စစ်တပ်ထုတ်ကုန်ပစ္စည်း ရောင်းချမှုတားမြစ်ချက် ထိရောက်ကြောင်း KIO ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူများပြော

ကချင်ပြည်နယ်တွင် စစ်ကောင်စီထုတ်ကုန်ပစ္စည်းဖြစ်သော အရက်ဘီယာများ တင်သွင်းရောင်းချမှု နည်းပါးသွားပြီဟု KIO အုပ်ချုပ်ရေးတာဝန်ရှိသူများထံမှ သိရသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က အာဏာသိမ်းစစ်တပ်နှင့် အကျိုးတူလုပ်ဆောင်နေသော Myanmar Beer ၊ Dagon Beer နှင့် ABC စသောကုန်ပစ္စည်းများကို ၂၀၂၂ ဇန်နဝါရီလ ၁၀ရက်နောက်ပိုင်း ရောင်းဝယ်ခွင့်ပိတ်ပင်လိုက်ကြောင်း ဇန်နဝါရီလ ၄ရက်နေ့ ရက်စွဲဖြင့် ကချင်ပြည်နယ်အတွင်းရှိ KIO အုပ်ချုပ်ရေးခရိုင်အသီးသီးက သတိပေးစာ ထုတ်ပြန်ခဲ့သည်။ သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် KIO