ဒရုန်းနဲ့တိုက်ခိုက်ခံရ မိသားစုဝင်တွေသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာရှိတဲ့ နာဂလက်နက်ကိုင်အဖွဲ့ NSCN-K ရဲ့ အရာရှိတစ်ဦးနေအိမ်ကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ လဟယ်မြို့နယ်အနောက်ခြမ်း အိန္ဒိယ–မြန်မာနယ်စပ်ရှိ ကမ်မော်လောရီကျေးရွာထဲက NSCN-K (ယုန်းအောင်) အဖွဲ့ရဲ့ ဗိုလ်ချုပ်ပီးအောင်နေအိမ်ကို မနေ့က အောက်တိုဘာ…
Read More » -
20 Octoberသတင်း
ဆိုင်ကယ်ပျောက်သံသယနဲ့ ပကဖလက်ထဲမှာသေဆုံးသွားတဲ့ အမျိုးသားအမှု ကျပ်သိန်း ၁၅၀ နဲ့ကျေအေး
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ဆိုင်ကယ်ပျောက်မှုသံသယနဲ့ အင်းတော်ပကဖရဲ့ ဖမ်းဆီးစစ်ဆေးခံရချိန် သေဆုံးခဲ့ရတဲ့ အမျိုးသားအမှုအတွက် ကျန်ရစ်တဲ့မိသားစုကို ကျပ်သိန်း ၁၅၀ ပေးကျေအေးလိုက်တယ်လို့ ဒေသခံတချို့က KNG ကိုပြောပါတယ်။ ငွေပေးကျေအေးခိုင်းသူဟာ ကသာခရိုင်ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) တာဝန်ခံဖြစ်ပြီး သေဆုံးသူကိုဇော်ထွေးရဲ့ ဦးလေးတော်စပ်သူဖြစ်တယ်လို့…
Read More » -
7 Octoberသတင်း
လက်နက်ကိုင်တပ်တွေရဲ့တပ်သားသစ်စုဆောင်းမှုကြောင့် နာဂလူငယ်များ ဒေသတွင်းပိတ်မိနေ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ လက်နက်ကိုင်တပ်တွေရဲ့ တပ်သားသစ်စုဆောင်းမှုခေါင်းစဉ်အောက် ပိတ်ဆို့ဖမ်းဆီးခံရမှုကြောင့် နာဂလူငယ်တွေ ဒေသတွင်းမှာပဲ ပိတ်မိနေကြတယ်လို့ သိရပါတယ်။ နာဂဒေသထဲဝင်ထွက်သွားလာနိုင်တဲ့ လမ်းကြောင်းနှစ်ခုထဲက ရှင်ဗွေယန်–တနိုင်းကားလမ်းပိုင်းမှာ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း Eastern Naga Defence Army…
Read More » -
Sep- 2025 -30 Septemberသတင်း
ပညာရေးဝန်ထမ်းတွေ မချပေးတာကြောင့် လဟယ်မြို့နယ်အတွင်း စာသင်ကျောင်းအချို့ မဖွင့်နိုင်သေး
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်မြို့နယ်ထဲမှာ စစ်ကောင်စီက ပညာရေးဝန်ထမ်းတွေ မချပေးတာကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရတယ်လို့ သိရပါတယ်။ လဟယ်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၀ ရွာနီးပါးမှာ ၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းဆရာ/မ တွေ မချပေးတာကြောင့်စာသင်ကျောင်းတွေ ပိတ်ထားရပြီး ကလေးပညာရေးသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း လဟယ်မြို့ခံ အသက်…
Read More » -
20 Septemberသတင်း
ခရိုင်ညွှန်ကြားချက်နဲ့ ယာယီပိတ်သိမ်းခိုင်းတဲ့ KTV ၊အနှိပ်ခန်းတွေ အပြီးပိတ်သိမ်းသင့်ကြောင်း ဒေသခံတစ်ချို့ပြော
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊အင်းတော်မြို့နယ်မှာ ခရိုင်ညွှန်ကြားချက်နဲ့ယာယီပိတ်သိမ်းခိုင်းနေတဲ့ KTV နဲ့အနှိပ်ခန်းတွေ အပြီးပိတ်သိမ်းသင့်ကြောင်း ဒေသခံတစ်ချို့ KNG ကိုပြောပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့ကစတင်ပြီး အင်းတော်မြို့နယ်နဲ့ကပ်လျှက်မှာရှိတဲ့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲပြင်းထန်လာတဲ့နောက်ပိုင်းအခုလို KTV နဲ့အနှိပ်ခန်းတွေပိတ်သိမ်းဖို့ ကြေညာချက်တွေထွက်လာတာလို့ဒေသခံတွေဆီကသိရပါတယ်။ ဒါပေမဲ့ ဒေသခံတချို့ကတော့ KTV…
Read More » -
18 Septemberသတင်း
ခန္တီးမှာ စစ်တပ်က သက်ကြီးပိုင်းပါမကျန် ပေါ်တာဆွဲနေ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေတာကြောင့် လူကြီးလူငယ်မရွေးတိမ်းရှောင်နေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ခန္တီးမြို့အထိုင်တပ်ဖြစ်တဲ့ ခလရ ၅၂ တပ်က ယခုရက်ပိုင်း ခန္တီး – လဟယ် ကားလမ်းပိုင်းရှိ ကျေးရွာတွေမှာ…
Read More » -
17 Septemberသတင်း
ဟုမ္မလင်းစက်လှေဆိပ်မှာ သေနတ်ပြခြိမ်းခြောက်ပြီး ငွေတောင်းခံနေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့က စက်လှေဆိပ်တွေမှာ သေနတ်ပြပြီး ခြိမ်းခြောက်ငွေတောင်းခံနေတာကြောင့် စက်လှေသမားတွေအခက်အခဲကြုံနေရတယ်လို့ စက် လှေသမားများဆီက သိရပါတယ်။ ဟုမ္မလင်းမြို့အောက်ဘက် နောင်ပင်၊ မြင်သာဘက်ခြမ်း၊ ချင်းတွင်းမြစ်ဘေး ရပ်နားထားတဲ့စက်လှေတွေ နဲ့ ဖလက်ခွံတွေဆီကနေ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုက သုံးကြိမ်တိတိသေနတ်ပြပြီး ခြိမ်းခြောက်ငွေတောင်းတာကြုံတွေ့ခဲ့ရတယ်လို့…
Read More » -
Aug- 2025 -26 Augustသတင်း
မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းတိုက်ပွဲကြောင့် အဆင်းကားထောင်နဲ့ချီပိတ်မိနေ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့သိမ်းတိုက်ပွဲပြီးနောက် မန္တလေး–မြစ်ကြီးနားလမ်းပိုင်းက ပိတ်ဆို့ထားတဲ့နေရာကို စစ်ကောင်စီကရုတ်တရက်ဖွင့်ပေးခဲ့ပေမဲ့ လမ်းပိုင်းနှစ်ဖက်တိုက်ပွဲတွေအကြား အဆင်းကားထောင်နဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေကပြောပါတယ်။ ၂၀၂၄ခုနှစ် ဩဂုတ်လကစတင်တဲ့ အင်းတော်မြို့သိမ်းစစ်ဆင်ရေးကြောင့် ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းကိုသွားလာခွင့်ကန့်သတ်ခဲ့ပြီးပေကြီးကွင်းလမ်းလို့သိကြတဲ့ မိုင် ၄၀ ကျော်ရှိတဲ့ကွင်းလမ်းကိုကားသမားတွေအသုံးပြုခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၅ ခုနှစ် ဧပြီလ…
Read More » -
22 Augustသတင်း
လေရှီးမှာ နာဂလူငယ်တွေ စစ်မှုထမ်းအတွက် ဖမ်းဆီးခံနေရ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်မှာ စစ်ကောင်စီတပ်က လူငယ်တွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံများဆီကနေသိရပါတယ်။ လေရှီမြို့နယ်ထဲမှာစစ်ကောင်စီတပ်က ကျေးရွာထဲကလူငယ်တွေနဲ့ ခရီးသွားလာတဲ့နာဂလူငယ်တွေကို စစ်မှုထမ်းအတွက် ဖမ်းဆီးခေါ်ဆောင်တာမျိုး ယခုလအတွင်းခပ်စိပ်စိပ်လုပ်ဆောင်လာနေကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။ “သိရသလောက် ပြီးခဲ့တဲ့အပတ်မှာ လေးယောက်လောက်ဖမ်းသွားတယ်။ နှစ်ယောက်လုံးက လမ်းမှာဖမ်းခံရပြီးခေါ်သွားတာာ…
Read More » -
Jul- 2025 -16 Julyသတင်း
နန်းယွန်းမှာ ဆေးရုံတက်တဲ့လူနာတွေ ဒီဇယ်ဝယ်ပြီး ဆေးရုံတက်နေရ
စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့မှာ လျှပ်စစ်မီးမရတာကြောင့် ဆေးရုံတက်တဲ့လူနာတွေက ကိုယ်တိုင်ဒီဇယ်ဝယ်ပြီး မီးစက်နိုးကာဆေးရုံတက်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတာ တစ်နှစ်ဝန်းကျင်ရှိလာချိန် ဆေးရုံတက်တဲ့လူနာတွေအနေနဲ့ ညဘက်လျှပ်စစ်မီးသီးအသုံးပြုဖို့နဲ့ ခွဲစိပ်ကုသဖို့အတွက် လျှပ်စစ်မီးလိုအပ်တာကြောင့် လူနာတွေကိုယ်တိုင်ဒီဇယ်ဝယ်ပြီး မီစက်နိုးနေရတယ်လို့ နန်းယွန်းမြို့ခံအသက် ၃၀ ကျော်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီဇယ်ကတော့ဝယ်ကြတယ်ဗျ ဘာလို့ဆိုနန်းယွန်းမြို့က လျှပ်စစ်မီးမရဘူးလေး အရေးပေါ်လူနာတွေ အောက်ဆီဂျင်ပေးဖို့၊ခွဲစိပ်ကုသတဲ့နေရာတွေမှာက မီးစက်နိုးရတယ်”လို့ သူကပြောပါတယ်။ ပုံမှန်အားဖြင့် နန်းယွန်းမြို့ကို တိုင်းယောင်းချောင်း ရေအားလျှပ်စစ်စက်ရုံးကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားပေမယ့် ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းကရေကြီးရေလျှံမှုကြောင့် တိုင်းယောင်းချောင်းရေအားလျှပ်စစ်စက်ရုံစက်ပိုင်းချို့ယွင်းမှု၊ဓာတ်တိုင်နဲ့ မီးကြိုးတွေအများအပြားပျက်စီးခဲ့မှုကြောင့် ဒီကနေ့အထိ လျှပ်စစ်မီးပြတ်တောက်နေတာဖြစ်ပါတယ်။ “အမှန်ဆိုရင်အစိုးရဆေးရုံဖြစ်တဲ့အတွက် ဒါတွေက အစိုးရဘတ်ဂျက်နဲ့စီစဥ်ပေးရမှာ အခုဟာက အစိုးရက မစီစဥ်ပေးတော့ လူနာတွေကိုယ်ထူကိုယ်ထစနစ်နဲ့ဆီဝယ်ပြီးလျှပ်စစ်မီးသုံးနေရတယ်”လို့ နန်းယွန်းမြို့ခံအအမျိုးသားတစ်ဦးလည်း ပြောပါတယ်။ နန်းယွန်းမြို့ပေါ်မှာ လက်ရှိ အိန္ဒိယ–မြန်မာ နယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ကနေသွင်းတဲ့အိန္ဒိယဆီ ဒီဇယ်တစ်ဂါလံကို ကျပ် ၄၀၀၀၀ သောင်းပေးဝယ်ရပြီး ဆေးရုံတက်တဲ့လူနာတွေ ကုသရမယ့် အခြေအနေပေါ်မူတည်ပြီးတစ်ည ဒီဇယ်နှစ်လီတာကနေ တစ်ဂါလံအထိ ဝယ်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “အောက်ဆီဂျင်နဲ့ ခွဲစိပ်ကုသရမယ့်လူနာတွေဆိုရင်တော့ တစ်ည တစ်ဂါလံကတော့ဝယ်ရတယ် ပြီးတော့ မီးလင်းဖို့ပဲဆိုရင်တော့အဲ့လောက်မဝယ်ရဘူး ဘာဖြစ်ဖြစ်ဗျာ ဆီတစ်ဂါလံလေးသောင်း တစ်လုံးတစ်သောင်းဆိုတော့ ကုသစရိတ်နဲ့က မလွယ်ဘူးဗျအရမ်းကုန်တယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့အသက် ၃၀ ကျော်အရွယ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ နန်းယွန်းမြို့ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို စီးပွားရေးအခွင့်အလမ်းအလွန်နည်းပါးတာကြောင့် ပြည်သူ ၈၀ ရာခိုင်နှုန်းလောက်ဟာ တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီးအသက်မွေးဝမ်းကြောင်းပြုနေရတဲ့အတွက် ငွေကြေးမတတ်နိုင်တဲ့မိသားစုတွေအများအပြားရှိနေပါတယ်။ စက်သုံးဆီဝယ်ဖို့ဆေးရုံတက်နေရတဲ့အခြေအနေကြောင့် တစ်ချို့ငွေကြေး ခက်ခဲတဲ့မိသားစုတွေလည်း ဆေးကုသဖို့ရှိအခက်အခဲတွေကြုံတွေ့နေရကြောင်းဒေသခံတွေကဆိုပါတယ်။ လူနာတွေကိုယ်တိုင်စက်သုံးဆီဝယ်ပြီးဆေးရုံတက်နေရတာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စတင်တာလို့သိရပါတယ်။ နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၅ ဇန်နဝါရီလဆန်းပိုင်းအထိဆရာဝန်မရှိတဲ့အတွက်ပြည်သူတွေဟာ အိန္ဒိယဘက်အထိသွားပြီး ဆေးကုသရမှုတွေလုပ်ခဲ့ရပါတယ်။ နောက်ပိုင်းမြို့ခံပြည်သူတွေတင်ပြတောင်းဆိုမှုနဲ့ သတင်းမီဒီယာကနေ ဖော်ပြပေးမှုတွေကြောင့် ၂၀၂၅ နှစ်ဆန်းပိုင်းမှ ဆရာဝန်ချပေးတာလို့ဒေသခံတွေကဆိုပါတယ်။ နန်းယွန်းမြို့ကိုလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးတဲ့ တိုင်းယောင်းချောင်း ရေအားလျှပ်စစ်စက်ရုံ ၂၀၂၄ ခုနှစ် ဇွန်လက ပျက်စီးသွားပြီးနောက်ဒီကနေ့အထိ ပြန်လည်ပြုပြင်ပေးခြင်းမရှိ သေးကြောင်းလည်းသိရပါတယ်။ By –…
Read More »