စစ်ကိုင်းတိုင်း

  • Oct- 2026 -
    12 October
    စစ်ရေး

    မန္တလေး-မြစ်ကြီးနားလမ်းပိုင်း စစ်ယာဉ်တန်းနဲ့အတူ ကုန်ကားတွေပါ ချောဆွဲခံရ

    စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်-ကသာလမ်းပိုင်းကို ဖြတ်သန်းပြီး မြစ်ကြီးနားဘက်ကို ဦးတည်လာတဲ့ စစ်ယာဉ်တန်းတွေနဲ့အတူ အရပ်သားပိုင် ကုန်တင်ကားတွေပါ ချောဆွဲခံရကာ လိုက်ပါသွားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    Read More »
  • 12 October
    သတင်း

    မဲဇာ ထိန်းချုပ်ပြီးနောက် စစ်တပ်က မဲဇာတောင်ဘက်ခြမ်းကို စစ်ကြောင်းဆက်ထိုး

    စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် အင်းတော်မြို့နယ်က မဲဇာစံပြကျေးရွာကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ကျေးရွာတောင်ဘက်ခြမ်းရှိ ကြိမ်ချောင်းရွာဘက်ကို စစ်ကြောင်းဆက်ထိုးနေတယ်လို့ ဒေသခံတွေပြောပါတယ်။

    Read More »
  • 7 October
    သတင်း

    ထီးချိုင့်-ကသာလမ်းပိုင်းပိတ်ဆို့မှုကြောင့် ကုန်ကားထောင်နဲ့ချီ ပိတ်မိနေ

    စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်-ကသာလမ်းပိုင်းကို ပုံမှန်အတိုင်း ဖြတ်သန်းသွားလာလို့ မရတာကြောင့် မန္တလေးဘက်ကို ဆင်းမယ့် ကုန်တင်ကား ထောင်နဲ့ချီ လမ်းမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    Read More »
  • Sep- 2026 -
    24 September
    လူ့အခွင့်အရေးချိုးဖောက်မှု

    ညောင်ပင်သာရွာ လက်နက်ကြီးပစ်ခတ်ခံရ၊ အမျိုးသမီး ၁ ဦးသေ ၄ ဦးဒဏ်ရာရ

    စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာကျေးရွာကို ဒီနေ့ စက်တင်ဘာ ၂၄ ရက် မနက်အစောပိုင်းမှာ မောင်းကုန်းထူးဆိပ် ကမ်းဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    Read More »
  • Aug- 2026 -
    11 August
    သတင်း

    မြစ်ကြီးနား-မန္တလေးလမ်း ခရီးမသွားသင့်သေးကြောင်း ကားသမားတွေပြော

    ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ မြစ်ကြီးနား-မန္တလေး ကားလမ်းမှာ စစ်ရေးအခြေအနေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပိုင်းတချို့ ဆက်လက်ပိတ်ဆို့နေဆဲဖြစ်သလို ကားရာနဲ့ချီ ပိတ်မိနေတယ်လို့ ကားသမားတွေက ပြောပါတယ်။

    Read More »
  • Jul- 2026 -
    6 July
    သတင်း

    ဟုမ္မလင်းမြို့ပေါ်မှာ စစ်တပ်က အဖမ်းဆီးကြမ်းနေတယ်လို့ဆို

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ် မှာ စစ်ကောင်စီပူးပေါင်းတပ်က နေ့ခင်းဘက်အဖမ်းဆီးကြမ်းနေတာကြောင့် လူငယ်တွေသွားရေးလာရေးအခက်အခဲဖြစ်လာနေတယ်လို့သိရပါတယ်။

    Read More »
  • May- 2026 -
    8 May
    သတင်း

    မော်လူးစစ်ကြောင်းဝင်ရောက်ချိန် အရပ်သား ၅ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို စစ်တပ်ကဝင်ရောက်ထိန်းချုပ်ဖို့ကြိုးစားခဲ့တဲ့ ရက်ပိုင်းအတွင်းအရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါ တယ်။

    Read More »
  • 6 May
    စစ်ရေး

    မော်လူးစစ်ကြောင်း ကချင်ပြည်နယ်ထဲဝင်ရောက်လာပြီလို့ဆို

    စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ ကချင်ပြည်နယ်ထဲက နန့်စီးအောင်မြို့အထိဝင်ရောက်လာပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေပြောပါတယ်။

    Read More »
  • Apr- 2026 -
    24 April
    စစ်ရေး

    ကသာမှာ စစ်တပ်က စစ်အင်အားဆက်တိုက်ဖြည့်တင်းနေ

    စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကိို စစ်တပ်က ဧပြီလ တတိယအပတ်ကစပြီး လက်ရှိချိန်ထိ စစ်အင်အားဆက်တိုက်ဖြည့်တင်းနေတယ်လို့ မြို့ခံတွေပြောပါတယ်။

    Read More »
  • 17 April
    စစ်ပြေးဒုက္ခသည်များ

    ကသာစစ်ဘေးရှောင်တွေ မိုးလေဒဏ်၊ နေပူဒဏ်ကြား နေထိုင်ရေးခက်ခဲ

    စစ်ကိုင်းတိုင်း– ကချင်ပြည်နယ်အစပ် ထီးချိုင့်မြို့နယ်က စစ်ကော်မရှင်စစ်ကြောင်း ကသာမြို့ကိုဝင်ရောက်လာလို့ ထွက်ပြေးနေရတဲ့ ဒေသခံစစ်ဘေးရှောင်တွေ မိုးဒဏ်၊လေဒဏ်နဲ့နေပူဒဏ်တွေအကြားနေထိုင်ရေးနဲ့စားသောက်ရေးအခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ကစလို့ စစ်ကော်မရှင်ရဲ့စစ်ကြောင်းဟာ ကသာမြို့နဲ့ထီးချိုင့်နယ်အစပ် ဧရာဝတီမြစ် ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒီကနေ့နောက်ဆုံးသိရတဲ့သတင်းတွေအရတော့ ကသာမြို့နယ်ဧရာဝတီမြစ်ကမ်း နဘေးက ကလုံကျေးရွာတစ်ဝှိုက်မှာလို့သိရပါတယ်။ စစ်ဘေးရှောင်တွေရဲ့အခြေနေနဲ့ပတ်သက်လို့ စစ်ဘေးရှောင်ဒေသခံတစ်ဦးက“ဒုက္ခတော့ရောက်ကြတယ်။ မိုးထဲလေထဲအိပ်ရ၊ နေ့လည်ကျ နေကပူပူနဲ့အကိူရေ။ တချို့က စားစရာသောက်စရာတွေ တော့မပါခဲ့ ကြဘူး။ အဲ့တာဆိုတော့ ပါတဲ့လူတွေကမျှတပြီးကျွေးရတာပေါ့။ တချို့တွေလည်း ရွာထဲပြန်ဝင်ကုန်ကြပြီ။ ကျနော်တို့တော့ သူတို့ ကိုမယုံဘူး။ ရှောင်နေတုန်း”လို့ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဝင်ရောက်လာတဲ့နေ့ကစလို့ ဒီကနေ့အထိ ထီးချိုင့်မြို့နယ်ထဲက ဇီးကုန်း၊ ကျောက်မှော်၊  နတ်အင်း၊ အိုးကုန်း၊ မဲဟင်း နဲ့ ကသာမြို့နယ်ထဲက သာဂရ၊ အင်းရွာလေး၊ ကလုံ၊ ကျောက်ပုံ၊ သံပုရာ၊ ညောင်ခြေထောက် စတဲ့ကျေးရွာဆယ်ရွာထက် မနည်းကဒေသခံတွေဘေးလွတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ ဒီကျေးရွာတွေအားလုံးဟာ ထီးချိုင့်–ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေး တစ်လျှောက်ကကျေးရွာတွေပဲဖြစ်ပါတယ်။ တစ်ဖက်မှာ ထီးချိုင့်မြို့နယ်ကနေစစ်ကြောင်းထိုးလာတဲ့တပ်ဖွဲ့တွေကို ကသာမြို့နယ်အထိုင်စစ်ကော်မရှင်တပ်ဖွဲ့တွေက စစ်ကြောင်း ထွက်ကြိုဆိုကာ စစ်ကြောင်းနှစ်ကြောင်းပေါင်းမယ့်အခြေနေရှိနေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ “ထီးချိုင့်ကနေ ကသာကိုလာပြီးတက်လာပေါင်းနေတဲ့အဖွဲ့ကတော့ ကလုံရွာကိုရောက်ထားပြီ။ အဲ့ဒီအဖွဲ့ကို ကသာကနေ ဆင်းကြိုတဲ့ စစ်ကောင်စီက သင်္ကြန်အကြိုနေ့မှာဘဲ ရေဘုတ်ရွာနားလေးမှာ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတာတော့သတင်းရတယ်။ အခုလောက်ဆိုတော့ သွားကြိုတဲ့အဖွဲ့နဲ့တွေ့လာမတွေ့ဘူးလာဆိုတာတော့ တိတိကျကျမသိရသေးဘူး။”လို့…

    Read More »
Back to top button