,

Breaking News :

မဲဇာရဲစခန်းရှေ့ အမျိုးသားတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွား

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

  1. Home
  2. စစ်ကိုင်းတိုင်း

Tag: စစ်ကိုင်းတိုင်း

သတင်း
အင်းတော်နယ် ဘုန်းကြီးကျောင်းတစ်ခုတွင် စစ်ကောင်စီသတ်ဖြတ်ထားသည့် အရပ်သား ၄ ဦး၏ အလောင်းတွေ့ရှိ

အင်းတော်နယ် ဘုန်းကြီးကျောင်းတစ်ခုတွင် စစ်ကောင်စီသတ်ဖြတ်ထားသည့် အရပ်သား ၄ ဦး၏ အလောင်းတွေ့ရှိ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပိန်းအင်းကျေးရွာဘုန်းကြီးကျောင်းဝန်းတွင် စစ်ကောင်စီ သတ်ဖြတ် မြှုပ်နှံထားသည့် အရပ်သားလေးဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၇ ရက်ည ပိန်းအင်းကျေးရွာအတွင်းသို့ ဝင်ရောက်တပ် စွဲခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့ ကျေးရွာအတွင်းမှ ထွက်ခွာစဥ် နေအိမ်တစ်လုံးကို မီးရှို့ခဲ့သည့်အပြင် အရပ်သားလေးဦးကိုလည်း သတ်ဖြတ်ပြီး အလောင်းများကို ကျေးရွာဘုန်းကြီး ကျောင်းအနီးတွင် မြှုပ်နှံထားခဲ့ကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို

တိုက်ပွဲ
ကန့်ဘလူနှင့်ခင်ဦးအစပ်တွင် စစ်ကောင်စီယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရကာ ၁၅ဦးခန့်သေဆုံး

ကန့်ဘလူနှင့်ခင်ဦးအစပ်တွင် စစ်ကောင်စီယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရကာ ၁၅ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ခင်ဦးအစပ်လမ်းတစ်နေရာတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားတစ်စီးနှင့် ၆ ဘီးကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှသိရသည်။ ဒီဇင်ဘာလ ၁၆ ရက် ယမန်နေ့ ၈ နာရီဝန်းကျင် ကန့်ဘလူခရိုင်ဘက်ကနေ ထွက်ခွာလာသည့် ကား ၂ စီးပေါ်တွင် စစ်ကောင်စီစစ်သားများ လိုက်ပါစီးနင်းလားသည့်အတွက် ကန့်ဘလူကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု Dynamite Emperror

တိုက်ပွဲ
အင်းတော်တွင် စစ်ကောင်စီ စစ်ကြောင်း ၂ ကြိမ် တိုက်ခိုက်ခံရ

အင်းတော်တွင် စစ်ကောင်စီ စစ်ကြောင်း ၂ ကြိမ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသော စစ်ကြောင်း သုံးကြောင်းအနက် စစ်အင်အား ၁၀၀ ပါ စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် နှစ်ကြိမ် တိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။ ညောင်ကုန်းကျေးရွာအနီး နှစ်ကြိမ်တိုက်ခိုက်ခံရမှုတွင် စစ်တပ်ဘက်က ထိခိုက်မှု များပြားခဲ့သည်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ''ညောင်ကုန်းဘက်ကတောထဲမှာဖြစ်တာ သူတို့က တောလမ်းအတိုင်း ဆင်းလာတာ။ ဒီဘက်ကာကွယ်ရေးတပ်တွေက ဝင်ပစ်တာ မနက် ၇ နာရီမှာတစ်ကြိမ်ပစ်တယ် ၉နာရီမှာတစ်ကြိမ်ပြန်ဖြစ်တယ်။ သူတို့ဘက်က အထိအခိုက်တော့ များတယ်ဗျ စာရင်းမသိရသေးဘူး။ ခြုံခို တိုက်ခိုက်ခံလိုက်ရတာဆိုတော့ သူတို့ဘက်က ထိခိုက်တာများတယ်''ဟု

သတင်း
ထီးချိုင့်တွင် ကျေးရွာမီးရှို့ခဲ့သော စစ်ကောင်စီတပ် အင်းတော်သို့ ဝင်ရောက်လာသဖြင့် ဒေသခံများ စိုးရိမ်

ထီးချိုင့်တွင် ကျေးရွာမီးရှို့ခဲ့သော စစ်ကောင်စီတပ် အင်းတော်သို့ ဝင်ရောက်လာသဖြင့် ဒေသခံများ စိုးရိမ်

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီ စစ်ကြောင်းသည် လက်ရှိအင်းတော်မြို့နယ်သို့ ဝင်ရောက်လာသောကြောင့် ကျေးရွာများ ထပ်မံ မီးရှို့ဖျက်ဆီးမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ထံမှ သိရသည်။ ယခုလဆန်းပိုင်းက ထီးချိုင့်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများမှ နေအိမ်ပေါင်း ၅၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သော အင်အား ၁၇၀ ပါ စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အင်းတော်မြို့နယ် တောင်ဘက်ပိုင်းသို့ ဝင်ရောက်လာခဲ့သည်ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ “ကျွန်တော်တို့ဘက်ကနေ ပြည်သူတွေကို ကြိုတင်သတိပေးချက်တော့ ထုတ်ပြန်ထားတယ်။ ဒီလိုမျိုး ထုတ်ပြန်တာက ကျွန်တော်တို့လည်း နည်းနည်းသတင်းတွေကြားထားလို့ ဒီအင်းတော်ကိုလည်း ထီးချိုင့်ကိုလုပ်ခဲ့သလိုမျိုး

သတင်း
မြင်းမူ မြို့မရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရကာ ရဲနှင့်စစ်သား ၃ ဦးသေဆုံး

မြင်းမူ မြို့မရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရကာ ရဲနှင့်စစ်သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြို့မရဲစခန်းအဝင်ဝတွင် ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ဗုံးထောင်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး နှင့် စစ်သား၂ ဦး သေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာပြင်းထန်ခဲ့သည်ဟု Zero ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဥ်မှာ ယနေ့ မနက် ၇ နာရီဝန်းကျင်တွင် မြင်းမူမြို့မှ ရဲစခန်းရှိ စစ်သားနှင့် ရဲ ၄ ဦးသည် လက်ဖက်ရည် ထွက်သောက်စဥ် အခုလိုထောင်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကျနော်တို့က မိုင်းနှစ်လုံးနဲ့

တိုက်ပွဲ
ကန့်ဘလူမြို့နယ် စစ်ကောင်စီအထိုင်တပ်စခန်းကို PDFများတိုက်ခိုက်ရာမှ တိုက်ပွဲ ပြင်းထန်ခဲ့

ကန့်ဘလူမြို့နယ် စစ်ကောင်စီအထိုင်တပ်စခန်းကို PDFများတိုက်ခိုက်ရာမှ တိုက်ပွဲ ပြင်းထန်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသရှိ စစ်ကောင်စီအထိုင်တပ်စခန်းတစ်ခုကို ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့သည် ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားမှု ၃နာရီခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အကျအဆုံးများပြားနိုင်သည် ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။ “မနေ့က ၁နာရီလောက်မှာစဖြစ်တာ ဖြစ်လိုက်နားလိုက်ပေါ့။ ကျနော်တို့ဘက်ကတော့ ၄ဦး ဒဏ်ရာရပြီး ၁ဦးကျခဲ့ပါတယ်”လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

Fact Check
စစ်ကိုင်းတိုင်းတွင် ဗမာရွာ နှင့် ရှမ်းရွာများကို KIA က လိုက်လံမီးရှို့ သော ဆိုသော သတင်းအမှား

စစ်ကိုင်းတိုင်းတွင် ဗမာရွာ နှင့် ရှမ်းရွာများကို KIA က လိုက်လံမီးရှို့ သော ဆိုသော သတင်းအမှား

စစ်ကိုင်းတိုင်းရှိ ဗမာ နှင့် ရှမ်းရွာများကို KIA အဖွဲ့မှ လိုက်လံမီးရှို့နေသည်ဆို သတင်းအမှားတစ်ပုဒ်ကို ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင် ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို ‘InnWa News’ ဆိုသည့် ဖေ့စ်ဘုတ်‌စာမျက်နှာတွင် ဒီဇင်ဘာလ ၆ ရက်နေ့  ည ၁၀ နာရီကျော်ဝန်းကျင်တွင် စတင်ရေးသားဖြန့်ဝေခဲ့သည်။ ဖော်ပြထားသော အကြောင်းအရာမှာ “ KIA သူပုန်အဖွဲ့ဟာ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ဗမာရွာတွေ၊ ရှမ်းရွာတွေကို လိုက်လံမီးရှို့နေတာ အားလုံးအသိပဲ

သတင်း
စစ်ကိုင်းတိုင်း ဝက်သအင်းကျေးရွာတွင် လူနေအိမ် ၄၄လုံးနှင့် စပါးကျီ ၃ခုမီးရှို့ခံရ

စစ်ကိုင်းတိုင်း ဝက်သအင်းကျေးရွာတွင် လူနေအိမ် ၄၄လုံးနှင့် စပါးကျီ ၃ခုမီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ဝက်သအင်းကျေးရွာတွင် ဒေသခံပြည်သူများ၏ လူနေအိမ်များ ၄၄ လုံးနှင့် စပါးကျီ ၃ ခုကို စစ်ကောင်စီအဖွဲ့ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှသိရသည်။ စစ်အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီအဖွဲ့သည် ဒီဇင်ဘာလ ၈ ရက်နေ့ ပုဏ္ဏာကြီးကျေးရွာမှ ဝက်သအင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာကာ ညအိပ်တပ်စွဲခဲ့ပြီးနောက် ယခုလို လူနေအိမ်များ မီးရှို့ဖျက်စီးခဲ့သည်ဟု ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူအဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

သတင်း
ကန့်ဘလူမြို့နယ် ပင့်သာကျေးရွာ တတိယအကြိမ်မြောက် မီးရှို့ခံရ

ကန့်ဘလူမြို့နယ် ပင့်သာကျေးရွာ တတိယအကြိမ်မြောက် မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပင်သာကျေးရွာကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ယနေ့ နံနက် ၇ နာရီဝန်းကျင်မှ စတင်ကာ မီးရှို့ခဲ့သည်ဟု ဒေသခံများပြောသည်။ စစ်အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ပင်သာရွာအနီးတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ကျေးရွာကို မီးရှို့ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “ဒီမနက် ၇ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ဝင်ပြီး မီးရှို့နေတာပါ။ ဒီနေ့က ရာသီဥတု လေက အရမ်းတိုက်နေတာ မီးကတော်တော်လေးကိုများပါတယ်။ သူတို့ပတ်ချာလည်ကို လှည့်ပတ်ပြီး အကြောင်းမဲ့ မီးရှို့နေတာပါ“ ဟု

တိုက်ပွဲ
ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်‌ရေးတပ်ဖွဲ့တို့ကြား နိုဝင်ဘာလ ၂၄ ရက်နေ့မှ ယနေ့ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ထိုသို့ စစ်ကောင်စီဘက်က အထိနာခဲ့သောကြောင့် ဆူးပုတ်ချောင်ရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ အလယ်တောကျေးရွာ၊ အင်းတိန်ရွာ၊ လေသာရွာတို့မှ ခန့်မှန်း အိမ်ခြေ ၄၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး လေသာကျေးရွာသည် နှစ်ကြိမ်တိုင် မီးရှို့ခံခဲ့ရကာ နေအိမ် ၂၀၀ ကျော်ဖြင့် အိမ်ခြေအများဆုံး ဆုံးရှုံးခဲ့ရသည် ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။