စစ်ကိုင်းတိုင်း

  • Mar- 2026 -
    2 March
    သတင်း

    ဟုမ္မလင်းမှာ ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တွေပြတ်လပ်စပြုလာ 

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ လေကြောင်းလိုင်းအာားလုံးပိတ်ထားတာကြောင့် ဒေသတွင်း ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တစ်ချို့ပြတ်လပ်တာ စတင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်စပြီး မန္တလေး–မုံရွာ–ဟုမ္မလင်းလေကြောင်းလိုင်းကို အကြေင်းပြချက်မရှိပိတ်ချလိုက်တဲ့နောက် ဆေးဝါးပြတ်လပ်တာ၊တစ်ခြားကုန်စည်တွေပြတ်လပ်စပြုလာပြီး လက်ကျန်ရောင်းချတဲ့ကုပစ္စည်းတွေလည်း စျေးအဆမတန်မြင့်တက်လာတယ်လို့  ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “လေယာဥ်လိုင်းပိတ်တာ တစ်ပတ်ကျော် ခုဘာတွေဖြစ်နေလဲဆိုတော့ ဆေးခန်းတွေပိတ်ထားတယ် ဆေးမရှိလို့တဲ့၊နောက်ပြီး ပုံမှန်လေယာဥ်နဲ့တင်နေတဲ့ကွမ်းရွက်က အရင်တစ်ပိဿတစ်သောင်းကနေ အခု နှစ်သောင်းအထိခုန်တက်သွားတယ် ဆပ်ပြာ၊ ခေါက်ဆွဲခြောက်တို့တစ်ချို့ဆိုင်တွေမှာဝယ်မရတော့ဘူး”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးက ပြောပါတယ်။ လေကြောင်းလိုင်းပိတ်လိုက်တဲ့နောက် လက်ရှိဟုမ္မလင်းမြို့ပေါ်က အခမဲ့ဆေးခန်းတွေပိတ်ထားရပြီး ဖွင့်နေကျအပြင်ဆေးခန်းတွေမှာလည်းဆေးဝါးတွေ မစုံတော့ကြောင်း သူကဆက်ပြောပါတယ်။ ဒါ့အပြင် ကြက်ဥ၊ကြက်သွန်နီ၊ကြက်သွန်ဖြူအစရှိတဲ့ အခြေခံစားသောက်ကုန်တွေလည်းပြတ်လပ်စပြုနေပြီလို့ သိရပါတယ်။ ဟုမ္မလင်းလေကြောင်းလိုင်းပိတ်တာနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က တရားဝင်ပြောဆိုထုတ်ပြန်တာတွေမရှိသလို လေယာဉ်လက်မှတ်အရောင်းဌာနတွေကလည်း မသိရဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ စစ်ရေးအခြေအနေကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ “ဘာကြောင့်ပိတ်တာလဲဆိုရင် စစ်ရေးကြောင့်ပဲနေမှာ ဟိုတလေ သုံးရက်လေးရက်ဆက်တိုက် ကလေးဘက်ကလာတဲ့လေယာဥ်တွေဟုမ္မလင်းလေဆိပ်မှာနားပြီးဒီကနေသွားသွားကျဲတာလေး ပဲနုတ်ဆွပ်နဲ့နောင်မော်ဘက်ကိုအဲ့နောက်ပိုင်းကနေပိတ်သွားတာပဲ”လို့ ဟုမ္မလင်းမြို့ ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်အာဏာသိမ်းနောက်ပိုင်း မုံရွာ–နမ့်တော–ဟုမ္မလင်းကားလမ်းပိုင်း စစ်ရေးအရသွားလာလို့မရတဲ့နောက်  မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းကနေ ကုန်စက်စက်လှေတွေနဲ့သယ်ကြရတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ ဒါပေမယ့် ကုန်စက်လှေတွေခရီးတစ်ခေါက်ကို ခြောက်လခန့်ကြန့်ကြာတာတဲ့အတွက် အခြေခံစားသောကုန်နဲ့လူသုံးကုန်တွေကိုလေကြောင်းကနေပဲသယ်ယူနေုကြတာဖြစ်တယ်လို့ ဒေသခံတွေဆိုပါတယ်။ By – Zaw Zaw

    Read More »
  • Feb- 2026 -
    24 February
    သတင်း

    ဟုမ္မလင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာတစ်ချို့ပြည်သူများတိမ်းရှောင်

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ပဲနုတ်ဆွပ်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေတဲ့အတွက် အနီးအနားကျေးရွာတစ်ချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်ညပိုင်းမှာ ပဲနုတ်ဆွပ်ရွာကို ဂျိုင်ရိုကော်ပတာနဲ့ တစ်ကြိမ်ဗုံးကျဲခဲ့ပြီး၊ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းမှာတော့…

    Read More »
  • 23 February
    သတင်း

    ပဲနုပ်ဆွပ်ရွာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၇ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ပဲနုပ်ဆွပ်ကျေးရွာကို စစ်ကော်မရှင်က ဝေဟင်ကနေဂျိုင်ရိုကော်ပတာနဲ့ တိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သား ၇ ဦးအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၃…

    Read More »
  • 3 February
    သတင်း

    နာဂဒေသ ကျဲသရောက်ရွာကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်

    စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ကိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့နယ်ခွဲထဲမှာ အိန္ဒိယစစ်တပ်ဘက်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့  နေ့လည် ၁ နာရီဝန်းကျင်မှာ ပန်ဆောင်မြို့နဲ့ မိုင် ၂၀ ကျော်ဝေးတဲ့ ကျဲသရောက်ကျေးရွာထဲက လယ်တဲတစ်ခုကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “Sunday နေ့မနက်အစေားကြီးသုံးနာရီမှာကြဲသွားတာ ရွာသားတွေက အိမ်ကနေအသံအကျယ်ကြီးတော့တချက်ကြားလိုက်တယ်တဲ့မနေ့ကသွားကြည့်ကြတော့ဗုံးသီးအစအနတွေတွေ့တာ။ တော်သေးတယ်လယ်တဲမှာပုံမှန်လူမအိပ်လို့ညစောင့်အိပ်တဲ့ချိန်သာကြဲရင်တော့သွားပြီ”လို့ သူကပြောပါတယ်။ အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ချိန် လယ်တဲထဲလူမရှိတဲ့အချိန်ဖြစ်တာကြောင့် လူသေဆုံးမှုမရှိပေမယ့် တဲမှာသိုလှောင်ထားတဲ့ စပါးတွေမိီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ အိန္ဒိယစစ်တပ်ဟာ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားဖြင်းမရှိပဲအခုလိုဗုံးကြဲသွားတာဖြစ်ကြောင်း ဒေသခံတွေကဆိုပါတယ်။ “ဒီဘက်ကဘာတိုက်ပွဲမှမရှိဘူးပြီးတော့ရွာနားမှာလဲ ဘာလက်နက်ကိုင်စခန်းမှမရှိဘူး သက်သက်လွတ်ကြီးကြဲသွားတာ”လို့အထက်မှာဖော်ပြခဲ့တဲ့အသက် ၃၀ ကျော်အရွယ်နန်းယွန်းမြို့ခံအမျိုးသားကဆက်ပြောပါတယ်။ လက်ရှိဒရုန်းဗုံးသီးကြဲခံရတဲ့ကျေးရွာဟာ အိန္ဒိယမြန်မာ – နယ်စပ် ဟိမဝန္တာတောင်တန်းရဲ့အရှေ့ဘက်မြန်မာဘက်ခြမ်းကျေးရွာတစ်ရွာဖြစ်ပြီး နာဂလက်နက်ကိုင်အဖွဲ့ NSCN-K(ယုန်းအောင်)ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ကျေးရွာဖြစ်ကြောင်းသိရပါတယ်။ ထို့အပြင်အထက်ဖော်ပြပါကျေးရွာဟာ ဖုန်းနဲ့အင်တာနက်လိုင်းတွေမရှိတဲ့ကျေးရွာလည်းဖြစ်ပါတယ်။ အိန္ဒိယစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ယခုဗုံးကြဲတဲ့ ကျဲသရောက်ကျေးရွာနဲ့ကပ်လျက်မှာရှိတဲ့ ဆုန်ပါကျေးရွာက လယ်ကွင်းတဲတစ်နေရာကိုလည်း ဗုံးကြဲတိုက်ခိုက်မှုလုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အလားတူပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာလည်း လေရှီးမြို့နယ်အနောက်ခြမ်းရှိ ကမ်မော်လော်ရီကျေးရွာထဲက NSCN-K ယုန်းအောင်အဖွဲ့ထဲကအရာရှိတစ်ဦးရဲ့နေအိမ်ကိုဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦးအထိသေဆုံးခဲ့ပါတယ်။ အိန္ဒိယစစ်တပ်ဟာ နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NSCN-K အဖွဲ့ကို အကြမ်းဖွဲ့အဖြစ် အိန္ဒိယဗဟိုအစိုးရကကြေငြာပြီးနောက်ပိုင်းမှာပဲအခုလိုဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Jan- 2026 -
    14 January
    သတင်း

    ပိတ်မိနေတဲ့စက်လှေတွေရောက်လာပေမယ့် စားသောက်ကုန်တင်တဲ့စက်လှေမပါတာကြောင့် ဟုမ္မလင်းဒေသခံတွေအခက်တွေ့

    စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွက် သုံးလမှတစ်ကြိမ်ဝင်ရောက်လာတဲ့ ကုန်စက်လှေတွေထဲမှာ စားသောက်ကုန်နဲ့အခြေခံလူသုံးကုန်တင်တဲ့စက်လှေတွေပါမလာတာကြောင့် ဒေသခံတွေ ကုန်စျေးနှုန်းကြီးတာ၊ကုန်စည်ရှားပါးတာတွေကြုံတွေ့နေရဆဲလို့ ဟုမ္မလင်းဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ မုံရွာကနေ ဟုမ္မလင်းကို ဆန်တက်လာတဲ့ ကုန်စက်လှေအစီး ၂၀၀ ဝန်းကျင်ဟာ ချင်းတွင်းမြစ်မှာသုံးလကြာပိတ်မိခဲ့ပြီးနောက် ဇန်နဝါရီလဆန်ပိုင်းမှာမှ ဟုမ္မလင်းမြို့ပေါ်ကိုရောက်လာခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ ဒါပေမယ့် အဲဒီစက်လှေထဲမှာ စားသောက်ကုန်နဲ့ နေ့စဥ်လူသုံးကုန်ပစ္စည်းတင်စက်လှေတွေတွေမပါလာတဲ့အတွက် ဒေသခံတွေအခက်အခဲ ဖြစ်နေတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးကKNG ကိုပြောပါတယ်။ “ရောက်ခဲ့တယ် ဒါပေမယ့် ဓာတ်ဆီ၊ဒီဇယ်နဲ့ဘိလပ်မြေတွေပါ့ တခြားဆောက်လုပ်ရေးပစ္စည်းတွေပဲပါတယ် စားသောက်ကုန်တို့ ပြီးတော့ ဆပ်ပြာတွေဘာတွေပေါ့အလှန်ကုန်တွေတင်တဲ့စက်လှေတွေကမရောက်ခဲ့သေးဘူး အခြေခံလူတန်းစားတွေတွက်က မထူးဘူး လုပ်ငန်းရှင်ကြီးတွေနဲ့တပ်က ပစ္စည်းတွေပဲပါတယ်”လို့ သူကပြောပါတယ်။ စစ်ရေးခြေနေကြောင့်ချင်းတွင်းမြစ်ကြောင်းပေါ်မှာ သုံးလကြာပိတ်မိခဲ့တဲ့ ကုန်စက်လှေ အစီး ၂၀၀ ဝန်းကျင်ဟာ ဇန်နဝါရီ လ ၆ ရက်နေ့ညကနေစပြီး ဟုမ္မလင်းမြို့ပေါ်ကိုစိုက်ရောက်လာခဲ့ပေမယ့် စားသောက်ကုန်နဲ့အခြားအခြေခံလူသုံးကုန်စက်လှေတွေတော့ဒီကနေ့အထိမရောက်သေးဘူးလို့သိရပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့က ရောက်လာခဲ့တဲ့ ကုန်စက်လှေတွေထဲမှာလည်း စစ်တပ်က စက်သုံးဆီနဲ့ဘိလပ်မြေတွေတင်တဲ့စက်လှေတွေက ထက်ဝက်ခန့်ပါတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ “စက်သုံးဆီရောက်တယ် ဒါပေမယ့် စျေးမကျဘူးအပြင်မှာက တပ်ထဲမှာတော့နည်းနည်းလျော့စျေးနဲ့ရောင်းပေးနေတယ်။ တပ်က စက်သုံးဆီပေပါတင်တဲ့စက်လှေတွေအများကြီးပါတယ်အခုစရောက်တဲ့ထဲမှာ”လို့ အထက်ဖော်ပြပါအသက် ၄၀ ကျော်အရွယ်အမျိုးသမီးကပြောပါတယ်။ စက်သုံးဆီတင်တဲ့စက်လှေတွေအများပိုင်းရောက်လာပေမယ့် စစ်တပ်ကတင်တဲ့စက်လှေတွေက ထက်ဝက်လောက်ပါနေတာကြောင့် ဒီကနေ့အထိ ဟုမ္မလင်းမြို့ပေါ်မှာစက်သုံးဆီစျေးကျတာမရှိသေးဘူးလို့သိရပါတယ်။ “ဆီပေပါတွေမရောက်ခင်ကလည်း ဓာတ်ဆီတစ်လီတာ တစ်သောင်းနှစ်ထောင် အခုလည်းတစ်သောင်းနှစ်ထောင်ပဲ ဒီဇယ်လည်းအတူတူပဲ ဆီပေပါမရောက်ခင်ကတည်းက တစ်လီတာ တစ်သောင်း ခြောက်ထောင်က အခုလည်း တစ်သောင်းခြောက်ထောင်ပဲ စျေးမကျလာဘူးတပ်ကဆီတွေပဲအများပိုင်းပါတာ”လို့နောက်ထပ် ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောပါတယ်။ လက်ရှိဟုမ္မလင်းမြို့ပေါ်မှာစားသုံးဆီ၊ ဆား၊ငပိ၊ကွမ်းရွက်၊ ဆပ်ပြာ၊ခေါင်းလျှော်ရည်၊ စတဲ့အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်တွေစျေးကြီးပေးဝယ်နေရပြီး ကုန်စည်ပြတ်တာတွေလည်းရှိတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ်အတွက် အဓိက ကုန်စည်ဝင်ပေါက်ဖြစ်တဲ့ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းဟာ စစ်အာဏာသိမ်းနောက်ပိုင်ကောလင်း၊ ကနီ၊ဖောင်းပြင်၊ ကလေးဝ၊ မော်လှိုက်စတဲ့မြို့နယ်တကြောမှာ တိုက်ပွဲတွေကြာင့် ရေကြောင်းပိတ်စို့မှုတွေမကြာခနကြုံတွေ့နေရတာဖြစ်ပါတယ်။ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းပေါ်မှာရှိတဲ့ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့တစ်ကိုတော့ ဟုမ္မလင်းPDF တွေထိန်းချုပ်ထားပြီး ရေကြောင်းရဲ့အများပိုင်းကိုစစ်ကောင်စီတပ်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်အနေနဲ့လည်း မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းကိုသုံးပြီး ဟုမ္မလင်း၊ဖောင်းပြင်၊ ခန္တီးဘက်ကို စစ်လက်နက်ပစ္စည်းနဲ့ စားနပ်ရိက္ခာတွေတစ်နှစ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိပို့ဆောင်လျက်ရှိပါတယ်။ By – Zaw Zaw

    Read More »
  • 13 January
    သတင်း

    ကသာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့မီးလောင်နေ

    စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့သိမ်းတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ရဲ့ ခမရ ၃၀၉ တပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့စွန်ရပ်ကွက်၊ကျေးရွာတစ်ချို့မှာ နေအိမ်မီးလောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကသာမြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ဆို ရက်ပေါင်း ၁၉ ရက်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့  ဒီမနက်ပိုင်းမှာတော့ ခမရ ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကသာမြို့ရဲ့မြောက်ဖက်ရှိ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာရှိနေအိမ်တစ်ချို့ မီးလောင်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “ဒီမနက် ၁၁ နာရီလောက်ကနေ ပစ်နေတာ ခုကသာမြို့ မြောက်ဖက် မိုးတားလေးရွာဘက်သွားတဲ့လမ်းမှာရှိတဲ့ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာဘက် အိမ်တွေမီးလောင်နေတယ် မီးခိုးတွေလည်း အလိပ်လိုက်ကိုမြင်နေရတယ်။ ဘယ်လောက်ထိလောင်သွားပြီလဲဆိုတာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်နေတဲ့  စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာတွေဟာ မြို့နဲ့တစ်ဆက်တည်းရှိပြီး ရပ်ကွက်အနေနဲ့ဆို ရပ်ကွက် (၈) ဧရိယာမှာရှိကာ ကသာမြို့တွင်းကနေ ဆိုင်ကယ်နဲ့ ၁၀ မိနစ် ခန့်သွားရတဲ့နေရာမှာရှိတဲ့ ရပ်ကွက်၊ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် နေအိမ်မီးလောင်ဆုံးရှုံးမှုအခြေနေကိုတော့ အသေးစိတ်မသိရသေးသလို ထိခိုက်ဒဏ်ရာရသူရှိ မရှိကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် ဒီမနက်လက်နက်ကြီးပစ်ခတ်နေတဲ့အချိန်အတွင်းမှာပဲ စစ်တပ်ဘက်က Y8 လေယာဉ်နဲ့ ခမရ ၃၀၉ တပ်ထဲကို ရိက္ခာ၊လက်နက်ခဲယမ်းတွေလည်း ၂ ကြိမ်လာပို့သွားတယ်လို့ သိရပါတယ်။  “ဒီမနက် ခမရ ၃၀၉ ထဲကိုလည်း ရိက္ခာတွေလာချသွားတယ် သူတို့က လေကြောင်းအသုံးပြုပြီး ရိက္ခာ၊လက်နက်ခဲယမ်းတွေသယ်နေတာ။ တိုက်ပွဲက ပစ်လိုက်၊နားလိုက်ပဲ နားတယ်ဆိုတာ ဟိုလိုကြီးနားသွားတာမဟုတ်ဘူး နေ့တိုင်းလိုလိုဖြစ်နေတာ  မနေ့ကဆိုတစ်နေ့လုံးပစ်ကြတာဟုတ်တယ်”လို့  ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ခုလိုပြောပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က အသေခံဒရုန်းအသုံးပြုမှု အလွန်အကျွံသုံးနေပြီး ကသာမြို့အနီးကျေးရွာတွေဘက်ကို လေကြောင်းနဲ့ပစ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တွေလည်းပုံမှန်ရှိနေတဲ့အတွက် ပြည်သူတွေသတိထားနေကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေဆိုပါတယ်။ KNG ရဲ့နောက်ဆုံးရရှိထားတဲ့အခြေနေအရ ကသာမြို့နယ်ရဲ့နောက်ဘက် ကြံတော၊ပြည်သာယာရပ်ကွက်ရှိ ကသာမြို့စောင့်တပ် ခမရ ၃၀၉ တပ်က ခံစစ်ဌာနချုပ်အဖြစ်ခုခံနေသလို ရဲစခန်း၊ထွေအုပ်ရုံးနဲ့ မြို့ပေါ်ရပ်ကွက် တစ်ချို့ကိုသာ စစ်တပ်ဘက်က ထိန်းချုပ်ထားနိုင်ပြီး မြို့အစွန်ရပ်ကွက်နဲ့ ကျေးရွာတွေဘက်ကိုတော့ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။ ကသာမြို့မှာ ရပ်ကွက် ၁၁ ခု၊ ကျေးရွာ ၂၀၀ နီးပါးခန့်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀,၀၀၀ ကျော်နေထိုင်တဲ့မြို့ဖြစ်ပြီး ခရိုင်ရုံးစိုက်ရာမြို့လည်းဖြစ်သလို ကုန်းကြောင်း၊ရေကြောင်းအချက်ချာကျတဲ့မြို့ဖြစ်ပါတယ်။ ကသာမြို့ ဒေသခံတွေကတော့ ဒီဇင်ဘာလဆန်းပိုင်းမှာ ကသာမြို့သိမ်းတိုက်ပွဲစတင်လာတော့မယ့်အကြောင်း သတင်းတွေထွက်ပေါ်လာချိန်နဲ့ မြို့သိမ်းတိုက်ပွဲစတင်လာချိန်ကစပြီး အများပိုင်းနေရပ်စွန့်ခွာသွားသူတွေရှိသလို မြို့တွင်းရပ်ကွက်တစ်ချို့မှာ ကျန်ရှိသေးတဲ့ပြည်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ NUG အစိုးရ လက်အောက်ခံတပ်များနှင့် ပူးပေါင်းတပ်များက မကြာခဏဆိုသလို အာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကိုင်း– ကချင် အစပ်မှာ တဆက်တည်းရှိနေတဲ့ မော်လူး၊ အင်းတော်၊ ဗန်းမောက်မြို့တွေကိုထိန်းချုပ်ထားပြီး ကသာမြို့ကိုပါ သိမ်းယူဖို့ ဆက်ပြီးထိုးစစ်ဆင် တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။ စစ်ကိုင်း– ကချင်အစပ်ရှိ ကသာမြို့ဟာ ဒုတိယကမ္ဘာစစ်၊ ကိုလိုနီခေတ်က အင်္ဂလိပ်အရေးပိုင်မင်းတွေ ခရိုင်ရုံးစိုက်ခဲ့တဲ့ ခရိုင်မြို့ကြီးဖြစ်ခဲ့သလို ဒီနေ့ထိ နှစ်ရာကျော်ရှိကိုလိုနီအိမ်ကြီးတွေလည်း အများအပြားရှိနေတဲ့အပြင် သမိုင်းဝင်စေတီပုထိုးအဆောက်အဦးတွေများစွာရှိနေတဲ့မြို့လည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • 12 January
    သတင်း

    NSCN-K ယုန်းအောင်အဖွဲ့တိုက်ခိုက်ခံရပြီး စခန်းတစ်ခုလက်လွှတ်လိုက်ရဟုဆို 

    စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့ တကားကျေးရွာဘက်ကို NSCN-K အန်းမိုင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုလည်း လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ဒေသခံများထံမှသိရပါတယ်။ စစ်ကောင်စီတပ်နဲ့ငြိမ်းချမ်းရေးယူထားတဲ့ နာဂလက်နက်ကိုင်အဖွဲ့ NSCN-K အန်းမိုင်း(NSCN-Kမှခွဲထွက်အဖွဲ့ )တပ်ဖွဲ့ဟာ ဇန်နဝါရီလ ၁၂ ရက်…

    Read More »
  • 9 January
    သတင်း

    နယ်မြေကျူးကျော်ဝင်ရောက်မှုကြောင့် နာဂလက်နက်ကိုင်အချင်းချင်းကြားတိုက်ပွဲဖြစ်

    စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-Kယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့ ပန်ဆောင်မြို့နယ်ထဲကို  NSCN-K အန်းမိုင်းအဖွဲ့ ပန်ဆောင်မြို့ပေါ်အထိဝင်ရောက်လာတာကြောင့်ဒီနေ့မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ NSCN-K အန်းမိုင်းအဖွဲ့ဟာ နာဂဒေသမှာ မူလရှိနေတဲ့ NSCN-K(ခပ္ပလန်)အဖွဲ့ကနေခွဲထွက်ထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့အဖွဲ့ဖြစ်တာကြောင့် NSCN-K ယုန်းအောင်အဖွဲ့နယ်မြေထဲမဝင်လာကြဖို့အကြိမ်ကြိမ်သတိပေးတားမြစ်ထားတဲ့ကြားကနေ ပန်ဆောင်မြို့ပေါ်အထိဝင်ရောက်လာတာကြောင့်ဒီကနေ့မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ NSCN-K ယုန်းအောင်အဖွဲ့နဲ့နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ယုန်းအောင်အဖွဲ့ကသတိပေးတယ် အန်းမိုင်းအဖွဲ့မင်းတို့ ဒုံဟီးအထိပဲလှုပ်ရှား ဒုံဟီးကိုမကျော်လာတဲ့ဆိုပြီးသတိပေးထားတယ်။ အဲ့ကြားကနေ နန်းယွန်းမြို့အထိရောက်လာတယ် အဲ့မှာတစ်ခါထပ်သတိပေးတယ် နန်းယွန်းက ယုန်းအောင်အဖွဲ့စိုးမိုးနယ်မြေဖြစ်တယ်။ ပြန်ခေါက်ပါဆိုပြီး သတိပေးတာကိုဂရုမစိုက်ဘူး ပန်ဆောင်မြို့ပေါ်အထိဝင်လာတယ်လေး သူတို့ပန်ဆောင်ရောက်တာနဲ့ချက်ချင်းတော့မတိုက်ဘူးပြန်ခေါက်ဖို့ အချိန်ပေးသေးတယ် သတိပေးတယ် မပြန်တဲ့အပြင်ရွာတွေဘက်ထိဝင်လာတော့ ယုန်းအောင်အဖွဲ့က ဝင်တိုက်တာ”လို့ပြောပါတယ်။ ပန်ဆောင်မြို့နဲ့ ၃ မိုင်ခန့်ဝေးတဲ့ ခမ္မတိုင်ရွာထဲက NSCN-K အန်းမိုင်းအဖွဲ့တပ်စွဲထားတဲ့တည်နေရာကို ဒီကနေ့မနက် ၄ နာရီခွဲအချိန်မှာ NSCN-K ယုန်းအောင်အဖွဲ့ကစတင်တိုက်ခိုက်ခဲ့တာကြောင့်နှစ်ဖက် တိုက်ပွဲတစ်နာရီကျော်ကြာမြင့်ခဲ့ပြီး အန်းမိုင်းအဖွဲ့ ဘက်က ၂ဦးသေဆုံးတဲ့အပြင် နောက်ထပ်သုံးဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်းသိရပ်တယ်။ စစ်ကောင်စီတပ်နဲ့ငြိမ်းချမ်းရေးယူထားတဲ့ NSCN-Kအန်းမိုင်းအဖွဲ့ဟာ လဟယ်မြို့မှာအခြေစိုက်ပြီး လေရှီး၊လဟယ်ဘက်မှာအဓိကစိုးမိုးထားတာဖြစ်ပါတယ်။ တဖက်က စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးမယူထားတဲ့ NSCN-K ယုန်းအောင်အဖွဲ့ကတော့ နာဂဒေသမှာနဂိုကတည်းကရှိနေတဲ့လက်နက်ကိုင်အဖွဲ့ဖြစ်တာကြောင့် နန်းယွန်း၊ဒုံဟီး၊ပန်ဆောင်ဒေသတွေမှာအဓိကစိုးမိုးထားတဲ့အပြင် လေရှီး၊လဟယ် ဘက်မှာလည်းစိုးမိုးထားကြောင်းသိရပါတယ်။ သို့ပေမယ့် NSCN-K ယုန်းအောင်အဖွဲ့က သူ့ရဲ့အဓိကစိုးမိုးနယ်မြေဖြစ်တဲ့ ဒုံဟီးကနေစပြီးနန်းယွန်း၊ပန်ဆောင်ဘက်ကိုလုံးဝ မကျူးကျော်လာဖို့အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် NSCN-K အန်းမိုင်းအဖွဲ့ ဟာ အင်အား ၄၀ ဝန်းကျင်နဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ကျော်မှာဒုံဟီး၊နန်းယွန်းမြို့တွေကိုကျော်လာပြီးဇန်နဝါရီ ၁ ရက်နေ့မှာ ပန်ဆောင်မြို့ပေါ်အထိရောက်လာခဲ့ပြီးနောက် ၉ရက်အကြာမှာ အခုလိုနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ “သူတို့ရောက်ရောက်ချင်းတော့ပန်ဆောင်မြို့ပေါ်မှာနေတယ်တဲ့ဒါပေမယ့်ပန်ဆောင်မြို့ပေါ်မှာလည်း စကစရဲ့မြို့စောင့်တပ်ကရှိနေတယ် နှစ်ဖွဲ့ကနေလို့မရဘူး ဘေးမှာရှောင်ပြီးနေဖို့ပြောလိုက်တော့မြို့နဲ့မဝေးတဲ့ ခမ္မတိုင်ရွာမှာသွားနေကြတာ အဲ့ချိန်ဒီဘက် ယုန်းအောင်အဖွဲ့က ဝင်တိုက်က နောက်ဘယ်လိုဆက်ဖြစ်မလဲ ပြန်သွားမလားဆက်နေမလားတော့မသိသေးဘူး”လို့သူကပြောပါတယ်။ စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးယူထားတဲ့NSCN-K အန်းမိုင်းအဖွဲ့ပန်ဆောင်ဒေသထဲဝင်ရောက်လာမှုကို ယုန်းအောင်အဖွဲ့က အလိုမရှိသလို ဒေသခံအများစုကလည်းကန့်ကွက်နေကြောင်းသိရပါတယ်။ “သူတို့ဝင်လာတာဘယ်သူမှမကြိုက်ကြဘူး ပြည်သူတွေကလည်းမလိုလားယုန်းအောင်အဖွဲ့ကလည်း တားမြစ်ထားတော့သူတို့ပြန်ဖို့အရပ်ဖက်လူကြီးတွေက ညှိနှိုင်းပေးသေးတယ်မရဘူးဆက်နေတော့အခုလိုဖြစ်ကြတာပဲ”လို့နောက်ထပ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေသုံးသပ်ချက်အရ လက်ရှိပန်ဆောင်မြို့ပေါ်ရောက်နေတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ ပန်ဆောင်ဒေသဘက်မှာ တပ်ထိုင်ထို့ ကနဦးစေလွတ်ခံရတဲ့အဖွဲ့လို့သိရပါတယ်။ လက်ရှိ NSCN-AM အဖွဲ့ ဝင်ရောက်နေရာယူဖို့ကြိုးပမ်းနေတဲ့ ပန်ဆောင်မြို့ဟာ ကမ္ဘာကျော်လီဒိုလမ်းမကြီးဖြစ်တဲ့ တရုတ်–မြန်မာ–အိန္ဒိယ သုံးနိုင်ငံကုန်သွယ်ရေးလမ်းမကြီးရဲ့အဓိက ထွက်ပေါက်မှာရှိနေတဲ့ နယ်စပ်မြို့ဖြစ်ပါတယ်။ တရုတ်–ကချင်နယ်စပ် ကန်ပိုက်တည်မြို့မှ မြစ်ကြီးနား–ပန်ဆောင်ကြားကို လမ်းပိုင်းအဆင့်မြင့်တင်ဖို့ ၂၀၂၅ ခုနှစ် သြဂုတ် ၃၁ ရက်နေ့မှာ တရုတ်အစိုးရနဲ့ စစ်ကောင်စီကြား လက်မှတ်ရေးထိုးခဲ့တာကြောင့် NSCN-K အန်းမိုင်းအဖွဲ့ပန်ဆောင်ဒေသမှာအခြေချဖို့ကြိုပမ်းနေတာဟာ ဒီအခြေအနေတွေနဲ့ဆက်စပ်နိုင်ကြောင်းဒေသခံတွေကသုံးသပ်နေကြပါတယ်။ NSCN-K တည်ထောင်သူ ဗိုလ်ချုပ်ခပ္ပလန် ကွယ်လွန်ပြီးနောက် NSCN-K အဖွဲ့ကို ဗိုလ်ချုပ်ယုန်းအောင် ဦးစီးခဲ့ရာ ၂၀၂၃ နှစ်ဆန်းပိုင်းမှာတော့ ဒုဗိုလ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်အန်းမိုင်းက NSCN-K ကနေခွဲထွက်ပြီး NSCN-K (AM) အဖွဲ့သစ်ကို ထူထောင်လိုက်တာ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Dec- 2025 -
    5 December
    သတင်း

    နန်းယွန်းမှာ လူနေအိမ်တစ်လုံးနဲ့ အိမ်ဆိုင်သုံးလုံးမီးလောင်မှုဖြစ်ပွား

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ပေါ်မှာ လူနေအိမ်တစ်လုံးနဲ့ နေအိမ် ဆိုင်ခန်းတွဲ သုံးလုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဒီဇင်ဘာ ၄ ရက် မနက်လေးနာရီတိတိအချိန်မှာ နန်းယွန်းမြို့ ရှရရပ်ကွက်ထဲမှာ လူနေအိမ်တစ်လုံးနဲ့ ဆိုင်ခန်းနဲ့လူနေအိမ်တွဲထားတဲ့ လူနေအိမ်ဆိုင်ခန်းတွဲသုံး စုစုပေါင်းလေးလုံးအထိမီးလောင်သွားကြောင်း သိရပါတယ်။ “မီးလောင်တဲ့အကြောင်းအရင်းအသေးစိပ်တော့မသိရဘူးဗျ လူပြောများနေတာကတော့ ဘုရားစင်မှာထွန်းထားတဲ့ဖယောင်းတိုင်းမီးကြောင့်လောင်တာလို့ပြောတယ်။ လူနေအိမ်ကနှစ်ထပ်ပျဥ်ထောင်အိမ်တစ်လူံးနဲ့ အိမ်ဆိုင်သုံးလုံး အထိလောင်သွားတယ်ဗျ အကုန်လုံးက တစ်ဆက်ထဲရှိနေတာ”လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အဆိုပါမီးလောင်မှုထဲမှာ ဦးခူးသ ရဲ့လူနေအိမ်နှစ်ထပ်တစ်လုံး ၊ဒေါ်ရှမ်းမ ရဲ့ အိမ်နဲ့ဆိုင်တွဲလျက်တစ်လုံး၊ ဦးသန်းကြွယ်ရဲ့ နေအိမ်နဲ့ဖုန်းဆိုင်တွဲတစ်လုံးနဲ့ ဒေါ်ခင်အုန်းမြင့်ရဲ့ နေအိမ်နဲ့ ဆိုင်တွဲတစ်လုံးတို့မီးလောင်ခဲ့တယ်လို့သိရပါတယ်။ အခုလိုလူနေအိမ်နဲ့အိမ်ဆိုင်လေးလုံးအထိ မီးလောင်မှုဖြစ်ပွားခဲ့တာဟာ နေအိမ်တွေနီးနီးကပ်ကပ်ရှိနေတာကြောင့် ဖြစ်သလို မီးသတ်ဦးစီးဌာနရဲ့ ပေါ့စမှုကြောင့်လည်းဖြစ်တယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက အခုလိုသုံးသပ်ထားပါတယ်။ “မီးသတ်ကားကလာတယ် ဒါပေမယ့် မီးငြိမ်းသတ်တဲ့ကားကြီးကမရောက်လာဘူး လမ်းတစ်ဝက်မှာပျက်ပြီးရပ်သွားတာ ကားသေးသေးလေးတွေပဲလာတော့ ရေတွေများများမသယ်လာနိုင်ဘူးလေးအဲ့ကြောင့်လည်းပါတယ် နောက်ပြီးအိမ်တွေကလည်းနီးနီးကပ်ကပ်ဆိုတော့မီးကူးတာမြန်တယ်”လို့သူကပြောပါတယ်။ နေအိမ်မီးလောင်မှုကြောင့် အထက်ဖော်ပြပါနေအိမ်ပိုင်ရှင်တွေကို သက်ဆိုင်ရာက အရေးယူထားကြောင်းလည်းသိရပါတယ်။ နန်းယွန်းမြို့ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့အကြီးဆူံးမြို့တွေထဲကတစ်ခုဖြစ်ပြီး အခုလိုဆုံးရှူံးမှုကြီးမားတဲ့မီးလောင်မှုမျိုးယခင်ကမရှိခဲ့ဖူးကြောင်းလည်းသိရပါတယ်။ By – Zaw Zaw

    Read More »
  • Nov- 2025 -
    27 November
    သတင်း

    ဟုမ္မလင်းမှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန် စျေးအဆမတန်မြင့်တက်၊ ကြက်ဥတစ်လုံး ကျပ်နှစ်ထောင်အထိပေးဝယ်နေရ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလဆန်းပိုင်းကနေစပြီး ဟုမ္မလင်းမြို့နယ်ထဲမှာဓာတ်ဆီ တစ်လီတာ ကျပ် ၂၀၀၀၀ (နှစ်သောင်း) ကြက်ဥတစ်လုံး ၂၀၀၀ (နှစ်ထောင်) ကြက်သွန်နီတစ်ပိဿ ကျပ် ၅၀၀၀၀ (ငါးသောင်း) စသဖြင့်အဆမတန်စျေးတက်နေကြောင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဓာတ်ဆီမဝင်တာ ဆယ့်ငါးရက်လောက်ရှိပြီ စားသောက်ကုန်တွေကတော့ လေယာဥ်နဲ့လာတယ်။ ဒါပေမယ့် လေကြောင်းနဲ့ဆိုတော့တန်ဆာမြင့်တယ်လေ ခုကြက်ဥတစ်လုံး ၂၀၀၀ ရှိနေပြီ။ စားသောက်ကုန်ကော၊ဓာတ်ဆီကောမတရားစျေးတက်နေတာ”လို့ အသက် ၅၀ ကျော်အရွယ်မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲ စက်သုံးဆီ၊အခြေခံစားသောက်ကုန်တွေကို ဗန်းမောက်–ဟုမ္မလင်းကားလမ်းကနေသယ်ယူကြပေမယ့် လတ်တလော ယင်းလမ်းပိုင်းကို SNA၊ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတာကြောင့် ကုန်တွေအဝင်ရပ်တန့်နေတယ်လို့ သိရပါတယ်။ “ဆီကားတွေက ပင်ခုတ်မှာပိတ်ထားတယ်ပြောတယ် အဲ့ကနေမကျော်ခိုင်းတာ လမ်းက SNAထိန်းချုပ်တဲ့နေရာမှာ SNA ကပိတ်တယ်။ ကာကွယ်ရေးတပ်တွေထိန်းချုပ်တဲ့နေရာမှာက ကာကွယ်ရေးတပ်တွေက ပိတ်တယ် ပင်ခုတ်ကလောလောဆယ် ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ဟုမ္မလင်းမြို့နယ်ထဲဝင်မယ့် ဆီကားနဲ့ အခြေခံစားသောက်ကုန်တင်တဲ့ ကားတွေကို ဟုမ္မလင်းမြို့နယ်၊နန့်ချောကျေးရွာအုပ်စုထဲက…

    Read More »
Back to top button