စစ်ကိုင်းတိုင်း
-
Dec- 2025 -5 Decemberသတင်း
နန်းယွန်းမှာ လူနေအိမ်တစ်လုံးနဲ့ အိမ်ဆိုင်သုံးလုံးမီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ပေါ်မှာ လူနေအိမ်တစ်လုံးနဲ့ နေအိမ် ဆိုင်ခန်းတွဲ သုံးလုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဒီဇင်ဘာ ၄ ရက် မနက်လေးနာရီတိတိအချိန်မှာ နန်းယွန်းမြို့ ရှရရပ်ကွက်ထဲမှာ လူနေအိမ်တစ်လုံးနဲ့ ဆိုင်ခန်းနဲ့လူနေအိမ်တွဲထားတဲ့ လူနေအိမ်ဆိုင်ခန်းတွဲသုံး စုစုပေါင်းလေးလုံးအထိမီးလောင်သွားကြောင်း သိရပါတယ်။ “မီးလောင်တဲ့အကြောင်းအရင်းအသေးစိပ်တော့မသိရဘူးဗျ လူပြောများနေတာကတော့ ဘုရားစင်မှာထွန်းထားတဲ့ဖယောင်းတိုင်းမီးကြောင့်လောင်တာလို့ပြောတယ်။ လူနေအိမ်ကနှစ်ထပ်ပျဥ်ထောင်အိမ်တစ်လူံးနဲ့ အိမ်ဆိုင်သုံးလုံး အထိလောင်သွားတယ်ဗျ အကုန်လုံးက တစ်ဆက်ထဲရှိနေတာ”လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အဆိုပါမီးလောင်မှုထဲမှာ ဦးခူးသ ရဲ့လူနေအိမ်နှစ်ထပ်တစ်လုံး ၊ဒေါ်ရှမ်းမ ရဲ့ အိမ်နဲ့ဆိုင်တွဲလျက်တစ်လုံး၊ ဦးသန်းကြွယ်ရဲ့ နေအိမ်နဲ့ဖုန်းဆိုင်တွဲတစ်လုံးနဲ့ ဒေါ်ခင်အုန်းမြင့်ရဲ့ နေအိမ်နဲ့ ဆိုင်တွဲတစ်လုံးတို့မီးလောင်ခဲ့တယ်လို့သိရပါတယ်။ အခုလိုလူနေအိမ်နဲ့အိမ်ဆိုင်လေးလုံးအထိ မီးလောင်မှုဖြစ်ပွားခဲ့တာဟာ နေအိမ်တွေနီးနီးကပ်ကပ်ရှိနေတာကြောင့် ဖြစ်သလို မီးသတ်ဦးစီးဌာနရဲ့ ပေါ့စမှုကြောင့်လည်းဖြစ်တယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက အခုလိုသုံးသပ်ထားပါတယ်။ “မီးသတ်ကားကလာတယ် ဒါပေမယ့် မီးငြိမ်းသတ်တဲ့ကားကြီးကမရောက်လာဘူး လမ်းတစ်ဝက်မှာပျက်ပြီးရပ်သွားတာ ကားသေးသေးလေးတွေပဲလာတော့ ရေတွေများများမသယ်လာနိုင်ဘူးလေးအဲ့ကြောင့်လည်းပါတယ် နောက်ပြီးအိမ်တွေကလည်းနီးနီးကပ်ကပ်ဆိုတော့မီးကူးတာမြန်တယ်”လို့သူကပြောပါတယ်။ နေအိမ်မီးလောင်မှုကြောင့် အထက်ဖော်ပြပါနေအိမ်ပိုင်ရှင်တွေကို သက်ဆိုင်ရာက အရေးယူထားကြောင်းလည်းသိရပါတယ်။ နန်းယွန်းမြို့ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့အကြီးဆူံးမြို့တွေထဲကတစ်ခုဖြစ်ပြီး အခုလိုဆုံးရှူံးမှုကြီးမားတဲ့မီးလောင်မှုမျိုးယခင်ကမရှိခဲ့ဖူးကြောင်းလည်းသိရပါတယ်။ By – Zaw Zaw
Read More » -
Nov- 2025 -27 Novemberသတင်း
ဟုမ္မလင်းမှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန် စျေးအဆမတန်မြင့်တက်၊ ကြက်ဥတစ်လုံး ကျပ်နှစ်ထောင်အထိပေးဝယ်နေရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလဆန်းပိုင်းကနေစပြီး ဟုမ္မလင်းမြို့နယ်ထဲမှာဓာတ်ဆီ တစ်လီတာ ကျပ် ၂၀၀၀၀ (နှစ်သောင်း) ကြက်ဥတစ်လုံး ၂၀၀၀ (နှစ်ထောင်) ကြက်သွန်နီတစ်ပိဿ ကျပ် ၅၀၀၀၀ (ငါးသောင်း) စသဖြင့်အဆမတန်စျေးတက်နေကြောင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဓာတ်ဆီမဝင်တာ ဆယ့်ငါးရက်လောက်ရှိပြီ စားသောက်ကုန်တွေကတော့ လေယာဥ်နဲ့လာတယ်။ ဒါပေမယ့် လေကြောင်းနဲ့ဆိုတော့တန်ဆာမြင့်တယ်လေ ခုကြက်ဥတစ်လုံး ၂၀၀၀ ရှိနေပြီ။ စားသောက်ကုန်ကော၊ဓာတ်ဆီကောမတရားစျေးတက်နေတာ”လို့ အသက် ၅၀ ကျော်အရွယ်မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲ စက်သုံးဆီ၊အခြေခံစားသောက်ကုန်တွေကို ဗန်းမောက်–ဟုမ္မလင်းကားလမ်းကနေသယ်ယူကြပေမယ့် လတ်တလော ယင်းလမ်းပိုင်းကို SNA၊ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတာကြောင့် ကုန်တွေအဝင်ရပ်တန့်နေတယ်လို့ သိရပါတယ်။ “ဆီကားတွေက ပင်ခုတ်မှာပိတ်ထားတယ်ပြောတယ် အဲ့ကနေမကျော်ခိုင်းတာ လမ်းက SNAထိန်းချုပ်တဲ့နေရာမှာ SNA ကပိတ်တယ်။ ကာကွယ်ရေးတပ်တွေထိန်းချုပ်တဲ့နေရာမှာက ကာကွယ်ရေးတပ်တွေက ပိတ်တယ် ပင်ခုတ်ကလောလောဆယ် ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ဟုမ္မလင်းမြို့နယ်ထဲဝင်မယ့် ဆီကားနဲ့ အခြေခံစားသောက်ကုန်တင်တဲ့ ကားတွေကို ဟုမ္မလင်းမြို့နယ်၊နန့်ချောကျေးရွာအုပ်စုထဲက…
Read More » -
20 Novemberသတင်း
ဗန်းမောက်နယ်ထဲက ဆေးရုံဗုံးကြဲခံရမှုမှာ ကျန်းမာရေးဝန်ထမ်း၂ ဦးသေဆုံးခဲ့တယ်လို့ NUG အတည်ပြု
စစ်ကိုင်းနဲ့ကချင်အစပ် တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ MOH ဆေးရုံတည်ရှိရာ ဗန်းမောက်မြို့တောတွင်း တစ်နေရာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ကျန်းမာရေးဝန်ထမ်း ၂ ဦးသေဆုံးခဲ့ရတယ်လို့ NUG ဝန်ကြီးများရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်ကအတည်ပြုပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ၄…
Read More » -
12 Novemberသတင်း
လစ်လပ်သွားတဲ့ အင်းတော်မြို့နယ် (ပအဖ)တာဝန်ခံကို NUG အစိုးရကတိုက်ရိုက်ခန့်အပ်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်က လစ်လပ်သွားတဲ့ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) တာဝန်ခံနေရာကို အမျိုးသားညီညွှတ်ရေး အစိုးရ NUG ရဲ့ အကြီးအကဲတွေက တိုက်ရိုက်ခန့်အပ်လိုက်တယ်လို့ အင်းတော်မြို့ခံတွေဆီကသိရပါတယ်။ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်က လစ်လပ်သွားတဲ့( ပအဖ)တာဝန်ခံနေရာကို မြို့နယ်အတွင်းရှိနေတဲ့ ဌာနဆိုင်ရာတာဝန်ခံတွေထဲကဘဲ သတ်မှတ်ကာ…
Read More » -
Oct- 2025 -31 Octoberသတင်း
ကောလင်းနဲ့ထီးချိုင့်ဒေသမှာ စစ်တပ်က Spy Balloons ကင်းထောက်မီးပုံးပျံတွေ အသုံးပြုလာ
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်နဲ့ထီးချိုင့်မြို့နယ်တွေမှာ ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မနက်ပိုင်း ၈ နာရီလောက်မှာဘဲ Spy Balloons လို့ခေါ်တဲ့ ကင်းထောက်မီးပုံးပျံတစ်လုံးတွေ့ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ “စပိုင်ဘောလုံးက ဒီမနက် ၈နာရီလောက်မှာ ဝန်းသိုနယ်ကလာပြီး ကောလင်းအရှေ့ခြမ်းမှာဝဲ ပြီးတော့ ထီးချိုင့်မယ်ထဲ…
Read More » -
29 Octoberသတင်း
စစ်ကိုင်းတိုင်းလွတ်မြောက်နယ်မြေမှာ အသည်းရောင်အသားဝါရောဂါပိုးပျံ့နှံ့နေ
စစ်ကိုင်းတိုင်းအထက်ပိုင်းလွတ်မြောက်နယ်မြေအတွင်းက အရပ်သားတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအကြား အသည်းရောင်အသားဝါရောဂါ A ပိုးပြန့်နှံ့ဖြစ်ပွားနေတယ်လို့ စစ်ကိုင်းနဲ့ကချင်အစပ်ကဒေသခံတွေဆီကသိရပါတဘ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ် သီတင်းကျွတ်ကာလနောက်ပိုင်းကစလို့ တချို့ကျေးရွာတွေဆို ရွာလုံးကျွတ်နီးပါးကို အသည်းရောင်အသာဝါရောဂါကိုခံစားနေကြရတာလို့ ပြောပါတယ်။ “တစ်ချို့ဆိုရွာလုံးကျွတ်ဖြစ်တာ။ အသည်းရောင်အသားဝါ A ပိုး ကကူးစက်တာကတအားမြန်တယ်။ ကိုယ်ခံအားကျတာနဲ့…
Read More » -
28 Octoberသတင်း
နယ်မြေမတည်ငြိမ်မှုကြောင့် ပန်ဆောင်နယ်စပ်ဂိတ်ပိတ်ထား
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အိန္ဒိယ–မြန်မာနယ်စပ်တကြောနယ်မြေမတည်ငြိမ်မှုကြောင့် ပန်ဆောင်နယ်စပ်ဂိတ် ပိတ်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ အောက်တိုဘာလအတွင်း အိန္တိယစစ်တပ်က မြန်မာနိုင်ငံအတွင်းရှိ နာဂလက် နက်ကိုင်အဖွဲ့ NSCN-K(ယုန်းအောင်)အဖွဲ့ရဲ့ တည်နေရာတွေကို နှစ်ကြိမ်တိတိဒရုန်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် နယ်စပ်တလျှောက် အခြေအနေတင်းမာနေပြီး ဂိတ်ပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦး KNG…
Read More » -
21 Octoberသတင်း
NSCN- K အရာရှိတစ်ဦးနေအိမ်အိ ဒရုန်းနဲ့တိုက်ခိုက်ခံရ မိသားစုဝင်တွေသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာရှိတဲ့ နာဂလက်နက်ကိုင်အဖွဲ့ NSCN-K ရဲ့ အရာရှိတစ်ဦးနေအိမ်ကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ လဟယ်မြို့နယ်အနောက်ခြမ်း အိန္ဒိယ–မြန်မာနယ်စပ်ရှိ ကမ်မော်လောရီကျေးရွာထဲက NSCN-K (ယုန်းအောင်) အဖွဲ့ရဲ့ ဗိုလ်ချုပ်ပီးအောင်နေအိမ်ကို မနေ့က အောက်တိုဘာ…
Read More » -
20 Octoberသတင်း
ဆိုင်ကယ်ပျောက်သံသယနဲ့ ပကဖလက်ထဲမှာသေဆုံးသွားတဲ့ အမျိုးသားအမှု ကျပ်သိန်း ၁၅၀ နဲ့ကျေအေး
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ဆိုင်ကယ်ပျောက်မှုသံသယနဲ့ အင်းတော်ပကဖရဲ့ ဖမ်းဆီးစစ်ဆေးခံရချိန် သေဆုံးခဲ့ရတဲ့ အမျိုးသားအမှုအတွက် ကျန်ရစ်တဲ့မိသားစုကို ကျပ်သိန်း ၁၅၀ ပေးကျေအေးလိုက်တယ်လို့ ဒေသခံတချို့က KNG ကိုပြောပါတယ်။ ငွေပေးကျေအေးခိုင်းသူဟာ ကသာခရိုင်ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) တာဝန်ခံဖြစ်ပြီး သေဆုံးသူကိုဇော်ထွေးရဲ့ ဦးလေးတော်စပ်သူဖြစ်တယ်လို့…
Read More » -
7 Octoberသတင်း
လက်နက်ကိုင်တပ်တွေရဲ့တပ်သားသစ်စုဆောင်းမှုကြောင့် နာဂလူငယ်များ ဒေသတွင်းပိတ်မိနေ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ လက်နက်ကိုင်တပ်တွေရဲ့ တပ်သားသစ်စုဆောင်းမှုခေါင်းစဉ်အောက် ပိတ်ဆို့ဖမ်းဆီးခံရမှုကြောင့် နာဂလူငယ်တွေ ဒေသတွင်းမှာပဲ ပိတ်မိနေကြတယ်လို့ သိရပါတယ်။ နာဂဒေသထဲဝင်ထွက်သွားလာနိုင်တဲ့ လမ်းကြောင်းနှစ်ခုထဲက ရှင်ဗွေယန်–တနိုင်းကားလမ်းပိုင်းမှာ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း Eastern Naga Defence Army…
Read More »









