စစ်ကိုင်းတိုင်း

  • Jul- 2023 -
    14 July
    သတင်း
    photo- အင်းတော်မြို့အဝင်ဆိုင်းဘုတ်

    အင်းတော်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံတွေဆီကနေ ရွှေ ၂ ကျပ်သားနှင့် ငွေသားသိန်း ၇၀ လုယူသွား

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ရွာသာရွာထဲဝင်ရောက်လာတဲ့ စစ်ကြောင်စီ စစ်ကြောင်းဟာ ဒေသခံတွေဆီကနေ ငွေသားသိန်း ၇၀ နှင့် ရွှေ ၂ ကျပ်သား ကိုလုယူသွားတယ်လို့ ရွာသာရွာဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ လဆန်းပိုင်းကတည်းက အင်းတော်နယ်မှာရောက်နေတဲ့ရက်နေ့ တပ်မ ၈၈နှင့် တပ်မ ၇၇ အင်အား ၈၀ ကျော်ပါတဲ့စစ်ကြောင်းဟာ…

    Read More »
  • 12 July
    သတင်း
    ဓာတ်ပုံ-ကလေးမြို့ တောင်ဖီလာရပ်ကွက်နဲ့ကြို့သုံးပင်ရပ်ကွက်ပေါ် လက်နက်ကြီးကျတာကြောင့် ပျက်ဆီးခဲ့ရပုံ

    ကလေးမြို့နယ်မှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်က ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က မနက်ပိုင်း ၇နာရီလောက်မှာ တောင်ဖီလာရပ်ကွက်နဲ့ကြို့သုံးပင်ရပ်ကွက်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့်  အသက် ၆၃ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ကလေးဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “သူတို့တမင်ပဲပစ်တာပဲလားတော့မသိဘူး တောင်ဖီလာရပ်ကွက်က အိမ်တစ်လုံးပေါ်ကိုလက်နက်ကြီးကျ တယ် လူပျိုကြီးနဲ့အပျိုကြီးမောင်နှမ နှစ်ယောက်အတူနေကြတာအမဖြစ်သူကတော့လည်ပင်းထိပြီး ချက်ချင်းသေသွားတယ် မောင်ကတော့ ရင်ဘက်ကိုမှန်ပြီးဆေးကုသခဲ့ရတယ် သက်သာနေပါပြီ” လို့ ပြောပါတယ်။ ကြို့သုံးပင်ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကတော့လူထိခိုက်ဒဏ်ရာရသေဆုံးတာတွေမရှိပေမဲ့ နေအိမ်တစ်ချို့ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။ ကလေးမြို့နဲ့ထိစပ်နေတဲ့…

    Read More »
  • 4 July
    သတင်း
    ပြီးခဲ့တဲ့ဇွန်လ ၂၅ရက်နေ့နဲ့ ၂၈ ရက့်နေ့ ကျဆုံးခဲ့တဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

    PDF စခန်းတွေ မကြာခဏ စီးနင်းခံနေရတာ ဘာကြောင့်လဲ

    အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်း အထက်အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီတပ်ရဲ့ထိုးစစ်ဆင်ခံရမှုအများဆုံးဖြစ်သလို နေ့စဉ်ဆိုသလိုနေရာအနှံ့မှာ တိုက်ပွဲဖြစ်ပွားနေရာကနေ ပြီးခဲ့တဲ့လမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်စခန်း စီးနင်းခံရမှုတွေဟာ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။ KNG သတင်းဌာကနေ စုစည်းထားတဲ့အချက်လက်တွေအရ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကင်းတော်ရွာက ကာကွယ်ရေးတပ်စခန်းတစ်ခုစီးနင်းခံခဲ့ရပြီး တပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးခဲ့ရသလို  ၂၈ ရက်နေ့မှတော့ စစ်ကိုင်းနဲ့ဝက်လက်အစပ်မှာရှိတဲ့ တလိုင်းကျေးရွာနားက ကာကွယ်ရေးတပ်စခန်းတစ်နေရာ…

    Read More »
  • Apr- 2023 -
    26 April
    သတင်း

    အင်းတော်တွင် စစ်ကောင်စီတပ် သတ်ဖြတ်ထားသည့် အရပ်သားပြည်သူ ၅ ဦး၏ ရုပ်အလောင်းတွေ့ရှိ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၅ဦး တစ်လကျော်ခန့်အကြာမှ သတ်ဖြတ်ထားသည့် ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။ ပြီးခဲ့သော မတ်လ ၂၄ ရက်နေ့ စစ်အင်အား ၇၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မံဟဲကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့စဉ် အမျိုးသား…

    Read More »
  • 11 April
    တိုက်ပွဲ

    ကန့်ဘလူတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀၀ ကျော်သေဆုံးနိုင်ပြီး ထိုထဲတွင် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင် ၃၀ ကျော်ပါဝင်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မလည်တိုက်နယ် ပဇီကြီးကျေးရွာတွင် ပြည်သူ့လုံခြုံရေးရုံးဖွင့်ပွဲ ပြုလုပ်နေစဉ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးသူ ၁၀၀ ကျော်အထိရှိနိုင်ပြီး ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်အများဆုံးပါဝင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်အချိန် ဂျက်လေယာဉ်ဖြင့်တိုက်ခိုက်မှု တစ်ကြိမ်၊…

    Read More »
  • 11 April
    သတင်း

    စစ်ကိုင်းတွင် PDF ပူးပေါင်းတပ် စခန်းတစ်ခု စီးနင်းခံရမှုကြောင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းခံရ

    စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF တပ်ချနေထိုင်ထားသည့် ယာယီတပ်စခန်းတစ်ခု စီးနင်းတိုက်ခိုက်ခံရမှုကြောင့် လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းခံလိုက်ရပြီး ငွေကြေးတန်ဖိုးအရ သိန်း ၅၀၀ ဝန်းကျင်အထိ လက်လွတ်ဆုံးရှုံးလိုက်ရကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ ထံမှသိရသည်။ ဧပြီလ ၈ ရက်နေ့…

    Read More »
  • 5 April
    စစ်ပြေးဒုက္ခသည်များ

    မီးဘေးသင့် ထီးချိုင့်ပြည်သူများအတွက် ဆေးဝါးနှင့် အရေးပေါ်အကူညီများလိုအပ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ ညောင်ပင်သာကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ဆေးဝါးနှင့် အခြားအကူအညီများ အရေးပေါ် လိုအပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ညောင်ပင်သာ ကျေးရွာကို ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် ထီးချိုင့်မြို့ပေါ်မှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့သဖြင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။ “သူတို့…

    Read More »
  • Mar- 2023 -
    6 March
    သတင်း

    ဝက်လက်တွင် ၅ ရက်အတွင်း ပြည်သူ ၁၅ ဦးထက်မနည်း သတ်ဖြတ်ခံရပြီး ကျေးရွာ ၈ခု မီးရှို့ဖျက်ဆီးခံရ

    စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် ၅ ရက်အတွင်း ကျေးရွာပေါင်း ၈ ခု မှ လူနေအိမ် ၆၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံပြည်သူ ၁၃ ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း သတ်ဖြတ်ခံရကြောင်းသိရသည်။ ပြီးခဲ့သည့်…

    Read More »
  • Feb- 2023 -
    28 February
    သတင်း

    တိုက်ပွဲသွားရန် ပြင်ဆင်ရင်း ဗုံးသီပေါက်ကွဲသွားသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်တွင် တိုက်ပွဲသွားရန် လက်နက်ပြင်ဆင်ရင်း ဗုံးသီးမတော်တဆပေါက်ကွဲမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးသွားခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်း ၈နာရီဝန်းကျင် စစ်ဆင်ရေးသွားရန် လက်နက်ပြင်ဆင်ထားသည့် ၆၀ မမဗုံးသီးတစ်လုံး မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ…

    Read More »
  • Jan- 2023 -
    26 January
    သတင်း

    ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

    စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ကျွန်းကြီးကုန်းကျေးရွာတွင် ဖမ်းဆီးခံလိုက်ရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအား စစ်ကောင်စီအဖွဲ့က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မိုင်းများတပ်ဆင်ပေးကာ စစ်ကြောင်းအတွင်း ခေါ်ဆောင်သွားနေကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများထံမှသိရသည်။ ဇန်နဝါရီလ ၂၄ ရက်နေ့ ထီးချိုင့်နယ် ကျွန်းကြီးကုန်းသို့ စစ်ကောင်စီ စစ်ကြောင်း…

    Read More »
Back to top button