မြောင်တွင် စစ်ကောင်စီ နှင့် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေပန်းကျေးရွာတွင် တပ်စွဲသော အင်အား ၇၀ ခန့်ပါ စစ်ကောင်စီ နှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ကို ဇွန်လ ၂၉ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင် တွင် ချောင်းဦးမြို့နယ် ဒေသကာကွယ်ရေးတပ် (CHU LDF) အဖွဲ့ မှ အလစ်အငိုက်ဝင်ရောက်တိုက်ခဲ့ရာ ပျူစောထီး ၂ ဦး ကျဆုံးသွားသည်ဟု ချောင်းဦး LDF မှ သိရသည်။ ဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများသည် ရွှေပန်းကျေးရွာကို