စစ်ကိုင်းတိုင်း

  • Oct- 2023 -
    4 October
    သတင်း

    အင်းတော်မှာ စစ်ကောင်စီတပ်နဲ့ ABSDF တို့ကြား တိုက်ပွဲဖြစ်ပွား

    စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်ဘက်ကနေ အင်းတော်မြို့နယ်ထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကျောင်းသားတပ်မတော် (ABSDF)တို့ကြား ဒီကနေ့ မနက်ပိုင်းမှာ အင်းတော်နယ်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အင်းတော် PDF ကနေ သိရပါတယ်။ တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၁ တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေဟာ စစ် အင်အားအများအပြားနဲ့ အောက်တိုဘာ ၃ ရက်နေ့ကတည်းက အင်းတော်နယ်ထဲကိုဝင်လာတာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၄ရက်နေ့…

    Read More »
  • 3 October
    သတင်း

    ဒီပဲယင်းမှာ ဒေသခံ၂ ယောက်သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က တစ်ပတ်ကြာစစ်ကြောင်းထိုးခဲ့ပြီး ဒေသခံ ၂ ယောက်သတ်ဖြတ်သွားသလို စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုပြီး ၂ ကြိမ် အထိ တိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းဒေသခံတွေဆီက နေသိရပါတယ်။ စစ်အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးမြို့နယ်ကနေ ဒီပဲယင်းနယ်ထဲကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ ကနေ…

    Read More »
  • 2 October
    သတင်း

    SNA နဲ့ PDF တို့ တိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး

    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဟုမ္မလင်း PDF ၊ မဟာမိတ် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့၊ အင်အား ၅၀ လောက်ရှိတဲ့ SNA တပ်တွေဟာ ဟုမ္မလင်းမြို့တောင်ဘက် မိုင်…

    Read More »
  • 2 October
    သတင်း

    အရာတော် စစ်ကောင်စီ ကင်းစခန်းတစ်ခုကို BNRA တိုက်ခိုက်

    စစ်ကိုင်းတိုင်း အရာတော်မြို့ စစ်ကောင်စီ ကင်းစခန်းတစ်ခုတိုက်ခိုက်ခံရမှုမှာ စစ်သား ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အရာတော်မြို့ ခြေတော်ရာဘုရားနားက ၅၀၀၄ တပ်ရင်း၊ ကင်းစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် BNRA က သတင်းထုတ်ပြန်ထားပါတယ်။ “စစ်ကောင်စီအဖွဲ့ နေ့စဥ် ဆပ်ကြေးကောက်နေတဲ့နေရာကို BNRA ရဲ့ ဝိမောက္ခစစ်ကြောင်းက သွားရောက် ပစ်ခတ်ခဲ့တာပါ။ အူဇီသေနတ်နှစ်လက်၊…

    Read More »
  • Sep- 2023 -
    29 September
    ဖမ်းဆီးခံရမှု

    စစ်ဆေးရုံက ဆရာဝန်ဗိုလ်ကြီးကို ကာကွယ်‌ရေးတပ်က ဖမ်းဆီးထိန်းသိမ်း

    စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၂ စစ်ဆေးရုံက ဆရာဝန်ဗိုလ်ကြီးတစ်ယောက်ကို ဒေသကာကွယ်ရေးတပ်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Black Falcon Guerrilla Forces က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့မှာပဲ သတင်းထုတ်ပြန် ပါတယ်။ ပြီးခဲ့တဲ့…

    Read More »
  • 29 September
    သတင်း

    ဝန်းသိုမှာ ကလေးတွေစာသင်နေချိန် လက်နက်ကြီးကျလို့ ကလေးငယ် ၁၉ ယောက်ဒဏ်ရာရ

    စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် ဂျိုးထောင်ရွာက ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်ဘက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ စာသင်နေတဲ့ ကလေး ၁၉ ယောက်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ ဝန်းသိုမြို့အခြေစိုက် ခမရ ၁၀၂ တပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ လက်နက်ကြီးထိမှန်ခဲ့တဲ့ ကလေးတွေထဲက ကလေး ၇ယောက်ကတော့ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ…

    Read More »
  • 28 September
    သတင်း

    ချင်းတွင်းမြစ်ကြောင်းမှာ စစ်သင်္ဘောတွေက ကျေးရွာတွေကို ပစ်ခတ်သဖြင့် ဒေသခံများ ထွက်ပြေးနေရ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမင်းဒေါင် ဆိပ်ကမ်းကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေက မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေကို ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၇ရက်နေ့ မနက်ပိုင်း ချင်းတွင်းမြစ်အတိုင်း စစ်ဘက်သုံးရေယာဥ်တစ်စီး စုန်ဆင်းခဲ့ပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာ နောက်ထပ် စစ်သင်္ဘော ၁၆ စီး ဆက်လက်စုန်ဆင်းလာပြီး မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။ “သူတို့ကမုံရွာနယ်ကျော်တာနဲ့ကိုတောက်လျှောက် ပစ်တော့တာ ကမ်းဘေးဝဲယာကိုပစ်တာ…

    Read More »
  • 20 September
    သတင်း

    မင်းကင်းမှာ စစ်သင်္ဘောတစ်စီးတိမ်းမှောက်လို့ စစ်သားအပါအဝင် လူဦးရေ ၁၀၀ ကျော်သေဆုံးနိုင်

    စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့တဲ့အတွက် သင်္ဘောပေါ်မှာလိုက်ပါလာ တဲ့သူ ၁၀၀ ကျော်သေဆုံးနိုင်တယ်လို့ Student’s Revolutionary Force အဖွဲ့က ပြောပါတယ်။ စက်တင်ဘာလ ၁၉ရက်နေ့ မနေ့က မနက်ပိုင်း ၁၀နာရီလောက်မှာ ညွှန်မှူး နဲ့ ရေတပ်သား ၅ ယောက်၊ Non CDM ဆရာ ဆရာမတွေ၊ ကျောင်းသားကျောင်းသူ တချို့အပါအဝင် ပျူအဖွဲ့ဝင်တွေလိုက်ပါလာတဲ့ စစ်သင်္ဘောတိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ SRF အဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “စစ်သင်္ဘောတွေက ရေလမ်းကြောင်းမှားတာရယ် စလင်ရဲ့ပေါ့လျော့မှုလို့ပြောလို့ရတယ်…

    Read More »
  • 18 September
    သတင်း

    အင်းတော်နယ်မှာ ညဘက်စစ်ကောင်စီရဲ့ဒရုန်းတွေ ပျံဝဲနေတဲ့အတွက် NUG ကျောင်းတွေကို ပိတ်ထားရ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ညဘက် ဒရုန်းတွေအသုံးပြုပြီးစစ်ရေးလှုပ် ရှားမှုတွေရှိနေတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG )စာသင်ကျောင်းတွေကို ပိတ်ထားရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က အင်းတော်မြို့နယ်ထဲမှာ ရှိနဲ့ မော်တိတ်ဒေသ၊မဲဇာဒေသတွေနဲ့ နဘားကျေးရွာတွေဘက်ကို စက်တင်ဘာ ၁၆ ရက်နေ့…

    Read More »
  • 11 September
    သတင်း

    စက်တင်ဘာလ ၁၀ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ယင်းမာပင်နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်း

    စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကြားကာလပညာသင်ကြားနေတဲ့စာသင်ကျောင်းကို စစ်ကောင်စီတပ်က မနေ့က စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ယင်းမာပင်မြို့နယ် အနောက်ဘက်ခြမ်း ပွင့်ကြီးတောတိုက်ရွာမှာရှိတဲ့ စာသင်ကျောင်း၊ဆေးခန်း နဲ့ ဘုန်းကြီးကျောင်းကို mi 35 ရဟတ်ယာဥ်အမျိုးအစားနဲ့ ၁နာရီနီးပါးလောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “ဗုံးသီး၁၇လုံးနဲ့ စက်လက်နက်တွေနဲ့ပစ်ခဲ့တာ…

    Read More »
Back to top button