စစ်ဘေးရှောင်
-
Jun- 2026 -9 Juneသတင်း
၁၅ နှစ်ကြာလာတဲ့ ကချင်လူထုရဲ့ စစ်ရှောင်ခရီး
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ပြန်လည်စတင်ခဲ့တဲ့ ကချင်ဒေသ စစ်ပွဲဟာ ဒီကနေ့မှာ ၁၅ နှစ်တိတိ ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။
Read More » -
May- 2026 -27 Mayသတင်း
ကချင်ဒေသ နေရပ်ပြန်စစ်ရှောင်များ ကူညီမှုလိုအပ်နေ
ကချင်ဒေသမှာ နေရပ်ပြန်စစ်ဘေးရှောင်တွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ လူမှုစာနာထောက်ထားရေးအပိုင်းတွေမှာ ဒေသတွင်း ကချင်အမျိုးသားရေးအဖွဲ့အစည်းတွေအနေနဲ့ ရေရှည်မူဝါဒတွေ သေချာထားရှိပြီး ကူကာကွယ်ပေးသင့်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြနေပါတယ်။
Read More » -
22 Mayသတင်း
စစ်ရှောင်တွေကို စစ်တပ်က နေရာပြောင်းရွှေ့ခိုင်းထားတယ်လို့ဆို
ရှမ်းမြောက် မိုးမိတ်နဲ့ မဘိမ်းကြားမှာရှိနေတဲ့ စစ်ဘေးရှောင်တွေကို နေရာပြောင်းရွှေ့ဖို့ စစ်တပ်က ပြောဆိုထားတာကြောင့် စစ်ဘေးရှောင်တချို့ တုံးကြီးဘက်ကို ပြောင်းဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မိုးမိတ်ဘက်ကနေ KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့ဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့အတွက် ကြားထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ရွာသားတွေကို ကြိုတင်တိမ်းရှောင်ကြဖို့ ပြောဆိုနေတာလည်း ဖြစ်ပါတယ်။ “မိုးမိတ်နဲ့ ဘော်ဒဲရွာက ဒေသခံတချို့က အခု စစ်ဘေးရှောင်နေတဲ့နေရာကနေ တောင်ကြီးကို ထပ်ပြီးပြောင်းရွှေ့ဖို့ ပြင်ဆင်ထားကြပြီ။ အခုနေနေတဲ့ရွာကတော့ ဗမာတွေ အများစုနေတဲ့ရွာမှာ နေနေတာ။ စစ်ဖြစ်လာရင်တော့ အားလုံး ထပ်ရှောင်ကြရလိမ့်မယ်” လို့ မိုးမိတ်စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ မိုးမိတ်နဲ့ ဘော်ဒဲကျေးရွာက ဒေသခံတချို့ဟာ လက်ရှိ မဘိမ်းသွားလမ်းပေါ်က ဘဟဲကျေးရွာမှာ စစ်ဘေးရှောင်နေကြတာဖြစ်ပြီး စစ်တပ်က မဘိမ်းဘက်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာတွေရှိတဲ့အတွက် စစ်ဘေးရှောင်တွေပါ ထပ်မံပြောင်းရွှေ့ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ တုံးကြီးကို ပြောင်းဖို့ ပြင်ဆင်ထားတဲ့ စစ်ဘေးရှောင်အိမ်ထောင်စု ၅၀ လောက်ရှိနေပြီး အဲဒီစစ်ဘေးရှောင်တွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။ မိုးမိတ်မြို့ကို တအာင်းတပ် TNLA က၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်ရတာဖြစ်ပါတယ်။ ဒါကြောင့်ဒေသခံတွေနဲ့စစ်ဘေးရှောင်တွေဟာ အချိန်မရွေးတိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် မိုးမိတ်နဲ့ ဘော်ဒဲဒေသခံတချို့ဟာ လက်ရှိ တိုက်ပွဲတွေ ငြိမ်နေသေးပေမယ့် ကိုယ့်နေရပ်ကို မပြန်ရဲကြသေးဘဲ ဆက်လက်တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ “TNLA တွေ မိုးကုတ်နဲ့ မိုးမိတ်ကို စစ်တပ်ဆီ ပြန်ပေးဖို့ ပြင်ဆင်လာတဲ့အချိန်ကတည်းက စစ်တပ်တွေ ဝင်လာရင် ဘာဖြစ်ဖြစ် တိုက်ပွဲပြန်ဖြစ်လာမှာပဲဆိုပြီး ကြောက်လို့ တိမ်းရှောင်ခဲ့ကြတာ ဖြစ်တယ်။ အခုလည်း ဘယ်အချိန် ဘယ်လိုတိုက်ပွဲတွေ ဖြစ်လာမလဲမသိတော့ မိုးမိတ်နဲ့ ဘော်ဒဲရွာခံတွေက ကိုယ့်နေရပ်ကို မပြန်လာကြသေးတာ” လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူက ဆက်ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာတော့ စစ်တပ်နဲ့ တရုတ်ရဲ့ဖိအားတွေကြောင့် TNLA က မိုးမိတ်ကနေ ဆုတ်ခွာပြီး စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဟာ ဒီနှစ်အတွင်း မိုးမိတ်မြို့မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ စစ်ကောင်စီတပ်တွေက KIA ထိန်းချုပ်ထားတဲ့ မြစ်ဆုံရွာကို အရင်ထိုးစစ်ဆင်ပြီး မဘိမ်းဘက်ကို စစ်ရေးဦးတည်နေတယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ တစ်ဖက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အခိုင်အမာနေရာယူထားပြီး စစ်တပ်ကို ပြန်လည်ခုခံဖို့ ပြင်ဆင်နေကြတာကြောင့် အခြေအနေကတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းမြောက်၊ မိုးမိတ်မြို့နယ်ဟာ ကချင်ပြည်နယ်နဲဲ့ထိစပ်နေတဲ့မြို့နယ်ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
22 Mayသတင်း
မှော်ဝမ်းလေးရွာကို စစ်တပ်ကမီးရှို့ဖျက်ဆီး
တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဖားကန့် မှော်ဝမ်းလေးကျေးရွာကို စစ်တပ်က ပြည်သူပိုင်လူနေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၆၀ ခန့် မီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။
Read More » -
7 Mayသတင်း
ကံလှ စစ်ရှောင်တွေ သောက်သုံးရေအခက်အခဲဖြစ်နေ
မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ ကံလှကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်မှာရှိတဲ့ စစ်ရှောင်စခန်းမှာ သောက်သုံးရေအခက်အခဲဖြစ်နေတဲ့အတွက် ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
Read More » -
Apr- 2026 -28 Aprilသတင်း
စစ်ရေးသတင်းကြောင့် အင်းတော်မြို့ခံတစ်ချို့ စစ်ဘေးစတင်တိမ်းရှောင်
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ဘက်ကို စစ်ကော်မရှင်တပ်ဖွဲ့တွေစစ်ကြောင်းထိုးလာပြီဆိုတဲ့သတင်းကြောင့် အင်းတော်မြို့ခံတစ်ချို့စတင်တိမ်းရှောင်နေကြ ရပြီလို့ မြို့ခံတွေကပြောပါတယ်။
Read More » -
27 Aprilသတင်း
မိုးသက်လေပြင်းဒဏ်သင့်ခဲ့တဲ့ စစ်ရှောင်များ ကူညီထောက်ပံ့မှုလိုအပ်နေ
ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းများနှင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၅ ရက်နေ့ည ၉ နာရီခွဲဝန်းကျင် ကချင်ပြည်နယ်တစ်ခုလုံး မိုးသက်လေပြင်းပြင်းပြင်းထန်ထန်ကျရောက်ခဲ့တာကြောင့် အဓိက စစ်ဘေးရှောင်စခန်းတွေ ၊ လူနေအိမ်တွေ အတော်များများထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ “လေပြင်းမုန်တိုင်းတော်တော်ကြမ်းလို့ သစ်ပင်တွေပြိုတယ်၊ ဓါတ်တိုင်တွေ ကျိုးကျ၊ သွပ်အိမ်တွေဆို ပြောင်ပြန်လှန်ကုန်တယ်။ ဒီနေ့က မိုးကောင်းအတွင်း အထိအခိုက်၊ အပျက်အစီးတွေကို လိုက်လံရှင်းလင်းနေတယ်။ ဒီမှာက စစ်ဘေးရှောင်တွေ တော်တော်များတယ်။ စစ်ဘေးရှောင်စခန်းတွေ တော်တော်ပျက်စီးကုန်တယ်။”လို့ မိုးကောင်းမြို့ အမှုတော်ဆောင်တစ်ဦးက ပြောပါတယ်။ မိုးသက်လေပြင်းကြောင့် မိုးကောင်းမြို့အတွင်း လူနေအိမ်တော်တော်များအပြင် စစ်ဘေးရှောင်စခန်းတွေမှာ အမိုးအကာတွေ လှန်ပြီး ၊ အဆောင်တွေ ပြိုကုန်လှဲကုန်တယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိမှာ မိုးသက်လေပြင်းကြား ထိခိုက်ပျက်စီး၊ ပြိုကျပျက်စီးခဲ့တဲ့ သစ်ပင်တွေ၊ နေအိမ်တွေ ကို ရှင်းလင်းပြီး ပြန်လည်တည်ဆောက်မွမ်းမံတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ မိုးကောင်းမြို့နယ်အတွင်း အထိအခိုက်၊ ပျက်စီးမှု အများဆုံးဖြစ်ပွားခဲ့တဲ့နေရာတွေကတော့ ပင်းခါး၊ လွဲလော၊ လွဲစော၊ မာန်ပင်း ၊ ခွေးအော်၊ ထိုပူး ၊ တစ်ကြော တွေအပြင် နမ္မတီးမြို့ ၊ မရမ်းကျေးရွာ တစ်ကြောလုံး ပျက်စီးမှု များခဲ့တာလို့ သိရပါတယ်။ မိုးကောင်းမြို့နယ်တွင်း ခိုလှုံနေတဲ့စစ်ရှောင်တွေဟာ အင်းတော်ကြီး မိုင်းနောင်စစ်ဘေးရှောင်တွေအပြင် ဖားကန့်လမ်းပိုင်းတိုက်ပွဲကြောင့် ကျေးရွာတော်တော်များများက စစ်ဘေးရှောင်များ ခိုလှုံနေကြရတာဖြစ်ပါတယ်။ လက်ရှိ နမ္မတီးမြို့မှာ စစ်ဘေးရှောင်စခန်း ၇ ခုခန့်ရှိပြီး အဲဒီစစ်ဘေးရှောင်စခန်းတွေဟာလည်း မိုးသက်လေပြင်းဒဏ်ကြောင့် အားလုံးထိခိုက်ပျက်စီးမှု နဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ “နမ္မတီးမြို့မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေလည်း အတော်ထိခိုက်တယ်၊ စစ်ရှောင်စခန်းတွေဆိုတော့ ဝါးနဲ့ပဲဆောက်ထားကြတော့ သွပ်တွေမိုးတယ်၊ တချို့က မိုးကာလောက်နဲ့ပဲ အမိုးအကာတွေ ပြုလုပ်ထားတော့ လေပြင်းကြောင့် အားလုံးလှန်ကုန်တယ်။ ပျက်စီးကုန်တာပေါ့။” လို့ သူက ဆက်ပြောပါတယ်။ လေပြင်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အတော်များကြုံတွေ့ခဲ့ရပြီး စစ်ဘေးရှောင်စခန်းတွေမှာ ကူညီမှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။ “အခုက မိုးတွေ ဆက်တိုက်အုံ့နေသေးတယ်၊ မိုးသက်လေပြင်းမုန်တိုင်းကျရောက်အုံးမလား စိုးရိမ်နေကြသေးတယ်။ လောလောဆယ်က သွပ်မိုးတွေ လိုအပ်တယ်၊ ကျိုးကျသွားတဲ့အဆောင်တွေ ပြန်လည်တည်ဆောက်ယူနိုင်ဖို့ ငွေကြေးအကူအညီ၊ သွပ်၊ အမိုးအကာ အကူအညီတွေလိုအပ်နေတယ်။”လို့ မိုးကောင်းမြို့နယ် အမှုတော်ဆောင်ဆရာက ဆက်ပြောပါတယ်။ မိုးကောင်းမြို့နယ်အပြင် မြစ်ကြီးနားမြို့အတွင်းလည်း မိုးသက်လေပြင်းမုန်တိုင်းကြောင့် ပြောင်းရွှေ့ဖို့ ဆောက်လုပ်နေဆဲ စစ်ဘေးရှောင်စခန်းတွေ၊ ဆောက်လုပ်ပြီးစီးထားဆဲ စစ်ဘေးရှောင်စခန်း အဆောင်တွေ အားလုံးသွပ်များ လွင့်ကုန်ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဆက်လက်သိရပါတယ်။ ကချင်ပြည်နယ်အတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးသက်လေပြင်းမုန်တိုင်း မကြာခဏကျရောက်နေတာဖြစ်ကာ စစ်ဘေးရှောင်တွေအများဆုံး တိမ်းရှောင်နေကြရတဲ့ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ် တို့မှာ စစ်ဘေးရှောင်စခန်းတွေ မကြာခဏ ပျက်စီးမှု ဒဏ် ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းနဲ့ ဧပြီလဆန်းပိုင်းကလည်း မိုးသက်လေပြင်းမုန်တိုင်းကြောင့် အင်းတော်ကြီးဒေ အနောက်ဘက်ခြမ်း စစ်ဘေးရှောင်နေကြရတဲ့ စစ်ရှောင်စခန်းများ၊ နမ္မတီးမြို့တွင်း စစ်ဘေးရှောင်စခန်းများ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
21 Aprilသတင်း
ကသာမြို့ထဲဝင်ခွင့်မပြုသေးသော်လည်းဒေသခံများနေရပ်ပြန်
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြန်ဝင်ရောက်ခွင့်မပြုသေးသော်လည်း မြို့ခံအများ အပြား ဒီရက်ပိုင်းအတွင်းမှာဘဲနေရပ်ပြန်လာကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
Read More » -
20 Aprilသတင်း
လေပြင်းမုန်တိုင်းသင့်ခဲ့တဲ့ အင်းတော်ကြီးစစ်ဘေးရှောင်တွေ အကူညီလိုအပ်နေ
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စစ်ဘေးရှောင်နေတဲ့ပြည်သူတွေမှာ လေပြင်းမုန်တိုင်းဒဏ်မကြာခဏကြုံတွေ့နေရတဲ့အတွက် အဆောင်တွေပျက်စီးပြီး နေစရာအခက်ကြုံနေတယ်လို့ စစ်ရှောင်တွေပြောပါတယ်။
Read More » -
8 Aprilသတင်း
ဝါရာဇွပ်စစ်ရှောင်တွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေ
တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်စစ်ရှောင်ပြည်သူတွေဟာ နေရပ်ပြန်နေထိုင်ကြပြီဖြစ်ပြီး ကျေးရွာပြန်လည်ထူထောင်ရေးအတွက်ကူညီပေးဖို့ ဒေသခံပြည်သူတွေ တောင်းဆိုနေကြပါတယ်။
Read More »









